VALORANT မှာသင့်ကို Rank တက်ရာ မှာအထောက်ကူဖြစ်စေရန် Solo Queue ခြင်းဆိုင်ရာ အကြံပေးချက်များ

0
68

VALORANT Solo Queue Tips to Help you Rank upVALORANT ထွက်ရှိခဲ့သည်မှာ သုံးနှစ်နီးပါးပတ် ဝန်းကျင်ရှိခဲ့ပြီ ဖြစ်ပါတယ်။ သူ့ရဲ့ rank queue သည် rank အနိမ့်များတွင် smurfs များရှိခြင်း (skills ကျွမ်းကျင်တဲ့ ကစားသမားများမှ skill ပိုနိမ့်တဲ့ အဆင့်များမှာဆော့ကစားခြင်း) နဲ့ အခြားသော အကြောင်းအရာများကြောင့် skills များအကြား ကွဲပြားခြားနားခြင်းတွေဖြစ်ပေါ်နေပြီး အခက်ခဲဆုံးဖြစ်နေပါတယ်။ တစ်ခါတစ်ရံကစားသမားများသည်သူငယ်ချင်းများနှင့်အတူ ၅ ယောက် စုပြီး  အသင်းကိုဖွဲ့စည်းပြီးအတူတကွ rank တင်ကြလေ့ရှိပါတယ်။ သို့သော်ကစားသများ အများစုအတွက်, rank ဆော့ရခြင်းအတွေ့အကြုံသည်တစ်ဦးချင်းကြိုးစားအားထုတ်မှု လည်းဖြစ်နေနိုင်ပါတယ်။ ဤဆောင်းပါးတွင်သင်ဟာ rank ကို solo queue လုပ်ပြီးဆော့ရမယ့် အတွေ့အကြုံတွေမှာ သင် rank တက်စေဖို့ လူသိမများတဲ့ အချက်များအပါအဝင် အချို့အကြုံပြုချက်များနဲ့အတူ လမ်းညွှန်ပေးသွားမှာဖြစ်ပါတယ်။

Solo Queue ကစားသူတစ်ယောက်အနေဖြင့် Rank တက်စေရန် အကြုံပြုချက်များ

အကယ်၍ VALORANT ranked queue  ကခက်ခဲသည်ဆိုပါက solo queue ဆော့ရာတွင်လည်း ခက်ခဲမှုကတန်းတူဖြစ်နေနိုင်ပါတယ်။ ကျွန်ုပ် rank ဂိမ်းတွေကို အဓိကထားဆော့ကစားတဲ့ ‌အကောင့်မှာဆို အမြင့်ဆုံး rank အဖြစ် Silver 3 သို့  solo queue တွေကိုသာသီးသန့် ဆော့ကစားပြီးရောက်ရှိထားတာဖြစ်ပါတယ်၊ Iron 2 မှ ထိုသို့ရောက်ရှိရန် ကျွန်ုပ်ရဲ့ အသက်အရွယ်ကြောင့်သာမက, ဝါရင့်ကစားသမားများရဲ့ skills တွေကိုလိုက်မီဖို့ အလွန်မြင့်လာတာကြောင့် အချိန်နဲနဲလေးဆော့ယူခဲ့ရပါတယ်။ ဂိမ်းရဲ့ အခြေခံကိုနာလည်ခြင်းသည် အရေးကြီးရုံသာမက ရရှိနိုင်သည့်ကိရိယာများနှင့်လည်းစိတ်ကူးစိတ်သန်း ကောင်းကောင်းအသုံးချနိုင်ဖို့ အရေးကြီးပါတယ်။

သို့သော် solo queue မှာ rank တက်စေရန်သင်အသုံးပြုနိုင်သည့်နည်းလမ်းအချို့မှာဂိမ်းထဲမှာတောင် ပါဝင်တော့မှာမဟုတ်ပါဘူး။ ဤအရာများကတော့ ကျွန်ုပ်အွန်လိုင်းတွင် ဂိမ်းကစားခဲ့သည့်နှစ်များ အတွင်းကျွန်ုပ်လေ့လာခဲ့သည့်အရာများဖြစ်ပါတယ်။

 

  1. rank ကစားချိန်မှာ သင့်ရဲ့ mindset ကိုထိန်းထားပါ. ကစားသမားများကို ranked ပွဲတွေကစားခြင်းမှ တားဆီးထားသောအရာတစ်ခုမှာ rank တက်လာသည်နှင့် အမျှ ပြိုင်ဆိုင်မှုသည် ပိုမို တင်းကျပ်လာလေလေဖြစ်ခြင်း ပဲဖြစ်ပါတယ်။ IIron ကနေ Bronze ကိုတင်းခြင်းက တစ်ယောက်နဲ့ တစ်ယောက် skill နည်းနည်းလေး ဒါမှမဟုတ် လုံးဝကွာခြားလေ့မရှိပါဘူး၊ Bronze ကနေ Silver ကိုတင်တဲ့ အခါမှာတော့ ကြီးမားစွာကွာခြားချက်ကြီးရှိပါတယ်။ Silver ကစားသမားများ အနေဖြင့် smurfs ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ rank တက်စေရန် aim လည်းပိုကောင်းမွန်ပြီး အနည်းဆုံး အခြေခံ mechanics များကိုလည်းနားလည်ထားလေ့ရှိပါတယ်။ Ranked ပွဲများဆော့ကစားရာတွင် ဦးတည်ချက်တစ်ခုတည်းရှိတဲ့ mindset ထားရှိခြင်းသည် သင့်အားအဆိုးဆုံးအတွက် ပြင်ဆင်ထားစေနိုင်ပါတယ်။
  2. သင် ranked games ‌တွေပဲဆော့ကစားဖို့ တစ်ခုတည်းသောရည်ရွယ်ချက် အတွက်အကောင့်တစ်ခုဖွင့်ထားသင့်ပါတယ်. VALORANT ကစားသမား အများစုအတွက်သူတို့၏အဓိကအကောင့်ကို rank တင်ဖို့အတွက် အသုံးပြုသင့်ပါသည်။ သို့ရာတွင် ranked ဂိမ်းများအတွက်သီးခြားအကောင့်တစ်ခုရှိခြင်းသည်သင့်ရဲ့ mindset ကို ဆက်လက်ထိန်းသိမ်းထားနိုင်ပြီးအရာတစ်ခုကိုတည်း အာရုံစိုက်စေနိုင်သည်ဟု ကျွန်ုပ်ငြင်းခုံခဲ့ပါသည်။
  3. သင့်အတိုင်းအတာကို သင်သိထားပြီး သင့်အမှားတွေကနေ ပြန်လည်လေ့လာသင်ယူပါ. ဤသည်သည် rank မြင့် ကစားသမားများအနေဖြင့် rank နိမ့်တဲ့ကစားသမားများကိုပြောပြလေ့ရှိသည့် ယေဘူယျအကြုံပြုချက်ဖြစ်ပါတယ်။ ထိုအကြုံပြုချက်ကို ကျွန်ုပ်ရဲ့ LAN ပြိုင်ပွဲများမှ ရရှိလာတဲ့ အတွေ့အကြုံမှတစ်ဆင့် ပေါင်း‌ထည့်ဖော်ပြလိုတာကတော့ ‌အခြေအနေတိုင်းနှင့်အညီ လိုက်လျောညီထွေဖြစ်အောင်ပြုလုပ်ရန် နှင့် သင့်ရဲ့ အကန့်အသတ်တွေကို သိရှိပြီး သာလွန်အောင်ကြိုးစားနိုင်ဖို့ ဘယ်အရာတွေက အလုပ်ဖြစ်လဲ မဖြစ်လဲဆိုတာကို လျင်မြန်စွာလေ့လာဖို့ပဲဖြစ်ပါတယ်။ သင်လိုက်လျောညီထွေဖြစ်အောင်ပိုမိုမြန်ဆန်လုပ်နိုင်လေလေ၊ သင်ပိုမိုမြန်ဆန်စွာတိုးတက်ပြောင်းလဲလာလေဖြစ်ပြီး rank ကိုလည်း ပိုမြန်မြန်ဆန်ဆန် တင်နိုင်မှာဖြစ်ပါတယ်။
  4. match-ups များနှင့် သူတို့ကို ဘယ်လို counter ရမလဲဆိုတာကို လေ့လာပါ. ဂိမ်းကစားရာမှာတိုးတက်လိုတဲ့ကစားသမား များသည် အခြေခံများထက်ပို၍ ထပ်မံလေ့လာမှာဖြစ်ပါတယ်။(လှုပ်ရှားမှု၊ aiming၊ ‌ability အသုံးပြုပုံ၊ စသဖြင့်) သူတို့က match-ups များနှင့်သူတို့ရွေးချယ်ထားသော Agents များကိုသူတို့ကြုံတွေ့ရနိုင်သည့် မည်သည့် အခြေအနေမျိုးမှမဆိုအသုံးပြုရန်အကောင်းဆုံးနည်းလမ်းကိုလေ့လာကြလိမ့်မည်။ ထို့ကြောင့် ဒီအရာကို အရင်က အကြံပြုချက်နှင့် ဆက်နွယ်ကြည့်ရသော် ဒီဟာက လိုက်လျောညီထွေ ဖြစ်အောင်ပိုလုပ်ရပြီး ချိန်ညှိရတာတွေလည်းပိုလုပ်ရမှာဖြစ်ပါတယ်။  

Tips to Rank Up as a Solo Queue Player

    1. “off-hours” များတွင် သင်ကစားလိုလောက်ပါမယ်. solo queue ကစားသမားတစ်ဦး အနေဖြင့် ကျွန်ုပ်၏ ranked ဂိမ်းများ၏တစ်စိတ်တစ်ပိုင်းသည် “off-hours” သည် မည်သည့်အချိန်တွင်ဖြစ်သည်ကို သိရှိပါသည်။ ဆိုလိုသည်မှာ အင်အားကြီးကစားသမားအနည်းငယ်သာ queue လုပ်ရပြီး သင့်ကိုယ်ပိုင်ဂိမ်းကို အာရုံစိုက်ထားသောကြောင့် သင်လုပ်ခဲ့သော အမှားအများစုကို သင်သတိပြုမိနိုင်မှာဖြစ်ပါတယ်။ အနည်းဆုံးအားဖြင့်၊ ကျွန်ုပ်၏အတွေ့အကြုံအရ၊ “off-hours” တွင်ကစားခြင်းသည် ကျွန်ုပ်၏ rank rating အပေါ် ဂယက်ရိုက်ခတ်မှုအနည်းငယ်သာရှိသော အချို့သော Agents များနှင့် စမ်းသပ်နိုင်သည်ဟု ဆိုလိုသည်။ ranked ပွဲစဉ်များတွင် ကစားရန် သင့်စိတ်အားထက်သန်မှု မည်သို့ပင်ရှိစေကာမူ “off-hours” ကို သိရှိခြင်းက သင့်ဂိမ်း၏ အစိတ်အပိုင်းများကို ပိုင်းခြားစိတ်ဖြာရန် ကူညီပေးနိုင်ပါသည်။
    2. စိတ်မကောင်းဖြစ်နေတဲ့ အချိန်မှာ မကစားပါနှင့်. ဒါက ယေဘူယျ အကြံပြုချက်ပါ။ ranked  သို့မဟုတ် unranked ပွဲများကို ကစားနေသည်ဖြစ်စေ ၎င်းကို ကစားရန်အတွက် mindset မရှိခြင်းက သင့်ဂိမ်းအပေါ် သက်ရောက်မှုရှိမှာဖြစ်ပါတယ်။ သင်သည် The Range ကို လေ့ကျင့်ရန် သို့မဟုတ် Spike Rush ဂိမ်းလေးတွေကိုသာ ဆော့ကစားသင့်ပါတယ်။ ဒါပေမယ့် ရှည်လျားတဲ့ပွဲတွေအတွက် queue လုပ်မနေပါနဲ့။ ဒါက ကျွန်တော်တို့ကို နောက်ဆုံး အကြံပြုချက်ဆီ ဦးတည်စေတယ်…
    3. ပေါ့ပေါ့ပါးပါး နဲ့ ပျော်ရွှင်အောင်ဆော့ကစားပါ. rank တင်ခြင်း၏ တစ်စိတ်တစ်ပိုင်းမှာ ဂိမ်းကို နှစ်ခြိုက်စွာဆော့ကစားခြင်းဖြစ်ပါတယ်။ ဂိမ်းကိုပျော်ရွှင်စွာဆော့ကစားခြင်းက သင့် စိတ်နေသဘောထားနှင့် စိတ်ခံစားချက်ကို ကောင်းမွန်စွာဖြစ်ပေါ်စေပါသည်။ သင့်ရဲ့အမှားတွေကနေ သင်ခန်းစာယူချင်သလား? သင်ပတ်ပြီးဆော့ပဲလျောက်ပစ်နေချင်တာလား? ဤမေးခွန်းအချို့သည် သင်၏ တစ်ကိုယ်တော် solo queue ranked ပွဲစဉ်များကို သင်နှစ်သက်ပုံအပေါ် သက်ရောက်မှုရှိပါသည်။ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားဖို့သာသတိရက်ပါ။ ပွဲတစ်ပွဲ ရှုံးတာက နိုင်တာလို ပုံမှန်ပါပဲ။ အချို့သော pros များသည် rank အနိမ့်ကနေ တက်လာတဲ့သူတွေဖြစ်ပြီး သူတို့သည် rank တင်တဲ့လုပ်ငန်းစဉ်ကို နှစ်သက်သောကြောင့် (ဤနေရာတွင် ဖော်ပြထားသော အရာများကို အသုံးချခြင်း) ကြောင့် သူတို့၏ လက်ရှိ rank အထိ ‌ရောက်ရှိလာကြတာပဲဖြစ်ပါတယ်။ Silver rank (အနိမ့်ဆုံး rank များထဲမှတစ်ခုဟုယူဆထားသည်)  မှတက်လာသော Sentinel ရဲ့ zekken ကိုကြည့်လိုက်ပါ၊ အခုချိန်မှာတော့ သူဟာ ကမ္ဘာ့အကြီးဆုံးအသင်းတွေထဲကတစ်သင်းအတွက် ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦးဖြစ်နေပါပြီ။ rank တင်ခြင်းတောင်ကုန်းသည် ခက်ခဲသော်လည်း သူတင်နိုင်မယ်လို့ ယုံကြည်ခဲ့တာကြောင့်ဖြစ်ပါတယ်။ သူ့အတွေ့အကြုံကနေ သင်ယူစရာတွေရှိရင် အဲဒါတွေကို သူဦးထိပ်ထားပြီး ရင်ဆိုင်ပြီး သူ့ကန့်သတ်ချက်တွေကို ဘယ်လောက်ရှိလဲဆိုတာ သိထားပါတယ်။.
  • ရည်ရွယ်ချက်ရှိရှိကစားပါ။. အကယ်၍ သင်သည် Duelist မဟုတ်သော role မှ ကစားပါက၊ အဖွဲ့အတွက် အကျိုးရှိစေမည့် ကစားကွက်များဖြင့် ဆော့ကစားပါ။ အကယ်၍ သင်သည် Initiators ကိုကစားနေပါက၊ Controllers များကိုအသုံးပြု၍ မီးခိုးငွေ့များဖြင့်‌ angles များကိုဖုံးအုပ်ကာ Sentinel ဖြစ်ပါက ဘေးတစ်ဖက်တစ်ချက်စီအတွက် set up ချပေးပါ။ အကယ်၍ သင်က frags တွေမရဘူးဆိုရင်တောင် အသင်းအတွက် သင့်ရဲ့ abilities တွေက တန်ဖိုးရှိနိုင်မှာဖြစ်ပါတယ်။ ဤသည်မှာ ခိုင်မာသော ၅ ယောက်စုတဲ့ အဖွဲ့တစ်ဖွဲ့ရှိသောအခါ သင်လုပ်ဆောင်နိုင်သော solo queue ရှိ အကျိုးအရှိဆုံးခံစားချက်တစ်ခုဖြစ်ပါတယ်။
  1. Role တစ်ခုစီအတွက် Agents  ၁‌ ကောင် သို့မဟုတ် ၂ ကောင် ကို လေ့ကျင့်ထားပါ. ကျွန်တော် Viper main အဖြစ် တစ်ကောင်တည်းဆော့ကစားပြီး စတင်ခဲ့သော်လည်း တဖြည်းဖြည်းချင်း Omen နှင့် Astra ကစားရန်လည်း သင်ယူခဲ့ပါတယ်။ ထို့နောက် Chamber နှင့် Killjoy အသုံးမပြုမီတွင် ကျွန်ုပ်၏ အဓိက Sentinel အဖြစ် Cypher ကို လေ့ကျင့်ခဲ့ပါတယ်။ ထို့နောက် KAY/O နဲ့ Fade ကို အသုံးမပြုမီ ကျွန်ုပ်၏ အဓိက Initiator အဖြစ် Sova ကို လေ့ကျင့်ခဲ့ပါတယ်။ သင်ကျွမ်းကျင်သော Agent ကို pick ခံလိုက်ရပါက သင့်ရဲ့ plan B က ဘယ်သူဖြစ်မလဲ ? queues ကို ရှောင်ရှားလိုက်ပါက သင် အပြစ်ပေးခံရမည်ဖြစ်သောကြောင့် Agents များအကြောင်း ပိုမိုလေ့လာဖို့ အရေးကြီးပါတယ်။ ပြီးတော့၊ သင်ဆော့ကစားတဲ့လမ်းတစ်လျှောက်မှာ match-ups တွေကိုသင်ယူရလိမ့်မှာဖြစ်ပါတယ်။
  2.  သင့်အသင်းဖော်များအားလုံးနှင့် ဆက်သွယ်ပြောဆိုရန် သင့်ကိုယ်သင် အတင်းအကျပ် ဖိအားမပေးပါနဲ့. ဒါပေမယ် ဒါက သတိထားစရာတစ်ခုပါ။ သင်ကြည့်ရှုနေသည့် ‌angle ကို ping ပြနိုင်သည် သို့မဟုတ် သင့်အသင်းဖော်များအား သတိပေးချက်ကို အချက်ပြနိုင်ပါတယ်။ ဒါပေမယ့် အများစုအတွက်ကတော့ သင့်ရဲ့အသင်းဖော်တွေအကြောင်း အမြဲတွေးနေစရာမလိုတဲ့အခါ သင့်ရဲ့ဂိမ်းကို အာရုံစိုက်ရမှာဖြစ်ပါတယ်။ ထို့အပြင်၊ သင့်အသင်းဖော်များသည် အသံနှင့် စာတိုချတ်များ နှစ်ခုလုံးတွင် ဆက်သွယ်နိုင်ပုံတို့ကို ခံစားကြည့်ပါ။ ဆက်တိုက်ရှုံးပြီးနောက်မှာတောင် သူတို့ဟာ ဖော်ရွေပုံရတယ်ဆိုရင်၊ သတ်မှတ်ထားတဲ့ round ကို ဘယ်လိုကစားရမလဲဆိုတာ သူတို့ကို သင့်အနေနဲ့ အကြံပြုချက်ပေးနိုင်ပါတယ်။ Solo queue လုပ်ခြင်းမှာ ဖြစ်နိုင်ခြေရှိသော ဘာသာစကား အတားအဆီးတစ်ခု ရှိနိုင်သောကြောင့် သို့မဟုတ် အချို့သော ကစားသမားများသည် ခေါင်းမာခြင်း (သို့မဟုတ် feed ခြင်း) ကြောင့် အချင်းချင်း ဆက်သွယ်ပြောဆိုရန် ခက်ခဲပါလိမ့်မည်။ ဒါကြောင့် ကစားသမားတစ်ယောက်ချင်းစီရဲ့ ခံစားချက်ကို သိရှိခြင်းက သူတို့နဲ့ ဆက်သွယ်ရာမှာ ကူညီပေးနိုင်ပါတယ်။ သို့သော်၊ နောက်တစ်ကြိမ်၊ ဒါကိုလုပ်ဖို့ သင့်ကိုယ်သင် တွန်းအားပေးနေစရာ မလိုပါဘူး။

နိဂုံး

VALORANT တွင် solo queue လုပ်ခြင်း အတွေ့အကြုံသည် ခွင့်မလွှတ်နိုင်သော နှင့် စိန်ခေါ်မှု ဖြစ်နိုင်ပါသည်။ ဒါပေမယ့် ဒီအကြံပြုချက်တွေက သင့်ရဲ့ဆုတွေပေါ်မှာ အာရုံစိုက်ဖို့ ကူညီပေးနိုင်ပါတယ်။ အာရုံစူးစိုက်၊ ပျော်ရွှင်စွာဆော့ကစား ဖို့ကိုသာ သတိရပါ။ အိုး၊ ပွဲနှစ်ပွဲဆော့ပြီးတိုင်းမှာ ရေသောက်ဖို့မမေ့ပါနဲ့။

Codashop တွင် သင်၏ VALORANT Points များကို ဖြည့်သွင်းရန် မမေ့ပါနှင့်။ ကျွန်ုပ်တို့တွင် VALORANT Points ဝယ်ယူရန် မြန်ဆန်ပြီး အဆင်ပြေသောနည်းလမ်းရှိပါတယ်။ သင့်ရဲ့ Riot ID၊ သင်ဝယ်ယူလိုသော VALORANT Points ပမာဏနှင့် သင်နှစ်သက်သော ငွေပေးချေမှုနည်းလမ်းကို ဖြည့်သွင်းပါ။ ၎င်းသည် ရိုးရှင်းသည်၊ လျင်မြန်ပြီး အားစိုက်ထုတ်စရာသိပ်မလိုလှပါဘူး။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here