Mobile Legends မှာ Bruno ကို ဘယ်လို Counter မလဲ

0
4110

MLBB Bruno CounterEruditio ကာကွယ်သူ Bruno သည် MLBB တွင် ထိရောက်မှုအရှိဆုံး heroes များထဲမှတစ်ကောင်ဖြစ်ပါတယ်။ သူ့ kit ကရိုးရှင်းပြီး ကျွမ်းကျင်ရန် လွယ်ကူသောကြောင့် သူသည် ကစားတဲ့သူအသစ်များအတွက် ရေပန်းစားသော pick တစ်ကောင်လည်းဖြစ်ပါတယ်။ သူသည် သူ့ရဲ့ အဓိက items များပေါ်တွင် အလွန်အားကိုးနေနိုင်သော်လည်း သူစတင်ကြမ်းလာပြီဆိုတာနဲ့  သူ့ရဲ့ ဂိုးဆီသို့ကန်ချက်တွေကို ဘယ်လိုမှ တားနိုင်တော့မှာမဟုတ်ပါဘူး။

MLBB x Neymar Jr. collaboration လုပ် ပြီးနောက် Bruno mains များ ပြန်လည်‌ ခေတ်စားလာတာကို ကျွန်ုပ်တို့အားလုံး မြင်တွေ့ခဲ့ရပြီးဖြစ်သောကြောင့် အဆိုပါ တစ်ဖက်သတ်နိုင်နေတဲ့ Bruno ဂိမ်းပွဲများကို ပြင်းထန်ပြီး ရင်ခုန်ဖွယ် ပြီးပြည့်စုံကောင်းမွန်တဲ့ ဂိမ်းပွဲများအဖြစ်ပြန်လည်ပြောင်းလဲနိုင်ရန် ဒီစာရင်းကို ပြုလုပ်ထားပါတယ်။

Abilities များ

Passive – Mecha Legs

Bruno သည် ၎င်း၏ skills မျာဖြင့်း  damage ပေးတဲ့အခါတိုင်းမှာ အပို Crit Chance 2% (10 stacks အထိ) ရရှိပါတယ်။ Bruno တွင် မြင့်မားသော Physical Attack ရှိသော်လည်း အခြားအရာတွေမှ အပို 80% ‌Attack Speed ကိုသာရရှိနိုင်ပါတယ်။

Skill 1 – Volley Shot

Bruno သည် Powerball တစ်လုံးကို ကန်ထုတ်လိုက်ပြီး သူ့ရဲ့ Basic Attack ကို မြှင့်တင်ကာ ပြိုင်ဘက်ကို 0.5 စက္ကန့်ကြာအောင် 30% နှေးကွေးစေပါတယ်။ Powerball သည် ဘရူနိုဆီသို့ ပြန်လည်ကန်ထွက်လာမှာဖြစ်ပြီး၊ သူနှင့် သူ့ရဲ့ အသင်းဖော်ကစားသမားများကို နောက်ထပ်အဆင့်မြှင့်တင်ထားသော Basic Attack ရနိုင်ရန် Powerball ကို ပြန်လည်ကောက်ယူနိုင်ပါတယ်။ ဘောလုံးခုန်ချက်တစ်ခုစီ တိုင်းအတွက် skill 2 Flying Tackle ရဲ့ cooldown ကို လျှော့ချပေးပါတယ်။

Skill 2 – Flying Tackle

Bruno သည် သူသွားရာလမ်းကြောင်းရှိ ရန်သူများကို damage ထိပြီး 0.5 စက္ကန့်စာ stun ဖြစ်စေကာ သွားလိုရာသို့ ခြေထောက်ဖြင့် ဆလိုက်ထိုးပြီးသွားနိုင်ပါတယ်။ Powerball က Bruno ဆီပြန်ခုန်တက်လာရင် ဒီ skill သုံးလိုက်တိုင်း Powerball က Bruno ဆီသို့အလိုလိုပြန်ခုန်ကပ်လာမှာဖြစ်ပါတယ်။

Ultimate – Wave of the World

Bruno ကသူ့ရဲ့ Energy Ball ကိုရန်သူ hero ဆီသို့ကန်ထည့်ကာ Physical Damage ထိပြီး သူတို့ကို အနောက်သို့ပြန်လည်ကန်ထွက်သွားစေပါတယ်။ Energy Ball သည် အနီးအနားရှိ ရန်သူများကြားတွင် ခုန်သွားမှာဖြစ်ပြီး Physical Damage ကို 10 ကြိမ်အထိ ထိနိုင်ကာ Physical Defense ကို 8 စက္ကန့်ကြာ 8% လျှော့ချပေးပါတယ်။လျော့ချတာက 3 ကြိမ်အထိ Stacks ဖြစ်ပါတယ်။

ဤအရာဖြင့်၊ Bruno သည် သူ့ရဲ့ enhanced Basic Attacks များမှတစ်ဆင့် ကြီးမားလှတဲ့ Damage တွေပေးနိုင်မယ်လို့ကျွန်ုပ်တို့ပြောနိုင်ပါတယ်။ သူ၏ဒုတိယ skill ဖြင့် သူ Battle ထဲကို ခုန်ပြီး ကျွံဝင်မိပြီးတာနဲ့  အခြားလွတ်မြောက်ရန် နည်းလမ်းမရှိသောကြောင့်လည်း အန္တရာယ်ရှိနိုင်ပါတယ်။

MLBB တွင် Bruno ကို counter ရန် heroes ၅ ကောင်

Natalia

MLBB Natalia Character ScreenNatalia ရဲ့  passive တစ်ခုထဲကပင် Bruno ကစားသမားတိုင်းကို တုန်လှုပ်ချောက်ချားစေနိုင်ပါတယ်။ Assassin Instinct သည် သူမအား Stealth ပုံစံထဲသို့ဝင်ရောက်ပြီး enhanced Basic Attack ကို ပေးရန်အတွက် ရန်သူနောက်ကိုခုန်ဝင်ပြီးခုတ်နိုင်ပါတယ်။ ထို passive ဖြင့်တစ်ချက်ခုတ် လိုက်တာနဲ့ ရန်သူများကို silences ဖြစ်စေတဲ့ mark သူမရဲ့ ဒုတိယ skill က ရန်သူတွေကို 40% နှေးကွေးစေပြီး Physical Damage တွေကို 4 စက္ကန့်ကြာ ခံနိုင်ရည်ရှိစေမယ့် မီးခိုးဗုံးကို ချခြင်းဖြစ်ပါတယ်။

Range အတွင်းသို့ ပြေးဝင်ပြီး သင့်ရဲ့ ကနဦး barrage ကိုအရင်ပေးလိုက်ပါ။ Bruno သည် Assassin Instinct mark ဖြင့် silence ဖြစ်နေနိုင်တာကြောင့် ချက်ချင်းလက်တုံ့ပြန်မည်ကို စိတ်မပူပါနှင့်။ သင့်ရဲ့ Smoke Bomb ကိုမပစ်ခင် သူ့ရဲ့ဒုတိယစွမ်းရည်နဲ့ ပြန်လည်နေရာယူမှာကိုစောင့်ပါ။ Free kill လေးကို အသာလေးရယူလိုက်ပါ !

Jawhead

MLBB Jawhead Character Screenကောင်းမွန်သော Bruno ကစားသမားများသည် အသာစီးရရှိရန် ၎င်းတို့၏ကျွမ်းကျင်သော နေရာယူမှု စွမ်းရည်အပေါ် အားကိုးလေ့ရှိကြပါတယ်။ Jawhead ကတော့၏ အဲ့တာကို သူမရဲ့ ဒုတိယ skill Ejector ဖြင့် ပျက်ပြယ်စေနိုင်ပါတယ်။

သင်၏ Ultimate ဖြင့် Bruno ဆီသို့ ပြေးဝင်သွား ပြီး သူအံ့အားသင့်နေချိန်တွင် သင်၏ဒုတိယ skill ဖြင့် Fling state သို့ဝင်ပါ။ လွယ်ကူသော 5v4 တိုက်ပွဲတစ်ခုဖြစ်စေရန်အတွက် သူ့ကို သင့်ဘက်မှ ဆာလောင်နေသော damage dealers များထံပစ်ထည့်လိုက်ပါ။

Popol and Kupa

MLBB Popol and Kupa Character ScreenBruno ဟာ သူ့ရဲ့အဓိက items တွေမပါဘဲနဲ့ ဘာမှမဟုတ်ပါဘူး။ သူ့ကို Kupa နဲ့ စောစောစီးစီး item ရှာလို့ကောင်းတဲ့ laning အဆင့်မှာတင် နှိမ်နင်းလိုက်ပါ။ Bruno သည် ၎င်း၏ဒုတိယမြောက် skill ဖြင့် ခုန်ရန်ဆုံးဖြတ်ပါက Kupa ကို သူ့ရဲ့လမ်းကြောင်းတွင်ရပ်တန့်ရန် summon လုပ်ပြီးနောက် သင်သူ့ကို အပြီးသတ်ချင်သလား သို့မဟုတ် သူ့အဝေးသို့ပြေးလိုလားကို ဆုံးဖြတ်ချက်ချနိုင်ပါတယ်။

Kaja

MLBB Kaja Character ScreenKaja ရဲ့ abilities အားလုံးက CC ပုံစံအချို့ရှိတာကြောင့် Bruno အတွက် အတော်အတန်ခြိမ်းခြောက်မှု ဖြစ်စေပါတယ်။ Stacks အပြည့်တွင်၊ သူ၏ passive သည် ရန်သူ့ damage ကို 32% လျော့ချပေးနိုင်ပြီး ၎င်းအပြင် Bruno initial damage အား  ရန်သူတိုက်ခိုက်ခံရတိုင်း Kaja HP 100 ကို ပြန်လည်ရရှိစေသည့် Ring of Order ဖြင့် ပြန်ဖျက်နိုင်ပါတယ်။

Lesley

MLBB Lesley Character ScreenPopol and  Kupa ရဲ့ strategy အတိုင်းဆော့ကစားပါ၊ သို့သော် ယခုတစ်ကြိမ်တွင် ပို၍ကြမ်းတမ်းစွာလုပ်ဆောင်ပါ။ Lesley ရဲ့ရှည်လျားလှတဲ့ range ကိုအသုံးချကာ သူမရဲ့ passive ကိုအသုံးပြုပြီး Bruno ရဲ့ health bar ကိုဖယ်ရှားလိုက်ပါ။ Bruno ကို gold farming အကွာအဝေးထဲတွင် မရှိစေရန်သေချာပါစေ၊ ထို့နောက် သင်၏ Ultimate နှင့် ထပ်မံ၍ ပိုမိုသေချာအောင် ပြုလုပ်လိုက်ပါ။ ဒါကို ‌အကြိမ်ကြိမ်လိုပ်ကြည့်လိုက်ပါ၊ mid နဲ့ late-game တွေရောက်တာနဲ့ သူ နောက်ကျနေမှာ သေချာပါတယ်။ 

Codashop တွင်သာ Mobile Legends Diamonds တွေကိုဖြည့်ရန် မမေ့ပါနှင့်။ မြန်မြန်ဆန်ဆန်နှင့် ပိုအဆင်ပြေသော ဖြည့်သွင်းမှုများကို ကျွန်ုပ်တို့ အာမခံသောကြောင့် သင်အခက်တွေ့စရာမလိုသော ဂိမ်းအတွေ့အကြုံကို ခံစားနိုင်မှာဖြစ်ပါတယ်။ 

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here