ZEPETO မှာ ဘာဘယ်တီးဒိတ်ကြမယ်!

0
543
ZEPETO Ocha Codashop Giveaway

ZEPETO မှာ ဘာဘယ်တီးဒိတ်တဲ့ ဖက်ရှင်ဝတ်ဆင်ပြီး (၁၀,၀၀၀)ကျပ်တန် Ocha Bubble Tea လက်ဆောင်ရယူလိုက်ပါ! 

 ဤအစီအစဥ်တွင်ပါဝင်ရန်

👍 အစီအစဥ်ကြေညာထားသော Facebook ပိုစ့်ကို Like ပြီး Public နဲ့ Share ပါ။ 

👚 ZEPETO မှာ သူငယ်ချင်းတွေနဲ့ Bubble Tea ဒိတ်ရင်ဝတ်မယ့် ဖက်ရှင်ပုံစံမျိုးဝတ်ဆင်ပြီး ဓာတ်ပုံရိုက်ပါ။ 

💌 ထိုပုံကို ဤပိုစ့်၏ Comment မှာ #OchaBobaCoda ဆိုတဲ့ Hashtag နဲ့အတူမန့်ပေးပါ။ 

အချိန်အကန့်အသတ်

ဤအစီအစဥ်ကို ၂၀၂၁၊ ဒီဇင်ဘာ (၁၁)ရက်မှ (၁၇)ရက်အတွင်းပါဝင်နိုင်မှာဖြစ်ပါသည်။ 

Ocha Bubble Tea လက်ဆောင်

ဤအစီအစဥ်မှာပါဝင်တဲ့သူတွေထဲက ဖက်ရှင်အလန်းဆုံးနဲ့ ဘာဘယ်တီးဒိတ်ဖို့အတွက် အလိုက်ဖက်ဆုံးဝတ်ဆင်ထားတဲ့ (၁၀)ဦးကို စိစစ်ရွေးချယ်ပြီး Ocha Bubble Tea ဆိုင်မှာအသုံးပြုလို့ရမယ့် (၁၀,၀၀၀)ကျပ်တန် ဝယ်ယူခွင့်ကူပွန်ကိုရရှိမှာဖြစ်ပါတယ်။ 

🥤 မှတ်ချက်။    ။Ocha ဝယ်ယူခွင့်ကူပွန်ကို Ocha Yankin ဆိုင်တွင် ထုတ်ယူနိုင်မည်ဖြစ်ပြီး ထိုကူပွန်ကို တစ်လအတွင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ Ocha ဆိုင်များတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ Ocha ဝယ်ယူခွင့်ကူပွန်ကို (၁)လအတွင်းအသုံးပြုရမည်ဖြစ်ပြီး (၁)လကျော်သွားပါက အသုံးပြုနိုင်တော့မည်မဟုတ်ပါ။ Ocha ဝယ်ယူခွင့်ကူပွန်များကို ငွေသားဖြင့်လဲလှယ်ခြင်းခွင့်မပြု။ 

လက်ဆောင်ထုတ်ယူခြင်း

ကံထူးသူ(၁၀)ဦးကိုကြေညာပြီးချိန် ကံထူးသူများမှ Codashop ရဲ့ တရားဝင် Facebook Page ရှိ Message Box သို့မိမိရဲ့ ဖုန်းနံပါတ်နှင့် မှတ်ပုံတင်နံပါတ်ကိုပေးပို့ထားရမှာဖြစ်ပြီး Ocha ဆိုင်၌ ကူပွန်သွားထုတ်သောအခါ ထိုမှတ်ပုံတင်ကိုပြပြီးထုတ်ယူရမှာဖြစ်ပါတယ်။

စည်းမျဥ်းစည်းကမ်းများ 
  1. ဤအစီအစဉ်တွင် Codashop Myanmar နှင့် Ocha Myanmar မှဝန်ထမ်းများ ပါဝင်ခွင့်မရှိပါ။
  2. ဤအစီအစဥ်မှရရှိမည့် ဆုလက်ဆောင်ကို ငွေသားဖြင့်လဲလှယ်ခြင်း၊ အခြားသူများကို ပြန်လည်ရောင်းချခြင်းမပြုလုပ်ရ။ 
  3. ယခုအစီအစဥ်တွင် ပါဝင်ထား‌သောသူများမှ မျှဝေထားသော ရုပ်ပုံ၊ ဗီဒီယို၊ စာ နှင့် အခြားအ‌ကြောင်းအရာများကို Codashop Myanmar မှ ပြန်လည်တည်းဖြတ်ခြင်း၊ အပြောင်းအလဲများပြုလုပ်ခြင်း၊ စီးပွားရေးကြော်ငြာများ၊ အရောင်းမြှင့်တင်ရေးလုပ်ငန်းများတွင် အသုံးပြုခြင်း၊ တိုက်ရိုက်အရောင်းမြှင့်တင်ခြင်း၊ အီလက်ထရောနစ်မီဒီယာများမှတဆင့် အရောင်းမြှင့်တင်ခြင်းလုပ်ငန်းများတွင် အသုံးပြုခြင်းများအတွက်ပါ အခွင့်အရေးပေးထားပြီးဖြစ်ပါသည်။
  4. အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက Codashop Myanmar နှင့် Ocha Myanmar ၏အဆုံးအဖြတ်သာလျှင် အတည်ဖြစ်ပါသည်။
  5. အသေးစိတ်အချက်အလက်ကို ဆက်သွယ်မေးမြန်းလိုပါက Codashop Myanmar Facebook Messenger ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here