MLBB စတင်ကစားတဲ့သူများအတွက်အကောင်းဆုံး Heroes မျာ

0
270

Mobile Legends Bang Bang (MLBB) တွင် multiplayer online battle arena (MOBA) ဂိမ်းများကို ဆော့ကစားရာတွင် ပိုမိုရိုးရှင်းသောနည်းလမ်းတစ်ခုဖြင့်ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ စတင်ကစားလိုသူများ အတွက်၊ ၎င်းသည် သင်၏ကစားပုံနှင့်ကိုက်ညီသော Heroes များကို ရွေးချယ်ခြင်းနှင့် ပွဲစဉ်အတွင်း မည်သည့် build (items/equipment အစုံ) တို့ကိုအသုံးပြုရမလဲဆိုတာ ပါဝင်ခြင်းကို ဆိုလိုပါသည်။ သေချာတာပေါ့၊ ပွဲစဉ်အတွင်း သင်လိုချင်တဲ့ အရာတွေက အကျိုးသက်ရောက်မှုမရှိဘူးလို့ သင်ထင်ရင် အချို့သော ကြုံရာကျပန်း ဖန်တီးမှု ကိုလည်း ပြုလုပ်နိုင်ပါတယ်။ သို့ရာတွင် အချက်အများစုမှာတော့၊ MLBB သည် စတင်ကစားတဲ့သူများအတွက် အလွန်အဆင်ပြေပါတယ်။

ဥပမာအားဖြင့်၊ ကျွန်တော်ဟာ  MOBA ဂိမ်းတွေ အသစ်အဆန်းဖြစ်ခဲ့တဲ့အချိန်တုန်းကတည်းက ကစားခဲ့ဖူးပါတယ်။ သို့သော်၊ တစ်ပွဲလျှင် builds နှင့် မတူညီသော builds အစုံတွေကို စဉ်းစားရခြင်းက MOBA များကစားရာတွင် ကျွန်ုပ်၏ ဂိမ်းအတွေ့အကြုံကို အလွန်အကျွံ ပင်ပန်းကုန်ဆုံးစေနိုင်ပါတယ်။ ကျွန်ုပ်အနေနဲ့ MLBB ကို ပထမဆုံးအကြိမ် ကစားပြီးတာနဲ့ ချက်ချင်း သဘောကျသွားပါတယ်။ ၎င်းတွင် MOBA ၏ “ငါ့အတွက် အကောင်းဆုံး build ကိုစဉ်းစားဖို့” အချက်ပါရှိသေးသော်လည်း ကြိုတင်သတ်မှတ်မှုများ ကဲ့သို့သော ပိုမိုလွယ်ကူစွာဖြင့် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဤအင်္ဂါရပ်ရှိခြင်းသည် ဂိမ်းတွင် ကြီးမားသောအခန်းကဏ္ဍတစ်ခုမှ ပါဝင်ပါတယ်။ Heroes များတွင် မတူညီသော builds များရှိကြပြီး build တစ်ခုစီသည် သတ်မှတ်ထားတဲ့ ဂိမ်းကစားခြင်းတစ်ခုစီ အတွက် ကိုက်ညီသောကြောင့်၊ ကစားသမားများသည် ပေါ့ပေါ့ပါးပါးအဆင့် တွင်ပင်(ကျွန်ုပ်အပါအဝင်) ကစားသူများအတွက် builds များအတွက် စဉ်းစားဖို့ကို သက်သာစေနိုင်ပါတယ်။ 

ဤဆောင်းပါးအတွက်၊ ကျွန်ုပ်သည် စတင်ကစားတဲ့သူ ‌တွေအတွက် အဆင်ပြေသော hero 6 ကောင်ကို ဖော်ပြပါမှာဖြစ်ပါတယ်။ ဤနေရာတွင် ဖော်ပြထားသော Heroes များတွင် skill မြင့်လာသည်နှင့်အမျှ သင် ranks တက်သွားသည်ကို သတိပြုပါ။ အကောင်းဆုံးမှာ၊ ဤ Heroes များသည် အမြင့်မှ အနိမ့် tier (A-C) သို့သတ်မှတ်ထားတာဖြစ်ပါတယ်။ ကျွန်ုပ်သည် ကြိုတင်သတ်မှတ်ထားမှုများ ကိုစမ်းသပ်ထားသောကြောင့် builds များကို အကြံပြုမှာတော့မဟုတ်ပါဘူး။ သို့သော် ၎င်းတို့တွင် အများအားဖြင့် မည်သို့သော build များ ရှိသည်ကို ကျွန်ုပ်ဖော်ပြပါမှာဖြစ်ပါတယ်။

Layla (Marksman)

Layla သည် MLBB ကို သင်ပထမဆုံးအကြိမ်ဖွင့်လိုက်တာနဲ့ စတင်ကစားရတဲ့ Heroes အားလုံးတွင် စတင်ကစားတဲ့သူများနဲ့ လိုက်လျောညီထွေမှုအရှိဆုံးဖြစ်ပါတယ်။ tutorial mode မှာတော့ သူမကို ဘယ်လိုအသုံးပြုရမလဲဆိုတာသင်ပြပေးမှာဖြစ်ပါတယ်။ ကျွန်ုပ်သည် 66% win rate ဖြင့် Ranked  ဂိမ်းများတွင်ပင် Layla ကို သင်ယူပြီး အချိန်များစွာ သုံးစွဲခဲ့ပါတယ်။ သူမ၏ builds များသည် attack speed တိုးမြင့်ထားခြင်းနှင့် သူမရဲ့ damage ထွက်နှုန်းနှင့် critical damage ရာခိုင်နှုန်းတို့ကို မြှင့်တင်ခြင်းဖြင့် လွယ်ကူသော သတ်ဖြတ်မှုများကို ရရှိရန် အာရုံစိုက်ထားပါတယ်။ သူမရဲ့ abilities တွေက အလွန်ရိုးရှင်းလွန်းတာကြောင့် အဲဒါတွေကို အများကြီး တွေးကြည့်ဖို့ မလိုပါဘူး၊ ဒါပေမယ့် နောက်ပိုင်းမှာ ကျွန်ုပ်ဖော်ပြလိုတဲ့ ဆိုးရွားတဲ့ ချို့ယွင်းချက် တစ်ခုတော့ ရှိပါတယ်။ သူမရဲ့ Ultimate – Destruction Rushသည် စတင်ကစားတဲ့သူများ အသုံးပြုနေကျ Heroes များကြားတွင် အကြမ်းဆုံးဖြစ်ပြီး ဆော့‌နေတဲ့ ပွဲတစ်လျှောက် အဆင့်မြှင့်တင်မှုတိုင်းအတွက် အမြဲတမ်းမြင်နိုင်မှုအကွာအဝေးကို တိုးမြှင့်ပေးထားမှာ ဖြစ်ပါတယ်။ ၎င်းသည် turrets များ ပစ်ခတ်နိုင်သော အကွာအဝေး အပြင်ဘက်ကနေ ချိုးနိုင်တဲ့အတွက်ကို  အလွန်တန်ဖိုးရှိလှပါတယ်။ မှန်ကန်စွာ နေရာချအသုံးပြုနိုင်သော၊ ၎င်းသည် ကောင်းမွန်သော crowd control (CC) ability တစ်ခုလည်း ဖြစ်နိုင်ပါတယ်။

သို့သော် သူမသည် အလွန်နှေးကွေးသော hero တစ်ကောင်ဖြစ်ပါတယ်။ ဒါတောင်မှ သူမကို ‌ရန်သူတွေနဲ့ ဝေးဝေးကနေ ကစားရမှာဖြစ်လို့ minimap ကို တစ်ချက်တစ်ချက်ကြည့်ဖို့ကလည်း မရှိမဖြစ်လိုအပ်ပါတယ်။ 

သူမရဲ့ Skill 1 ဖြစ်တဲ့ Malefic Bomb ဟာ သူ့ရဲ့ Skill 2 (Void Projectile) ကို အသုံးပြုပြီးနောက်မှာ အမြဲတမ်းနီးပါး အသုံးပြုနေကျဖြစ်ပြီးပြီး Skill 2 က ရန်သူတွေကို နှေးကွေးစေပြီး Skill 1 က ပစ်မှတ်ကို ထိမိတဲ့အခါ damage ပမာဏကို ထိထိရောက်ရောက် ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ Skill 2 သည် CC Skill တစ်ခုလည်းဖြစ်ပါတယ်။ သေရေးရှင်ရေးအခြေအနေများမှာ၊ Skill 2 ကိုအသုံးပြုနိုင်ပြီး Layla သည် အန္တရာယ်များသောတိုက်ပွဲမှ ထွက်ပြေးနိုင်ပါတယ်။ မည်သည့်အခြေနေမှာမဆို၊ ဂိမ်းပွဲစတင်သည်နှင့်အမျှ Skill 2 သည် ပထမဆုံးရွေးချယ်ရမည့် skill တစ်ခုဖြစ်သင့်ပါတယ်။ သို့သော် ဤသို့အထူးပြု skills များဖြင့်ပင် Layla သည် သူမ၏ရွေးချယ်ခွင့်များတွင် အကန့်အသတ်ရှိပါတယ်။ 

Saber (Assassin)

ကျွန်ုပ်တွင် အနိုင်ရရာခိုင်နှုန်း (60%) ထိမြင့်မားသောနောက်ထပ် Hero မှာ Saber ဖြစ်ပါတယ်။ အဓိကအားဖြင့် Jungler (XPgold၊ နှင့် အချို့သော buffs များအတွက် neutral monster များကို farm နိုင်သူ) သည် burst damage  မြင့်မားသောကြောင့် Saber သည် နောက်ပိုင်းဂိမ်းတွေမှာ ကြမ်းနိုင်ပါတယ်။ သူ၏ Skill 1 (Orbiting Swords) သည် သူ၏ Passive Skill (Enemy’s Bane) နှင့် ပေါင်းစပ်ထားသောကြောင့် ရန်သူများကို Physical Defense လျော့ချရာတွင် damage များစွာကို ပေးနိုင်ပါတယ်။ ထို့ကြောင့် ပွဲစသည်နှင့် ဤ skill ကို ဦးစွာရွေးချယ်ရပါမယ်။ 

သူ့ရဲ့ Skill 2 (Charge) ကို Physical Damage ဖြစ်စေတဲ့ တိုက်ခိုက်ရေး skill တစ်ခုအနေနဲ့ ဒါမှမဟုတ် လွတ်မြောက်မှုအနေနဲ့ အသုံးပြုနိုင်ပါတယ်။ ဂိမ်းနှောင်းပိုင်းတွင် တိုက်ပွဲထဲသို့ဝင်ရောက်မှုများအတွက် အလွန်အသုံးဝင်ပါတယ်။

သူ၏ Ultimate Skill, Triple Sweep သည် ကောင်းမွန်သော်လည်း၊ ၎င်းသည် ကစားသမားတစ်ဦးတည်းကိုသာ ပစ်မှတ်ထားပြီး Ulti ပိုင်းနေချိန်မှာလည်း သူ့ကို invulnerable state ရရှိမှာမဟုတ်ပါဘူး။ ဆိုလိုတာက Saber ဟာ သူရဲ့ ultimate ကို အသုံးပြုနေချိန်မှာတောင် အသတ်ခံရနိုင်ပါတယ်။

Saber အတွက် ပုံမှန် builds များမှာတော့ Layla ကဲ့သို့ damage per second (DPS) ကို ပေးဖို့အချက်တွေမှာပဲ လှည့်ပတ်နေပါတယ်။ သို့သော် Saber ကိုအသုံးပြုသောအခါတွင် jungle လုပ်နိုင်တဲ့ items တွေကိုအသုံးပြုခြင်းက ‌အထောက်ကူပြုနိုင်ပါတယ်။ သူ့ရဲ့ stock jungler build အတွက်၊ Raptor Machete သည် monsters များကို အပို damage 50 ပေးနိုင်သည့်သည့်အပြင် အပို physical damage နှင့်  physical penetration ကိုပေးသည့် အဓိက item တစ်ခုဖြစ်ပါတယ်။ jungling လုပ်ရာတွင် အလွန်အသုံးဝင်ပါတယ်။

Zilong (Fighter)

ကျွန်ုပ်အနေနဲ့ Zilong နဲ့ ပတ်သတ်ပြီး အတွေ့အကြုံနည်းပေမယ့် 45% win rate ရှိထားပါတယ်။ ဒီ Hero နဲ့ပတ်သက်ပြီး ကျွန်ုပ်ပြောနိုင်တာက သူ့ရဲ့ Skill 1 (Spear Flip) က တကယ်အစွမ်းထက်ပါတယ်။ ကျွန်ုပ်အနေနဲ့ Skill 1 ကိုအသုံးပြုပြီး Skill 2(Spear Strike) ကိုအသုံးပြုကာ damage ပေါင်းများစွာကိုပေးနိုင်သလို အ‌ဝေးမှရန်သူတွေကို အနီးကပ်နိုင်ဖို့ အထက်ပါ skill အစဉ်ကိုပြောင်းပြန်သုံးနိုင်တဲ့  Zilong ကို ကျွမ်းကျင်ကစားနိုင်တဲ့သူများကို ကြုံဖူးပါတယ်။ သူက သင့်ရဲ့ရန်သူဘက်မှာပါလာတဲ့အခါ အရမ်းစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပေးမဲ့ သင်သူ့ကို ဘယ်လိုသုံးရမလဲ သိလာတဲ့ အလွန်အသုံးဝင်ပါတယ်။ သူ့ရဲ့ Ultimate (Supreme Warrior) သည် Zilong movement နဲ့ attack speed bonus တို့နှင့်အတူ slow immunity ကို ခုနစ်စက္ကန့်ကြာ ပေးမှာဖြစ်ပါတယ်။  သူ့ရဲ့ build သည် Saber နှင့်တူညီသော်လည်း သင့်အဖွဲ့တွင် Saber ရှိပြီးသားဖြစ်ပါက DPS build ကိုအာရုံစိုက်သင့်ပါတယ်။ စတင်ကစားတဲ့သူများသည် များသည် Layla နှင့် တူညီတဲ့ကစားပုံရှိတဲ့ Zilong ကို ရိုးရှင်းစွာဖြင့် ကစားနိုင်ခြင်း နှစ်သက်မှာဖြစ်ပါတယ်။ အကယ်၍ သင်သည် long-range တိုက်ပွဲများကို မလိုလားပါက Zilong က သင့်အတွက် အကောင်းဆုံး pick တစ်ခုဖြစ်ပါတယ်။ 

Nana (Support/Mage)

ကျွန်ုပ်အနေနဲ့ Nana ကို Support Hero အဖြစ် အဓိကသုံးပါတယ်၊ ဒါပေမယ့် သူမရဲ့ skills နဲ့ role ကတေ့ Mage နဲ့ ထပ်နေပါတယ်။ သူမ၏ team buff build မှာပါတဲ့ Demon Shoes item မှတဆင့် Unique Passive skills ကို ပေးသည်၊ ၎င်းကို တပ်ဆင်ထားသူအပေါ် မူတည်၍ အထူးအင်္ဂါရပ်များရှိပါတယ်။ Nana အတွက် Demon Shoes တွင် Unique Passive လေးခုပါရှိပါတယ်: MysticismDevotionThriving နဲ့ Blessing တို့ပဲဖြစ်ပါတယ်။

Thriving နှင့် Blessing သည် အသင်းမှာ gold အနည်းဆုံးသူအတွက် gold buffs များဖြစ်နိုင်သလို အကယ်၍ Nana အနေနဲ့အသင်းမှာ gold အနည်းဆုံးဖြစ်ပါက ထို buff ကိုရနိုင်မှာဖြစ်ပါတယ်။

Devotion သည် creeps နှင့် minions များမှ ရရှိသော gold နှင့် XP ကို ဆုံးရှုံးခြင်းဖြင့် အနီးနားရှိ အသင်းဖော်များ gold လျော့နည်းစွာရခြင်းကို ဟန့်တားပေးပါတယ်။ ၎င်းသည် ပထမ 8 မိနစ်တွင် စပွင့်မှာဖြစ်ပါတယ်။ Mysticism သည် Heroes များကိုသတ်ခြင်း သို့မဟုတ် ကူညီပေးခြင်းမှ အများဆုံး mana 10% နှင့် minions များတွင် အများဆုံး mana 4% ကို ပြန်လည်ရရှိစေပါတယ်။  အကွာအဝေးအတွင်း ရန်သူများကို ထိထိရောက်ရောက် poke damage ပေးနိုင်သည့် သူမ၏ Skill 1 (Magic Boomerang) ကို အသုံးပြု၍ Nana ဖြင့် အသင်းကိုကျွန်ုပ် ကူညီပေးခဲ့ဖူးပါတယ်။ သူမရဲ့ Skill 2 (Molina Smooch) သည် ပစ်မှတ်ထားသောပြိုင်ဘက်ရန်သူကို ချစ်စရာသတ္တဝါအဖြစ်သို့ ပြောင်းလဲပေးကာ movement speed နှင့် magic defense တို့ကို ယာယီလျှော့ချပေးပါတယ်။ သူမ၏ Ultimate – Molina Blitz သည် ဧရိယာတစ်ခုကို သုံးကြိမ်တိုက်ခိုက်ပြီး magic damage များကို ထိစေနိုင်ကာကာ ၎င်းဖြင့်ထိသော ရန်သူများကို 1 စက္ကန့်ကြာ နှေးကွေးစေနိုင်ပါတယ်။ အဓိကကတော့ အပြင်းအထန်တိုက်ခိုက်ရတဲ့ Hero တိုင်းအတွက် ကောင်းမွန်တဲ့ လက်တွဲဖော်တစ်ခုဖြစ်ပါတယ်။

Tigreal (Tank/Support)

Tigreal သည် နောက်ထပ် hybrid Hero တစ်ကောင်ဖြစ်ပါတယ်၊ သို့သော် ကျွန်တော် သူ့ကို tank (အသင်းအား ရှေ့သို့ push နိုင်ရန် သို့မဟုတ် နောက်ပြန်ခုခံရန် ကူညီပေးသည့် ခံစစ်ကျွမ်းကျင်သူ) အဖြစ် အဓိက အသုံးပြုပါတယ်။ သူ၏ ကြိုတင်သတ်မှတ်ထားသော builds များထဲမှ တစ်ခုဖြစ်သော Durable သည် HP အပြင် Physical နှင့် Magic Defense ဘောနပ်စ်များကို အာရုံစိုက်ထားပါတယ်။ သူ၏ Skill 1Attack Wave သည် ၎င်း၏အကွာအဝေးအတွင်း ပြိုင်ဘက်များကို ဖမ်းကာ 30% အထိ နှေးကွေးစေပါတယ်။ Skill 2 Sacred Hammer သည် သူ၏ အစွမ်းထက်သော ability တစ်ခုဖြစ်နိုင်ပါတယ်။ ၎င်းသည် Tigreal အား သတ်မှတ်ထားသော ဦးတည်ချက်အတိုင်း ပြေးသွားစေ နိုင်ပြီး skill ကို 4 စက္ကန့်အတွင်း ထပ်မံနှိပ်လိုက်သည့်အခါ၊ Tigreal သည် ၎င်း၏ပြိုင်ဘက်ကို လေထဲသို့ မြှောက်တင်လိုက်မှာဖြစ်ပါတယ်။ Physical Damage လည်း ထိစေမှာဖြစ်ပါတယ်။ အရမ်းကောင်းတဲ့ CC Skill တစ်ခုပါ။ ဒါကို စတင် skill တစ်ခုအနေနဲ့ ရယူဖို့ အကြံပြုချင်ပါတယ်။

အတွေ့အကြုံရှိ Tigreal အသုံးပြုသူများသည် သူ၏ UltimateImplosion ကို ကောင်းမွန်တယ်လို့ ထင်ကြပါတယ်။ သို့သော် စတင်ကစားတဲ့သူများအတွက်၊ ၎င်းကိုအသုံးပြုရန် ကြိုးပမ်းခြင်းသည် ပထမတွင် ၎င်းဘာလုပ်ဆောင်သည် (ရန်သူများကို သူ့ဆီသို့ ဆွဲခေါ်ကာ stun ဖြစ်စေပြီး Physical Damage ထိခြင်း) ကို သိရန် ရှုပ်ထွေးပါလိမ့်မယ်။ Tigreal ကို စတင်အသုံးပြုလိုသူများအတွက် သူ့ရဲ့ Skills များကို အာရုံစိုက်ခြင်းက အလွန်အသုံးဝင်ပါတယ်။ ကျွန်ုပ်အနေနဲ့ သူရဲ့ Skills တစ်ခုတည်းကြောင့် Tigreal နဲ့ Assists 17 ခုလောက်ရခဲ့ပါတယ်။

Eudora (Mage)

Eudora သည် လက်ရှိ MLBB တွင် ကျွန်ုပ်ရရှိထားသော Hero pool တွင် အထူးဆန်းဆုံး pick တစ်ခုဖြစ်နိုင်ပါတယ်။ ကျွန်ုပ် Alice ကို စမ်းဆော့ကြည့်ဖူးပါတယ် (tier မြင့်တယ်လို့ ယူဆရပြီး Tank နဲ့ ထပ်တူကျတဲ့ role တစ်ခုဖြစ်ပါတယ်) ဒါပေမယ့် အတော်လေး လွယ်ကူတဲ့ သင်ယူစည်းထဲမှာတော့ သူမရှိမနေပါဘူး။ Support ဖြစ်ခြင်းသည် ဦးစားပေးမဟုတ်ပါက Nana သည် Eudora လုပ်သောအရာများကို လုပ်ဆောင်နိုင်ပါတယ်။ ထို့ကြောင့် Eudora သည် အခြား role များနှင့် အနည်းငယ်မျှ ထပ်နေခြင်းမရှိသော သီးခြား role တစ်ခုအတွက်ဖြစ်ပါတယ်။ သူမ၏ ကြိုတင်သတ်မှတ် builds များသည် Nana နှင့် တူညီသော်လည်း ကျွန်ုပ်သည် late-game hero အဖြစ် Eudora ကို အသုံးပြုပါသည်။ build ကိုအားကိုးနေရသော်လည်း ကျွန်ုပ်သည် early game တွင် ကျွန်ုပ်၏အသင်းကို ကူညီခြင်းမှ assists များနှင့် kill အချို့ကို ရရှိနိုင်ပါတယ်။

Skill 1 – Forked Lightning – ၎င်းသည် အလွန်ကောင်းမွန်သော poke damage ပေးနိုင်တဲ့ skill တစ်ခုဖြစ်ပြီး ကျယ်ပြန့်သော range ရှိသောကြောင့် ရွေးချယ်ရန် ပထမဆုံး Skill ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူမရဲ့ Skill 2Ball of Lightning သည် သူမ၏ပစ်မှတ်ပြိုင်ဘက်ကို stuns ဖြစ်စေကာ Magic Defense လျှော့ချခြင်းအပြင် Magic Damage ကိုလည်း ပေးပါတယ်။ ၎င်းသည် CC skills များနှင့် တွဲအသုံးပြုသောသည့်အခါ ကောင်းမွန်သော lockdown skill တစ်ခုဖြစ်ပါတယ်။ သူမရဲ့ UltimateThunder’s Wrath သည် သူမရဲ့ Superconductor Passive ability ကြောင့် ရန်သူကို damage ထိပါက ပစ်မှတ်ထားသောပြိုင်ဘက်ရန်သူအား ကြီးမားသော Magic Damage ပေးဆောင်နိုင်ပါတယ်။

စတင်ကစားတဲ့သူ များသည် Eudora ကို သူတို့ရဲ့ ပထမဆုံး Mage အဖြစ် အလွယ်တကူ pick နိုင်ပါတယ်။

အဲ့မှာအဲ့တာတွေပါပဲ — MLBB တွင် စတင်ကစားတဲ့သူများအတွက် ရွေးချယ်ရန် အကောင်းဆုံး Heroes တွေပါပဲ။ ကျွန်ုပ်အနေနဲ့ သူတို့နဲ့အတူ အချိန်ဘယ်လောက်ကုန်ခဲ့တယ်၊ win rate ကနေ အသင်းကို Assists တက်လာတဲ့အထိ စိတ်ဝင်စားစရာကောင်းတဲ့ ရလဒ်တွေရခဲ့တာကို ကျွန်ုပ်ဖော်ပြထားပါတယ်။ ကျွန်ုပ်၏ကစားနည်းသည် အလွန်သမရိုးကျဆန်နေပြီး Assists ကို ကျေနပ်အားရကြောင်း ရှင်းပြထားသော်လည်း၊ aggressive ဆန်ဆန်ဆော့ကစားပြီး kills အချို့ကို ရယူရန် ဘယ်သောအခါမှ မနစ်နာပါဘူး။ ထိုနည်းအားဖြင့် ရန်သူ့ turrets များဆီသို့ push ခြင်းက ပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်။

Codashop တွင် သင်၏ MLBB Diamonds များကို ဖြည့်သွင်းရန် မမေ့ပါနှင့်။ ကျွန်ုပ်တို့တွင် MLBB Diamonds များကို ဝယ်ယူရန် မြန်ဆန်ပြီး အဆင်ပြေသောနည်းလမ်းရှိပါတယ်။ သင်၏ Mobile Legends အသုံးပြုသူ IDသင်ဝယ်ယူလိုသော MLBB Diamonds ပမာဏနှင့် သင်နှစ်သက်သော ငွေပေးချေမှုနည်းလမ်းကို ဖြည့်သွင်းပါ။ ၎င်းသည် ရိုးရှင်း၊ မြန်ဆန်ပြီး၊ အားစိုက်ထုတ်စရာသိပ်မလိုပါဘူး။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here