MLBB: Fredrinn ကို Counter ရန် Hero ငါးကောင်

0
901

Best Heroes to Counter Fredrinn

Fredrinn သည် ငယ်ရွယ်စဉ်ကတည်းက သူ့အိမ်မှ ထွက်ခွာခဲ့ပြီး သူ့ရဲ့ လွတ်လပ်မှုနှင့် စွန့်စားမှုတို့လိုအပ်ခြင်း ဖြည့်ဆည်းနိုင်ရန် သူ၏ မြင့်မြတ်သောဘဝမှရနိုင်မယ့် အကျိုးကျေးဇူးများကို ငြင်းပယ်ခဲ့ပါတယ်။ သူ့သူငယ်ချင်း Fray နဲ့ Los Pecados မှာရှိတဲ့ ရှေးဟောင်းယဇ်ပလ္လင်တစ်ခုကို စူးစမ်းလေ့လာရင်း ဆိုးရွားလှတဲ့ ယဇ်ပူဇော်ခြင်း တစ်ခုကို မတော်တဆ ထိမိသွားခဲ့ပါတယ်။

သရဲတစ္ဆေအရုပ် များသည် ကြမ်းတမ်းစွာနိုးထလာပြီး ရှေးဟောင်း အပျက်အစီးများကို ပြိုလဲသွားစေပါတယ်။ အန္တရာယ် များကြားတွင် Fray သည် Fredrinn ကို အန္တရာယ်မှ လွတ်မြောက်စေနိုင်ရန် မှော်ကျောက်တုံးတစ်ခုကို ဖွင့်ပေးလိုက်ပါတယ်။ Fredrinn နိုးလာသောအခါတွင်၊ သူတွေ့ရှိသမျှမှာ Fray ရဲ့ သံလိုက်အိမ်မြှောင်ဖြစ်ပြီး ၎င်းသည်သူ့ရဲ့ ပိုင်ရှင်ကို ရှာဖွေနေပုံပေါ်ကာ ကြမ်းကြမ်းတမ်းတမ်းလှည့်ပတ်နေပါတယ်။

Fredrinn သည် Fray နှင့် ပြန်လည်ပေါင်းစည်းရန် ကူညီပေးနိုင်သည့် သဲလွန်စများကို ရှာဖွေရန် ဘဏ္ဍာအကဲဖြတ်သူအဖြစ် Los Pecados တွင်နေရန် ဆုံးဖြတ်ခဲ့ပါတယ်။

Abilities များ

Fredrinn ၏ စွမ်းအားများသည် သူ့အား Fray အပ်နှင်းထားသော မှော်ကျောက်တုံး မှရရှိထားပါတယ်။ ၎င်းသည် သူခံရသော damage အပေါ်မူတည်၍ HP ကို ပြန်ပြည့်နိုင်စွမ်းရှိပြီး မယုံနိုင်လောက်အောင် ခံနိုင်ရည်ရှိသော ရှေ့တန်းအမာခံ ကစားသမားတစ်ယောက် ဖြစ်လာစေနိုင်ပါတယ်။

Passive – Crystalline Armor

Fredrinn မှ သူ့ရဲ့ skills တွေနဲ့ minion မဟုတ်တဲ့ ရန်သူကို ထိတိုင်း Combo Point 1 ခုရရှိမှာဖြစ်ပါတယ်။ Combo Points များကို သူ၏ 3rd နှင့် Ultimate skills များကို ပွင့်ရန်အတွက် အသုံးပြုမှာဖြစ်ပါတယ်။

Fredrinn သည် ပြီးခဲ့သော 5 စက္ကန့်အတွင်း သူခံခဲ့ရတဲ့ damage ရဲ့ 100% ကို Crystal Energy အဖြစ် သိမ်းဆည်းထားမှာဖြစ်ပြီး သူပေးတဲ့ damage ၏ 25% ကို HP အဖြစ်သို့ ပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။

Skill 1 – Piercing Strike

Fredrinn သည်သူ့ရဲ့ ဓားကိုတွန်းတင်လိုက်ပြီး ၎င်း၏နောက်ထပ် Basic Attack ၏ တိုက်ခိုက်မှုအကွာအဝေးကို တိုးမြင့်စေကာ ရန်သူများကို 30% နှေးကွေးစေပါတယ်။

Skill 2 – Brave Assault

Fredrinn သည် ပစ်မှတ်ဦးတည်ရာသို့ပြေးသွားကာ ပထမဆုံးထိတဲ့ minion မဟုတ်သော ရန်သူကို Physical Damage ပေးမှာဖြစ်ပါတယ်။ သူ့ရဲ့နောက်ထပ် Basic Attack ကလည်း ပစ်မှတ်ကိုလေပေါ်သို့ မြှောက်ပစ်မှာ ဖြစ်ပါတယ်။

Skill 3 – Energy Eruption

Fredrinn သည် အနီးနားရှိ ရန်သူများကို Physical Damage ထိစေပြီး 1 စက္ကန့်ကြာ taunt သွားမှာဖြစ်ပါတယ်။ ၎င်းသည် သူ့အား Physical နှင့် Magic Defense အပိုပေးမှာဖြစ်ကာ သူ့ရဲ့ 1st နှင့် 2nd skill ၏ cooldowns ကို 75% လျှော့ချပေးမှာဖြစ်ပါတယ်။ Combo Point တစ်ခုတော့ကုန်ကျမှာဖြစ်ပါတယ်။

Ultimate – Appraiser’s Wrath

Fredrinn သည် ခဏတာအကြာတွင် သူ့ရဲ့ဓားကိုဦးတည်ရာပစ်မှတ်ဘက်တွင် ယပ်တောင် ပုံသဏ္ဍာန်ဧရိယာဖြင့် ထောင်းချလိုက်မှာဖြစ်ပါတယ်။ ဧရိယာအလယ်ရှိ ရန်သူများသည် 175% Critical Damage ကို ခံရမှာဖြစ်ပါတယ်။ Combo Points 3 ခု ကုန်ကျမှာဖြစ်ပါတယ်။

Fredrinn ကို counter ရန် အကြံပြုချက်များ

Skills များကိုအချိတ်ဆက်မိမိအသုံးချနိုင်ခြင်းသည် ဂိမ်းအပေါ် Fredrinn ကို ထိထိရောက်ရောက်ဆောကစားနိုင်ရန် အဓိကသော့ချက်ဖြစ်ပါတယ်။ သူ၏ combos များမလုပ်ဆောင်နိုင်ရန်နှင့် သွေးပြန်မပြည့်စေရန် လုံလောက်သော နှေးကွေးမှုနှင့် stuns များကို အသုံးပြုနိုင်ခြင်းဖြင့် သူ့ရဲ့ မာကျောမှု ကို သိသာစွာ လျှော့ချပေးလိမ့်မှာဖြစ်ပါတယ်။

  • သူ့ရဲ့တိုက်ခိုက်မှုများဖြင့် HP ကို “ခိုးယူခြင်း” မှကာကွယ်နိုင်ရန်  slows များနှင့် stuns အများအပြားကိုအသုံးပြုပါ။
  • သူ့ကို တစ်ချက်တည်းနဲ့ သတ်ဖို့ မကြိုးစားပါနဲ့၊ အချိန်ကိုသင့်အတွက် အကျိုးရှိအောင် အသုံးချပါ။ သူ၏ HP Regen သည် 5 စက္ကန့်အကြာတွင် ပျက်စီးသွားမှာဖြစ်ပါတယ်၊ ထို့ကြောင့် သင်၏ damage ထိတဲ့ skills များကို အကောင်းဆုံးချန်ထားနိုင်ရင် သူပြန်ရနိုင်တဲ့ HP ပမာဏကို ကန့်သတ်ပစ်နိုင်ပါတယ်။
  • ဂိမ်းနှောင်းပိုင်းတွင် သူ့ရဲ့ ကြီးမားခိုင်ခံတဲ့ခံစစ်စွမ်းအင်ကို ဖြိုဖျက်နိုင်ရန် True Damage ကို ထိနိုင်သည့် heroes များကို အသုံးပြုပါ။

Fredrinn ကို counter ရန် heroes များ

Karrie

MLBB Karrie

Karrie သည် Fredrinn ရဲ့ ကြီးမားလှတဲ့ Def build ကို ဆက်တိုက် True Damage ပေးနိုင်သည့် သူမရဲ့ Lightwheels ဖြင့် အလွယ်တကူ သတ်ဖြတ်နိုင်ပါတယ်။ Phantom Step သည် Friedrinn နောက်ကိုလိုက်ရန် သို့မဟုတ် သူ့ရဲ့ HP ပြန်ပြည့်နိုင်တဲ့ skills တွေနဲ့ Crowd Control တွေ ကိုရှောင်တိမ်းရာတွင် အသုံးဝင်သော Cooldown နည်းတဲ့ Blink တစ်ခုဖြစ်ပါတယ်။

အလွန် mobile ဖြစ်တဲ့ Marksman တစ်ကောင်အနေဖြင့် Karrie သည် အကွာအဝေးကို ထိန်းချုပ်ရန်နှင့် Fredrinn ကို တိုက်ခိုက်ဖို့ ညွှန်ကြားရန် အခက်အခဲမရှိသလောက်ဖြစ်နိုင်ပါတယ်။ သင့်ရဲ့ Ultimate ကို သိမ်းဆည်းပြီး သူ့တွင် immobilized ဖြစ်နေချိန်တွင် သို့မဟုတ် သူသည် သူ့ရဲ့ HP-regen ကို ပြန်ရနိုင်စေမယ့်သူမရှိတဲ့အခါ ၎င်းကို အသုံးပြုပါ။

Baxia

MLBB Baxia

ပစ်လိုက်ပေးလိုက်ဆော့ကစားတာက သင့်ပုံစံမဟုတ်ပါက၊ သင်သည် Baxia အဖြစ် ကစားနိုင်ပြီး Fredrinn နဲ့တစ်ယောက်ချင်းချနိုင်ပါတယ်။ ဤ tank သည် Fredrinn ကို မျက်စိဆံပင်မွေးစူးစေနိုင်တဲ့ Crowd Control skills များနဲ့ Passive များပါရှိပါတယ်။ Baxia Mark သည် ရန်သူများ၏ Shield နှင့် HP Regen ကို 30% လျှော့ချပြီး သူခံရတဲ့ နောက်ဆုံး damage ကို 25 ဖြင့် လျှော့ချပေးမှာဖြစ်ပါတယ်။

သူ့ရဲ့ HP Regen ကို နောက်ထပ် ပယ်ဖျက်နိုင်ရန် mid-game မှာ Dominance Ice ကို ဝယ်ပြီး late game တွင် Glowing Wand’s DOT (အချိန်နဲ့လိုက်ပြီး damage ပေးခြင်း) ဖြင့် သူ့ကို မီးရှို့လိုက်ပါ။ အလွယ်‌လေးပါပဲ!

Dyrroth

MLBB Dyrroth

Dyrroth ကိုအသုံးပြု၍ သင်သည် Fredrinn အား ပြင်းထန်သော စွမ်းအားနှင့် ဖြိုခွဲနိုင်ပါတယ်။ သူ့ရဲ့ cooldown နည်းတဲ့ skills များဖြင့် Fredinn ရဲ့ HP Regen အသုံးမဝင်စေရန်အတွက် ဆက်တိုက် damage တွေကို ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ Dyrroth သည် သူ၏ passive ဖြင့် HP ကို ပြန်ဖြည့်နိုင်ပြီး သူ့ကိုလည်း မာကျောစေမှာဖြစ်ပါတယ်။

Fredrinn ကို Burst Strike ဖြင့် ခုတ်ဖြတ်ပြီး  သင်၏ Ultimate, Abysm Strike ဖြင့် coup de grace damage ကို မပေးမီ Spectre Step ဖြင့် အချိန်နှင့်အမျှ နေရာယူထားပါ။

Gloo

MLBB Gloo

Fredrinn သည် ရှေ့တန်းတွင် နေရတာကြိုက်နှစ်သက်မှာဖြစ်ပါတယ်။ Gloo ရဲ့ ပြိုင်ဘက်ကင်းတဲ့ slows များ နှင့် CC ကို သုံး၍ သူ့ကို ခွာမရကပ်မရအောင် ပြုလုပ်ထားပါ။ Skills 1 နှင့် 2 ဖြင့် Sticky stacks များကို ထည့်သွင်းပြီး ပြည့်သွားပါက သူ့ကို damage ပေးနိုင်တဲ့ အခြေအနေမှ ဆွဲထုတ်နိုင်ရန် သင့်ရဲ့ Ultimate ကိုအသုံးပြုပါ။

Wanwan

MLBB Wanwan

Mobility မြင့်မားမှု နှင့် True Damage တို့သည် Fredrinn နှင့်တိုက်ပွဲတွင်အောင်မြင်ရန်အတွက် Wanwan ရဲ့ နည်းလမ်းဖြစ်ပါတယ်။ သူ့ကို Sleeve Darts နဲ့ သွေးလျော့စေပြီး သူ့အကွာအဝေးထဲမှ ပြန်ခုန်ထွက်လိုက်ပါ။ Brave Assault ဖြင့် အနားကပ်လာပါက၊ သင့်ရဲ့ Crossbow of Tang ကို အသုံးပြုပြီးပြီး ထို skill ရဲ့ invincible state ကို ကောင်းကောင်း အသုံးချလိုက်ပါ။ သူသည် သင့်အပေါ် Crowd Control skill ထိလာပါက Skill 2 ကိုအသုံးပြုကာ “ပြန်နိုးထ” လိုက်ပါ။

Codashop တွင်သာ Mobile Legends Diamonds တွေကိုဖြည့်သွင်းရန် မမေ့ပါနှင့်။ မြန်မြန်ဆန်ဆန်နှင့် ပိုအဆင်ပြေသော ဖြည့်သွင်းမှုများကို ကျွန်ုပ်တို့ အာမခံသောကြောင့် သင်အခက်တွေ့စရာမလိုသော ဂိမ်းအတွေ့အကြုံကို ခံစားနိုင်မှာဖြစ်ပါတယ်။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here