Mobile Legends အကောင့် Ban ကိုပြန်လည်ရယူဖို့ ဘယ်လိုအသနားခံရမလဲ

0
650

MLBB Appeal RecoveryMobile Legends အသိုင်းအဝိုင်းသည် အတက်ကြွဆုံးနှင့် လူပြောအများဆုံး ကစားသမားအုပ်စုများထဲမှ တစ်ခုဖြစ်ပါတယ်။ သို့သော် အခြားဂိမ်းများကဲ့သို့ပင်၊ ၎င်းတွင် အခြားကစားသမားများ၏ ဂိမ်းအတွေ့အကြုံကို ပျက်ပြားသွားစေမည့် ပြဿနာဖန်တီးသူများ၏ မျှတသော အပြစ်ပေးမှုတွေလည်းပါဝင်ပါတယ်။ ထို့ကြောင့် Moonton ရဲ့ အကောင့် ban တဲ့ hammer ကြီးကတေ့သည် ဤကစားသမားများနှင့် ဆက်ဆံရာတွင် လျင်မြန်ပြီး သနားညှာတာမှုမရှိဘဲ ဖြစ်တတ်ပါတယ်။ 

သို့သော်၊ တစ်ကမ္ဘာလုံးရှိ ကစားသမားထောင်ပေါင်းများစွာနှင့်အတူ၊ ကစားနေစဉ် မူမမှန်သည့် လှုပ်ရှားမှုတစ်ခုခုကြောင့် သံသယဖြစ်မိပါက သင်သည် ban hammer နှင့် ထိမိနိုင်မည့် အခွင့်အရေးတော့အမြဲရှိနေမှာဖြစ်ပါတယ်။  Cheat လုပ်ခြင်း သို့မဟုတ် အခြားအန္တရာယ်ရှိသော လုပ်ဆောင်ချက်တစ်ခုခုဖြင့်  သင့်အား မတရားစွပ်စွဲခံရသည်ဟု သင်ယူဆမိပြီး သင့်အကောင့်ကို ပြန်လည်ရယူလိုပါက ဒီမှာတော့ သင့်အကောင့်ကို ပြန်လည်ရယူရန် အမြန်လမ်းညွှန်ချက်တစ်ခုဖြစ်ပါတယ်။

MLBB တွင် Ban လုပ်ခြင်းရဲ့ အခြေခံကဘာလဲ?

Main Page MLBBအကောင့်ပြန်လည်ရယူရန်အတွက် အသနားခံခြင်းမပြုမီ၊ သင့်အကောင့်ကို အဘယ်ကြောင့် ပိတ်ပင်ထားသည်ကို ဦးစွာနားလည်ရပါမယ်။ Moonton သည် အခြားကစားသမားများအတွက် ဂိမ်းအတွေ့အကြုံကို ပျက်စီးသွားစေနိုင်သည့် Cheat ခြင်း၊ hack ခြင်းနှင့် အခြားအန္တရာယ်ရှိသော လုပ်ဆောင်မှုများကို ဆန့်ကျင်သည့် တင်းကျပ်တဲ့ မူဝါဒရှိပါတယ်။  အကယ်၍ သင်သည် ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်သည်ဖြစ်စေ အောက်ဖော်ပြပါ လုပ်ဆောင်ချက်တစ်ခုခုတွင် ပါဝင်နေသည်ကို တွေ့ရှိပါက သင့်အကောင့်ကို အပိတ်ခံရမှာဖြစ်ပါတယ် :

  • မည်သည့်နည်းဖြင့်မဆို cheat လုပ်ခြင်း
  • လူမျိုးရေးအရ ဆဲဆိုမှုများ၊ နိုင်ငံရေး သို့မဟုတ် ဘာသာရေးဆိုင်ရာ ပြောဆိုမှုများ များ သို့မဟုတ် အခြားလိင်ပိုင်းဆိုင်ရာ သို့မဟုတ် စော်ကားသည့် အကြောင်းအရာများကို အသုံးပြုခြင်း ပါဝင်သော မသင့်လျော်သော အကြောင်းအရာများ
  • အကောင့်ရောင်းချခြင်း သို့မဟုတ် အကောင့်လဲခြင်းများ
  • တရားမျှတမှုမရှိသောအားသာချက်ကိုရရှိရန် ပြင်ပပရိုဂရမ်များကို အသုံးပြုခြင်း

သင့်အကောင့်ကို မှားယွင်းစွာပိတ်ပင်ထားသည်ဟု သင်ယုံကြည်ပါက၊ အကောင့်ပြန်လည် ရယူရန်အတွက် သင်အသနားခံနိုင်ပါတယ်။ သို့သော်၊ Moonton သည် အထက်ဖော်ပြပါ လုပ်ဆောင်ချက်များ၏ အထောက်အထားများ တွေ့ရှိပါက အသနားခံမှုအားလုံးကို စုံစမ်းစစ်ဆေးရန်နှင့် သင့်လျော်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပိုင်ခွင့်ရှိကြောင်း သတိပြုရန် အရေးကြီးပါသည်။

ဂိမ်းအတွင်အသနားခံပြီး သင့်အကောင့်ကို ပြန်လည်ရယူနည်း

အံ့သြစရာကောင်းတာက MLBB မှာရှိတဲ့ အသနားခံတဲ့စနစ်က လိုက်နာရလွယ်ကူပြီး ရိုးရှင်းပါတယ်။ ထို့ကြောင့် သင်သည် တရားမျှတမှုမရှိပဲ ‌အကောင့်ပိတ်ခံထားရရင်လည်း၊ သင့်အကောင့်ကို ပြန်လည်ရယူရန် အခွင့်အရေး ရှိပါသေးသည်။ ဤသည်မှာ သင်လုပ်ဆောင်ရန် လိုအပ်သည်များဖြစ်ပါတယ် :

  1. MLBB ကိုဖွင့်ပါ၊ သင့်အကောင့်ကို “x” ရက်အရေအတွက်အထိ ပိတ်ပင်ထားကြောင်း အသိပေးသည့် စနစ်သတိပေးချက်ကို သင်ချက်ချင်းမြင်ရမှာဖြစ်ပါတယ်။
  2. “Provide Assistance” ကိုနှိပ်ပါက chatbot ပေါ်လာမှာဖြစ်ပါတယ်။ 
  3. “Report or Appeal”  ကိုနှိပ်ပြီး ပေးထားသည့်ဖောင်ကိုဖြည့်ပါ။
  4. သင့်ပရိုဖိုင်တွင်ရှိသော သင့်ဂိမ်းအတွင်း ID ကို ဖြည့်သွင်းရန် လိုအပ်ပါတယ်။
  5. အသနားခံမှုပြုလုပ်ရန် သင့်အကြောင်းပြချက် အပါအဝင် သက်ဆိုင်ရာ အချက်အလက် အားလုံးကို ရိုက်ထည့်ပါ။

FAQ page MLBBchat support icon ကို နှိပ်ခြင်းဖြင့် ၎င်းကို ဂိမ်း၏ပင်မစာမျက်နှာမှတစ်ဆင့်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

အကောင့် Ban ခြင်း အတွက် အသနားခံချက်ကို အီးမေးလ်ကနေ ဘယ်လိုပေးပို့ရမလဲ

ဂိမ်းအတွင်း သင်၏ အသနားခံမှုကို ပေးပို့ခြင်းအပြင် MLBB ၏ ဧည့်ဝန်ဆောင်မှုအဖွဲ့ထံသို့လည်း အီးမေးလ်တစ်စောင် ပေးပို့နိုင်ပါတယ်။ သင်လုပ်ရန်လိုအပ်သည်မှာ သင့်အီးမေးလ်အကောင့်ကိုဖွင့်ပြီး [email protected] သို့ ပေးပို့ရမှာပဲဖြစ်ပါတယ်။  ဤသည်မှာ အယူခံဝင်ရန် သင့်အား အသနားခံစာပေးပို့ရာတွင် ကူညီရန် အဆင့်ဆင့်လမ်းညွှန်ချက်ဖြစ်ပါတယ်:

  1. ဂိမ်း၏ဧည့်ဝန်ဆောင်မှုတွင် အီးမေးလ်တစ်စောင်ရေးပါ။ သင့်ဂိမ်းအတွင်း ID နှင့် လိုအပ်သောအသေးစိတ်အချက်များအားလုံးကို အီးမေးလ်တွင် ထည့်သွင်းရန် သေချာပါစေ။
  2. သင့်အကောင့်အား ပြန်ဖွင့်ပေးသင့်သည်ဟု အဘယ်ကြောင့်ယုံကြည်ကြောင်း ရှင်းပြပြီး သင့်ကိစ္စအတွက် ကူညီပေးနိုင်သည့် သက်ဆိုင်ရာ အချက်အလက်များကို ဖြည့်သွင်းပါ။ သင်၏အကြောင်းအရာကို တိုတိုနှင့် ရိုးရှင်းစွာရေးပါ။
  3. Moonton ၏ ဧည့်ဝန်ဆောင်မှုအဖွဲ့ထံမှ တုံ့ပြန်ချက်ကို စောင့်ပါ။ သင့်ပြဿနာ၏ ရှုပ်ထွေးမှုအပေါ်မူတည်၍ တုံ့ပြန်မှုတစ်ခုရရှိရန် ရက်များစွာကြာနိုင်ပါတယ်။
  4. ဧည့်ဝန်ဆောင်မှုမှပေးသော ညွှန်ကြားချက်များကို လိုက်နာပါ။ သူတို့ ထပ်လောင်း အချက်အလက်များ လိုအပ်ပါက၊ ၎င်းတို့ကို ပေးဆောင်ရန် သေချာပါစေ။
  5.  ဧည့်ဝန်ဆောင်မှုကိုယ်စားလှယ်မှ သင့်အကောင့်ကို ပြန်ဖွင့်ပေးရန်ရန် ဆုံးဖြတ်လိုက်ပါက၊ သူတို့သည် သင့်အား အတည်ပြုအီးမေးလ်တစ်စောင် ပေးပို့မည်ဖြစ်ပါသည်။

ရှင်းလင်းချက်: ဆုံးဖြတ်ချက်သည် Moonton ၏ ဖောက်သည်ဝန်ဆောင်မှုအဖွဲ့၏ ဆုံးဖြတ်ချက်အရဖြစ်သောကြောင့် သင့်အကောင့်အား ပြန်ဖွင့်ပေးမည်သေချာတယ်ဆိုတာတော့ အာမခံချက်မရှိပါဘူး။ စည်းကမ်းချိုးဖောက်မှုရဲ့ ပြင်းထန်မှုအပေါ်အခြေခံ၍ သင့်အကောင့်ကို ပိတ်ပင်ထားရန် သူတို့က ဆုံးဖြတ်နိုင်ပါတယ်။

ကံဆိုးတဲ့ အခြေအနေတစ်ခုခုကြောင့် သင့်ရဲ့ Moonton အကောင့်ကို ပိတ်ပင်ထားတာ ကြုံဖူးတယ်ဆိုရင်၊ အဲဒါကို ပြန်ဖွင့်နိုင်ရန် ကြိုးစားဖို့ ဒီလမ်းညွှန်မှာ ဖော်ပြထားတဲ့ အဆင့်တွေကို လိုက်နာပါ။ ဧည့်ဝန်ဆောင်မှုမှ တောင်းဆိုထားသော လိုအပ်သော အချက်အလက်အားလုံးကို သေချာစွာပေးဆောင်ပြီး သူတို့မှ သင့်အမှုကို ပြန်လည်သုံးသပ်ချိန်တွင် စိတ်ရှည်စွာစောင့်ပါ။ သင့်အကောင့်ကို ပြန်လည်ပွင့်မယ်လို့လုံးဝဝဿုံကြီး အာမခံချက်မရှိသော်လည်း ပြန်ပွင့်ဖို့တော့သင်တစ်ခေါက်လောက်ကြိုးစားကြည့်နိုင်ပါတယ်!

Codashop တွင်သာ  Mobile Legends Diamond တွေကိုဖြည့်သွင်းရန်  မမေ့ပါနှင့်။ မြန်မြန်ဆန်ဆန်နှင့် ပိုအဆင်ပြေသော ဖြည့်သွင်းမှုများကို ကျွန်ုပ်တို့ အာမခံသောကြောင့် သင်အခက်တွေ့စရာမလိုသော ဂိမ်းအတွေ့အကြုံကို ခံစားနိုင်မှာဖြစ်ပါတယ်။ 

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here