2023 ခုနှစ်တွင် သင်စမ်းဆော့ကြည့် သင့်သော အကောင်းဆုံး MLBB Heroes များ

0
659

2023 ခုနှစ်မှာ Mobile Legends: Bang Bang ရဲ့စစ်မြေပြင်ကို စိုးမိုးရန် အဆင်သင့်ဖြစ်ပြီလား? Class တိုင်းတွင် စမ်းသုံးကြည့်သင့်သော အကောင်းဆုံး heroes များထဲမှ ကျွန်ုပ်တို့၏ထိပ်တန်းရွေးချယ်မှုများကို ကြည့်လိုက်ပါ! ကျွန်ုပ်တို့သည် ကြမ်းတဲ့ assassins တွေကနေ အင်အားကြီးမားသော mages များ၊ ပြင်းထန်တဲ့ fighters များ၊လက်တည့်သော marksmen များ နှင့် ကြံ့ခိုင်သော tanks များအထိ စာရင်းကို ပြုစုထားပါသည်။ ဤထိပ်တန်း heroes များကို အခွင့်ကောင်းယူပြီး သင်၏နောက်ပွဲများတွင် စမ်းသုံးကြည့်လိုက်ပါ!

အကောင်းဆုံး Assassin Heroes များ – Burst damage ပေးသူများ

သင့်ရန်သူများကို ခွဲစိတ်တိကျမှု နဲ့ လျှို့ဝှက်ဆန်းကြယ်မှုဖြင့် ချေမှုန်းနိုင်သည့် hero တစ်ကောင်ကို ရှာဖွေနေပါသလား? Assassin Hero များအတွက် ကျွန်ုပ်တို့၏ ထိပ်တန်း picks များသည် ပြီးပြည့်စုံသော ရွေးချယ်မှုဖြစ်ပါတယ်။ ထိုသို့ဖြတ်လတ်တဲ့ လူသတ်သမားများသည် ပြင်းထန်သော burst damage၊ အလွန်ကောင်းမွန်သော mobility နဲ့ မျှော်လင့်ထားချိန်တွင် တိုက်ခိုက်နိုင်စွမ်းရှိသည့် မည်သည့်ပစ်မှတ်ကိုမဆို ချေမှုန်းရန် ကျွမ်းကျင်မှုနှင့် မြန်နှုန်းများရှိပါတယ်!

Joy

Joy ရဲ့ Feline Ranger Basic skin

The Flash of Miracle သည် သူမ၏ ထွက်ရှိပြီးနောက် MLBB တွင် ကြီးမားစွာအကျိုးသက်ရောက်စေခဲ့သည့် hero တစ်ကောင်ဖြစ်သည်။ Joy ၏ တမူထူးခြားသော abilities များနှင့် mechanics များကြောင့် သူမသည် meta ဖြစ်လာနိုင်ချေရှိပြီး အသင်းကို အောင်ပွဲဆီသို့ ဦးဆောင်ရန် အလားအလာရှိပါတယ်။  သူမ၏ကစားဟန်ကို အပြည့်အဝနားလည်ပြီး ကျွမ်းကျင်ရန် လေ့ကျင့်မှုအချို့ယူရသော်လည်း ကြိုးစားအားထုတ်ပြီး ကစားတဲ့သူများကတော့ ပွဲတိုင်းနီးပါးကို သူတို့ဘာသာ carry သွားနိုင်တာကို တွေ့ရှိရမည်ဖြစ်ပါတယ်။ Joy သည် Land of Dawn တွင် အာရုံစိုက်ပြီးကစားလိုပါက ထည့်သွင်းစဉ်းစားရမည့် hero တစ်‌ကောင်ဖြစ်ပါတယ်။

Benedetta

Benedetta ရဲ့ Death Oath Collector skin

Shadow Ranger သည် 2023 ခုနှစ်တွင် မဖြစ်မနေစမ်းဆော့ကြည့်သင့်တဲ့ hero ဖြစ်ပြီး သူမထွက်ရှိကတည်းက meta တိုင်းတွင် စွဲမက်ဖွယ်ကောင်းတဲ့ အနိုင်မှတ်တမ်းရှိထားတာလည်းဖြစ်ပါတယ်။ Benedetta ၏ ထူးခြားသော mobility သည် သူမအား စစ်မြေပြင်သို့ အလွယ်တကူ သွားလာနိုင်စေပြီး MLBB ကစားသမားများကြားမှာ ကျော်ကြားလာစေပါတယ်။ Benedetta ၏  dash ability သည် ရန်သူများကို အငိုက်ဖမ်းနိုင်ပြီး သူမကို ပေါ့ပေါ့ပါးပါးကစားရာတွင်ဖြစ်စေ ပရော်ဖက်ရှင်နယ်ကစားရာတွင်ဖြစ်စေ ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်တစ်ကောင်ဖြစ်လာစေနိုင်ပါတယ်။ ယခုနှစ်တွင် သူမသည် စစ်မြေပြင်ကို လွှမ်းမိုးနေသည်ကို သင်မြင်လျှင် သိပ်အံ့သြစရာလိုမှာမဟုတ်ပါဘူး။

အကောင်းဆုံး Mage Heroes များ – Mid Laners များ

အဖွဲ့တိုင်းသည် သူတို့ရဲ့ အောင်ပွဲမီးတောက်ကို လောင်ကျွမ်းရန် မှော်မီးတောက်တစ်ခု လိုအပ်ပြီး အဲ့လိုအချိန်မှာတော့ ကျွမ်းကျင်သော mage hero တစ်ကောင်ကိုလိုအပ်လာပါတယ်။ ၎င်းတို့သည် ကြီးမားသော burst damage များကို ထုတ်လွှတ်နိုင်ပြီး crowd control ကို လွယ်ကူချောမွေ့စေသည့် ability ဖြင့် ၎င်းတို့သည် တိုက်ပွဲကို လျင်မြန်စွာ ပြောင်းလဲနိုင်ပါတယ်။  သူတို့မှာ ကြမ်းတမ်းတဲ့ အကာအကွယ်များ မရရှိနိုင်သော်လည်း mage ၏ မှော်စွမ်းအားသည် စစ်မြေပြင်ကို အဖျက်စွမ်းအားဖြင့် လောင်ကျွမ်းစေနိုင်ပါတယ်။

Yve

Yve ရဲ့ Forest Hymn Basic skin

AstrowardenYve သည် သူ၏ရန်သူများအပေါ် ကပ်ဘေးဆိုင်ရာမှော်များကို ထုတ်လွှတ်ရန် စကြဝဠာ၏ စွမ်းအားကို အသုံးချပါတယ်။ ထိ‌ရောက်သည့်ဧရိယာ (AOE)crowd control နှင့် မြင့်မားသော burst damage skills တွေကို ရောနှောထားသည့်အတွက်၊ သူမသည် အသုံးပြုရလွယ်ကူသော်လည်း ကျွမ်းကျင်ရာတွင် မလွယ်ကူနိုင်သော အားကြီးသော mage hero တစ်ကောင်ဖြစ်ပါတယ်။ သင်သည် ဆော့နေကျသူ သို့မဟုတ် ဂိမ်းကို အသစ်ဆော့ကစားသူ ဖြစ်စေ Yve သည် သင်၏ hero စာရင်းတွင် အဖိုးတန်သော ထပ်လောင်း hero တစ်ကောင်ဖြစ်လာမည်မှာ သေချာပါတယ်။

Valentina

Valentina ရဲ့ Twilight Charmer Basic skin

The Prophetess of the Night သည် စစ်မြေပြင်တွင် သူမ၏ မယုံကြည်နိုင်လောက်အောင် စွမ်းဆောင်နိုင်မှုအတွက် ထင်ရှားသည့် mage hero တစ်ကောင်ဖြစ်ပါတယ်။ သူမ၏ ultimate ability ကြောင့် Valentina သည် အဖွဲ့လိုက်တိုက်ခိုက်နေစဉ်အတွင်း သူမ၏အဖွဲ့အား burst damage ထက်မကသော ရန်သူ hero များ၏ ultimate ကို ကူးယူနိုင်ပါတယ်။ သင့်အဖွဲ့တွင် Valentina ပါဝင်ပါက၊ သင့်တွင် မည်သည့်အခြေအနေနှင့်မဆို လိုက်လျောညီထွေဖြစ်အောင်လုပ်ဆောင်နိုင်ပြီး တိုက်ပွဲ၏ရေစီးကြောင်းကို သင့်စိတ်ကြိုက်ပြောင်းလဲနိုင်သော hero တစ်ကောင်ရှိသိလိုဖြစ်နေမှာဖြစ်ပါတယ်။ ပြီးတော့ သူမသည် မည်သည့် skins ကိုမဆို ကူးယူနိုင်ပါသေးတယ်!

အကောင်းဆုံး Fighter များ – EXP Laners များ

ထို တိုက်ခိုက်ရေးသမား များသည် လက်သီး‌တွေဆုပ်ပြီး သူတို့ရဲ့ မဟာမိတ်များကို ကာကွယ်ရန် damage များကို စုပ်ယူနိုင်ပါတယ်။ ရွေးချယ်စရာများစွာရှိသဖြင့် မည်သည့် fighter ကို ရွေးချယ်မည်ကို ဆုံးဖြတ်ခြင်းက စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါတယ်။ သို့သော် စိတ်ချလိုက်ပါ၊ ဤ melee warriors များသည် စစ်မြေပြင်သို့ ပြင်းထန်သော တိုက်ခိုက်မှုများ ကို ဆောင်ကြဉ်းပေးပါလိမ့်မယ်။

Leomord

Leomord ရဲ့ Shadow Knight Abyss skin

The Sworn Sword သည် စစ်မြေပြင်ကို လွှမ်းမိုးနိုင်မည့် MLBB တွင် အပြင်းထန်ဆုံး fighter heros များထဲမှ တစ်ဦးဖြစ်သည်။ Leomord ၏ စွဲမက်ဖွယ်ကောင်းသော ခံစစ်စွမ်းရည်များနှင့် tank တစ်ကောင်ကဲ့သို့ အကြမ်းခံနိုင်မှုသည် သူ့အား အသင်းဖော်များ အတွက် ဂိမ်းပြောင်းလဲခြင်းဆိုင်ရာ တိုက်ပွဲများကို ပေးစွမ်းနိုင်သော carry hero တစ်ဦးဖြစ်လာစေပါတယ်။ 

Balmond

Balmond ရဲ့ God of Mountains Collector skin

သင့်ရဲ့အဖွဲ့အတွက် အစွမ်းထက်တဲ့ jungler တစ်ကောင်ကို လိုအပ်ရင် Bloody Beast ကိုသာပြေးမြင်လိုက်ပါ။ Balmond Lethal Counter နှင့် Retribution spells များက သူ့ကို ဂိမ်း objectives များကို လျင်မြန်စွာ ပေးစွမ်းနိုင်မှာဖြစ်သောကြောင့် သူ့ကို ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်ရေးစွမ်းအားတစ်ခု ဖြစ်လာစေပါတယ်။လျင်မြန်လှတဲ့ MLBB ကမ္ဘာတွင်၊ Balmond ကဲ့သို့သော ယုံကြည်စိတ်ချရသော jungler တစ်ဦးရှိခြင်းသည် အောင်ပွဲအတွက် သော့ချက်တစ်ခုဖြစ်လာနိုင်ပါတယ်။

Best Marksman – Backline hitters

တိုက်ပွဲအရှိန်အတွင်းမှာ၊ အဖွဲ့တစ်ဖွဲ့သည် အတိုက်အခံများကို ချေမှုန်းရန်အတွက် ပြင်းထန်ပြီး ယုံကြည်စိတ်ချရသော hero တစ်ကောင် လိုအပ်ပါတယ်။ ထိုနေရာမှာတော့ Marksman ကနေရာယူထားပါတယ်။ အထူးသဖြင့် late-game အဖွဲ့လိုက်တိုက်ပွဲများတွင် သက်ရောက်မှုအရှိဆုံးဖြစ်စေရန် ကြီးမားသော damagecritical strike ထွက်နိုင်စွမ်းနှင့် ကောင်းမွန်လှတဲ့ range ရှိတဲ့ hero တစ်ကောင်ကို ရှာဖွေသင့်ပါတယ်။ သင့်အဖွဲ့တွင် မှန်ကန်သော Marksmen တစ်ကောင်ရှိပါက၊ သင်သည် ရန်သူကို ချေမှုန်းနိုင်ပြီး အောင်ပွဲခံရန် ကောင်းစွာ ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

Lesley

Lesley ရဲ့ Falcon Mistress Collector skin

Deadly Sniper သည် သူမရဲ့ လွယ်ကူလှတဲ့ mechanics တွေနှင့် မကြာသေးမီက ပြန်လည်မွမ်းမံမှုလုပ်ထားတာ ကြောင့် tier list ၏ ထိပ်ဆုံးသို့ တက်သွားခဲ့သော Marksman ဖြစ်ပါတယ်။ သူမ၏ စွဲမက်ဖွယ်ကောင်းသော mobility နှင့် လျှို့လျှို့ဝှက်ဝှက် နဲ့ ကိုယ်‌ဖျောက်နိုင်စွမ်း တို့က သူမကို စစ်မြေပြင်တွင် ကြောက်စရာကောင်းသော စွမ်းအားတစ်ခု ဖြစ်စေပြီး သူမရှိနေသည်ကို ၎င်းတို့မသိမီ ရန်သူများကို ချေမှုန်းနိုင်စေမှာဖြစ်ပါတယ်။ 

Beatrix

Beatrix ရဲ့ Stellar Brilliance Prime skin

Dawn Breaker Soldier သည် နာမည်ကြီး Marksman တစ်ဦးဖြစ်သည်။ ကွဲပြားသောလက်နက်လေးမျိုးဖြင့် Beatrix သည် မည်သည့်အခြေအနေနှင့်မဆို လိုက်လျောညီထွေရှိနိုင်ပြီး ၎င်း၏ရန်သူများကို အမျိုးမျိုးသော damages များကို ပေးနိုင်မှာဖြစ်ပါတယ်။ သင်သည် ranked တွင်ဆော့ကစားနေသည် ဖြစ်စေ သို့မဟုတ် သင့်အဖွဲ့တွင်ပါဝင်ရန် ကျွမ်းကျင်သောသူတစ်ဦးကို ရှာဖွေနေသည်ဖြစ်စေ Beatrix သည် 2023 ခုနှစ်တွင် မဖြစ်မနေစမ်းဆော့ကြည့်သင့်သည့် hero တစ်ကောင်ဖြစ်ပါတယ်။

အကောင်းဆုံး Tank များ – သိပ်မထင်ရှားသော Heroes များ

Tanks များသည် ၎င်းတို့၏ အဖွဲ့သားများကို ကာကွယ်ရန်နှင့် ကြမ်းတမ်းတဲ့ ကစားကွက် များကို ထူထောင်ရန် သူတို့၏ ကြီးမားသော ကြာရှည်ခံနိုင်မှုနှင့် ခွန်အားကို အသုံးပြုတဲ့ အသင်းတိုင်း၏ မပြိုကွဲနိုင်သော ကျောရိုးတစ်ခုဖြစ်သည်။ Tanks များသည် ဦးဆောင်ခြင်း၊ crowd control ပေးခြင်း သို့မဟုတ် သူတို့၏ အသင်းဖော်များကို ကယ်တင်ရန် သူတို့ကိုယ်ကို စတေးသည်ခြင်း စတဲ့ အ‌‌ရာများကို လုပ်ဆောင်ပေးနေတဲ့ လူသိမများတဲ့ Heros များဖြစ်ကြပါတယ်။ သူတို့မရှိရင် ပရမ်းပတာဖြစ်ပြီး ရန်သူတွေကကြီးစိုးသွားပါလိမ့်မယ်။ ဒါကြောင့် တိုက်ပွဲကို စိုးမိုးချင်တယ်ဆိုရင် ခိုင်မာတဲ့ tank တစ်ကောင်ရှိထားပါ!

Akai

Akai ရဲ့ Imperial Assasin Epic skin

Panda Warrior သည် မကြာသေးမီက MPL ပြိုင်ပွဲများတွင် tank hero တစ်ဦးအဖြစ် ရေပန်းစားခဲ့ပါတယ်။ Akai သည် မတူညီသော skills များနှင့် abilities များ ရှိသောကြောင့် သူ့ရဲ့ မြင့်မားသော damage output နှင့်အတူ ရန်သူ့ဖွဲ့စည်းပုံကို ဖျက်စီးပစ်နိုင်သည့် အလားအလာရှိပါတယ်။ Akai signature တစ်ကွက်ဖြစ်တဲ့၊ Hurricane Dance သည် သူ့ကိုသူလှည့်ပြီး ရန်သူများကို ၎င်းတို့၏ သွားနေရာကနေ knock off ဖြစ်စေနိုင်ကာ သူ့ကို အဖွဲ့လိုက် တိုက်ခိုက်မှုများတွင် အကြမ်းတမ်းဆုံး ပြိုင်ဘက်‌တစ်ကောင် ဖြစ်လာစေပါတယ်။ 

Fredrinn

Fredrinn ရဲ့ Regal Renegade Basic skin

Rogue Appraiser သည် ရန်သူများထံမှ ထိုးနှက်ချက်များစွာကို ခံနိုင်ရည်ရှိကာ ကြီးမားသော damage များကို ဖယ်ရှားပေးနိုင်ပါတယ်။ Fredrinn damage များကို စုပ်ယူနိုင်စွမ်းရှိပြီး အဖွဲ့လိုက်တိုက်ခိုက်ရာတွင် အားကြီးသော စွမ်းအားတစ်ခုအဖြစ် ရှိနေခြင်းက သူ့ကို စစ်မြေပြင်တွင် ခြိမ်းခြောက်နိုင်သော အနေအထားတစ်ခု ဖြစ်စေပါတယ်။ Fredrinn သည် တိုက်ပွဲတွင်း သို့ဝင်လိုက်တာနဲ့တပြိုင်နက် စေ့စေ့စပ်စပ်နှင့် ရန်သူများကို ချေမှုန်းရန် အသင့်ဖြစ်နေမှာဖြစ်သောကြောင့် သူ့ကိုသတိထားသင့်ပါတယ်။

အကောင်းဆုံး Support  – Heal ပြီး ကာကွယ်ပေး သူများ

Support Heroes များသည် အဖွဲ့ထဲမှာ ထင်ထင်ရှားရှား ရှိမည်မဟုတ်သော်လည်း သူတို့သည် သူတို့ရဲ့အသင်းဖော်များအား အသက်ရှင်ရန် ကာကွယ်ဖို့အတွက် အရေးကြီးသော role အဖြစ်ပါဝင်ပါတယ်။ အဖွဲ့သားများအား ထိရောက်နေသော damage များကိုကာကွယ်ပေးရုံသာမက ပြန်ပြီးသွေးဖြည့်ပေးခြင်းအထိ  support heroes များသည် ပံ့ပိုးကူညီရန် အမြဲတမ်း အဆင်သင့်ရှိနေမှာဖြစ်ပါတယ်။

Angela

Angela ရဲ့ Floral Elf Collector skin

အစွမ်းထက်တဲ့ healing abilities တွေနဲ့ Mobile Legends ၏ စွယ်စုံရ support hero Bunny Love ကိုမိတ်ဆက်ပေးပါရစေ။ Angela သည် သူမ၏အဖွဲ့သားများကို အသက်ရှင်အောင်ကူညီနိုင်ရုံသာမက Angela သည်လည်း စစ်မြေပြင်ကို လျင်မြန်စွာသွားလာနိုင်စေမည့် Passive Skill ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ သူမရဲ့ role ဖြစ်တဲ့ support အပြင်၊ Angela သည်သူမရဲ့ lane ကိုကာကွယ်ရန်နှင့်ပြိုင်ဘက်များ ကို poke damage များပေးနိုင်တဲ့ offlaner hero တစ်ကောင်အဖြစ်လည်းဆော့ကစားနိုင်သည်။ ထို့ကြောင့် သင်သည် သင့်အဖွဲ့ကို ပံ့ပိုးပြီး သင့်လမ်းကိုကို ထိန်းထားရန် ယုံကြည်စိတ်ချရသော hero တစ်ကောင်ကို ရှာဖွေနေပါက 2023 ခုနှစ်တွင်  Angela ကို စမ်းသုံးကြည့်လိုက်ပါ!

Faramis

Faramis ရဲ့ Royal Magus Elite skin

Soul Binder သည် အထင်ကြီးလောက်သော healing နိုင်စွမ်းရှိသော mage support hero တစ်ကောင်ဖြစ်ပါတယ်။ Faramis Passive Skill သည် ကျဆုံးသွားသော ယူနစ်များမှ Souls များကို စုဆောင်းနိုင်စေပြီး ၎င်းသည် သူ့ကိုသူသွေးပြန်ဖြည့်နိုင်ပြီး သေဆုံးပြီးနောက် ပြန်လည်ရှင်သန်ချိန်ကို သိသိသာသာ လျှော့ချပေးပါတယ်။ သို့သော် Faramis သည် support hero တစ်ကောင်မဟုတ်ပေ၊ သူသည် သူ့ရဲ့မြင့်မားသော damage output နှင့်အတူ တိုက်ခိုက်မှုများပြုလုပ်နိုင်ပြီး၊ သူ့ကို ဒုတိယမြောက် mage အဖြစ် မည်သည့်အဖွဲ့အတွက်မဆို ထပ်လောင်းအနေနဲ့ အသုံးပြုနိုင်ပါ။ တိုတောင်းလှတဲ့ cooldown များဖြင့်၊ Faramis သည် သူ၏အဖွဲ့သားများကို ပံ့ပိုးရန်နှင့် ရန်သူများကို ဖယ်ရှားရန် အမြဲအသင့်ရှိနေပါတယ်။ 

2023 မှာ Mobile Legends: Bang Bang စစ်မြေပြင်ကို စိုးမိုးရန် အဆင်သင့်ဖြစ်ပြီလား? အမျိုးအစားတိုင်းရှိ အကောင်းဆုံး heroes များအတွက် ကျွန်ုပ်တို့၏ထိပ်တန်းရွေးချယ်မှုများမှ အကြံဉာဏ်ကောင်းများယူလိုက်ပါ! သင်မျှဝေလိုသော သင်အကြိုက်ဆုံး heroes များစာရင်းရှိပါသလား? အောက်ပါမှတ်ချက်များတွင် ရေးသားထားခဲ့လိုက်ပါ!

Codashop တွင်သာ သင်၏ Mobile Legends Diamonds တွေကို ဖြည့်ရန် .မမေ့ပါနှင့်။ မြန်မြန်ဆန်ဆန်နှင့် ပိုအဆင်ပြေသော ဖြည့်သွင်းမှုများကို ကျွန်ုပ်တို့ အာမခံသောကြောင့် သင်အခက်တွေ့ စရာမလိုသော ဂိမ်းအတွေ့အကြုံကို ခံစားနိုင်မှာဖြစ်ပါတယ်။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here