အမြဲတမ်း နောက်ကနေချောင်းပြီး အသတ်ခံနေရပါသလား? ဤသည်မှာ VALORANT အတွက် အကောင်းဆုံး အသံ settings များဖြစ်ပါတယ်။

0
104

VALORANT သည် သင်၏ပြိုင်ဘက်များထက် အသာစီးရမှုတိုင်းကို ရယူဖို့ အရေးကြီးတဲ့ ပြိုင်ဆိုင်မှုပြင်းထန်သော first-person shotter game တစ်ခုဖြစ်ပါတယ်။ အသံသည် ဂိမ်းတွင် ကြီးမားသော အခန်းကဏ္တတစ်ခုမှ ပါဝင်နေပါတယ်။  အခြား FPS ဂိမ်းများနှင့်မတူဘဲ VALORANT သည် ရန်သူ၏ခြေသံများ၊ သေနတ်သံများနှင့် abilities  များကို ဂရုတစိုက်နားထောင်ခြင်းသည် ထိရောက်သော commands များနှင့် callouts များကိုပြုလုပ်ရန်အတွက် ဂိမ်းအတွင်း Intel ကိုစုဆောင်းရန်အတွက် လိုအပ်တဲ့အချက်တစ်ခုဖြစ်ပါတယ်။ သင့်အားသာချက်အတွက် အသံကိုအသုံးပြုခြင်းသည် နိုင်ပွဲနှင့် ပွဲအခြေအနေများကို clutch အခြေအနေများတွင် ပြောင်းလဲရန်အတွက် အရေးကြီးလှပါတယ်။ 

blog post သည် VALORANT တွင် အကောင်းဆုံး အသံ settings တွေကိုဘယ်လိုပြောင်းရမလဲ နဲ့ သင့်အနေနဲ့ ဘယ်လိုအသံတွေကို ဂရုစိုက်နားထောင်သင့်လဲဆိုတာရှင်းပြသွားမှာပါ။ VALORANT တွင် အသံ၏အရေးပါမှုကို သင့်အနေနဲ့ ပိုမိုကောင်းမွန်စွာနားလည်နိုင်မှာဖြစ်ပြီး ထိုအရာကို သင့်ရဲ့ အားသာချက်အနေနဲ့ဘယ်လိုအသုံးချရမလဲဆိုတာသိလာနိုင်မှာဖြစ်ပါတယ်။ ထို့ကြောင့် သင်၏ဂိမ်းကိုစတင်ရန် အသင့်ပြင်ပြီး ဤ VALORANT ‌audio tips များနဲ့ စစ်မြေပြင်ကို စတင်စိုးမိုးလိုက်ပါ !

အကောင်းဆုံး Audio Settings များ

Sounds VALORANT

ကောင်းမွန်တဲ့ callouts များကို ဖန်တီးပြီး မှန်ကန်သော ဆုံးဖြတ်ချက်များချရန်၊ သင့်အသင်းဖော်များ၏ ကွန်မန့်များကို ရှင်းရှင်းလင်းလင်းကြားရပြီး ရန်သူ၏ခြေရာနင်းလိုက်တိုင်းရှင်းရှင်းလင်းလင်းကြားနိုင်ရန် ဂိမ်းအတွင်းမှ အသံများကို ရှင်းရှင်းလင်းလင်း ကြားနေဖို့လိုအပ်ပါတယ်။ VALORANT သည် ကျည်ဆံတိုင်းနှင့် life တိုင်းသည် အရေးကြီးတဲ့ ဂိမ်းတစ်ခုဖြစ်တာ ကြောင့် အသံသေးသေးလေးကိုပင် ဂရုတစိုက်နားထောင်ဖို့လိုအပ်ပါတယ်။ 

settings များကတော့ စတင်ရန်ကောင်းမွန်တဲ့ settings များဖြစ်ပါတယ် – သင့်စိတ်ကြိုက်ရွေးချယ်မှုများနှင့်ကိုက်ညီစေရန် ၎င်းတို့ကို နောက်ပိုင်းတွင် သင့်အနေ့နဲ့ ချိန်ညှိနိုင်ပါတယ်။

Overall Volume ON 45% 
Sound Effects Volume ON 100%
Voice-over Volume ON 75%
Video Volume ON 100%
All Music Overall Volume OFF
Menu and Lobby Music Volume ON
Agent Select Music Volume ON 75%
VOIP Duck Music ON
Mute Music when Game Window Out of Focus ON
Speaker Configuration Stereo
Enable HRTF ON

HRTF ဆိုတာ ဘာလဲ?

HRTF သို့မဟုတ် Head Related Transfer Function ကတော့ နားကြပ်ဖြင့်ကစားပါက VALORANT တွင်သင်အသုံးပြုရမည့် setting တစ်ခုဖြစ်ပါတယ်။ ဂိမ်းအတွင်း ကောင်းမွန်တဲ့ ဆုံဖြတ်ချက်များ ပြုလုပ်ရန် အသံများ မည်သည့်နေရာမှ ထွက်လာသည်ကို မြင်ယောင်နိုင်ရန် ပတ်ဝန်းကျင်ပတ်ပတ်လည်ရှိ နှစ်မြှုပ်ထားတဲ့ sound effect တစ်ခုဖြစ်ပါတယ်။ 

3D ပတ်ပတ်လည် sound effect ကို ခံစားနိုင်ရန် ခေါင်းတင်နားကြပ် သို့မဟုတ် နားကြပ်အသေးစားများကို အသုံးပြုခြင်းက အကောင်းဆုံးဖြစ်ပါတယ်။

မှတ်ချက် : နားလည်မှုလွဲမှားခြင်း သို့မဟုတ် communication ပြဿနာများကိုရှောင်ရှားနိုင်ရန် သင့်နားကြပ်ကို မှန်ကန်စွာဝတ်ဆင်ဖို့က အရေးကြီးပါတယ်။ မဝတ်ဆင်ခင်မှာ ဘယ်ညာ သင်္ကေတတွေကို သေချာစစ်ဆေးပြီးမှ တပ်ဆင်ပါ။ နားကြပ်ကို မှားပြီး တပ်ဆင်မိပြီးမှ အချိန် နောက်ကျတဲ့အထိ သတိမထားမိရင် တကယ့်ကို ဒုက္ခရောက်မှာဖြစ်ပါတယ်။

သင့်ရဲ့ VALORANT audio settings များကို ဘယ်လိုပြောင်းလဲရမလဲ

VALORANT တွင် သင့် audio settings များကို ဝင်ရောက်ကြည့်ရှုရန် ပင်မစခရင်၏ ညာဘက်အပေါ်ထောင့်ရှိ ဂီယာပုံစံသင်္ကေတလေးကို နှိပ်ပါ။ ထို့နောက် “Settings” တက်ဘ်ကို နှိပ်ပြီး စာမျက်နှာ၏ ညာဘက်ခြမ်းသို့ သွားပါ။ သင့်စိတ်ကြိုက်ပြောင်းလဲနိုင်သော audio settings များကို သင်တွေ့ရမှာဖြစ်ပါတယ်။

Home VALORANT

Settings VALORANT

အကောင်းဆုံး Voice Chat Settings များ

Voice Chat VALORANT

သင့်မိုက်ခရိုဖုန်းနှင့် နားကြပ်များပေါ် မူတည်၍ သင်၏ Output နှင့် Input devices များကို လိုက်လျောညီထွေဖြစ်အောင် configure လုပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ Output သည် ခေါင်းတင်နားကြပ်များ၊ နားကြပ်အသေးစားများ သို့မဟုတ် စပီကာများကဲ့သို့ အသံကြားရန် သင်အသုံးပြုလိုသည့် စက်ပစ္စည်းကို ရွေးချယ်နိုင်သည့် နေရာဖြစ်ပါတယ်။ အကယ်၍ သင်သည် ခေါင်းတင်နားကြပ်ကို အသုံးပြုနေပါက၊ သင့် device ၏ အမည်ကို နှိပ်ပါ။ Input device ကတော့ သင့်မှထွက်မယ့်အသံအတွက်ဖြစ်ပါတယ်။ Built-in မိုက်ပါဝင်တဲ့ နားကြပ်ကို အသုံးပြုနေပါက၊ သင်၏ Output device နဲ့ တူတဲ့အမည်ကို ရွေးချယ်ရမှာဖြစ်ပါတယ်။  မဟုတ်ပါက၊ streamers များအသုံးပြုလေ့ရှိသော condenser microphone ကိုသုံးကြည့်ပါ။ ၎င်းသည် ပိုမိုကြည်လင်ပြတ်သားသော အသံကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

ဘယ်အသံတွေကို သင်နားစွင့်ထားသင့်သလဲ?

ခြေသံများ

Footsteps သည် ရန်သူများ မည်သည့်နေရာနှင့် ၎င်းတို့လုပ်နေသည်ကို နားလည်ရန် ကူညီပေးရန်အတွက် အရေးကြီးဆုံးအချက်တစ်ချက်ဖြစ်ပါတယ်။ အဓိကအချက်မှာမှာ တိတ်တိတ်ဆိတ်ဆိတ် လှုပ်ရှားနိုင်ပြီး ရန်သူတွေမမြင်နိုင်တဲ့ blind spots များကို အခွင့်ကောင်းယူပြီး ရုတ်တရက်တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်!

သေနတ်သံများ

နောက်ထပ်အဖိုးတန် အချက်အလက်တစ်ခုကတော့ သေနတ်သံတွေပဲဖြစ်ပါတယ်။ ၎င်းတို့အား ပစ်ခတ်သည့်နေရာတွင် ပစ်ခတ်ခဲ့ကြောင်း (ဆိုလိုသည်မှာ အနီးကပ် သို့မဟုတ် အဝေးရှိ၊ ဘယ်ဘက် သို့မဟုတ် ညာဘက်) မှ ပစ်ခတ်ခဲ့ကြောင်း သိရှိနိုင်သည့်အပြင် ရန်သူဘာလုပ်နေသည်ကို နားလည်ရန် (ဥပမာ၊ ၎င်းတို့အား ကျဉ်ခံဖြည့်နေပါက၊ လက်နက်များ ပြောင်းလဲနေခြင်း၊ တိုက်ခိုက်နေခြင်း၊ ကာကွယ်နေခြင်း၊ သို့မဟုတ် ပြန်လည်နေရာပြောင်းနေခြင်း)တို့ကိုနားလည်နိုင်ဖို့အတွက်ဖြစ်ပါတယ်။။ ဒါက ရန်သူဘယ်မှာရှိသလဲ၊ သူတို့ဘာတွေလုပ်နေလဲဆိုတဲ့ အကြံဥာဏ်ကောင်းကို ပေးနိုင်မှာဖြစ်ပါတယ်။ အချို့သော အခြေအနေများတွင် ရန်သူအား သူတို့ဘယ်မှာရှိနေကြောင်းပေါ်လာနိုင်ရန် bait လုပ်ဖို့ သေနတ်သံအတုကို သင်ပစ်ကာ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ သေနတ်သံများကို နည်းလမ်းများစွာဖြင့် သင့်အတွက် အကျိုးရှိအောင် အသုံးပြုနိုင်ပါတယ်။

Ability အသံများ

ရန်သူများ၏ ability အသံများသည် သတ်မှတ်တဲ့အခြေအနေတွင် အကောင်းဆုံးလုပ်ဆောင်ရန် လမ်းညွှန် ပေးနိုင်ပါတယ်။ မည်သည့် ability ကို အသုံးပြုထားသည်ကို ခြေရာခံပါ။ ဤသို့တန်ဖိုးရှိတဲ့ tips တွေက တိုက်ပွဲတွင် သင့်အား အသာစီးရစေနိုင်မှာဖြစ်ပါတယ်။

ရန်သူအသင်းရဲ့ abilities များကို နားထောင်ရုံနဲ့ ရန်သူတွေ ကျန်ခဲ့သော utilities များကို အတိအကျသိရှိနိုင်ပါက သင်ရရှိမည့် အားသာချက်ကို စိတ်ကူးကြည့်ပါလား? အဲဒါက မင်းကို ပြိုင်ဆိုင်မှုမှာ ကြီးမားတဲ့အားသာချက်ကို ပေးနိုင်မှာဖြစ်ပါတယ်။

Voice Chat

Voice chat ကို အသုံးပြုပြီး  အခွင့်ကောင်းယူဖို့ မမေ့ပါနဲ့ ! သင့်လျော်တဲ့ Intel နှင့် callout များသည် အထူးသဖြင့် စိန်ခေါ်မှုအပြင်းထန်ဆုံးအခြေအနေများတွင် ဂိမ်းတွင် ကွဲပြားခြားနားမှုကို ဖြစ်စေနိုင်မှာဖြစ်ပါတယ်။ အဆင့်မြင့် ELO ကစားသမားများသည် ဤ feature ကို သူတို့ရဲ့ အားသာချက်အဖြစ် အသုံးချကြပါတယ်။ Clutch အခြေအနေများအတွင်း သင့်အသင်းဖော်တို့အား စိတ်အားတက်ရန်လှုံ့ဆော်ပေးခြင်းဖြင့် သင့်အသင်းဖော်တွေရဲ့ ကိုယ့်ကိုကို ယုံကြည်မှုကို မြှင့်တင်စေနိုင်ပါတယ်။ အချို့သောလူများသည် trash talk ပြုလုပ်ရန်အတွက် voice chat ကို သုံးနိုင်သော်လည်း သင့်အတွက်၊ ဤ feature ကို မဖြုန်းတီးပါနှင့်။ ၎င်းကို အကျိုးရှိရှိ အသုံးပြုသင့်ပါတယ်!

ဤဆောင်းပါးကို သင်နှစ်သက်ပြီး ဗဟုသုတရဖွယ်ရှိနိုင်ဖို့ ကျွန်ုပ်တို့ မျှော်လင့်ပါသည်! ၎င်းတို့သည် သင့်အား ‌backstabbed မဖြစ်စေရန် ကူညီပေးနိုင်သည့် VALORANT တွင် အကောင်းဆုံး အသံ settings အချို့ဖြစ်ပါတယ်။ မင်းရဲ့ ထင်မြင်ချက်တွေက ဘာလဲ? သင်နှစ်သက်သည့် အခြား အသံ settings များ ရှိပါသလားကျေးဇူးပြု၍ အောက်ပါ comments များတွင် မျှဝေလိုက်ပါ။ ပြီးတော့ သင်ဆော့ကစားနေချိန်မှာ အမှတ်တရဖြစ်စေမယ့် ဂိမ်းတွင်းအတွေ့အကြုံကို မျှဝေဖို့ မမေ့ပါနဲ့ ! ၎င်းသည် အခြားကစားသမားများကို တိုးတက်အောင် ကူညီရန် နည်းလမ်းကောင်းတစ်ခုလည်းဖြစ်ပါတယ်။ ဖတ်ရှုမှုအတွက် ကျေးဇူးတင်ပါတယ် !

Codashop တွင် သင်၏ VALORANT Points များကို ဖြည့်သွင်းရန် မမေ့ပါနှင့်။ ကျွန်ုပ်တို့တွင် VALORANT Points ဝယ်ယူရန် မြန်ဆန်ပြီး အဆင်ပြေသောနည်းလမ်းရှိပါတယ်။ သင့်ရဲ့ Riot ID သင်ဝယ်ယူလိုသော VALORANT Points ပမာဏနှင့် သင်နှစ်သက်သော ငွေပေးချေမှုနည်းလမ်းကို ဖြည့်သွင်း။ ၎င်းသည် ရိုးရှင်း၊ မြန်ဆန်ပြီး၊ အားစိုက်ထုတ်စရာ သိပ်မလိုတဲ့နည်းလမ်းပဲဖြစ်ပါတယ်။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here