VALORANT : Lotus မှာ Omen ကိုဘယ်လိုဆော့ရမလဲ

0
39

VALORANT How to play OmenVALORANT ရဲ့ map အသစ် Lotus က တော့ထွက်ရှိလာပြီပဲဖြစ်ပါတယ်။ Lotus ကတော့ အလွန်စိတ်ဝင်စားစရာကောင်းတဲ့ ဒီဇိုင်း နဲ့ လှည့်ပတ်နေသော တံခါးများဖြင့် ဆော့ရာမှာစွဲမက်ဖွယ်ကောင်းပြီး ပျော်စရာကောင်းသော map တစ်ခုဖြစ်ပါတယ်။ သို့သော် ဤဆောင်းပါးသည် VALORANT roster ထဲရှိ Controller Agent ဖြစ်သော Omen ကို အသုံးပြုရန်အတွက်လမ်းညွှန်ပေးဖို့ ဖြစ်ပါတယ်။ Controller တစ်ယောက် အနေဖြင့် Omen role ကတော့ သူ့ရဲ့အဖွဲ့ကို အကာအကွယ်ပေးရန်ဖြစ်ပြီး သူ့ရဲ့ပြိုင်ဘက်ရန်သူများ၏ vision ကို ပိတ်ဆို့ရန်အတွက်ဖြစ်ပါတယ်။  Lotus ရဲ့ map ဒီဇိုင်းကို ကျွန်ုပ်အနေနဲ့ နှိုက်နှိုက်ချွတ်ချွတ်‌ဖော်ပြမှာမဟုတ်သော်လည်း Omen သည် ဤ map အတွက် ကောင်းမွန်သော Agent တစ်ဦးဘာကြောင့်ဖြစ်ရလဲဆိုတာနဲ့ Attacking နဲ့ Defending rounds တွေနှစ်ခုလုံးမှာ သူ့ကိုဘယ်လို ကစားရမယ်ဆိုတာကို အကြံပြုချက်ပေးမှာဖြစ်ပါတယ်။

အလွန်အသုံးဝင်သော Smokes များ

Lotus တွင် Omen ကအလွန်အဖိုးတန်တဲ့ Agent တစ်ကောင်ဖြစ်ပါတယ်။ Defending rounds များတွင်၊ သူသည် Cypher ရဲ့ Cyber Cage one-way setup နှင့်ဆင်တူသော A Site ၏ညာဘက်ခြမ်းတွင် one-way smoke ကိုပစ်ထားနိုင်ပါတယ်။ Agressive ကစားချင်သူ များအတွက် A Root ရဲ့ခပ်ဝေးဝေးကိုလည်း smoke အနည်းငယ်ပစ်ထည့်နိုင်ပါတယ်။ Attacker တစ်ဦးအနေဖြင့်၊ Omen သည် A Top နှင့် A Drop ဧရိယာကို ထိန်းစောင့်နေသော ရန်သူများကို ပိတ်ဆို့ရန်အတွက် သူ့ရဲ့  smokes များကို ပစ်နိုင်ပါတယ်။ ထိုနည်းဖြင့်၊ အဖွဲ့၏အာရုံစိုက်မှုကို A Site မှာထားရှိနိုင်ပါတယ်။

B Site အတွက်၊ B Upper နှင့် A သို့မဟုတ် C Link တစ်ခုခုကို Smoke ပံ့ပိုးပေးခြင်းဖြင့်လည်း ဆိုက်ကို ပြီးပြည့်စုံစွာ control နိုင်မှာဖြစ်ပါတယ်။ ထို့အပြင်၊ Omen သည် B Site ရဲ့ နီးကပ်နေတဲ့ quarters များကြောင့် သူ့ရဲ့ Paranoia (E) ကို ပိုမိုထိရောက်စွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။

သူ့ smokes များက C Site ရဲ့ entry points သုံးခုထဲမှ နှစ်ခုကို မဖြစ်မနေ ပိတ်ဆို့နိုင်သောကြောင့် Omen သည် C Site အတွက် အလွန်အသုံးဝင်ကြောင်း ကျွန်ုပ်တို့သိရှိနိုင်ပါတယ်။ C Site တွင်ဝင်ရောက်ရန် ရန်သူပြိုင်ဘက်၏ရွေးချယ်ခွင့်များကို သီးခြားခွဲထုတ်ထားခြင်းက အဖွဲ့ကို site control ကို စောစီးစွာရရှိစေနိုင်မှာဖြစ်ပါတယ်။

လှည့်ပတ်တံခါးများကို အသုံးပြု၍ ရန်သူပြိုင်ဘက်များကို လှည့်စားခြင်း

Lotus ၏ထူးခြားချက်မှာ မြေပုံပေါ်တွင်လှည့်ပတ်နေသောတံခါးနှစ်ပေါက်ရှိတာပဲဖြစ်ပါတယ်။ တစ်ခုကတော့ A Root အနောက်မှာဖြစ်ပြီး နောက်တစ်ခုကတော့ B Main နဲ့ C Main ကိုဆက်သွယ်ထားတာပဲဖြစ်ပါတယ်။ အတွေ့အကြုံရှိသော Omen ကစားသမားတစ်ယောက်အနေနဲ့ ထိုတံခါးများကိုဖွင့်ကာ တံခါးတစ်ဖက်သို့ တယ်လီပို့ခြင်းဖြင့် ပြိုင်ဘက်များကို အငိုက်ဖမ်းနိုင်ဖို့ အလွယ်တကူလှည့်စားနိုင်ပါတယ်။ တံခါးတွေကနေထွက်တဲ့ ကျယ်လောင်တဲ့ အသံကြောင့်၊ သင့်အဖွဲ့မှ တံခါးထံကို တွန်းလိုက်တဲ့အခါမှာ Omen ရဲ့ Shrouded Step (C) သုံးလိုက်တဲ့အသံကို အနည်းငယ် ဖုံးကွယ်ထားနိုင်ပါတယ်။ သင့်အဖွဲ့တွင် Cypher ကစားသမားတစ်ဦးရှိပါက Cypher ရဲ့ Cyber Cage ရှိခြင်းကလည်း ထိုသို့ရန်သူများကို လှည့်စားရာမှာ ကူညီပေးနိုင်ပါတယ်။ [ဤဆောင်းပါးရေးနေစဉ်အတွင်း Patch 6.01 မှာ လှည့်ပတ်ာတံခါးများရဲ့ အသံပမာဏ လျှော့ချထားကြောင်း ထွက်ရှိလာခဲ့ပါတယ်။ ထိုသို့အပြောင်းအလဲရှိသော်လည်း ဤနည်းဗျူဟာကို ကျင့်သုံးဆဲဖြစ်ပါတယ်။]

Sites သုံးခု = လွယ်ကူစွာ လှည့်ပတ်နိုင်ခြင်း

Haven ကဲ့သို့ပင်၊ Lotus တွင် Spike ‌ထောင်နိုင်တဲ့ နေရာ ၃ ခုရှိပါတယ်။ Omen ရဲ့ Haven အတွက် ထုံးစံနည်းဗျူဟာသည် Spike ကို ကောက်ယူပြီး ပြိုင်ဘက်များ မသိမ်းပိုက်ထားတဲ့သည့် မည်သည့်ဆိုဒ်သို့မဆို ဝင်ရောက်ရန် သူ့ရဲ့ UltimateFrom The Shadows ကို အသုံးပြုနိုင်ကာ Lotus မှာလည်းထိုသို့အသုံးပြုနိုင်ပါတယ်။ 

 

နောက်ထပ် Controller တစ်ယောက်ဖြင့်လည်းကောင်းမွန်သလို တစ်ယောက်တည်းလည်း ကောင်းမွန်စွာအသုံးပြုနိုင်ခြင်း

Lotus မှာ ကျွန်ုပ်ဆော့လာတဲ့ များပြားလှသော ပွဲတွေထဲမှ၊ မြေပုံ၏ အပိုင်းတစ်ပိုင်းကို အကောအကွယ်များပါရှိသော Controller Agents များဖြစ်တဲ့ Harbor သို့မဟုတ် Viper နှစ်ကောင်လုံးနှင့် တွဲဖက်ထားတဲ့ Omen ကို တွေ့ခဲ့ရပါတယ်။ Lotus တွင် meta သည် ဘယ်လိုဖြစ်လာမလဲကိုမသိသေးသော်လည်း၊ Omen သည် ထို map တွင် သူ့ရဲ့၏ အသုံးဝင်မှု မည်မျှအကျိုးသက်ရောက်မှုရှိကြောင်းဖော်ပြထားနိုင်ကာ Omen သည် ထိုနေရာမှာတွင် ထူးချွန်နိုင်ပါတယ်။

 

ချောင်းမြောင်းရာမှာ Omen ကိုအသုံးပြုဖို့အဖိုးတန်ခြင်း

Attacker/Defender Spawn မှ B Site သို့ အကွာအဝေးသည် 50 မီတာခန့် နှင့် Attacker/Defender Spawn မှ A သို့မဟုတ် C Sites သို့ 70 မီတာ ခန့် ကွာဝေးပါတယ်။

B Site ကိုသိမ်းထားသောထားသော Defenders များသည် Attacker’s Spawn ကို စတင်ပြီးနောက် 5 စက္ကန့်ခန့်အတွင်း B Lobby ကို ပိတ်ချထားဖို့ အရေးကြီးပါသည်။ ထို့ကြောင့် Omen မှချောင်းမြောင်းနိုင်ခြင်းက အလွန်တန်ဖိုးရှိပါတယ်။ စံထားဖွယ်ရာအခြေအနေတစ်ခုအဖြစ်၊ Omen သည် B ကိုဝင်ရောက်ယှဉ်ပြိုင်နိုင်ကာ သူ့ရဲ့အဖွဲ့သားများကို A သို့မဟုတ် C တစ်ခုခုကို သူတို့နဲ့ သက်ဆိုင်ရာ connecting links များ သို့မဟုတ် ရန်သူအဖွဲ့၏ spawn နေရာမှတစ်ဆင့် ကူညီပေးနိုင်ပါတယ်။ လက်တွေ့အခြေအနေများတွင်၊ Omen သည် အလားအလာရှိသော ချောင်းမြောင်းတိုက်ခိုက်သူများကိုဖမ်းရန် angle တစ်ခုကို ထိန်းစောင့်ထားပြီး connecting links များ သို့မဟုတ် ရန်သူ၏ spawn မှတစ်ဆင့် ပုန်းနေနိုင်ပါတယ်။ Omen mains များသည် ချောင်းမြောင်းနေခြင်း ဖြင့် အချက်အလက်များစွာကို စုဆောင်းနိုင်သောကြောင့် လှည့်ပတ်ခြင်းသို့မဟုတ် ဖြစ်နိုင်သောရန်သူနေရာများကို အသိပေးနိုင်ပါတယ်။ အဖွဲ့အား တန်းတူရည်တူ တန်ဖိုးရှိသော အကာအကွယ်တစ်ခု ပေးအပ်နေစဉ်မှာထိုအရာတွေအားလုံးကိုလုပ်နိုင်မှာဖြစ်ပါတယ်။

Lotus ရဲ့ Plant  Sites များကို Omen ဖြင့်တိုက်ခိုက်ခြင်းဆိုင်ရာ အကြံပြုချက်အချို့

Lotus တွင်ရှင်းလင်းရန် angles များစွာရှိသောကြောင့်ရန်သူ၏တည်နေရာများကိုဖော်ပြနိုင်သောအနည်းဆုံး Initiator တစ်ကောင်ရှိဖို့အရေးကြီးပါတယ်။ SovaFade နှင့် Skye တို့သည် သူတို့ရဲ့ Recon abilities များဖြစ်တဲ့ : Recon Dart (Sova)Haunt (Fade) နှင့် Trailblazer (Skye) တို့နှင့်အတူ လိုအပ်သော အချက်အလက်များကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ KAY/O ကိုဤ setup မှာအနည်းငယ် အသုံးပြုနိုင်သော်လည်း SovaFade နှင့် Skye ပေးနိုင်တဲ့ တိကျသောနေရာများကိုတော့ ပိုမိုနှစ်သက်မိပါတယ်။

Recon abilities များဖြင့် လုံလောက်သောအချက်အလက်များကို စုဆောင်းထားပါက၊ Omen သည် ကာဗာပေးနေစဉ် မည်သည့် Duelist ကိုမဆို တွန်းအားပေးကူညီရန် Omen သည် သူ့ရဲ့ Paranoia ကို အသုံးပြုနိုင်ပါတယ်။ Omen သည် ချောင်းမြောင်းနေနိုင်သလို၊ ချောင်းမြောင်းတိုက်ခိုက်သူ(များ)ကို စောင့်ကြည့်ရန် သို့မဟုတ် site ဆီသို့ တွန်းပို့နိုင်ပါတယ်။ အဖွဲ့တွင် Initiator တစ်ဦးရှိမှသာလျှင် ဤရွေးချယ်စရာသုံးမျိုးကိုလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ အဖွဲ့တွင် Initiator မရှိပါက၊ အနည်းဆုံး Flash သုံးနိုင်တဲ့ Agent တွေဖြစ်တဲ့ (Phoenix, Yoru, Reyna, Skye, KAY/O) နှင့် site ကို သိမ်းထားတဲ့ရန်သူတွေကို‌မောင်းထုတ်နိုင်ဖို့ Viper’s Snake Bite သို့မဟုတ် Killjoy’s Nanoswarm ကဲ့သို့သော damage-per-second (DPS) ability တွေရှိတဲ့ Agent တစ်ယောက် လိုအပ်မှာဖြစ်ပါတယ်။ တဖန် Paranoia ကလည်း ဤနေရာမှာ မရှိမဖြစ်လိုအပ်ပါတယ်။ သို့သော်၊ Omen သည် သူ့ရဲ့ Paranoia ဖြင့် အဖွဲ့၏အကျိုးအတွက်ဖြစ်သင့်ပြီး solo blind Agent တစ်ယောက်မဖြစ်သင့်ပါဘူး။ Paranoia ကို အသုံးပြုမည်ဆိုပါက ability ကို အသုံးပြုပြီး အဖွဲ့ကို တွန်းအားပေးနိုင်ရန် ခေါ်ဆိုသင့်ပါတယ်။

Omen ဖြင့် Lotus ရဲ့ Plant Sites များကို ကာကွယ်ခြင်းဆိုင်ရာ အကြံပြုချက်အချို့

အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း၊ A Site တွင် သူသည် site အနီး one-way smoke ကိုပစ်ကာ passive play လုပ်နိုင်ခြင်း သို့မဟုတ် A Root တွင် ပိုမို agressive ဖြစ်တဲ့ smoke များကို ပေးစွမ်းနိုင်သောကြောင့်  A site ကိုခုခံကာကွယ်ရာတွင် သူ့ကိုအသုံးပြုဖို့တန်ဖိုးအရှိဆုံး Site တစ်ခုဖြစ်နိုင်ပါတယ်။ B နှင့် C Sites များသည် Omen အတွက် သက်ရောက်မှုမရှိသော်လည်း ထို sites များတွင် ပြန်လည်သိမ်းပိုက်ရာမှာတော့သူကအဖိုးတန်နိုင်ပါတယ်။ ဟုတ်ပါတယ်၊ သူရဲ့အဓိကတာဝန်က သူ့အဖွဲ့အတွက် အကာအကွယ်ပေးဖို့ပါပဲ။ မည်သည့်နေရာမှာထားပစေ Omen ‌အနေနဲ့ တန်ဖိုးရှိလိမ့်မှာဖြစ်ပါတယ်။ Round တိုင်းမှာ သူ့ရဲ့တန်ဖို့ကဘယ်လောက်သက်ရော်မှုရှိလဲသာအရေးကြီးပါတယ်။ 

အဲ့ဒါပါပဲ၊ Lotus မှာ Omen ကစားနည်းနဲ့ ပတ်သက်တဲ့ အကြံပြုချက်အချို့ပဲဖြစ်ပါတယ်။ map အသစ်ဖြစ်တဲ့ Lotus မှာ ခိုင်မာတဲ့ အဖွဲ့ဖွဲ့စည်းမှုတွေတော့မရှိသေးပါဘူး။ Cypher ကစားသမားများအနေနဲ့လည်း Omen ကဲ့သို့ပင် တန်ဖိုးရှိနိုင်ကြောင်းကျွန်ုပ်ထင်မြင်မိပါတယ်။ Chamber သည် သူ့ကို မကြာသေးမီက nerf ခြင်းခံထားရသော်လည်း ဒီ map မှာသော အသုံးပြုရန် pick ဖို့တော်တော်လေးကောင်းပါတယ်။ သို့သော်လည်း ranked နှင့် unranked ဂိမ်းနှစ်ခုစလုံးတွင် ကျွန်ုပ်တွေ့ခဲ့ရသည့် တသမတ်တည်း Controller Agent ကတော့ Omen ပဲဖြစ်ပါတယ်။ သူသည် တိကျသော smokes များကို ထုတ်ပေးနိုင်ပြီး သူတို့အား round တစ်လျှောက်လုံး ပြန်ဖြည့်နိုင်တဲ့ သူ့ရဲ့ ability က သူ့ကို Lotus မှာ Controller Agent တစ်ယောက်ဖြစ်လာစေပါတယ်။ အောက်ဖော်ပြပါ ဗီဒီယိုသည် ဤဆောင်းပါးပါ နည်းဗျူဟာအားလုံးမဟုတ်ပါက အချို့ကို အကျုံးဝင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီပွဲကို ရှုံးခဲ့တယ်၊ ဒါပေမယ့် ကျွန်တော် Omen အဖြစ် Team MVP ရခဲ့ပြီး သူ့ရဲ့တန်ဖိုးကို ဒီ map မှာ သက်သေပြခဲ့ပါတယ်။

သင်ဘယ်လိုထင်လဲ ကျွန်ုပ်တို့ကိုပြောပြပါ။ Lotus မှာ Omen ကို ဘယ်လိုကစားရမလဲ? အခြားမည်သည့်နည်းဗျူဟာများကို သင်တွေ့ရှိခဲ့သလဲ?

Codashop တွင်သာ သင့်ရဲ့ VALORANT Points များကို ဖြည့်သွင်းရန် မမေ့ပါနှင့်။ ကျွန်ုပ်တို့တွင် VALORANT Points ဝယ်ယူရန် မြန်ဆန်ပြီး အဆင်ပြေသောနည်းလမ်းရှိပါတယ်။ သင့်ရဲ့ Riot IDသင်ဝယ်ယူလိုသော VALORANT Points ပမာဏနှင့် သင်နှစ်သက်သော ငွေပေးချေမှုနည်းလမ်းကို ဖြည့်သွင်းရုံလေးပါပဲ။ ထိုနည်းက ရိုးရှင်း၊ မြန်ဆန်ပြီး အားစိုက်ထုတ်စရာသိပ်မလိုပါဘူး။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here