MLBB: Julian ကို Counter ရန် အကောင်းဆုံး Heroes များ

0
195

Mobile Legends Forsaken Light Heroes တွေထဲကတစ်ကောင်ကတော့ Fighter/Mage hybrid ဖြစ်တဲ့ Julian ပဲဖြစ်ပါတယ်။ ကစားသမားတော်တော်များများက သူ့ရဲ့ မြင့်မားတဲ့ damage အထွက်နှုန်းနဲ့ သူ့ရဲ့ 2nd Skill (Blink) နဲ့ အားနည်းချက်တချို့ကြောင့် broken ဖြစ်နေတယ်လို့ ဆိုကြပါတယ်။ သို့သော် Heroes တွေအားလုံးလိုပဲ Julian ကို counter နိုင်ပါတယ်။ ဤဆောင်းပါးတွင်၊ Julian ကို counter ရန် နည်းလမ်းများကို ဦးစွာ သိရှိခြင်းဖြင့် သူ့တွင် မည်ကဲ့သို့ builds တွေရှိလဲနှင့် သူ၏ Skills များ အလုပ်လုပ်ပုံကို သိရှိအောင်ရှင်းပြသွားမှာဖြစ်ပါတယ်။

Julian၊ Scarlet Raven: နောက်ခံဇာတ်လမ်းတို

Forsaken Light ရဲ့ အဆုံးမှာင် Yin၊ Melissa နှင့် Xavier တို့နှင့်အတူ Julian သည် လူလေးယောက်ထဲမှ ထူးဆန်းသောလူတစ်ယောက် ဖြစ်နိုင်ပါတယ်။ သူ့ရဲ့ ဘက်တော်သားတွေနဲ့ မတူတာက သူတစ်ယောက်တည်း ရှင်သန်ရတာကိုနှစ်သက်ပါတယ်။ ထိုသို့ဖြစ်ရခြင်ကတော့း အလင်းဘုရားကျောင်းရဲ့ ဂိုဏ်းချုပ်၏ ရွေးချယ်ထားသော လူသတ်အဖွဲ့ဖြစ်သည့် Ravens တွင် ပါဝင်ခဲ့စဉ်က သူ့အတိတ်ကို ပြန်လည်ပေါင်းစည်းနိုင်ခြင်းမရှိခဲ့သော ငယ်စဉ်က အဖြစ်အပျက်များကြောင့်၊ သူ့အမေက သူ့ကို ဘာကြောင့်ထားခဲ့ရသည့် အခြေအနေများကို သိရှိလာရပြီးသူတို့မိသားစုကို Julian ပါ၀င်တဲ့ ဘုရားကျောင်းတစ်ခုတည်းက တိတ္ထိတွေအဖြစ် သတ်မှတ်ခံရပြီးနောက် ထိုသို့ဖြစ်လာခဲ့ခြင်းပဲဖြစ်ပါတယ်။ Julian ရဲ့အတိတ်အကြောင်း ပေါ်လွင်သည့်အချက်အားလုံးကို Xavier မှပြောပြခဲ့ပြီး အမှန်တရားကိုသိသောအခါ Julian သည် Ravens ဘက်ကိုတိုက်ခိုက်ပြီး Xavier နှင့်အတူ Forsaken Light သို့ဝင်ရောက်ရန်ဆုံးဖြတ်ခဲ့ပါတယ်။ ဒါမှ သူ့အတိတ်အကြောင်း ပိုမိုလေ့လာပြီး သူ့ကိုယ်သူ လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်မှာဖြစ်ပါတယ်။

Julian Builds များ

ဤဆောင်းပါးသည် Julian အကြောင်း အလေးအနက်ထားတဲ့ ဆောင်းပါးအဖြစ် မရည်ရွယ်သော်လည်း၊ သူ့ကို counter ရန် ကျွန်ုပ်ရွေးချယ်ထားသော ချဉ်းကပ်မှုသည် သူ့ရဲ့ builds နှင့် abilities များ/Skills များ အချက်အလက်များအပေါ်တွင် မူတည်ပါသည်။ Julian ကို ရွေးတဲ့သူတွေအတွက် ဒီနေရာကနေ ကောင်းမွန်တဲ့ counter ဗျူဟာကို ဖော်ဆောင်နိုင်ပါတယ်။ တစ်ဖန်၊ ဤဆောင်းပါးသည် သူ့ရဲ့ builds များကို အကျယ်တဝင့်ရှင်းပြမည်မဟုတ်သလို သူ့အတွက် အကောင်းဆုံး builds များကိုလည်း ရွေးချယ်ပေးမဟုတ်သော်လည်း Julian ကစားသမားများတည်ဆောက်နိုင်သည့်အရာအပေါ် ကျွန်ုပ်တို့လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။

Julian သည် Fighter/Mage hybrid တစ်ကောင်ဖြစ်တာကြောင့်၊ သူ့ရဲ့ builds  များသည် သူ့ရဲ့ abilities များအသုံးပြုတဲ့အခါ Magic Damage ပေါ်တွင် အားကိုးရလိမ့်မှာဖြစ်ပါတယ်။ သူ့တွင် Magic emblem အသုံးပြုသောအခါတွင်လည်း ၎င်းက အဖိုးတန်ကောင်းမွန်ပါတယ်။ Julian ရဲ့ build တွေရဲ့နောက်ထပ်အပိုင်းမှာ cooldown လျှော့ချဖို့ အတွက်ပဲဖြစ်ပါတယ်။ သူ့ abilities များဖြင့် အဆက်မပြတ်ထွက်ရှိနေသည့် မြင့်မားသော damage များကို ထိစေနိုင်သည်မှာရသည်မှာ သူ့ရဲ့ အကောင်းဆုံးစွမ်းအားကို ကျော်လွန်စေနိုင်ပါတယ်။

Julian Abilities များ/Skills များ

သူ့ရဲ့  skills အားလုံးသည် Magic Damage ထိမှာပဲဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာကတော့မှာ၊ သူ၏ Skills တွေအားလုံးက area-of-effect (AoE) damage များကို အသေးစား range လေးအတွင်းမှာ ထိမှာဖြစ်ကာ Magic Lifesteal ကို ရရှိနိုင်စမှာဖြစ်ပြီး သူ့‌ပျော့တာကို ပြန်ကာနိုင်ဖို့အတွက်ပဲဖြစ်ပါတယ်။ သို့သော်လည်း၊ သူရဲ့ normal attack က အကွာအဝေးသေးငယ်တာကြောင့်၊ သူ့ရဲ့၏ Skill 2 (Sword) ကို အသုံးမပြုပါက range အရှည်များတွင် အားနည်းချက်ရှိနိုင်ပါတယ်။ ကစားသမားတွေအနေနဲ့ ဒီ Skill ကို သတိထားသင့်ပါတယ်။ Skill 1 (Scythe) နှင့် Skill 3 (Chain) တို့သည် သူ့ရဲ့ poking skills များဖြစ်ကြသော်လည်း၊ အထူးသဖြင့် Chain သည် ရန်သူများကို 1.2 စက္ကန့်ကြာအောင် ချုပ်ထားနိုင်တာကြောင့် ၎င်းတို့ကို အသင်းဖော်တွေနဲ့ တွဲသုံးပါက သေစေနိုင်တဲ့ skills တွေဖြစ်လာနိုင်ပါတယ်။

Julian ကို Counter ရန် သူရဲကောင်းများ

Julian ကို counter ဖို့ Heroes များကို ရွေးချယ်ခြင်းရဲ့ အခက်ခဲဆုံးအပိုင်းမှာ သူ့ကို counter ဖို့ အထူး build တစ်ခုပြုလုပ်ဖို့အတွက်ပဲဖြစ်ပါတယ်။ သို့သော်၊ ၎င်းသည် ဤလမ်းညွှန်ချက်သည် တရားဝင်ပြီး အကြွင်းမဲ့ဖြစ်စေပါတယ်၊ ကျွန်ုပ်အနေနဲ့ ကစားသမားများအပေါ်မှာ မသတ်မှတ်လိုတဲ့အရာတစ်ခုဖြစ်ပါတယ်ဖြစ်သည်။ ကျွန်တော့်အတွက် ယေဘူယျ စည်းမျဉ်းကတော့ Hero တိုင်းဟာ counter pick ဖြစ်နိုင်ပေမယ့် အချို့သော Heroes တွေက counter pick ရာမှာ ပိုထိရောက်တာကြောင့် ပိုမိုကောင်းမွန်ပါတယ်။ ထို့ကြောင့်၊ ကျွန်ုပ်သည် meta-defining နှင့်ကောင်းမွန်တဲ့ကောင်တာရွေးချယ်မှုနှစ်ခုလုံးဖြစ်တဲ့ Hero 3 ကောင်ကိုစာရင်းပြုစုထားပါတယ်။

  • Saber – ဘေးကင်းသောအကွာအဝေးမှာနေခြင်းနဲ့ လွတ်မြောက်ရန်ရွေးချယ်ခွင့်ရှိခြင်းသည် Saber အား ဂျူလီယန်အတွက် သင့်တော်သော counter-pick တစ်ကောင်ဖြစ်လာစေပါတယ်။ သူသည် စတင်ကစားတဲ့သူ များအတွက် သင်ယူနိုင်သည့် Hero တစ်ကောင်လည်းဖြစ်ပါတယ်။ သူ့ရဲ့ Skill 1 (Orbiting Swords) က Julian ကို အဝေးမှာ ရှိစေနိုင်ပြီး Skill 2 (Charge) က Saber ကို ပိုဘေးကင်းတဲ့ နေရာတစ်ခုအဖြစ် ချက်ချင်းနေရာယူပေးနိုင်ပါတယ်။ သူ၏ Ultimate (Triple Sweep) သည် Julian ကို Damage များကြီးထိနိုင်ပါတယ်၊ အထူးသဖြင့် Julian သည် ပျော့တဲ့ Hero ဖြစ်သောကြောင့် ဖြစ်ပါတယ်။ Julian သည် သူ၏ Skill 2 ဖြင့် ဝင်ရောက်လာပါက counter အနေနဲ့လည်းသုံးနိုင်ပါတယ်။
    Saber
  • Chou – Chou သည် Saber ရဲ့ Charge နဲ့ဆင်တူတဲ့ ထွက်ပြေးရန်ရွေးချယ်မှုတစ်ခုအဖြစ် လုပ်ဆောင်သည့် သူ၏ Skill 2 (Shunpo) ဖြင့် Julian ရဲ့ AoE skills တွေအတွက် counter skill အဖြစ်သုံးရန်ကောင်းမွန်ပါတယ်။ သူ့ရဲ့ Skill 1 (Jeet Kune Do) နဲ့ Ultimate (The Way of Dragon) တို့သည် တကယ့်ကိုအစွမ်းထက်ပါတယ်။ ထိုသို့ မြင့်မားသော damage combo များရှိသော်လည်း Chou သည် Saber ထက်ဆော့ဖို့ပိုခက်သည်သော်လည်း၊ သူသည် meta ကနေဘယ်တော့မှ မဆင်းသွားတဲ့ hero တစ်ကောင်အဖြစ်ကျန်ရှိနေမှာဖြစ်ပါတယ်။
    Chou
  • Benedetta – ဤ counter-pick လမ်းညွှန်အတွက် အဓိကအားဖြင့် dash attacks များပါရှိတဲ့ Assassinတစ်ကောင်ဖြစ်ပါတယ်။ သူမရဲ့ normal attack (Elapsed Daytime) သည် Charge ပြီးတာနဲ့ Dash attack ကို အသုံးပြုနိုင်သည့် သူမ၏ Sword Intent တစ်ချက်ထွက်မှာဖြစ်ပါတယ်။ သူမ၏ Skill 1 (Phantom Slash) သည် သူမရဲ့ Skill 2 (An Eye For An Eye) နှင့် သူမရဲ့ Ultimate (Alecto: Final Blow) တို့သည် လူစုလူဝေးကို crowd control skills‌ တွေကိုကို ခုခံနိုင်စွမ်းရှိစေပြီး Julian ရဲ့ counter-pick တစ်ကောင်အဖြစ် ပြီးပြည့်စုံစေနိုင်ပါတယ်။

Benedetta

Julian နဲ့ယှဉ်ပြိုင်နိုင်ရန် အထွေထွေဗျူဟာ

အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း၊ Julian သည် သေးငယ်တဲ့ တိုက်ခိုက်အကွာအဝေးရှိပြီး သူ့ရဲ့ပြိုင်ဘက်များကို အနီးကပ်တိုက်ခိုက်ရန် သို့မဟုတ် သူ့ရဲ့အဖွဲ့ကိုပံ့ပိုးမှုအချို့ပြုလုပ်ရန် သူ့ရဲ့ crowd control skills တွေအပေါ် အားကိုးနေရပါတယ်။ အကောင်းဆုံးကတော့၊ အဝေးပစ် Marksman တွေက ဂျူလီယန်အတွက် counter-pick ဖြစ်နိုင်ပေမယ့်၊ ကျွန်ုပ်ပြောခဲ့တဲ့ Hero သုံးကောင်ကတော့လွတ်မြောက်ဖို့ ရွေးချယ်စရာတွေရှိနိုင်ဖို့အတွက် လိုအပ်ပါတယ်။ ထို့ကြောင့် counter pick ပြီး တစ်စုံတစ်ယောက်က Julian ကို သူ့အကွာအဝေးထက် ကျော်လွန်တဲ့နေရာကနေ တိုက်ခိုက်နိုင်ဖို့ အရေးကြီးပါတယ်သည်။ Layla အနေနဲ့ သူမရဲ့ Ultimate (Destruction Rush) သည် ပွဲ၏ကြာချိန်တစ်လျောက်လုံး အမြဲတမ်းမြင်ရသည့်အကွာအဝေးကို ပေးနိုင်သည့်အတွက် late-game Layla သည် ဤ support role အတွက် သင့်လျော်မှာပဲဖြစ်ပါတယ်။ လုံခြုံသောအကွာအဝေးတွင် မိမိကိုယ်မိမိ ရှိစေခြင်းက ခြင်းသည်လည်း သူမကို damage ပေးစေနိုင်ပါတယ်။ သို့သော်၊ သူမသည် Julian ကိုတစ်ယောက်တည်း သတ်ဖို့မဖြစ်နိုင်ပါဘူး။ ထွက်ပြေးရန်ရွေးချယ်စရာမရှိခြင်းကြောင့် အခြားသော Marksmen များအတွက်လည်း အလားတူပင်ဖြစ်ပါတယ်။

ဤလမ်းညွှန်ချက်ကို နိဂုံးချုပ်ရန်၊ Julian အတွက် အကောင်းဆုံး counter-pick သည် လွတ်မြောက်ရန် ရွေးချယ်မှုအဖြစ် လုပ်ဆောင်နိုင်သည့်အပြင် crowd control effects များကို ပျက်ပြားစေမည့် dash တိုက်ခိုက်မှုများမှတစ်ဆင့် သူတို့ဂိမ်းကို ကစားနိုင်သူတစ်ဦးဖြစ်နိုင်ပါတယ်။ အထက်ဖော်ပြပါ Heroes သုံးကောင်သည် စံသတ်မှတ်ချက်များနှင့် ကိုက်ညီပြီး meta ဖြစ်နိုင်ပါတယ်သည်။ ၎င်းတို့ကို စမ်းသုံးကြည့်ပြီး သင်ထင်မြင်ချက်ကို ကျွန်ုပ်တို့အား အသိပေးလိုက်ပါ။

ဆက်လက်ဖတ်ရှုနိုင်ရန်: Paquito Counter, Bruno Counter, Fredrinn Counter

 

Codashop တွင်သာ သင့်ရဲ့ MLBB Diamonds တွေကို ဖြည့်သွင်းဖို့ မမေ့ပါနဲ့။ ကျွန်ုပ်တို့တွင် MLBB Diamonds များကို ဝယ်ယူရန် မြန်ဆန်ပြီး အဆင်ပြေသောနည်းလမ်းတွေရှိပါတယ်။ သင်၏ Mobile Legends အသုံးပြုသူ ID၊ သင်ဝယ်ယူလိုသော MLBB Diamonds ပမာဏနှင့် သင်နှစ်သက်သော ငွေပေးချေမှုနည်းလမ်းကို ဖြည့်သွင်းပါ။ ၎င်းသည် ရိုးရှင်း၊ မြန်ဆန်ပြီး အားစိုက်ထုတ်စရာသိပ်မလိုလှပါဘူး။ 

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here