Codashop မှာ MLBB စိန်ဖြည့်ပြီး Infinix Note 30 ပိုင်ဆိုင်နိုင်ပြီ!

0
31052
Codashop Infinix MLBB

Codashop နဲ့ Infinix Mobile တို့ပူးပေါင်းပြီး ‌ရပ်တန့်မရအောင်မြန်တဲ့ ဂိမ်းအတွေ့အကြုံနဲ့အတူ ဖုန်းအသစ်စက်စက်ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးကို ယူဆောင်လာပါပြီ။ ဤပရိုမိုးရှင်းသည် Codashop တွင် Mobile Legends: Bang Bang (MLBB) စိန်ဖြည့်သူများအတွက်သာ အကျုံးဝင်သည်။

ဘယ်လိုပါဝင်လို့ရလဲ?

  1. ပရိုမိုးရှင်းကာလ (၂၀၂၃ ဇွန် ၁၉ မှ ၂၀၂၃ ဇူလိုင် ၉) အတွင်း Codashop တွင် MLBB စိန်များ မိမိလိုအပ်သလောက်ဖြည့်ပါ။ မည်သည့်ငွေပေးချေမှုနဲ့မဆို လွယ်ကူမြန်ဆန်စွာ ‌စိန်ဖြည့်လို့ရပါတယ်။
  2. Email လိပ်စာမထည့်ထားတဲ့ ဝယ်ယူမှုများကို ထည့်သွင်းစဥ်းစားမည်မဟုတ်ပါ။ ဒါကြောင့် ဝယ်ယူတဲ့အခေါက်တိုင်း Email လိပ်စာထည့်ဖို့ မမေ့ပါနဲ့။ ထို Email မှတစ်ဆင့် ဆုလက်ဆောင်ထုတ်ယူရမှာလည်းဖြစ်ပါတယ်။ 

Winner ဘယ်လိုရွေးချယ်မလဲ?

  1. ပရိုမိုးရှင်းကာလ (၃)ပတ်အတွင်း  MLBB စိန်ဖြည့်တဲ့ဘော်ဒါတွေထဲက သီးသန့်အကောင့် ID တစ်ခုထဲအတွက် အပတ်စဥ် တနင်္လာနေ့ မှ တနင်္ဂနွေနေ့အတွင်း ပမာဏအများဆုံးဝယ်ယူတဲ့ ‌ဘော်ဒါတွေကို Winner အဖြစ် ရွေးချယ်မှာဖြစ်ပါတယ်။ အပတ်စဥ် Winner (၁) ဦးစီရွေးချယ်မှာဖြစ်ပြီး ပရိုမိုးရှင်းကာလ (၃) ပတ်ရှိရာ စုစုပေါင်း Winner (၃) ဦးထွက်ပေါ်လာမှာဖြစ်ပါတယ်။ 
  2. Winner များကို အပတ်တိုင်းရဲ့ အင်္ဂါနေ့ (ဇွန် ၂၇ ရက်၊ ဇူလိုင် ၄ ရက်၊ ဇူလိုင် ၁၁ ရက်) များမှာ ‌Codashop MM Facebook Page မှကြေညာသွားမှာဖြစ်ပါတယ်။ 
  3. Winner များထံသို့ Codashop ရဲ့ တာဝန်ရှိသူမှ ဝယ်ယူချိန်တွင်ဖြည့်သွင်းထားသော Email မှတစ်ဆင့် ဆက်သွယ်အကြောင်းကြားမှာဖြစ်ပါတယ်။ ထို Email ကို  Winner များက မိမိရဲ့ အမည်/အမည်ဝှက်၊ ဖုန်းနံပါတ် နှင့် နေရပ်လိပ်စာအသီးသီးတို့ဖြင့် စာပြန်ပေးရမှာဖြစ်ပါတယ်။ 
  4. Email ပို့ပြီး (၁၄) ရက်အတွင်း စာပြန်ခြင်းမရှိပါက ဆုလက်ဆောင်ကို ရုပ်သိမ်းသွားမှာဖြစ်ပါတယ်။ 

Winner တွေဘာလက်ဆောင်ရမှာလဲ?

  1. Winner (၃) ဦးကို Infinix Mobile ရဲ့ အသစ်ထွက်ထားတဲ့ ရပ်တန့်မရအောင်မြန်တဲ့ ဂိမ်းအတွေ့အကြုံအတွက် အသင့်တော်ဆုံး Infinix Note 30 (၁) လုံးစီ လက်ဆောင်ပေးမှာဖြစ်ပါတယ်။ 
  2. ဆုလက်ဆောင်များကို ပရိုမိုးရှင်းအပြီး (၂၀၂၃ ဇူလိုင် ၉ ရက်) မှစ၍ ရက် (၃၀) အတွင်း Winner များထံသို့ ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။ 

အခြားစည်းမျဥ်းစည်းကမ်းများ

  1. ဤပရိုမိုးရှင်းအစီအစဉ်တွင် မြန်မာနိုင်ငံတွင်းနေထိုင်သူ နိုင်ငံသား မဟုတ်သူများ နှင့် နိုင်ငံသားခံယူထားရာ နိုင်ငံများမှ ဥပဒေအရတားမြစ်ထားသူများ ပါဝင်ခွင့်မရှိပါ။
  2. အထူးသတိပြုရမည့်အချက်မှာ Codashop Myanmar နှင့်တကွ ငွေပေးချေပေးမှု ဝန်ဆောင်မှုပေးသူများသည် အသုံးပြုသူများ၏ PIN (သို့မဟုတ်) OTP များကို မေးမြန်းခြင်းပြုလုပ်မည်မဟုတ်ပါ။ ထို့ကြောင့် တစ်စုံတစ်ဦးမှ မေးမြန်းလာပါက ဖြေကြားခြင်းမပြုလုပ်ပါနှင့်။
  3. ယခုအစီအစဥ်တွင် ပါဝင်ထား‌သောသူများမှ မျှဝေထားသော ကိုယ်ရေးကိုယ်တာအချက်အလက်များ၊ ဝယ်ယူမှုမှတ်တမ်းများ၊ ပုံ၊ ဗီဒီယို၊ စာ နှင့် အခြားအ‌ကြောင်းအရာများကို Codashop Myanmar မှ သက်ဆိုင်သူ မိတ်ဖက်အဖွဲ့အစည်းများသို့  ပြန်လည်မျှဝေခြင်း၊ ပြန်လည်တည်းဖြတ်ခြင်း၊ အပြောင်းအလဲများပြုလုပ်ခြင်း၊ စီးပွားရေးကြော်ငြာများ၊ အရောင်းမြှင့်တင်ရေးလုပ်ငန်းများတွင် အသုံးပြုခြင်း၊ တိုက်ရိုက်အရောင်းမြှင့်တင်ခြင်း၊ အီလက်ထရောနစ်မီဒီယာများမှတဆင့် အရောင်းမြှင့်တင်ခြင်းလုပ်ငန်းများတွင် အသုံးပြုခြင်းများအတွက်ပါ အခွင့်အရေးပေးထားပြီးဖြစ်ပါသည်။
  4. ဤအစီအစဥ်တွင် Codashop Myanmar နှင့် Infinix Mobile မှ ဝန်ထမ်းများပါဝင်ခွင့်မရှိပါ။
  5. အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက Codashop Myanmar မှ အဆုံးအဖြတ်သာလျှင် အတည်ဖြစ်ပါသည်။
  6. ယခု အစီအစဉ် နှင့်ပက်သက်သော စည်းမျဉ်းသတ်မှတ်ချက်များကို Codashop Myanmar မှ လိုအပ်သလို အချိန်မရွေး ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ရပ်ဆိုင်းခြင်းများပြုလုပ်ခွင့်ရှိပါသည်။
  7. ဝယ်ယူရာတွင် အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့ပါက (သို့) အသေးစိတ်အချက်အလက်ကို ဆက်သွယ်မေးမြန်းလိုပါက Codashop Myanmar Facebook Messenger မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ပထမပတ်ရဲ့ Infinix Note 30 ပိုင်ရှင်ထွက်ပေါ်လာပါပြီ! ဆုလက်ဆောင်ကံထူးကြောင်းကို ကံထူးသူရဲ့ Email သို့လည်း ဆက်သွယ်အကြောင်းကြားပေးသွားမှာဖြစ်ပြီး ဆုလက်ဆောင်ကို ထို Email ကိုစာပြန်ခြင်းအားဖြင့် ထုတ်ယူနိုင်မှာဖြစ်ပါတယ်။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here