MLBB တွင် Paquito ကို Counter ရန် အကောင်းဆုံး Heros များ

0
742

MLBB သည် ကမ္ဘာတစ်ခုလုံးကို အလုံးအရင်းဖြင့် သိမ်းပိုက်နိုင်ခဲ့တဲ့ နာမည်ကြီး MOBA ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဂိမ်းကစားပုံသည် ရိုးရှင်းသော်လည်း စိတ်လှုပ်ရှားဖွယ်ကောင်းပြီး ကစားသမားများစွာ အဘယ်ကြောင့် ၎င်းကို စွဲလမ်းနေကြသည်ကို သိရန်လွယ်ကူပါတယ်။ MLBB ၏ရေပန်းအစားဆုံး feature များထဲမှတစ်ခုမှာ heros များဖြစ်ပြီးယခုအချိန်တွင်အကျော်ကြားဆုံး hero တစ်ကောင်မှာ PaquitoHeavenly Fist ဖြစ်ပါတယ်။ Paquito သည် အလွန်လျင်မြန်ပြီး သွက်လက်ပြီး အထူးသဖြင့် 1v1 အခြေအနေများတွင် damage များစွာကို ပေးစွမ်းနိုင်တဲ့ melee fighter တစ်ကောင်ဖြစ်ပါတယ်။  သူ့ကို jungler နှင့် assassin အဖြစ်လဲ ကစားလေ့ရှိပါတယ်။ သူသည် rank ဂိမ်းများတွင်သာမက pro ကစားပွဲများတွင်ပါ ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခုဖြစ်ပါတယ်၊ သို့သော် Paquito သည် Draftings များတွင် ချက်ချင်းရွေးချယ်ခံရပါက သင်ဘာလုပ်မလဲ?

ဤဆောင်းပါးသည် MLBB တွင် Paquito ကို counter ရန် အကောင်းဆုံး heros များနှင့် မိတ်ဆက်ပေးပါမည်။ hero တစ်ဦးစီရဲ့ roles များ နဲ့ အရည်အချင်းများကိုလည်း အတိုချုံး ခြုံငုံသုံးသပ်မှာဖြစ်ပါတယ်။

Paquito အတွက် MLBB Hero Counters များစာရင်း

Helcurt

Helcurt သည် Paquito အတွက် အကောင်းဆုံး counter-hero တစ်ဦးလည်းဖြစ်သည်။ Paquito သည် skills များကို ကြီးမားစွာ မှီခိုနေရသော သူရဲကောင်းတစ်ဦးဖြစ်ကြောင်း အမြဲသတိထားပါ၊ ထို့ကြောင့် သူ့ကို silence လုပ်ခြင်းက သူ့ကို တားဆီးရန် အထိရောက်ဆုံးနည်းလမ်းများထဲမှ တစ်ခုဖြစ်ကြောင်း အမြဲသတိရသင့်ပါတယ်။  Helcurt သည် Paquito ကို silence လုပ်နိုင်ပြီး Deadly Stinger မှ သူ့ရဲ့ များပြားလှတဲ့ burst damage ဖြင့် ချက်ခြင်း အပြီးသတ်နိုင်ပါတယ်။ Helcurt သည် သူ၏ Ultimate Skill, Dark Night Falls ဖြင့် Paquito ရဲ့ vision ကိုလည်း ကန့်သတ်နိုင်ပါတယ်။

Lancelot

Lancelot သည် Paquito ကို လျင်မြန်စွာ သုတ်သင်နိုင်သော ‌assassin တစ်ဦးဖြစ်ပါတယ်။ Paquito သည် Lancelot ၏ ရူးသွပ်လှဖွယ် burst  damage နှင့် blinking skills များကိုလည်း ယှဉ်ရန်ခက်ခဲလိမ့်မှာဖြစ်ပါတယ်။ Lancelot သည် Paquito ၏တိုက်ခိုက်မှုများကို လျင်မြန်စွာ ရှောင်တိမ်းနိုင်ပြီး ကြီးမားသော damages  များကို လည်း ပေးနိုင်မှာဖြစ်ပါတယ်။

Alice

Alice သည် 1v1 အခြေအနေတွင် Paquito ကို outplay လုပ်နိင်တဲ့ hero များထဲမှ တစ်ဦးဖြစ်ပါတယ်။ Paquito ကိုအနိုင်ယူရန်အဓိကအချက်ကတော့သည်သူ့ရဲ့ burst damage ကို survive ဖြစ်နိုင်ရန်ဖြစ်ကြောင်းအမြဲသတိရပါ။ Alice က၎င်းကို လွယ်ကူစွာပြုလုပ်နိုင်ပြီး၊ သူမသည် Blood Acestry stacks အလုံအလောက်ရရှိပြီး Blood Ode ကို unlock လုပ်ရန် level 4 ကိုရောက်သောအခါ၊ Paquito အနေနဲ့ နောက်ပြန်ဆုတ်ရမည့်အချိန်ဖြစ်ပါလိမ့်မယ်၊ သို့မဟုတ်ပါက ချက်ချင်း သုတ်သင် ဖယ်ရှားခံရမယ့်အန္တရာယ်ရှိနိုင်ပါတယ်။ အစောပိုင်းဂိမ်းများတွင်လည်း Alice Blood Awe ကို သင်လည်း အသုံးပြုသင့်ပါတယ်။ ၎င်းသည် Paquito ကို 1.2 စက္ကန့်ကြာ ထိန်းထားနိုင်ပြီး 70% ဖြင့် 0.8 စက္ကန့်ကြာအောင် နှေးကွေးစေနိုင်ပါတယ်။

Chou

Chou သည် Paquito ၏ အဆိုးရွားဆုံး ပြိုင်ဘက်များထဲမှ တစ်ဦးဖြစ်ပါတယ်။ Chou သည် Paquito ၏ အပြင်းထန်ဆုံး ပြိုင်ဘက်များထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး အဘယ်ကြောင့်ဆိုသော် Chou သည် သူ၏ Heavenly Fist နှင့် ယှဉ်ပြိုင်နိုင်ပြီး၊ Paquito ကို knock out လုပ်ကာ Chou ရဲ့ Ultimate Skill, The Way of the Dragon ဖြင့် ရုန်းထွက်နိုင်သောကြောင့် ဖြစ်ပါတယ်။

Barats

Barats သည် Paquito ၏သောင်းကျန်းမှုကိုရပ်တန့်နိုင်သော heros များထဲမှတစ် ဦး ဖြစ်ပါတယ်။ Barat Ultimate SkillDetona’s Welcome သည် ပစ်မှတ်ရန်သူဟီးရိုးကို lock လုပ်ပြီး 1.2s နှောင့်နှေးပြီးနောက် ၎င်းတို့ကို မျိုချလိုက်ပြီး Big Guy stack 3 ခုကို ရယူနိုင်ကာ 1s ကြာ ဖိနှိပ်ထားနိုင်ပါတယ်။ Barat သည် အမြင့်ဆုံး stacks တွင် Paquito’s Heavenly Fist ရဲ့ combo အပြည့်ထိရင်တောင်အသက်ရှင်နိုင်ပါတယ်။  

Benedetta

Benedetta သည် Paquito ကို ခုခံနိုင်တဲ့ အစွမ်းထက်သော heros များထဲမှ တစ်ဦးလည်း ဖြစ်ပါတယ်။ Benedetta early-game သတ်နိုင်ချေသည် သူမ၏ Phantom Slash နှင့် Eye for an Eye ကို အကောင်းဆုံး အသုံးပြုပါက Paquito ကိုအနိုင်ယူရန် အမြင့်ဆုံးအခွင့်အရေးရှိပါတယ်။ ဒါတောင်မှ ရှည်လျားလှတဲ့ fights တွေမှာ တောင့်ခံနိုင်တဲ့  Benedetta ရဲ့ Ultimate ဖြစ်တဲ့  Benedetta’s Alecto တောင်မပါဝင်သေးပါဘူး။

Nana

Nana ရဲ့ စိတ်အနှောက်အယှက်ဖြစ်စေနိုင်တဲ့ CC သည် Paquito ရဲ့ burst skills များကိုကို အကောင်းဆုံး counter နိုင်ပါတယ်။ Nana’s Molina Smooch ဖြင့် Paquito ကိုရုပ်သေးအဖြစ်ပြောင်းလဲနိုင်သောကြောင့် Paquito ရဲ့ mobility ကိုဖျက်ပစ်မှာဖြစ်ပြီး သူမရဲ့ Molina Blitz ကလဲ များပြားလှတဲ့ပစ်မှတ်များကို ကြီးမားတဲ့ AoE ထဲမှာ stun နိုင်မှာဖြစ်ပါတယ်။

Tigreal

Tigreal သည် Paquito ၏ ကျွမ်းကျင်မှုကို ပိတ်နိုင်သော အသုံးဝင်သော CC ပါရှိသော tank heros များထဲမှ တစ်ဦးဖြစ်ပါတယ်။ Tigreal သည် သူ၏ဒုတိယ skillSacred Hammer နှင့် ၎င်း၏ Ultimate Skill Implosium ကို အပြည့်အဝအသုံးချနိုင်ပါက Paquito သည် လှုပ်ရှားနိုင်ဖို့အခွင့်အရေးအနည်းဆုံးဖြစ်သွားနိုင်ပါတယ်။

ကျွန်ုပ်တို့ရဲ့ Paquito အတွက် hero counter များကို သင်မည်သို့ထင်မြင်ပါသလဲ ? အကယ်၍ သင့်တွင် Paquito ကိုအနိုင်ယူထိုက်သော heros များစာရင်းရှိပါက အောက်ပါမှတ်ချက်ကဏ္ဍတွင် ကျွန်ုပ်တို့နှင့် မျှဝေလိုက်ပါ။

Codashop တွင်သာ သင့်ရဲ့ Mobile Legends Diamonds များကို ဖြည့်သွင်းရန် မမေ့ပါနဲ့။ လုံခြုံပြီး အဆင်ပြေသော ငွေပေးချေမှုနည်းလမ်းများစွာဖြင့် လွယ်ကူမြန်ဆန်တဲ့အတွေ့အကြုံကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here