Wild Rift Patch 4.0 Rising Spark ၏ အမြန်လမ်းညွှန်

0
122

Summoners များ၊ ကြမ်းတမ်းလှတဲ့ စီးနင်းမှုအတွက် ပြင်ဆင်လိုက်ပါ! Wild Rift Patch 4.0 သည် ထွက်ရှိလာပြီဖြစ်ပြီး meta ကို ပြောင်းလဲစေမည့် အင်္ဂါရပ်အသစ်များ၊ champions များနှင့် ဂိမ်းကစားခြင်း အပြောင်းအလဲများစွာဖြင့် ပြည့်ကျပ်နေပါတယ်။ Zoe၊ The Aspect of Twilight နှင့် Zari၊ Spark of Zan ကိုမိတ်ဆက်ပေးခြင်းမှစပြီး All Random Ultra Rapid Fire mode ပြန်လည်‌ပေါ်ပေါက် လာသည်အထိ၊ ဤကြီးမားသောအပ်ဒိတ်တွင် စောင့်မျှော်ရမည့်အရာများစွာရှိပါတယ်။ နောက်ဆုံးထွက်ရှိထားသော patch တွင် Rankes Season 8 အပြင်၊ tank items များ ပြောင်းလဲမှုများ၊ Wild Pass အသစ်၊ Lunar New Year အပြင်အဆင်နှင့် အခြားစိတ်လှုပ်ရှားဖွယ်ရာ အကြောင်းအရာများကိုလည်း သင့်ထံသို့ ယူဆောင်လာပါတယ်!

Wild Rift Patch 4.0 မှတ်ချက်အပြည့်အစုံ

Champions အသစ်များ

Zoe၊ the Aspect of Twilight နှင့် Zeri၊ the Spark of Zaun တို့ရောက်ရှိလာခြင်းဖြင့် သင့်ရဲ့ Wild Rift ဂိမ်းမှာ မီးပွားအချို့ထည့်သွင်းရန် အသင့်ပြင်ဆင်လိုက်ပါ။

Zoe, the Aspect of Twilight

Zoe, the Aspect of Twilight နှင့်အတူ Runeterra မြေမှာ မှော်ပညာကိုတွေ့ကြုံခံစားလိုက်ပါ။ Zoe သည် ပျံသန်းရာတွင် လမ်းကြောင်းပြောင်းနိုင်သော ဒုံးကျည်တစ်စင်းကို ပစ်လွှတ်နိုင်ပြီး ၎င်းသည် ပိုဝေးဝေးသွားလေလေ ပိုမို damage ထိနိုင်တဲ့ Paddle Star အပါအဝင် စစ်မြေပြင်သို့ အခြားအစွမ်းထက်သော abilities များစွာကို ယူဆောင်လာပြီး Zoe သည် သူမ၏ ခန့်မှန်းမရသော playstyle ကြောင့် လူသိများပါတယ်။ သူမ၏ Spell ခိုးတဲ့ ability ဖြင့် Zoe သည် ရန်သူ့ spells  များနှင့် enchantments များကို ခိုးယူနိုင်ပြီး တိုက်ပွဲတွင် အသာစီးရစေနိုင်ပါတယ်။သူမ၏တတိယ ability ဖြစ်သော Bubble သည် Zoe ကိုအသာစီးရစေရန် delay ခဏအကြာမှာ ရန်သူကို အိပ်အောင်ပြုလုပ်နိုင်ပါတယ်။ Zoe သည် သူမ၏ Ultimate Portal Jump ကို အသုံးပြု၍ ‌နေရာအသစ်တစ်ခုသို့ blink ခုန်သွားပြီးနောက် တိုက်ပွဲ ပြင်းထန်လာသောအခါတွင် တစ်ဖန်ပြန်၍ blink ဖြင့်ပြန်ထွက်နိုင်ပါတယ်။ Zoe သည် မြေပုံတစ်လျှောက် တယ်လီပို့လုပ်ခြင်းဖြစ်ဖြစ်၊ အဝေးမှ ရန်သူများကို ပစ်ခတ်ဖမ်းဆီးခြင်းဖြစ်ဖြစ် သို့မဟုတ် ပြိုင်ဘက်များထံမှ spells များခိုးခြင်းပဲဖြစ်ဖြစ်၊ သူမသည် စစ်မြေပြင်တွင် ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်တစ်ဦးဖြစ်ပါတယ်။

Zeri, the Spark of Zaun

Shield တစ်ခုရရှိပြီး အမြန်လွတ်မြောက်ရန်အတွက် နံရံများပေါ်သို့ ပြေးတက်သောအခါတွင် ဘောနပ်စ် movement speed ကို ရရှိစေသည့် ability ရှိသော ဤသွက်လက်သော marksman ကတော့ speed နဲ့ mobility တို့မှာတော့တကယ့်ကိုထူးချွန်ပါတယ်။ Zeri ၏တိုက်ခိုက်မှုပုံစံသည် သင်မျှော်လင့်ထားသည်ထက် အနည်းငယ်ကွာခြားသောကြောင့် သူမ၏တိုက်ခိုက်မှုသည် တမူထူးခြားပါတယ်။ attack ခလုတ်ကို နှိပ်လိုက်သောအခါ၊ Azeri သည် ဦးတည်ရာတစ်ဖက်တည်းကိုပစ်ကာ ပထမဆုံးထိတဲ့ရန်သူကို damage ထိမှာဖြစ်ပြီး skill shot ability ပစ်တာနဲ့ဆင်တူပါတယ်။  သူမ၏ electrocute နှင့် ultra-shock laser abilitiesများဖြင့် Zeri သည် သူမ၏ တိုက်ခိုက်မှုအကွာအဝေးကို ချဲ့ထွင်နိုင်ကာ ပြိုင်ဘက်များကို နှေးကွေးစေနိုင်ပါတယ်။ Zeri သည် တိုက်ပွဲပြင်းထန်လာသောအခါတွင် ရှေ့သို့ ပြေးပြီး သူမရဲ့နောက်ထပ်တိုက်ခိုက်မှုများကို အားဖြည့်ရန်အတွက် spark surge ကိုသုံးနိုင်ပါတယ်။ သူမ၏ ultimate lightning crash သည် အနီးနားရှိရန်သူများကို shock ဖြစ်စေနိုင်ပြီး movement speed နှင့် ဘောနပ်စ် damage ရနိုင်ရန် overcharged အတွက် stacks များကိုရနိုင်ပါတယ်။ Zeri ကို pick လိုက်ပါ၊ သင်သည် အချိန်တိုအတွင်း Rift တစ်လျှောက် zipping နဲ့ zapping လုပ်၍ဖြတ်ကာ လမ်းတစ်လျှောက်တွင် ပျော်ရွှင်မှုများစွာနဲ့ နှင့် damage များစွာကို ပေးလိုက်ပါ!

ဂိမ်းကစားခြင်း အပြောင်းအလဲများ :

Wild Rift အဖွဲ့သည် ဂိမ်းကိုလျင်မြန်စွာ ကစားနိုင်ခြင်း ထိန်းသိမ်းထားတာနဲ့အညီ  အထူးသဖြင့် comebacks အခွင့်အရေးများရနိုင်ရန် ဂိမ်းရဲ့ ‌နှောင်းပိုင်းအချိန်များကို တိုးမြှင့်ခြင်းကိုလည်းအာရုံစိုက်ထားပါတယ်။ သူတို့သည် inhibitor ပျက်စီးသွားပြီးနောက် ကစားသမားများကို ဆက်လက်ဆော့ကစားစေနိုင်သည့်  respawn လုပ်ရာတွင် inhibitor လို့ခေါ်သော mechanic ကိုထည့်သွင်းနေပြီး push လုပ်ရာတွင်အရေးတကြီး ပိုမိုဖြစ်စေခြင်း သို့မဟုတ် အားနည်းနေတာကနေ နောက်ပိုင်းမှာ ပြန်လည် comeback လုပ်နိုင်စွမ်းပိုရှိစေရန် turtle limit လို့ခေါ်တဲ့ mechanic ကိုထည့်သွင်းနေပါတယ်။ ဤအပ်ဒိတ်များသည် ပိုမိုစိတ်လှုပ်ရှားဖွယ်ကောင်းသော ဂိမ်းများကို ဖန်တီးရန် ရည်ရွယ်ထားပါတယ်။ အဖွဲ့သည် နောက်ထပ် patches များတွင် တိကျစွာ သတ်မှတ်ထားသော roles များကို ဆက်လက်တိုးတက်စေရန်လည်း စီစဉ်နေပါတယ်။

Tank item အပြောင်းအလဲများ

Patch 4.0 သည် သင့်အား စစ်မြေပြင်ကို လွှမ်းမိုးနိုင်ရန် ကူညီရန်အတွက် အသစ်နှင့် မြှင့်တင်ထားသော shopkeeper stock အပါအဝင် tank ဆော့တဲ့အတွေ့အကြုံအတွက် သိသာထင်ရှားသော တိုးတက်မှုများကို ပြုပြင်ပြီးယူဆောင်လာပါတယ်။

အသစ် – Dawnshroud

အကယ်၍ သင်သည် အဆက်မပြတ်တိုက်ခိုက်လိုတဲ့ aggressive tank support တစ်ဦးဖြစ်ပါက Dawnshroud item ကိုသင်‌ရွေးချယ်သင့်ပါတယ်။ ထို အစွမ်းထက်သည့် item သည် champions တစ်ဦးအား သင့်ထံမှ immobilize ဖြစ်အောင်လုပ်လိုက်သောအခါတွင် အနီးနားရှိရန်သူ champions များကို damage ထိနိုင်ပြီးပြီး မြင်ရစေနိုင်တဲ့ passive တစ်ခုကို ပွင့်သွားမှာဖြစ်ကာ သင့်ကို immobilize ဖြစ်အောင်လုပ်ခံရပါလည်း ထို effect ကိုရနိုင်မှာဖြစ်ပါတယ်။

ပြန်လည်ပြုပြင်ထားခြင်း – Randuin’s Omen

Randuin’s Omen သည် သင့်အား critical strike ထိသောအခါတွင် stacks များပေးသည့် passive အသစ်တစ်ခုကိုလည်းရရှိထားပြီး၊ champion တစ်ဦးကိုတိုက်ခိုက်လိုက်ပါက ထို stacks များကိုအသုံးပြု၍ သင်ခံရတဲ့ damage အပေါ်အခြေခံ၍ သင့်အား ပြန်သွေးပြည့်စေမှာဖြစ်ပါတယ်။ ၎င်းသည် critical strikes များအားလုံးမှ damage များကို လျှော့ချပေးသည့် passive အဟောင်းကို အစားထိုးထားခြင်းဖြစ်ပြီး ယခုအခါ tank ကစားသမားတစ်ဦးအနေဖြင့် ဆုံးဖြတ်ချက်ကောင်းမွန်စွာချနိုင်စွမ်းအားသာချက်ဖြင့် damage ‌လျော့ခြင်းကို အပြည့်အဝအသုံးပြုရန် တိုက်ခိုက်ရန် လိုအပ်မှာဖြစ်ပါတယ်။

ပြန်လည်ပြုပြင်ထားခြင်း – Frozen Heart

Frozen Heart သည် basic attacks များနှင့် spells များထိပါက အတိုင်းတာတစ်ခုအထိ ‌attack speed များကိုနှေးကွေးသွားစေနိုင်တဲ့ stacks များပေးနိုင်ခြင်း ကိုပြောင်းလဲထားပါတယ်။ အဆိုပါ stacks များသည် သင့်ရဲ့ အဖွဲ့သား များကို spells များထိခြင်း သို့မဟုတ် တိုက်ခိုက်ခြင်း ဖြင့်လည်းရနိုင်ပါတယ်။ အဆက်မပြတ်သက်ရောက်နေခြင်း အစား stack ဖြင့် debuff သက်ရောက်ခြင်းဖြင့် Frozen Heart ၏သက်ရောက်မှုသည် ပိုမို၍သိသာလာမှာဖြစ်ပါတယ်။

All Random Ultra Rapid Fire Mode ပြန်လာပါပြီ

All Random Ultra Rapid Fire (ARURF) ဂိမ်း mode Wild Rift သို့ ပြန်လာပါပြီ၊ ၎င်းသည် ကစားသမားများအား queue လုပ်ပြီး အဆင့်မြှင့်ထားသော spells များဖြင့် ကျပန်းရွေးချယ်ထားသော champion တစ်ဦးကို ကစားနိုင်စေမှာဖြစ်ပါတယ်။ ဤ patch တွင်၊ Execute Smite ဟုခေါ်သောအင်္ဂါရပ်အသစ်တစ်ခုပါရှိပါတယ်။ သင်  jungler တစ်ယောက်အဖြစ် ကစားပါက၊ smite သည် active ability အစား  passive effect အဖြစ်ပါရှိလာမှာဖြစ်ပါတယ်။  သင်သည် monster တစ်ကောင်ကို damage ထိပြီး ၎င်း၏ health သည် smite ရဲ့ စုစုပေါင်း damage အောက်သို့ ကျဆင်းသွားသောအခါ၊ spell သည် အလိုအလျောက် trigger ဖြစ်သွားမှာ ဖြစ်ပြီး သင့်အတွက် camp တစ်ခုကို smite လုပ်ပေးမှာဖြစ်ပါတယ်။ ဤ effect အတွက် cooldown မရှိပါဘူး။ ထို့ကြောင့် dragon ပေါ်တွင် သင်အသုံးပြုလိုသောအခါတွင် smite သို့မဟုတ် blue bars များကို ဖြုန်းတီးနိုင်မိခြင်းကို စိတ်ပူစရာမလိုပါဘူး။

Abyss ရဲ့ သခင်အဖြစ် သင်၏တိုးတက်မှုကို ခြေရာခံရန် milestones အသစ်များပါဝင်လာပြီး၊ သင်၏ role ရမှတ်ကို သင့်သူငယ်ချင်းများနှင့် နှိုင်းယှဉ်ကာ သင့်ဒေသရှိ role တစ်ခုစီအတွက် ထိပ်တန်းကစားသမားများကို ကြည့်ရှုရန် role  ဦးဆောင်သူစာရင်းကိုလည်း ထည့်သွင်းထားပါတယ်။ အကောင်းဆုံးကစားသမားများသည် အထူး title ကို ရရှိမှာဖြစ်ပါတယ်။ အဖွဲ့သည် rank season သစ်တစ်ခု၏အစတွင်  role ရမှတ်များ တို့ကို ပြန်လည်သတ်မှတ်ခြင်းဖြင့် ၎င်းတို့အား role ရမှတ်များ မည်သို့လုပ်ဆောင်သည်ကို ပြန်လည်ချိန်ညှိကာ ကစားသမားများအား ၎င်းတို့၏ယခင် season စွမ်းဆောင်ရည်အပေါ်အခြေခံ၍ ၎င်းတို့ကို ပိုမိုမြင့်မားသော အဆင့်များရောက်ရှိစေရန် ကူညီပေးရန်အတွက်လည်း ပြုပြင်ပြောင်းလဲခဲ့ပါတယ်။

Ranked Season 8

Ranked Season 8 အတွက်၊ ranked ဂိမ်းများကိုကစားခြင်းဖြင့် Glorious Crimson Nami skin အသစ်ကို ရယူလိုက်ပါ။ ပို၍ထူးခြားသောအသွင်အပြင်အတွက် ranked စတိုးတွင် လက်နက် augment upgrade ကို ဝယ်ယူရန် မမေ့ပါနှင့်။

Wild Pass

Graves အတွက် နောက်ဆုံးပေါ် skin အသစ်ဖြစ်သော Super Villain Graves သည် Patch 4.0 အတွက် Wild Pass အသစ်တွင် heist ကို ဦးဆောင်နေပါတယ်။ သူ့ရဲ့ Ascended skin မပျောက်ခင် Wild Pass Emporium မှာသွားရောက် ကြည့်ရှုသင့်ပါတယ်။

Skins အသစ်များ

သင်၏ Wild Rift ဂိမ်းကို ယခုထွက်ရှိလာမည့် ကောင်းမွန်သော skinsအသစ်များဖြင့် ပြင်ဆင်လိုက်ပါ! mythical နှင့် legendary Mythmaker စုဆောင်းမှုမှ fiery နှင့် fierce  Firecracker နှင့် Dragon Fist တို့သည် အနာဂတ်နှင့် ပြောင်မြောက်သော PROJECT နှင့် Battle Academia လိုင်းများအထိ၊ Wild Rift Patch 4.0 ရှိ ကစားသမားတိုင်းအတွက် တစ်စုံတစ်ခု ပါရှိလာမှာဖြစ်ပါတယ်။ ယခုထွက်ရှိလာမည့် Skin အသစ်များကို အောက်တွင် ကြည့်ရှုလိုက်ပါ :

  • Mythmaker Caitlyn
  • Mythmaker Zoe
  • Mythmaker Seraphine
  • Mythmaker Gwen
  • Mythmaker Caitlyn Special Edition
  • Dragon Fist Lee Sin
  • Firecracker Vayne
  • PROJECT Lucian
  • PROJECT Master Yi
  • PROJECT Renekton
  • PROJECT Zeri
  • Battle Academia Leona
  • Battle Principal Yuumi

Wild Rift Patch 4.0 ကို သင် ဘယ်လိုထင်လဲ? သင့်ရဲ့ အတွေးအမြင်တွေကို ကျွန်ုပ်တို့နဲ့ မျှဝေပြီး ကြမ်းတမ်းစွာဆော့ကစားဖို့ ပြင်ဆင်လိုက်ပါ! Patch 4.0 ရဲ့အသေးစိတ်အချက်အလက်များအတွက်၊ ဤနေရာ ကိုနှိပ်ပါ။

Codashop တွင်သာ Wild Cores တွေဖြည့်သွင်းရန်  မမေ့ပါနှင့်။ မြန်မြန်ဆန်ဆန်နှင့် ပိုအဆင်ပြေသော ဖြည့်သွင်းမှုများကို ကျွန်ုပ်တို့ အာမခံသောကြောင့် သင်အခက်တွေ့စရာမလိုသော ဂိမ်းအတွေ့အကြုံကို ခံစားနိုင်မှာဖြစ်ပါတယ်။ 

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here