PUBG မိုဘိုင်းအဆင့်မြင့် အသက်ရှင်ခြင်းဆိုင်ရာ အကြံပြုချက်များ

0
238

PlayerUnknown’s Battlegrounds (PUBG) မိုဘိုင်းသည် battle royale shooter ဂိမ်းတစ်ခုဖြစ်ပြီး (BR) ကမ္ဘာပျက်ပြီးနောက်ပိုင်း theme နှင့် နေရာ‌တွေပေါ်မှာ တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ ကစားသူများသည် storm ဒဏ်မှ လွတ်မြောက်ရန် ရည်မှန်းထားကြပြီး ဂိမ်းအတွင်းရှိ အခြားကစားသမားများထက်ပိုပြီး အသာစီးရအောင် ပြုလုပ်ဖို့ နည်းလမ်းတွေကို ရှာဖွေနေပါတယ်။ ဤလမ်းညွှန်တွင်၊ အဆင့်မြင့်အသက်ရှင်ခြင်းဆိုင်ရာလမ်းညွှန်မှတစ်ဆင့် သင်၏ PUBG Mobile အတွေ့အကြုံကို အကောင်းဆုံးရယူရန် ကျွန်ုပ်တို့အာရုံစိုက်ထားမှာပဲဖြစ်ပါတယ်။ ကျွန်ုပ်ရဲ့ ထုံးစံအတိုင်း၊ ဤအရာသည် တရားဝင်မဟုတ်သော်လည်း battlegrounds မှာကို အသက်ရှင်နိုင်သည့်နည်းလမ်းများကို အကြံပြုရုံသာဖြစ်သည်။ ဤအရာအားလုံးကို ကျွန်ုပ်၏ဂိမ်းအတွင်း သင်ယူခဲ့ပြီး ranks များလည်းတင်ခဲ့ကာ Unranked မှာလည်း နည်းပညာအသစ်များကို စမ်းသပ်ခဲ့ပါတယ်။ သင့်အနေနဲ့ ပြန်လည်ဆန်းသစ်ကာဆော့ကစားတဲ့နည်းကို သိသိလိုပါက၊ ဤဆောင်းပါး မှာသင့်အတွက်အသုံးဝင်သော အကြံပြုချက်အချို့ရှိနိုင်ပါတယ်။

PUBGM Nusa overview

အဆင့်မြင့် အသက်ရှင်ခြင်းဆိုင်ရာ လမ်းညွှန်

ဤကဏ္ဍတွင်၊ သင့်ရဲ့ PUBG Mobile ဂိမ်းကစားခြင်းကို အဆင့်မြှင့်တင်နိုင်ရန် ပိုမိုတိကျသော အကြံပြုချက်များကို ကျွန်ုပ်အာရုံစိုက်ထားပါမယ်။ သင်သည် အခြေခံအချက် များကိုကျွမ်းကျင်ပြီး သင်၏အဓိကဂိမ်းကစားခြင်း ကိုအကောင်းဆုံးဖြစ်အောင်ပြုလုပ်သွားမယ်ဆိုတာကိုသတိရပါ။

  1. ကစားသမားတွေ အဆင်းအနည်းဆုံးနေရာတွေမှာသာဆင်းပါ။ ကျွန်ုပ်အနေနဲ့ အဲ့တာကို အရမ်းကြီးတော့ဖိစီးလို့မရဘူး။ မြေပုံရဲ့ လူဦးရေအနည်းဆုံးရှိတဲ့ နေရာတွေမှာ ဆင်းသက်ခြင်းက အခြားကစားသမားများနှင့် ထိတွေ့မှုအနည်းဆုံးရှိချိန်တွင် ပိုမိုကောင်းမွန်သည့်အရာများကို loot လုပ်ဖို့ သင့်ကို အချိန်ပိုပေးနိုင်ပါတယ်။ Nusa၊ Livik နှင့် Karakin ကဲ့သို့သော မြေပုံငယ်များတွင်၊ မြေပုံ၏ မြောက်ဘက်အစွန်းများအနီးတွင် ဆင်းသက်ခြင်းက အကောင်းဆုံးဖြစ်နိုင်ပါတယ်။

သာမာန်အားဖြင့်၊ ကစားသမားတစ်ဦးသည် “hotspot” သို့မဟုတ် ချက်ချင်းloot လုပ်နိုင်ပြီး တိုက်ပွဲဖြစ်နိုင်ခြေရှိသော နေရာများတွင် ဆင်းသက်နိုင်ပါတယ်၊ ၎င်းကလည်း သည် လုံးဝမှန်ကန်တဲ့ဗျူဟာတစ်ခုလို့ဆိုနိုင်ပါတယ်။ သို့သော်လည်း ranks များတက်လိုတဲ့ ကစားသမားများအနေဖြင့်သည် ဆင်းသက်ရမည့်နေရာကို ရွေးချယ်ရာတွင်လည်း အသက်ရှင်ရှင်သန်မှုနှုန်း မြင့်မားသည် မမြင့်မားသည်ကို ကို သတိပြုသင့်သည်။ အရိပ်အမြွက် : အစောပိုင်း တိုက်ပွဲများနဲ့ ရင်ဆိုင်နေရသော ပွဲတစ်ပွဲတွင် နိမ့်ကျသော ရလဒ်ကို ဖြစ်ပေါ်စေတတ်ပါသည်။သင် loot လုပ်နေတုန်း ကစားသမားအချင်းချင်း ချေမှုန်းနိုင်လေလေ၊ သင့်အတွက် ပိုကောင်းနိုင်လေလေဖြစ်ပါတယ်။ အနည်းဆုံး Top 10 သို့ရောက်သွားပါက သင့် rank rating မှာ အမှတ်များ ပေါင်းထည့်မှာဖြစ်ပါတယ်။

  1. ယာဉ်များကို ဉာဏ်သုံးပြီး သေချာရွေးချယ်အသုံးပြုပါ။ အထူးသဖြင့် storm နီးကပ်လာချိန်တွင် မြေပုံကိုဖြတ်သန်းသွားလာဖို့ ယာဉ်များကို အသုံးပြုကြလေ့ရှိပါတယ်။ မည်သည့်ယာဉ်တွေကို ရွေးချယ်လိုက်ရင် အကျိုးကျေးဇူးပိုရနိုင်မလဲ၊ လမ်းကြမ်းတွေကိုဘယ်လိုသွားနိုင်မလဲ? pick-up ကဲ့သို့ထိုသို့အသုံးပြုနိုင်ဖို့ အကောင်းဆုံးဖြစ်အောင်ပြုလုပ်ထားသောကားကို ရွေးလိုက်ပါ။ Dacia ကဲ့သို့သော မြို့ပြအသုံးပြုကားကားများသည် ခင်းထားသော လမ်းများအတွက် ကောင်းမွန်ပါသည်။ သင်သိတယ်မှတ်လား။
  2. သင့်ပတ်ဝန်းကျင်ကို သတိထားပါ။ ဟုတ်ကဲ့၊ ဒါက အစပြုသူတို့အတွက် အကြံပြုချက်ပါ။ သို့သော် မည်သည့်ဂိမ်းတွင်မဆို အကျွမ်းကျင်ဆုံး ကစားသမားများပင်လျှင် ၎င်းတို့၏ အခြေခံအချက်များကို မေ့သွားနိုင်ပါလိမ့်မယ်။ ၎င်းကို ကျွန်ုပ်တို့၏အစပြုသူ၏လမ်းညွှန်နှင့်ချိတ်ဆက်ရန်အတွက် ရန်သူများဘယ်မှာရှိသည်ကိုသိရန် စခရင်ပေါ်ရှိ minimap နှင့် visual indicators များကို အမြဲသတိထားကြည့်ရှုထားပါ။ ခြေရာတွေကို နားထောင်ပါ။ ခံစစ်ဆော့ကစားဖို့စီစဉ်ထားလျှင် သို့မဟုတ် တိုက်ခိုက်လိုလျှင် အကာအကွယ်ဆီပြေးယူထားပါ။ ဤအချက်သုံးချက်သည် PUBG Mobile တွင် မရှိမဖြစ်လိုအပ်ပါသည်။
  3. ကြိုတင်စီစဉ်ထားပါ။ rank လှေကားကိုတက်လိုသော လေးလေးနက်နက်ကစားတဲ့ ကစားသမားတိုင်းသည် အောက်ပါလုပ်ဆောင်ချက်များကို လုပ်ဆောင်ပါလိမ့်မယ် : မြေပုံများကိုပြန်လည်ကြည့်ရှုသုံးသပ်ခြင်း၊ load-outs အသစ်များကိုလေ့ကျင့်ခြင်း၊ ပရော်ဖက်ရှင်နယ်ကစားသမားများကိုကြည့်ရှုခြင်းနှင့် မြေပုံအရွယ်အစားအလိုက် ဗျူဟာချခြင်း တို့ပဲဖြစ်ပါတယ်။ fighting ဂိမ်းများ သို့မဟုတ် hero shooters ဂိမ်းများနှင့်မတူဘဲ BR ဂိမ်းများတွင် matchup များသည် အရေးမကြီးသောကြောင့်၊ ဗျူဟာမြောက်ခြင်းသည် အောင်မြင်ခြင်းရဲ့ သော့ချက်တစ်ခုဖြစ်ပါတယ်။
  4. သင်သိတဲ့လူတွေနဲ့ squad ဖွဲ့ထားပါ။ PUBG Mobile ကို solo ကစားနိုင်သော်လည်း သင်အဖွဲ့ဖွဲ့လိုက်တဲ့အခါမှသာ ဗျူဟာများကို အကောင်အထည်ဖော်ခြင်းက ပိုမိုပျော်ရွှင်ဖို့ကောင်းလာမှာဖြစ်ပါတယ်။ ဒီအချက်ကို ကျွန်ုပ်ထည့်လိုတဲ့  အကြောင်းအရင်းတွေထဲက တစ်ခုကတော့ ပရော်ဖက်ရှင်နယ် ကစားသမားတွေ squad လိုက်ကစားတဲ့အတွက်ပါပဲ။ ထိုလမ်းကြောင်းကို လျှောက်လိုတဲ့ကစားသမားများသည် တစ်ဦးချင်းစွမ်းရည်ကို ထက်မြက်စေရုံအပြင် အဖွဲ့လိုက်ဆော့ကစားရာမှာလည်း သူတို့ရဲ့အရည်အချင်းများကို မြှင့်တင်နိုင်ရပါမည်။ squad ထဲမှာရှိခြင်း၏အခြားအကျိုးကျေးဇူးကတော့ : သင်သိတဲ့သူတွေနဲ့ ကစားရတာက ပျော်စရာကောင်းတာ ပဲဖြစ်ပါတယ်။
  5. တံခါးပိတ်ပါ! ကစားသမားတိုင်း မကြာခဏ သတိမမူမိသော အသေးစိတ်အချက်များထဲမှတစ်ခုမှာ Battle Royale ဂိမ်းတွေမှာတံခါးများရဲ့ အခန်းကဏ္ဍပဲဖြစ်ပါတယ်။ တံခါးများသည် အရေးကြီးသောအချက်တစ်ချက်ကို ညွှန်ပြနေမှာဖြစ်ပါတယ် : အဆောက်အဦတစ်ခုကို loot လုပ်ပြီးဖြစ်သည်ဖြစ်စေ၊ ရန်သူရဲ့ စိတ်ကိုဝေဝါးစေနိုင်ရန်၊ သင်သည် အဆောက်အအုံများကို loot ပြီး တံခါးကိုပိတ်နိုင်ပြီး အဆောက်အအုံအတွင်း၌ ပုန်းနေချိန်တွင် ရန်သူများကို ချောင်းမြောင်းတိုက်ခိုက်နိုင်ပါတယ်။
  6. အဆင့်မြင့် လှုပ်ရှားမှုနည်းပညာများကို အသုံးပြုပါ။ အချို့သော Squat Jump (ပြတင်းပေါက်များကဲ့သို့သော ကျဉ်းကျဉ်းကျပ်ကျပ်နေရာလေးများတွင် ခုန်နိုင်တဲ့ Squat Jump) ကဲ့သို့သော လှုပ်ရှားမှုများသည် အဆင့်မြင့် timing များ လိုအပ်ပါတယ်။ ချောင်းကြည့်ရင်းနဲ့ ပစ်ခတ်နေရင်းနဲ့ tried-and-tested jiggle movement လည်း ရှိပါတယ်။ သို့သော် စတင်လုပ်ရမှဦကတော့၊ zig-zag ပုံစံဖြင့် ဟင်းလင်းပြင်နေရာများတွင် ကျွမ်းကျင်စွာ ရွေ့လျားနိုင်ကာ၊ ထို့နောက် တွားသွားခြင်းနဲ့ပူးပေါင်းပြီး ခြေသံတိတ်ဖို့ ပေါင်းထည့်လှုပ်ရှားနိုင်ပါတယ်။
  7. တိုက်ခိုက်နေစဉ်တွင် ရန်သူတည်နေရာကို ကြိုတင်ခန့်မှန်းပါ။ ဒါက တော်တော်ရိုးရှင်းပါတယ်၊ ဒါပေမယ့် map awareness လိုအပ်ပါတယ်။ Minimap တွင် သူတို့ကိုတို့နောက်ဆုံးတွေ့ခဲ့သည့်နေရာ နှင့် visual indicator(s)‌ တွေကိုသိရှိခြင်းဖြင့်  ပြိုင်ဘက်များကို ခြုံခိုတိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။ ဒါက အဆင့်မြင့်ကစားသမားတွေ လျစ်လျူရှုထားတဲ့ နောက်ထပ်အရာတစ်ခုပါ။ သတိရပါ :  ဂိမ်းရဲ့မျက်နှာပြင်သည် အသက်ရှင်မှုအတွေ့အကြုံတစ်ခုလုံးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

နိဂုံး

Battle Royale ဂိမ်းများတွင် အသက်ရှင်သန်ခြင်း သည် မရှိမဖြစ်လိုအပ်သည်။ အသက်ရှင်အတွက် ကစားသမားများသည် ၎င်းတို့၏ ဦးစားပေးရန်အချက်များကို စီစဥ်ထားရပါမည်။ ပထမအချက်မှာ Top 10 သို့ရောက်ရန်ဖြစ်သည်။ ဤလမ်းညွှန်ချက်သည် သင့်အား ထိုလမ်းကြောင်းအတိုင်းသွားရန် ကူညီပေးနိုင်ပါသည်။ သင်၏ PUBG Mobile ဂိမ်းများတွင် အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

 

Codashop တွင်သာ PUBG Mobile UC ကို ဝယ်ယူပြီး gear up ဖို့မမေ့ပါနှင့်။ လုံခြုံပြီး အရှုပ်အရှင်းကင်းသော ဖြည့်သွင်းမှုအတွေ့အကြုံကို ကျွန်ုပ်တို့အာမခံပါတယ်။ သင်ဝယ်ယူလိုသော UC ပမာဏကိုရွေးချယ်ပါ၊ သင်အသုံးပြုလိုတဲ့ငွေပေးချေမှုနည်းလမ်းကိုရွေးချယ်ပါ၊ UC ဘောက်ချာကိုလက်ခံရရှိရန် သင့်အီးမေးလ်လိပ်စာကိုထည့်ပါ။ သင့်ရဲ့ PUBG Mobile အကောင့်ကို ဖြည့်သွင်းဖို့ အလွယ်ကူဆုံးနည်းလမ်းဖြစ်ပါတယ်။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here