VALORANT Rank နှင့် Act Rank : ကွာခြားချက်က ဘာလဲ?

0
57

VALORANT Rank and Act Rankအပြိုင်အဆိုင် FPS ဂိမ်းများစွာကဲ့သို့ပင်၊ VALORANT သည် ranking တိုးတက်မှုကို တိုင်းတာခြင်းနှင့် ကစားသမားတစ်ဦးနှင့်တစ်ဦးအကြား အလုံးစုံ rating သတ်မှတ်ခြင်းအတွက် မတူညီသောနည်းလမ်းအချို့ ပါရှိပါတယ်။ ကစားသမားတိုင်းတွင် သူတို့ရဲ့ VALORANT rank ရှိသော်လည်း act တစ်ခုစီတွင် ၎င်းရဲ့ကိုယ်ပိုင် “Act Rank” ရှိပါတယ်။ ဒီနှစ်ခုကြားက ကွာခြားချက်ကဘာလဲ?

ဤလမ်းညွှန်တွင်၊ VALORANT  ranks များ၊ လက်ရှိ rank ခွဲဝေမှုနှင့် ယှဉ်ပြိုင်ကစားမှုများအကြောင်း သင်သိသင့်သမျှကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

VALORANT Ranks များ

VALORANT ၏ ranking system တွင် လက်ရှိအဆင့်ကိုးဆင့်ရှိပြီး Iron သည် အနိမ့်ဆုံးဖြစ်ပြီး Radiant သည် အမြင့်ဆုံးဖြစ်ပါတယ်။ Radiant မှလွဲ၍ ဤ tiers များအားလုံးတွင် ၎င်းတို့အတွင်း  ranks ခွဲသုံးဆင့်ရှိပြီး အနိမ့်ဆုံး 1 နှင့် အမြင့်ဆုံးအဖြစ် 3 အထိရှိပါတယ်။

ထို့အပြင်၊ ဒေသတစ်ခုစီရှိထိပ်တန်းကစားသမား 500 သည် Radiant အဆင့်သို့ရောက်ရှိမည်ဖြစ်ပြီး ဒေသတစ်ခုစီရှိ ထိပ်တန်း 1% သည် Immortal အဆင့်သို့ရောက်ရှိမည်ဖြစ်သည်။ သင့်ရဲ့အရည်အချင်းတွေကို မြှင့်တင်ပြီး ထိပ်တန်းရောက်ဖို့ ရည်မှန်းထားတယ်ဆိုရင် အဲ့ဒါကသင့်အနေနဲ့ နေရာယူထားသင့်တဲ့ နေရာတစ်ခုပါပဲ။

ဤသည်မှာ VALORANT ranks များစာရင်း အပြည့်အစုံဖြစ်ပါတယ် :

  • Iron 1
  • Iron 2
  • Iron 3
  • Bronze 1
  • Bronze 2
  • Bronze 3
  • Silver 1
  • Silver 2
  • Silver 3
  • Gold 1
  • Gold 2
  • Gold 3
  • Platinum 1
  • Platinum 2
  • Platinum 3
  • Diamond 1
  • Diamond 2
  • Diamond 3
  • Ascendant 1
  • Ascendant 2
  • Ascendant 3
  • Immortal 1
  • Immortal 2
  • Immortal 3
  • Radiant

သင်သည် Competitive mode ကို unlock မလုပ်မီ သင်သည် အကောင့်သည် level  20 သို့ရောက်ရှိရန် လိုအပ်မည်ဖြစ်ပြီး၊ ၎င်းသည် သင်၏အရည်အချင်းများကို အခြားပြိုင်ဘက်ကစားသမားများအား ပြသနိုင်စေမှာဖြစ်ပါတယ်။ ထို့နောက် သင်၏စတင်သည့် rank နှင့် ကျွမ်းကျင်မှုအဆင့်ကို ဆုံးဖြတ်ရန် နေရာချထားမှု ပွဲစဉ်ငါးခုကို ကစားမှာဖြစ်ပါတယ်။

VALORANT Act Ranks များ

အခြားတစ်ဖက်တွင်၊ Act Rank တွေကတော့ မတူပါဘူး။ Act တစ်ခုဆိုတာကတော့ Episode တစ်ခုရဲ့ ပြိုင်ဆိုင်မှုကာလတစ်ခုဖြစ်ပြီး Episode တစ်ခုဆိုတာက event တစ်ခုရဲ့အရွယ်အစားဖြစ်ပြီး Acts သုံးခုပါရှိပါတယ်။ သင်၏ Act Rank သည် Act တစ်ခုရဲ့ လုပ်ငန်းစဉ်တစ်လျှောက် သင့်ရဲ့ Rank ကို ဆုံးဖြတ်ထားပါတယ်သည်။ သင်၏အကောင်းဆုံး rank အနိုင်ရမှုက ၎င်းကိုဆုံးဖြတ်ပါတယ်။

သင် competitive match တစ်ပွဲအနိုင်ရတိုင်း၊ သင်ကစားခဲ့သည့် rank ကိုကိုယ်စားပြုသည့်တြိဂံတစ်ခုရရှိမည်ဖြစ်သည်။ ဥပမာအားဖြင့်၊ ၎င်းသည် Bronze rank အတွက် အညိုရောင်ဖြစ်ပြီး သို့မဟုတ် Silver rank အတွက် ငွေရောင်ဖြစ်ပါလိမ့်မယ်။ ranks တွေတက်လာတဲ့အခါ rank ပိုမြင့်သောပွဲများကိုကိုယ်စားပြုသည့် တြိဂံအသစ်များသည် rank အနိမ့်များကို အစားထိုးသွားမှာဖြစ်ပါတယ်။ ပြောစရာမလိုအောင်၊ သင်ရရှိသည့်အနိုင်ရတိုင်းဖြင့် သင်၏ border level ကိုလည်း အဆင့်မြှင့်နိုင်သည်။ (အမြင့်ဆုံးမှာ level 5 border ပဲဖြစ်ပါတယ်၊ ကံကောင်းပါစေ။)

Rank Decay

VALORANT တွင် Competitive Mode မှာသင့်လုပ်ဆောင်ချက်ကို ခြေရာခံနေနေသော်လည်း rank decay system တော့မရှိပါဘူး။ သင်သည် 14 ရက်ကြာဆော့ကစားခြင်း မရှိးပါက၊ သင့်ရဲ့ rank ကပျောက်သွားပါလိမ့်မည်။ သင်တစ်ပွဲပြန်ဆော့လိုက်တာနဲ့ ၎င်းက ပြန်ပေါ်လာမှာဖြစ်ပါတယ်။ နှစ်ပတ်ထက်ပိုပြီး ပျက်ကွက်ရင်လည်း သင့်ရဲ့ rank က ယိုယွင်းသွားမှာမဟုတ်ပါဘူး။

Rank Reset

သင့်ရဲ့ rank ကို ခြောက်လတစ်ကြိမ်ခန့်ဖြစ်သည့် VALORANT Episode တိုင်းမှာ ပြန်လည်သတ်မှတ်မည်ဖြစ်ကြောင်း သတိပြုပါ။ Episode အသစ်တွင် သင်၏ပထမဆုံး ranke ဂိမ်းကို ဆော့ကစားပြီးနောက်၊ သင်သည် ranks  3-4 ခုလောက် အထိ ကျသွားမှာဖြစ်ပါတယ်။ Riot သည် ကစားသမားများအတွက် “မိမိကိုယ်မိမိ ပြန်လည်သက်သေပြရန်” အခွင့်အလမ်းတစ်ခုဟု ခံစားစေလိုပြီး ပြုလုပ်ပေးထားတာဖြစ်ပါတယ်။

MMR နှင့် RR Rating

VALORANT သည် MMR ဟုလူသိများသော matchmaking အဆင့်သတ်မှတ်ချက်စနစ်ကို အသုံးပြု၍ ကစားသမားများကို rates  ပေးပါတယ်။ ကစားသူတိုင်းသည် ၎င်းတို့၏အကောင့်နှင့် ချိတ်ဆက်ထားသော နံပါတ်တစ်ခုရှိမည်ဖြစ်ပြီး ၎င်းတို့ တိုးတက်လာသည်နှင့်အမျှ ၎င်းတို့အား rank များ အတက်အဆင်း ရွှေ့ပေးမှာဖြစ်ပါတယ်။

အကယ်၍ သင်သည် tiers အနိမ့်မှာ ရှိနေပါက၊ အသင်းလိုက် ပွဲစဉ်တစ်ပွဲ အနိုင်ရသည်ဖြစ်စေ ရှုံးသည်ဖြစ်စေတွင်သာ ranking system မှအခြေခံပါလိမ့်မယ်။ သင်၏တစ်ဦးချင်းစွမ်းဆောင်ရည်သည် အခန်းကဏ္ဍ နည်းနည်းလေးမှသာ ပါဝင်မှာဖြစ်ပါတယ်။ သို့သော် သင်ပိုမိုမြင့်သော ranks များကို ရောက်သည်နှင့် သိသိသာသာ ပြောင်းလဲသွားနိုင်ပါတယ်။

အခြားတစ်ဖက်တွင်မူ RR points များသည် သင်၏ MMR တွင် တင်းကြပ်စွာသတ်မှတ်ထားပြီး ပွဲတစ်ခုပြီးနောက် သင်ရရှိသော points များဖြစ်ပါတယ်။ သင်၏ MMR မြင့်မားလေ၊ သင်အနိုင်ရပါက RR အမှတ်များ ပိုမိုရရှိနိုင်ပြီး တစ်ပွဲရှုံးပါက လျော့နည်းသွားမှာဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်: သင့်အား Rank တက်ရန်ကူညီပေးနိုင်သည့် Solo Queue အကြံပြုချက်များ

နောက်ထပ် မှတ်ချက်များ

VALORANT ရဲ့ competitive play နှင့် ပတ်သက်၍ သတိပြုရမည့် အခြားအရာအချို့မှာ အောက်ပါတို့ ဖြစ်ပါတယ် :

  • ကစားသမားလေးဦးပါတဲ့ အုပ်စုတွေကို ခွင့်မပြုပါဘူး။ ၎င်းသည် solo ကစားသမားများအား ဥပေက္ခာပြုထားခံရခြင်းမှ တားဆီးရန် ဖြစ်ပါတယ်။
  • ကစားသမား နှစ်ဦး သို့မဟုတ် သုံးဦးပါဝင်တဲ့ အုပ်စုများသည် rank ကွာဟမှု သတ်မှတ်ချက်များအတွင်း ရှိနေရန် လိုအပ်သည်။ ၎င်းတို့သည် တူညီသော rank  သို့မဟုတ် rank တစ်ခုအောက် သို့မဟုတ် အထက်တွင်ရှိရမှာဖြစ်ပါတယ်။
  • ကစားသမားငါးဦး၏အုပ်စုများသည်ကန့်သတ်ချက်များမရှိသော်လည်း၊ သင်၏အဖွဲ့တွင်ပါရှိသည့်အဆင့်ပေါ်မူတည်၍ rank rating ရရှိမှုနှင့်ဆုံးရှုံးမှုများရှိနိုင်ပါလိမ့်မယ်။

Codashop တွင် သင်၏ VALORANT Points များကို ဖြည့်သွင်းဖို့မမေ့ပါနှင့်။ ကျွန်ုပ်တို့သည် VALORANT Points များရယူရန် လွယ်ကူမြန်ဆန်သော ရွေးချယ်မှုတစ်ခုကို ဝန်ဆောင်မှုပေးထားပါတယ်။ သင်၏ Riot ID၊ သင်ဝယ်ယူလိုသော VALORANT Points အရေအတွက်နှင့် သင်အလိုရှိသော ငွေပေးချေမှုနည်းလမ်းကို ရိုးရှင်းစွာ ထည့်သွင်းပါ။ ၎င်းသည် ရိုးရှင်းသည်၊ မြန်ဆန်သည်၊ လွယ်ကူလှပါတယ်။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here