ပိုမိုချောမွေ့စွာဂိမ်းကစားနိုင်ရန်အတွက် Mobile Legends တွင် အကောင်းဆုံး settings များ

0
926

Mobile Legends Best SettingsMobile Legends သည် ဂိမ်းကစားပုံကောင်းမွန်ပြီး ယနေ့ခေတ် MOBA ဂိမ်းများကြားထဲတွင် အပြိုင်အဆိုင်အရှိဆုံးဂိမ်းများထဲမှတစ်ခုဖြစ်သည်။ MLBB ကစားသမားများသည် နိုင်ပွဲရရှိရန် ကြိုးပမ်းကြသောကြောင့်  တစ်ချိုက ဂိမ်းကစားနေစဉ် အတွင်း disconnected ဖြစ်သွားခြင်းကြောင့် report ခံရကာ ထိုသို့ ဖြစ်သွားခြင်းက အသင်းရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်ပါတယ်။ ကျွန်ုပ်တို့အားလုံး‌အဲ့လိုဖြစ်ဖူးပါတယ်; အင်တာနက် ချိတ်ဆက်မှု ကောင်းကောင်းနဲ့ ကစားနေရင်းနဲ့မှ ရုတ်တရက် lagged ဖြစ်ပြီး ဘာမှ လုပ်လို့မရတော့ပါဘူး။ ဤသည်မှာ ချိုမြိန်လှတဲ့ အောင်ပွဲခံခြင်းကို ရယူနိုင်ရန် အတွက် ချောမွေ့စွာ ဂိမ်းကစားနိုင်တဲ့ အတွေ့အကြုံကို ခံစားနိုင်ရန် (lags တွေမပါတဲ့!) သင့်ရဲ့ settings များကို မွမ်းမံပြင်ဆင်ရန် အကြံပြုချက်အချို့ဖြစ်ပါတယ်။

အခြေခံ Settings များ

Basic SettingsGraphics Settings များကို ပင်မ lobby မှ သင့် screen ၏ညာဘက်အပေါ်ထောင့်ရှိ သင်၏ settings menu တွင် တွေ့ရှိနိုင်ပါတယ်။ ထိုနေရာမှ၊ သင်သည် အကောင်းဆုံးသော visual display ကို ရရှိနိုင်ရန် သင်၏ settings များကို မွမ်းမံနိုင်သော်လည်း ၎င်းသည် သင်၏ သက်ဆိုင်ရာ စက်ပစ္စည်းပေါ်တွင် မူတည်မှာဖြစ်ပါတယ်။ 

MLBB ရဲ့ size သည် တစ်ခါတစ်ရံတွင် အချို့သောအဆင့်နိမ့်စက်ပစ္စည်းများအတွက် အလွန်အကျွံကြီးမားနေနိုင်ပါတယ်၊ ထို့ကြောင့် lag ခြင်းမှကာကွယ်နိုင်ရန်နှင့် ဘက်ထရီကုန်သွားခြင်းကို လျှော့ချနိုင်ရန် သင်၏ setttings များကို ချိန်ညှိထားခြင်းသည် အကောင်းဆုံးဖြစ်ပါတယ်။ သင့် Graphics Settings များတွင် အောက်ပါတို့ကို သင်ပိတ်နိုင်ပါတယ် : ShadowOutlineHD Mode နှင့် Colorblind Filter (သင်က color blind မဖြစ်နေပါက)။ Merge Text ကိုလည်း ချိန်ညှိနိုင်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ သင့်ရဲ့ gameplay မှာတော့ သက်ရောက်မှုသိပ်ရှိနိုင်မှာမဟုတ်ပါဘူး။

Lag များကို ရှောင်ရှားနိုင်ရန် သင်၏ Refresh Rate ကို low အဖြစ်လည်း သတ်မှတ်နိုင်ပါတယ်။ သင့် graphic အတွက် Smooth နှင့် Medium အကြား ရွေးချယ်ခြင်းသည် သင့်တွင် အနိမ့်ဆုံးစက်ပစ္စည်းတစ်ခုရှိပါက အကောင်းဆုံးရွေးချယ်မှုဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ သင့်တွင် စက်အမြင့် ရှိပါက၊ High Refresh Rate ဖြင့် Ultra Graphics ကို သင်ထားနိုင်ပါတယ်။

ထိန်းချုပ်မှု Settings များ

Control settingsMLBB ရှိ ထိန်းချုပ်မှု settings များ သည် ဂိမ်းကစားရာတွင် ပိုမိုလွယ်ကူစေပြီး အထူးသဖြင့် သင် Clash များနှင့် အဖွဲ့လိုက် တိုက်ခိုက်နေချိန်များတွင် တိုက်ခိုက်မှုကို ပိုမိုလွယ်ကူစေပါတယ်။ ကွဲပြားသော setting များကို ပိုမိုချောမွေ့သောဂိမ်းကစားခြင်းအတွက် အကောင်းဆုံးရွေးချယ်စရာများအဖြစ် သတ်မှတ်နိုင်သော်လည်း ထိန်းချုပ် setting များကို ပိုမိုအသုံးပြုနိုင်ပြီး အဆင့်မြင့်နည်းလမ်းဖြင့် အကောင်းဆုံးသတ်မှတ်ထားပါတယ်။ 

Lowest HP attack

Advanced aiming setting သည် beginners များနှင့် ပရော်ဖက်ရှင်နယ်ကစားသမားများ နှစ်ဦးစလုံးအတွက် အကောင်းဆုံးဖြစ်ပါတယ်။ ၎င်းတွင် ခလုတ်သုံးခုပါရှိပြီး အလယ်ရှိ ခလုတ်အကြီးတစ်ခုသည် သည် basic attack အတွက်ဖြစ်ပြီး၊ အောက်ခလုတ်တစ်ခုသည် creeps နှင့် minions အတွက်ဖြစ်ပြီး အပေါ်ခလုတ်သည် turrets တိုက်ခိုက်ရန်အတွက်ဖြစ်သည်။ ပြိုင်ဘက်များနှင့်တွေ့ဆုံရာတွင်လည်း အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

ရန်သူကို ချိန်ခြင်းကို ဦးစားပေးရန် အတွက်၊ ၎င်းကို Lowest HP Percent သို့ သတ်မှတ်ထားပြီး အဆိုပါ သွေးနည်းနေတဲ့ heros များကိုဦးစားပေးတိုက်ခိုက်သွားမှာဖြစ်ပါတယ်။ ၎င်းသည် အခြားသူများကို ပစ်မှတ်ထားရန် ရွှေ့ခြင်းဖြင့် သင့်အား EXP ပိုမိုရရှိစေပါတယ်။ 

Hero Lock Mode

advanced control settingsအကယ်၍ သင်သည် သီးသန့် ရန်သူ hero များကို တိုက်ခိုက်လိုပါက၊ Hero Lock Mode ကိုဖွင့်နိုင်ပါတယ်။ ၎င်းသည် အဖွဲ့လိုက်တိုက်ပွဲများအတွင်း သင်မှ မည်သည့် hero ကိုတိုက်ခိုက်မလဲ‌ရွေးချယ်နိုင်ကာ heavy hitters များကို ဦးတည်ပြီး တိုက်ခိုက်နိုင်ပါတယ်။ ၎င်းသည် ပျော့တဲ့ hero များကို သတ်ရန်လည်းကူညီနိုင်ပါတယ်၊ သို့သော်သေစေသော damage များနှင့်အတူသင် level မတက်ရန်သို့မဟုတ် mid-game တွင်ပိုမိုအားမကောင်းလာစေရန် သင်မလိုလားသော hero များကိုပစ်မှတ်ထားရန်လည်းကူညီနိုင်ပါတယ်။ 

Assisted Aiming Mode

smart targeting mode သည်ထိန်းချုပ်ရန် ပိုမိုရှုပ်ထွေးစေပြီး hero lock ကို တွေ့ရှိပါက၊ ၎င်းကို ပိတ်နိုင်ပါတယ်။ အထူးသဖြင့် သင် jungling လုပ်နေပြီး ပြန်တိုက်ခိုက်ဖို့ပြင်ဆင်မထားတဲ့အချိန်တွေမှာ သင့်ကို အံ့အားသင့်စေမယ့် ရန်သူတွေကို အလိုအလျောက်ပစ်မှတ်ထားပြီး တိုက်ခိုက်ဖို့ Assisted Aiming Mode ကို ဖွင့်နိုင်ပါတယ်။ 

Interface Settings များ

Interface settingsMLBB setting များသည် ကစားသမားများအား ၎င်းတို့၏ ဂိမ်းအတွေ့အကြုံကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ရန်နှင့် lag များကို ပြုပြင်ရန်နှင့် ဂိမ်း၏ interface ကို စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။ ၎င်းသည် ကစားသမားများအား သူတို့ရဲ့  UI setup ကို သူတို့ရဲ့ စိတ်ကြိုက်ပြင်ဆင်နိုင်စေပါသည်။  ၎င်းတွင် ခလုတ်နေရာချထားခြင်း (joystick အပါအဝင်!)၊ regen တံဆိပ် အရွယ်အစား၊ spell battles များ၊ skills များနှင့် ‌attack ခလုတ်များ ပါဝင်ပါတယ်။ အဓိကအချက်ကတော့ သည် ကစားသမားများအတွက် လိုအပ်သော အပြောင်းအလဲများကို ပြုလုပ်ရန် ၎င်းတို့အတွက် အလွယ်ကူဆုံးဖြစ်နိုင်ဖို့အတွက်ဖြစ်ပါတယ်။ 

Network Settings များ

Network settingsမတည်ငြိမ်သောအင်တာနက်ချိတ်ဆက်မှုရှိသော်လည်း ယုံကြည်စိတ်ချရသောဒေတာချိတ်ဆက်မှုရှိခြင်းသည် ဂိမ်းအတွင်း သင်၏ lag ခြင်းများကို ဖြေရှင်းရန် ကူညီနိုင်ပါတယ်။ ချောမွေ့သောချိတ်ဆက်မှုရရှိရန် ဒေတာပိုမိုရရှိရန် လွယ်ကူချောမွေ့စေရန် speed mode ကို သင်ဖွင့်နိုင်ပါတယ်။  ဆန့်ကျင်ဘက်အနေနှင့်၊ MLBB သည် သင်ချိတ်ဆက်နေသည့်အင်တာနက် မတည်မငြိမ်ဖြစ်နေသောအခါတွင် အင်တာနက်ချိတ်ဆက်မှုထက် ဒေတာချိတ်ဆက်မှုကို ပိုမိုအသုံးပြုသည်။ ပိုမိုတည်ငြိမ်သောချိတ်ဆက်မှုတစ်ခုရရှိနိုင်ရန် သင်၏ Network Boost ကိုဖွင့်ပါ။

Codashop တွင် သင်၏ MLBB Diamonds များကို ဖြည့်သွင်းရန် မမေ့ပါနှင့်။ ကျွန်ုပ်တို့တွင် MLBB Diamonds များကို ဝယ်ယူရန် မြန်ဆန်ပြီး အဆင်ပြေသောနည်းလမ်းရှိပါတယ်။ သင်၏ Mobile Legends အသုံးပြုသူ IDသင်ဝယ်ယူလိုသော MLBB Diamonds ပမာဏနှင့် သင်နှစ်သက်သော ငွေပေးချေမှုနည်းလမ်းကို ဖြည့်သွင်းပါ။ ၎င်းသည် ရိုးရှင်း၊ မြန်ဆန်ပြီး၊ အားစိုက်ထုတ်စရာသိပ်မလိုပါဘူး။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here