MLBB x Neymar Jr.: အထူးသီးသန့် Skins များ နှင့် ဆုလာဘ်များကို ဘယ်လိုရယူရမလဲ

0
299

Moonton သည် နိုဝင်ဘာလ 19 ရက်နေ့တွင် စတင်ကျင်းပမည့် Mobile Legends Bang Bang (MLBB) ရဲ့ ဘောလုံး themed သီးသန့် event တစ်ခုအတွက် ခေတ်သစ်ဘောလုံးလောကရဲ့ စံပြတွေထဲက တစ်ယောက်ဖြစ်တဲ့ Neymar da Silva Santos Junior (Neymar Jr.) နဲ့ ပူးပေါင်းထားပါတယ်။ ထို event သည် လာမည့် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲနှင့် တိုက်ဆိုင်နေမှာဖြစ်ပြီးအတူ Neymar Jr. ကလည်း သူ့ရဲ့ ဇာတိနိုင်ငံ ဘရာဇီးလ်ကို ကိုယ်စားပြုထားမှာဖြစ်ပါတယ်။ Moonton အနေဖြင့်၊ ထိုကဲ့သို့ အားကစားပူးပေါင်းဆောင်ရွက်မှု သည် ဒုတိယမြောက်ဖြစ်ပြီး ယမန်နှစ်က ပူးပေါင်းတဲ့ ပထမ event တစ်ခုမှာဆို ML hero ဖိုက်တာ/လက်ဝှေ့သမား Paquito နေရာမှာ Manny Pacquiao ရဲ့ပုံစံတူ skin ကိုအသုံးပြုကာ ထွက်ရှိထားပါတယ်။

Neymar Jr.  သည် သူ့ရဲ့ပြင်းထန်သော samba  ပုံစံ လှုပ်ရှားကွက်များကို Land of Dawn သို့ ယူဆောင်လာ မှာဖြစ်‌ကြောင့် အမာခံဘောလုံးပရိသတ်များအတွက် ကြည်နူးစရာတစ်ခုဖြစ်နေပါပြီ။

MLBB x Neymar Jr. Event အတွက် ဆုလာဘ်များ

Event မှာပါဝင်တဲ့ ကစားသမားများအားလုံးအတွက် များပြားလှတဲ့ဆုလာဘ်များ ကစောင့်ကြိုနေပါတယ်။ ပထမ တစ်ခုမှာ “Neymar Jr. ကိုအားပေးခြင်း” အဓိက event ဖြစ်ကာ နိုဝင်ဘာလ 19 ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ကြာမြင့်သည့်အတိုင်း ဒီဇင်ဘာလ 18 ရက်တွင် ပြီးဆုံးမှာဖြစ်ပါတယ်။  event အတွက် ဂိမ်းတွင်းမစ်ရှင်များမှတစ်ဆင့် ရရှိနိုင်သောအရာများမှာ Bruno အတွက် အခမဲ့ အမြဲတမ်း Neymar Jr. skinNeymar Jr. ကိုယ်ပိုင် လှုပ်ရားမှုပုံစံ emote နှင့် သီးသန့်အထူးလက်ဆောင် – နံပါတ် 10 ဂျာစီ တို့ပဲဖြစ်ပါတယ်။

ဆုလက်ဆောင်များရယူရန် ကစားသမားများသည် အထက်ဖော်ပြပါဆုများအတွက် ကံစမ်းနိုင်ရန်အတွက် ငွေကြေးအဖြစ် Neymar လက်မှတ်ထိုးထားသည့်  ဓာတ်ပုံအများအပြားကို စုဆောင်းရမှာဖြစ်ပါတယ်။ တစ်ခါလှည့်လျှင် လတ်မှတ်ထိုးထားသည့် ဓာတ်ပုံသုံးပုံသာ ကုန်ကျမည်ဖြစ်ပြီး 25 ကြိမ် လှည့်ပါက skin ရဖို့ကို အာမခံထားပါတယ်။

နိုဝင်ဘာ 11 ရက်မှ နိုဝင်ဘာ 18 ရက်အထိ event အတွက် ကစားသမားများ ကြိုတင်စာရင်း ပေးသွင်းထားသောအခါတွင်လည်း လက်မှတ်ရေးထိုးထားသော ဓာတ်ပုံများကို ရရှိနိုင်မှာဖြစ်ပါတယ်။

အခြားဆုလာဘ်များ

အခြားသော Bruno skin တစ်ခုရနိုင်တဲ့ Lucky Flip event ကို နိုဝင်ဘာလ 20 ရက်နေ့မှ ဒီဇင်ဘာလ 18 ရက်နေ့အထိ ပါဝင်နိုင်ပြီး ကစားသမားများပြုလုပ် ရမည်မှာ ကတ်ကိုးကတ်ကိုလှန်ကာ Lucky Card ရရှိဖို့ပြုလုပ်ရမှာဖြစ်ပါတယ်။ Lucky Card သုံးခုကို “Halo Striker” Bruno Epic skin အသစ်အတွက် လဲလှယ်နိုင်မှာဖြစ်ပါတယ်။  Lucky Flip အတွက် ပထမအကြိမ် ကတ်လှန် တာကတော့သည် Diamonds 10 လုံး ကုန်ကျမည်ဖြစ်ပြီး တခါလှန်ပြီးတိုင်း Diamonds ကုန်ကျမှုကတိုးသွားမှာဖြစ်ပါတယ်။ ဆုလာဘ်များ Tab တွင် ထပ်မံရရှိနိုင်သော skin များမှာ Diggie  ရဲ့ “Fairytaler” skin နှင့် Hylos ရဲ့  “Iron Steed” skin တို့ပဲဖြစ်ပါတယ်။

Events များ

ပူးပေါင်းဆောင်ရွက်မှုကာလအတွင်း အမျိုးမျိုးသော event အများအပြားကို ကျင်းပသွားမှာဖြစ်ပါတယ်။ ဤသည်မှာ လာမည့် event များစာရင်းဖြစ်ပါတယ်။

Event ကြာချိန်
Battle Points လဲလှယ်ခြင်း  ဒီဇင်ဘာ 3 – 9 
EXP ၂ ဆ  ဒီဇင်ဘာ 10 – 12
အခမဲ့ Spawn Effect  ဒီဇင်ဘာ 17 – 19

Codashop တွင်သာ သင့်ရဲ့  MLBB Diamonds များကို ဖြည့်သွင်းဖို့ မမေ့ပါနဲ့။ ကျွန်ုပ်တို့တွင် MLBB Diamonds များကို ဝယ်ယူရန်အတွက် မြန်ဆန်ပြီး အဆင်ပြေသောနည်းလမ်းရှိပါတယ်။ သင့်ရဲ့  Mobile Legends အသုံးပြုသူ ID သင်ဝယ်ယူလိုသော MLBB Diamonds ပမာဏနှင့် သင်နှစ်သက်သော ငွေပေးချေမှုနည်းလမ်းကို ပေးကာဖြည့်သွင်းနိုင်ပါတယ်။ ထိုနည်းသည် ရိုးရှင်း၊ မြန်ဆန်ပြီး အားစိုက်ထုတ်စရာသိပ်မလိုတဲ့နည်းပဲဖြစ်ပါတယ်။.

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here