VALORANT ရဲ့ Act အသစ်ကတော့ ရောက်ရှိလာပါပြီ။ ဒီဆောင်းပါးမှာ၊ Agent အသစ် Gekko အပါအဝင် ဒီ Act မှာ ဘာတွေအသစ်ထွက်လဲဆိုတာတွေကို ကျွန်ုပ်တို့နဲ့အတူတူ ကြည့်လိုက်ပါစို့။
ထွက်ရှိသည့် ရက်စွဲ
လာမည့် VALORANT Act သည် 2022 ခုနှစ် မတ်လ 8 ရက်နေ့ကထွက်ရှိထားပြီး ယခု တိုက်ရိုက်ဖြစ်နေပြီဖြစ်သည်။
Agent အသစ် : Gekko
VALORANT Champions Tour (VCT) LOCK//IN ကာလအတွင်း ကြေငြာခဲ့သည်။ ပြိုင်ပွဲအရ၊ Agent အသစ်သည် ယခုလာမည့် Act အတွင်း ထွက်ရှိနိုင်သည်။ သူသည် Reyna၊ Jett နှင့် Brimstone တို့နှင့် ရင်းနှီးသော အမူအရာရှိသည်။ Agent နာမည် Gekko ဖြင့် သူ့ရဲ့ codename ကိုလည်း Agent 22 အဖြစ်ပေးထားသည်။ ဒီဆောင်းပါးရေးသားနေချိန်၊ VCT: LOCK//IN ကာလ Grand Finals မတိုင်ခင် မတ်လ (၄) ရက်နေ့ တွင် Agent အသစ်ဖြင့် show match တစ်ခု ကို ကျင်းပခဲ့ပါသည်။ Gekko ရဲ့ utilities များကိုပြသထားသည့်နောက်ထပ်အချက်အလက်များပါရှိသော တရားဝင် trailer တစ်ခုလည်းရှိပါတယ်။ သူ့ရဲ့ kit အရ အကဲဖြတ်ရသည်ရှိသော၊ သူသည် unique creatures လေးကောင်ကို ပိုင်ဆိုင်ထားတဲ့ Initiator တစ်ကောင်ဖြစ်နိုင်ပါတယ်၊ ထို လေးကောင်ကတော့- ထောက်လှမ်းခြင်းဆိုင်ရာ ultimate ability၊ ဧရိယာထိခိုက် damage ပေးနိုင်သော sludge ဗုံး၊ ပြိုင်ဘက်များကို ခေတ္တ blind ဖြစ်စေနိုင်သော စေသော မြူမှုန်ပစ်ခတ်နိုင်သော creature နှင့် သူ့ range ထဲက ရန်သူတွေကို stun ပေးနိုင်ပြီး အံ့အားသင့်ဖို့ပိုကောင်းတာက အဲ့ creature လေးက Spike ကိုထောင်နိုင်သလို ပြန်လည်းဖြုတ်နိုင်တဲ့ ဘက်စုံသုံး creature တစ်ကောင်စတဲ့အရာတွေကို ပိုင်ဆိုင်ထားပါတယ်။
ဒီမှာကတော့ ကျွန်ုပ်တို့ ယခုအချိန်အထိ သိထားသောအရာများဖြစ်ပါတယ်:
- Signature Ability (E) : Dizzy – Dizzy ကိုထုတ်ရန် ပစ်လွှတ်လိုက်ပြီး Dizzy သည် ရန်သူအား မြူမှုန်ကဲ့သို့ projectile ပစ်လွှတ်နိုင်သော creature တစ်ကောင်ဖြစ်ကာ သူတို့အား ခေတ္တ blind ဖြစ်စေနိုင်ပါတယ်။ ၎င်းကို Viper ရဲ့ Poison Cloud ကဲ့သို့ ကောက်ယူနိုင်သည်။ creature ကို ကောက်ယူပြီးနောက် Ability က cools down ဖြစ်သွားမှာဖြစ်ပါတယ်။.
- Area of effect Ability (C) : Mosh’s Pit – Mosh ကို ထုတ်ဖို့ပစ်လွှတ်လိုက်ပြီးးနောက် ၎င်း၏ဧရိယာအတွင်း damage ဖြစ်စေသည့် toxic sludge အဖြစ်သို့ ပေါက်ကွဲသွားမှာဖြစ်ပါတယ်။
- Space Creation Ability (Q) : Wingman – Wingman ကို ထုတ်လွှတ်ဖို့ ပစ်လွှတ်လိုက်မှာ ဖြစ်ပြီး Wingman ကတော့ Raze ရဲ့ Boom Bot နဲ့ Skye ရဲ့ Trailblazer ကဲ့သို့ range အတွင်းမှာရှိတဲ့ ရန်သူတွေကို တွေ့တာနဲ့ stuns ပေးနိုင်မှာ ဖြစ်ပါတယ်။စိတ်ဝင်စားဖို့ကောင်းတာကတော့၊ Wingman သည် အခြား ပစ်တဲ့ခလုတ်ကို အသုံးပြုပြီး Spike ကို ထောင်နိုင် သို့မဟုတ် ဖြုတ်နိုင်ပါတယ်။ ၎င်း၏ timer သက်တမ်းမကုန်မီ ကောက်ယူနိုင်ပြီး ဆယ်စက္ကန့်အကြာတွင် ထပ်မံအသုံးပြုနိုင်ပါတယ်။
- Ultimate Ability (X): Thrash – Gekko သည် Killjoy ၏ Lockdown ultimate နှင့်ဆင်တူသော သူ့ရဲ့ range အတွင်းမှာရှိတဲ့ ရန်သူများကို lockdown လုပ်နိုင်တဲ့ လှည့်ပတ်နေတဲ့ Trash creature လေးကို ချမှာဖြစ်ပါတယ်။ ၎င်းသည် ultimate points ခုနှစ်ခု ကုန်ကျမှာဖြစ်ပြီး round အတွင်း ထပ်မံအသုံးပြုရန်အတွက် ကောက်ယူနိုင်ပါတယ်။
သူ့ abilities တွေက အရမ်းစိတ်ဝင်စားစရာကောင်းပြီး မြေပုံတိုင်းမှာ တန်ဖိုးမြင့်နိုင်တာကြောင့် Gekko ကိုသုံးရဖို့ တကယ့်ကို စိတ်လှုပ်ရှားမိပါတယ်။ အားပြန်သွင်းနိုင်သော ထောက်လှမ်းနိုင်စွမ်းရှိသော Sova သို့မဟုတ် Fade နှင့်အတူ သူသည် ခိုင်မာသောဒုတိယ initiator တစ်ကောင် ဖြစ်နိုင်တယ်လို့ ကျွန်တော်ထင်မြင်ယောင်မိပါတယ်။
သူထွက်ရှိပြီးတာနဲ့ပြီးသည်နှင့် ကျွန်ုပ်တို့အနေနဲ့ first-look လမ်းညွှန်ချက်တစ်ခု ပြုလုပ်မှာဖြစ်ပါတယ်။.
Battle Pass
Battle Pass သည် Act II အတွက် 1000 VALORANT Points (VP) ကုန်ကျမှာဖြစ်ပါတယ်။ ၎င်းတွင် ကစားသမားကတ်များ၊ banners များ၊ Radianite Points များနှင့် လက်နက် skins များ ပါရှိပါတယ်။
Battle Pass တွင် လော့စ်အိန်ဂျလိစ်နှင့်နယူးယော့ခ်လမ်းများတွင် မြင်တွေ့ရသည့် အနုပညာလက်ရာများ နဲ့ ဆင်တူတဲ့ Signature၊ Tilde နှင့် Topodek skin ပုံစံသုံးမျိုး ပါဝင်ပါသည်။ အောက်ဖော်ပြပါဇယားတွင် skin တစ်ခုစီအတွက် ရနိုင်သောသေနတ်များကို ပြသထားပါတယ် :
Signature | Tilde | Topodek |
Guardian | Bulldog | Bucky |
Marshall | Judge | Ghost |
Sheriff | Operator | Odin |
Stinger | Shorty | Phantom |
Melee Weapon |
ပို၍ ဖတ်ရှုရန် : VALORANT Battle Pass : သင်သိသင့်သမျှအရာများ
Skin Bundle အသစ်
Act အသစ်ကိုဖွင့်ရန်၊ VALORANT စတိုးတွင် skin bundle အသစ်ဖြစ်သော Oni 2.0 ပါရှိပါသည်။ Oni skin bundle ၏ ပထမဗားရှင်းသည် ကစားသမားများအကြား အထူးသဖြင့် Oni Phantom ရေပန်းစားခဲ့သည်။ ဤဗားရှင်းအသစ်တွင် Bulldog၊ Ares၊ Frenzy၊ Vandal နှင့် Katana melee လက်နက်တို့ပါရှိသည်။ bundle နှင့်အတူ ကစားသမားကတ် နှင့် gun buddy တို့ပါရှိမှာဖြစ်ပါတယ်။ Skin bundles များ၏ Premium line ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် Oni 2.0 တွင် special effects များ၊ animation များ နှင့် သေနတ်ပစ်သည့် အခါ အသံသက်ရောက်မှုများ ပါဝင်မည်ဖြစ်သည်။ ၎င်းသည် အချို့သော Agent တစ်ဦးနှင့် special interaction အချို့လည်း ပါရှိပါတယ်။
ဤ bundle ရဲ့ကုန်ကျစရိတ်ကတော့ 7,100 VP ဖြစ်ပါတယ်။ တစ်ဦးချင်းစျေးနှုန်းအတွက်၊ သေနတ် skins များသည် ပုံမှန် Premium စျေးနှုန်း 1775 VP နှင့် ၎င်း၏ထူးခြားချက်များနှင့် animation များကို ထည့်သွင်းစဉ်းစားခြင်းဖြင့် melee လက်နက်သည် 5350 VP ကျသင့်မှာဖြစ်ပါတယ်။
Rank Reset
Act II အတွက် Competitive queue စတင်နေပြီဖြစ်ပြီး rank reset ပြန်လည် စတင်နေပြီဖြစ်ပါတယ်။ ကစားသမားများသည် ဤ Act ၏အစတွင် ၎င်းတို့၏မျှော်မှန်းထားသော rank များသို့ရောက်ရှိရန် rank များကို grind လုပ်ဖို့မျှော်လင့်နေကြပါတယ်။
ပြင်ဆင်ချက်များ
အချို့သော ပြင်ဆင်မှုများကို ဒီ Actတွင် ထည့်သွင်း အကောင်အထည်ဖော်ခဲ့ပါတယ်။ သို့သော်၊ Patch 5.10 နှင့် 5.12 ကဲ့သို့ ကြီးကြီးမားမားပြောင်းလဲမှုမရှိပါ။
Agents များ:
- ဖျက်ဆီးခံရနေချိန် Sage’s Barrier Orb (ခေါ်၊ တံတိုင်း) အတွက် fortify time ကို ယခုအခါ ပြင်ဆင်ပြီးဖြစ်ပါတယ်။ ကစားသမားများသည် Sage ကအသုံးပြုလိုက်တာနဲ့ တံတိုင်းကို ထပ်မံဖျက်ဆီးနိုင်ပါပြီ။
Gameplay Systems များ:
- Sova Drone ကဲ့သို့သော abilities များက Lotus တံခါးတွေကို အခြားကစားသမား များကတွန်းလိုက်တာနဲ့ တံခါးရပ်သွားသည့်တိုင်အောင် သို့မဟုတ် ကစားသမားက တံခါးဧရိယာကိုထွက်သွားသည့်တိုင် တံခါးက ဆက်လက်တွန်းနေတဲ့ ချို့ယွင်းချက်ကိုပြင်ဆင်ထားပါတယ်။(Roit Games မှ)
Performance:
- ဂိမ်းစတင်ချိန်အတွင်း အချို့သော UI အစိတ်အပိုင်းများကို “ပိတ်ဆို့ခြင်းနည်းလမ်း” ဖြင့် တင်ပေးနေသည့် ချို့ယွင်းချက်ပြင်ဆင်ထားပါတယ်။
Episode 6၊ Act II အကြောင်း ပိုမိုသိရှိလိုပါက ဤလင့်ခ်ကို နှိပ်နိုင်ပါသည်။
နိဂုံး
Act အသစ်သည် ယခုနှစ်အတွက် ပထမဆုံးသော Agent အသစ်တစ်ကောင် ထွက်ရှိလာမည်ဖြစ်သောကြောင့် ကြီးကြီးမားမား update တစ်ခုပါရှိမှာဖြစ်ပါတယ်။ VCT Masters Japan သို့ လာမည့်လများအတွင်း meta အပြောင်းအလဲများကို ကျွန်ုပ်တို့ မျှော်လင့်နိုင်ပါသည်။ ဒီအတောအတွင်းမှာ Oni 2.0 bundle အပေါ် သင်ဘယ်လိုထင်လဲ? Agent အသစ်ကရော ဘယ်လိုလဲ? ကျွန်ုပ်တို့ကို အသိပေးလိုက်ပါ?
Codashop တွင် သင်၏ VALORANT Points များကို ဖြည့်သွင်းရန် မမေ့ပါနှင့်။ ကျွန်ုပ်တို့တွင် VALORANT Points ဝယ်ယူရန် မြန်ဆန်ပြီး အဆင်ပြေသောနည်းလမ်းတွေရှိပါတယ်။ သင့်ရဲ့ Riot ID၊ သင်ဝယ်ယူလိုသော VALORANT Points ပမာဏနှင့် သင်နှစ်သက်သော ငွေပေးချေမှုနည်းလမ်းကို ဖြည့်သွင်းပါ။ ၎င်းသည် ရိုးရှင်းသည်၊ မြန်ဆန်သည်၊ အားစိုက်ထုတ်စရာ သိပ်မလိုပါဘူး။