VALORANT Episode 6 Act 1 နှင့် Battle Pass အသေးစိတ်

0
44

VALORANT Episode 6 Act 1

Riot ၏အစဉ်အဆက်လူကြိုက်များတဲ့ FPS ဂိမ်း VALORANT သည် ၎င်း၏ Episode 6Act 1 ကို ပြီးခဲ့သည့် ဇန်နဝါရီ 10 တွင် ထွက်ရှိထားပြီး အသစ်စက်စက် Battle PassPremium Skinline နှင့် မြေပုံအသစ်တို့ကို roster ထဲမှာထည့်ထားပြီး  VALORANT patch 6.0 သည် balance ဖြစ်ရန်အတွက် သီးခြား Agent သို့မဟုတ် လက်နက်များပြောင်းလဲခြင်းကို ပစ်မှတ်ထားခြင်းထက် ဂိမ်းကိုတစ်ခုလုံးစာအနေဖြင့် ပြောင်းလဲရန်အတွက် ပစ်မှတ်ထားလျက်ရှိပါတယ်။

Updates မျာ

Episode 6 Act 1

Battle Pass

Episode 6 Act 1 Battle Pass ရောက်ရှိလာပြီး VALORANT ကိုကစားနေစဉ်တွင် ကစားသမား များ အစုံလိုက်ရရှိနိုင်သော cosmetics အသစ်တွေကို ယူဆောင်လာပါတယ်။ BP တွင် ဆိုက်ဘာပန့်ခ် ကနေပြီး ကြောင်ကလေးများအထိ၊ skin lines အသစ်သုံးမျိုးနှင့် cosmetic items များ ပါဝင်သည့် skin lines များပါရှိပါတယ်။ ထိုပစ္စည်းများတွင် sprays များ၊ gun pals များ၊ cards များ နှင့် titles များ ပါဝင်ပါတယ်။ ကစားသမားများသည် အဆိုပါ cosmetics များကို  battle pass မှာ ဖြည့်စွက်နိုင်ခြင်းဖြင့် ၎င်းတို့ကို ရယူနိုင်ပြီး စုဆောင်းမှုတွင် ပေါင်းထည့်နိုင်ပါတယ်။

Act One Weapon Skins များ

Act အတွက် BP တွင် နှစ်သစ်ရဲ့ အစပိုင်း နှင့် episode အသစ်ကို ဂုဏ်ပြုရန် ရည်ရွယ်သည့် cosmetics အသစ် နှင့် accessories အသစ်များ ပါရှိပါသည်။

ဒီဇိုင်းအဖွဲ့တွင် ကစားသမားများအား cat-themed agents အဖွဲ့တစ်ဖွဲ့ကို စုစည်းနိုင်သည့် 9 Lives skinline ပါဝင်ပါသည်။ ၎င်းတို့တွင် Gridcrash skinlineretro  cyberpunk စတိုင် အခြေခံထားတဲ့ cosmetics များနှင့် Venturi skinline၊ ပြောင်လက်တောက်ပပြီး လှပသော speed-themed ဖြင့် cosmetics များလည်း ပါဝင်ပါသည်။

Act One Sprays များ

Episode 6 Act 1 Battle pass တွင် ထူးခြားဆန်းပြားတဲ့ ဂိမ်းတွင်း sprays ၁၅ ခု ပါဝင်ပါတယ်၊ အများစုကတော့ စည်းလုံးမှု နဲ့ ပူးပေါင်းဆောင်ရွက်ခြင်း ကို အလေးပေးကာ ဖန်တီးထားပါတယ်။ ဒါပေမယ့် Riot fashion  အစစ်အဖြစ် ရယ်စရာကောင်းတဲ့ sprays အချို့ကိုလည်းရောနှောထားပါတယ်။

အချို့သော sprays များတွင်ပါဝင်သည်များမှာ :

  • A Perfectly Roasted Spray
  • Shock Heart Spray
  • Last Person Standing Spray
  • Definitely Not It Spray
  • Drop Skin Please Spray

ပရီမီယံ battle pass သည် ထုံးစံအတိုင်း သင့်အား unlock လုပ်ရန် VP 1,000 ကုန်ကျမှာဖြစ်ပါတယ်။ ပရီမီယံ battle pass ကို မဖွင့်ထားသော်လည်း၊ cosmetics ရွေးချယ်ခွင့်ကို သင်တောင်းဆိုနိုင်ပါသေးတယ်။ အခမဲ့ track တွင် တောင်းဆိုရန် cosmetics များစွာ ပါဝင်ပြီး ဒီမှာတော့  Episode 6 Act  1 BP ရှိအရာအားလုံး၏ အကျဉ်းချုပ်ဖြစ်ပါတယ်။ :

  • 9 Lives Classic Gun Skin
  • Big Announcement Gun Buddy
  • PlayZilla Dan Card
  • Shock Heart Spray

Lotus မြေပုံအသစ်

Act အသစ်နှင့်အတူ Omega Earth ရဲ့ အိန္ဒိယ၏အနောက်ဘက် Ghats တွင်တည်ရှိသော Lotus သည် နဝမမြောက်မြေပုံဖြစ်ပါတယ်။ သို့သော်လည်း၊ patch 6.1 အထိ Unrated နှင့် Competitive တွင် ၎င်းကို အသုံးပြုနိုင်ဦးမှာမဟုတ်ပါဘူး။

မြေပုံအသစ်သည် Haven နှင့် ဆင်တူသော ဆိုက်သုံးဆိုက်ပါဝင်တဲ့မြေပုံဖြစ်ပါတယ်။ Lotus တွင် လှည့်ပတ်နေတဲ့တံခါးများ၊ ပျက်စီးနိုင်သောနံရံများနှင့် Indian stepwells များမှ inspired ယူထားသော stepwells များနဲ့ ရှေး‌‌ဟောင်းမြို့တော်ကြီးကို ကစားသမားများ လှည့်ပတ်၍စူးစမ်းလေ့လာနိုင်မှာဖြစ်ပါတယ်။

Lotus သည် Breeze နှင့်ယှဉ်နိုင်သော စိမ်းလန်းစိုပြေသော ပတ်ဝန်းကျင်များစွာပါရှိပါတယ်။ သို့သော်၊ ထိုခမ်းနားသောမြေပုံသည် Haven ၏ဒီဇိုင်းချဉ်းကပ်ပုံနှင့်တူညီပြီး အတော်ပင်ရိုးရှင်းပုံပေါ်ပါတယ်။

Split ပြန်လာခြင်း

Split သည် Episode 5 Act I တွင် Unrated နဲ့ Competitive ပွဲများကနေ ဖယ်ရှားလိုက်ကတည်းက သိသိသာသာ တိုးမြှင့်မှုကို ရရှိခဲ့ပါတယ်။ အဆိုပါ ပြုပြင်မွမ်းမံမှုများတွင် ကစားသမားများသည် မြေပုံကြီးစိုးမှုနှင့် နေရာကို သိမ်းပိုက်ရာတွင် ရုန်းကန်ရချိန်တွေကို အကျိုးသက်ရောက်စေမယ့် ကြီးမားသော ပြောင်းလဲမှုများနှင့် အသေးစား မြေပုံအပြောင်းအလဲများ ပါဝင်ပါတယ်။

၎င်းသည် အချို့သောနေရာများတွင် defenders များရရှိသည့် အားသာချက်အချို့ကို ဖယ်ရှားထားပြီး ဂိမ်း၏ မတူညီသောအပိုင်းများကို ချဉ်းကပ်ရန် attackers များကို ပိုမိုရွေးချယ်စရာများ ပေးထားပါတယ်သည်။ ဤပြောင်းလဲမှုများကို attackers များနှင့် defenses များ သင့်လျော်စွာတုံ့ပြန်ရန် လိုအပ်မှာဖြစ်ပါတယ်။

အချို့သောပြောင်းလဲမှုများမှာ :

  • Crown Coffee အနီးတစ်ဝိုက်ရှိ ဧရိယာသည် သိသိသာသာ ပြောင်းလဲထားသည်ကို တွေ့ရပါတယ်။ Riot သည် မြှင့်ထားတဲ့ လူသွားလမ်းကို တည်ဆောက်ခဲ့ပြီး attackers များအား A main ကို သိမ်းပိုက်ရန် နည်းလမ်းသစ်တစ်ခု ပေးထားခဲ့ပါတယ်။
  • A Ramp နှင့် A Site သို့ ဝင်ပေါက်ကြားရှိ box ကို တစ်ဝက်ဖြတ်ထားပြီး A site တွင် attackers များကို အမြင်သစ်ဖြင့်ကြည့်ရှုရန် ခွင့်ပေးထားပါတယ်။
  • B garage မှ B site ဝင်ပေါက်နှင့်အပြိုင် နံရံကို ပြန်လည်ချိန်ညှိထားပါတယ်။ ပိုမိုကျယ်ပြန့်သော ရှုထောင့်ကြောင့်၊ ယခုအခါ ၎င်းသည် တိမ်းစောင်းထားကာ attackers များအတွက် B hell ကိုရှင်းလင်းရန် ပို၍ရိုးရှင်းစေပါတယ်။
  • B Tower ရှိ metal box ဘေးရှိ အမှိုက်ပုံးကို ဖယ်ရှားလိုက်ပါတယ်။ ၎င်းသည် ကစားသမားများအား ထိုသေးငယ်သောထောင့်တွင် ပုန်းအောင်းစေပြီး Attackers များကို အံ့အားသင့်စွာ ပြန်လည်တိုက်ခိုက်နိုင်စေပါတယ်။

Bind and Breeze ကိုနှုတ်ဆက်ခြင်း

Split နှင့် Lotus ကို မြေပုံစာရင်းစာရင်းတွင် ထည့်သွင်းပြီးနောက်၊ Riot သည်  Unrated နှင့် Competitive ပွဲများတွင် Bind နှင့် Breeze ကို ဖယ်ရှားခဲ့ပါတယ်။သို့သော် ၎င်းတို့ကို အခြားဂိမ်း modes များတွင် ဆက်လက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဆိုလိုသည်မှာ Episode 6 ၏ကြာချိန်တစ်ခုလုံးအတွက်၊ ပုံမှန်မြေပုံအလှည့်တွင် မြေပုံခုနစ်ခုပါဝင်မှာဖြစ်ပါတယ်။

Agent များ Nerf ခြင်း

Omen သည် ဤ patch အတွက် တစ်ယောက်တည်းသော nerf ခံရတဲ့ Agent ဖြစ်သော်လည်း သူ၏ ပြောင်းလဲမှုများသည် သူ့ရဲ့ smoke lineups များကို သိသိသာသာသက်ရောက်မှုရှိသွားပါတယ်။

Omen

  • နံရံများတွင် ထားတဲ့ Dark Cover သည် ယခုအခါ အနီးနားရှိ မြေပြင်သို့ ကျဆင်းသွားမှာဖြစ်ပါတယ်။

Omen

၎င်းသည် မျက်နှာပြင်ပေါ်တွင် အနည်းငယ်ပြောင်းလဲမှုဟု ထင်ရသော်လည်း ၎င်းသည် အဆင့်မြင့် ကစားပွဲများတွင် သိသာထင်ရှားသော ပြဿနာတစ်ခုဖြစ်ပါတယ်။ Omen ရဲ့ တစ်ဖက်တည်း smokes များ သုံးချနိုင်စွမ်းသည် Brimstone ကဲ့သို့ အခြားသော Controller Agent များနှင့် ယှဉ်လျှင် အားသာချက်တစ်ခု ဖြစ်စေပါတယ်။ သို့တိုင်၊ ဤပြောင်းလဲမှုသည် အဆင့်မြင့်မားသောကစားပွဲများတွင် သူ့အား သိသိသာသာ အင်အားလျော့နည်းသွားစေနိုင်ပါတယ်။

Rank Rating တွက်ချက်ခြင်းပြောင်းလဲမှုများ

အပ်ဒိတ်တိုင်းမှာကဲ့သို့ပင် Episode 5 ၏အဆုံးတွင် သင့် rank ထက်နိမ့်သည်ဟု မျှော်လင့်ထားသော rank များဖြင့် ပြန်လည်သတ်မှတ်မှာဖြစ်ပါတယ်။ သို့သော်၊ RR ကိုတွက်ချက်ပုံအတွက် အပြောင်းအလဲအနည်းငယ် ပြုလုပ်ထားပါတယ်။

  • Ranked Rating အမြတ်နှင့် အရှုံးကို အနိုင်ရခြင်း သို့မဟုတ် အရှုံးဖြင့် ဆုံးဖြတ်ပါမည်။ ၎င်းသည် ပွဲ၏ တကယ့် round ကွာခြားမှုအပေါ်တွင်မူတည်ပါတယ်။
  • တစ်ဦးချင်းစွမ်းဆောင်ရည်သည် RR တိုးလာမှုကို ဆုံးဖြတ်ရာတွင် round ကွဲပြားမှုထက် ပို၍အရေးကြီးပါသည်။ သင်၏ rank  နှင့် MMR သည် ပိုမိုလျင်မြန်စွာ ပေါင်းစပ်သွားသည်ကို သင်လည်း သတိပြုမိပါလိမ့်မည်။

အခြေခံအားဖြင့်၊ ဤတိုးတက်မှုများသည် ယခင်ကထက် တစ်ဖက်သတ် stomps တဲ့ပွဲများ အရေးပါမှုနည်းပါးစေရန် မိမိတို့အသင်းရှုံးသော်လည်း ကောင်းစွာဆက်လက်စွမ်းဆောင်နိုင်သော ကစားသမားများသည် စာရင်း၏အောက်ခြေတွင် အမြဲရှိနေပါက ၎င်းတို့၏ RR ကို သိသိသာသာလျှော့ချသင့်ပါတယ်။

ယနေ့ Codashop ကို အသုံးပြု၍ သင်၏ VALORANT အကောင့်မှာ ငွေဖြည့်ရန် မမေ့ပါနှင့်။ ကျွန်ုပ်တို့သည် ချောမွေ့ပြီး အဆင်ပြေသော ဝယ်ယူမှုနည်းလမ်းများကို ပံ့ပိုးပေးထားသောကြောင့် သင်သည် ဂိမ်းကိုသာ အာရုံစိုက်စရာလိုပါလိမ့်မယ်။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here