ကံကောင်းနေပြီလား? သင့်ရဲ့ MLBB Lucky Points တွေသုံးပြီး Permanent Skin တွေရယူလိုက်ပါ!

1
2856

MLBB Lucky Points to get permanent skins

Skin တွေရနိုင်တာဟာ Mobile Legends ရဲ့ ပရိသတ်အကြိုက် features တစ်ခုပဲဖြစ်ပါတယ်။ Elite Skin တို့၊  Special Skin တို့၊ Epic Skin စတဲ့ ကိုယ့်ရဲ့ Main Hero ကို အမြင်ဆန်းစေဖို့ ဒီ Skin တွေကို Store မှာ ရရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Lucky Spin နဲ့ Aurora Summon တို့လို တချို့ events တွေက Skin တွေရရှိနိုင်တဲ့ အခွင့်အရေးရှိပါတယ်။ ပြီးတော့ ကျွန်ုပ်တို့က လွန်ခဲ့တဲ့ နိုဝင်ဘာလမှာ  #CodaLucky7 ကိုဆင်နွှဲခဲ့ကြတာဆိုတော့ သင့်ရဲ့ Lucky Points တွေကိုသုံးပြီး Epic Skin (V.E.N.O.M တို့လိုမျိုး) တွေကို ဘယ်လိုရနိုင်မလဲဆိုတာ သင်ပေးသွားမှာဖြစ်ပါတယ်။

MLBB ထဲက Aurora Summon ဆိုတာဘာလဲ?

Aurora Summon in MLBB

Aurora Summon ဆိုတာ Crystals of Aurora ကိုသုံးပြီး သင့်ကို Skin တွေနဲ့ တခြားဆုကြေးတွေ မဲနှိုက်နိုင်တဲ့ in-game အစီအစဉ်တစ်ခုဖြစ်ပါတယ်။ တစ်ခါမဲနှိုက်ရင် နေ့တစ်နေ့ရဲ့ ပထမဦးဆုံးမဲကို စျေးတစ်ဝက်တည်းနဲ့ 50 crystals ပဲကုန်မှာဖြစ်ပါတယ်။ အောင်မြင်တဲ့မဲဟာ ကစားသူကို 10 lucky points ချီးမြှင့်မှာဖြစ်ပါတယ်။ Points ပေါင်း 90 ပြည့်ရင်တော့ နောက်တစ်ခေါက်မဲနှိုက်တဲ့အခါမှာ permanent skin တစ်ခုရဖို့ သေချာသွားပါပြီ။

Mobile Legends မှာ ကိုယ့်ရဲ့ Lucky Points တွေကို ဘယ်လိုသုံးရမလဲ?

MLBB မှာ သင့်ရဲ့Lucky Points တွေကို သုံးရတာက လွယ်ကူပါတယ်။ လုပ်ရမှာကတော့ ဒီအဆင့်တွေအတိုင်းပါပဲ။

  1. သင့်ရဲ့ဖုန်းမှာ ဂိမ်းကိုဖွင့်ပါ။
  2. Screen ရဲ့ ဘယ်ဘက်ထိပ်မှာ Shop ကိုနှိပ်ပြီး Aurora Summon ဆိုတဲ့နေရာကိုသွားပါ။
  3. ညာဘက်အောက်ဆုံးမှာတော့ သင့်ဆီမှာရှိတဲ့ Lucky Points တွေကိုတွေ့ရမှာပါ။ နေ့တိုင်း log in ဝင်ပြီး Magic Cube ကိုနှိပ်ရင် 1 point ရမှာဖြစ်ပါတယ်။ 90 points အထိစုပြီး နောက်တစ်ခေါက် မဲနှိုက်တဲ့အခါ သေချာပေါက် skin ရလာမှာပါ။
  4. Lucky Points တွေကိုသုံးဖို့ သင့်ရဲ့ Aurora Crystals တွေကိုသုံးပြီး မဲနှိုက်ရမှာပါ။ ၁ခါမဲနှိုက်ဖို့အတွက် 50 crystals ကုန်မှာဖြစ်ပြီး 10ခါနှိုက်ဖို့အတွက်တော့ 450 Crystals ကုန်မှာဖြစ်ပါတယ်။ သင့်မှာ Aurora Crystals မရှိဘူးဆိုရင်တော့ Diamonds တွေကိုအသုံးပြုနိုင်ပါတယ်။ ( 1 Aurora Crystal ဟာ 1 Diamond နဲ့ ညီမျှပါတယ်။ )
  5. Skin တစ်ခုရပြီဆိုတာနဲ့ သင့်ရဲ့ Lucky Point ဟာ အစကနေပြန်စမှာဖြစ်ပါတယ်။

Permanent skin ရနိုင်မယ့် အခွင့်အရေးဘယ်လောက်ရှိလဲ?

Aurora Summon မှာ permanent skin ရမယ့် အခွင့်အရေးကတော့ 1% ရှိပါတယ်။ နည်းတယ်ဆိုပေမယ့် သင့်ကိုကူညီဖို့ Lucky Points တွေရနိုင်မယ့် နည်းလမ်းတွေနဲ့ Aurora Crystals တွေလည်း စုဆောင်းထားနိုင်ပါတယ်။ နေ့တိုင်း log in ဝင်ပြီး 1 Lucky Point ရယူလိုက်ပါ။ နေ့တိုင်းမှာ ပထမဦးဆုံးမဲကို 50% discount ပေးထားတာမို့လို့ ဒီအခွင့်အရေးကိုလည်း အသုံးချနိုင်ပါတယ်။ ဒါဆို ဒီ event က ကောင်းတာပဲမဟုတ်လား၊ ပါဝင်တဲ့ Skin တွေကလည်း ရှယ်တွေပဲဆိုတော့။ ကံက သင့်ဘက်ပါနေရင် 899 (Epic) နဲ့ Special tier အတွက် 749 Diamonds တန်ဖိုးရှိတဲ့ Skin တွေကို ရရှိမယ့်အခွင့်အရေးကို ပိုင်ဆိုင်နိုင်မှာပါ။

ဒီအစီအစဉ်မှာပါဝင်တဲ့ အခြားဆုမဲတွေကတော့ Skin Trial Card (55%), Rare Skin Fragment (40%), နဲ့ Diamond Coupon (4%) တို့ဖြစ်ပါတယ်။ များများမဲနှိုက်လေလေ permanent skin ရရှိဖို့ အခွင့်အလမ်းများလေ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ ဒီအစီအစဉ်ကို 90 Lucky Points စုဆောင်းပြီးနောက်မှာ ကံစမ်းကြည့်လိုက်တဲ့အခါ Lunox ရဲ့ Bloody Mary Skin ကိုရခဲ့ပါတယ်။

Reward permanent skin

Aurora Summon event ရဲ့ skin ဆုမဲတွေက ဘာတွေလဲ?

ပါဝင်တဲ့ skin ဆုမဲတွေကတော့ Harley, Angela, Gusion, Grock, နဲ့ Hanabi တို့အတွက် V.E.N.O.M Epic Skin တွေဖြစ်ပါတယ်။ တခြား Special Skin တွေဖြစ်တဲ့ Badang ရဲ့ Susanoo, Natalia ရဲ့ Midnight Raven, Hayabusa ရဲ့ Sushi Master အပြင် တခြား Skin တွေကိုလည်း ရနိုင်မယ့်အခွင့်အရေးရှိပါတယ်။ အဆုံးသတ်အနေနဲ့ ပါဝင်နေတာကတော့ Lesley, Gusion, နဲ့ Chang’e တို့ရဲ့ Elite Skin နဲ့ အခြားသော Basic Skin အနည်းငယ်လည်းပါဝင်ပါတယ်။ အောက်မှာ ရရှိနိုင်တဲ့ skin ဆုမဲတွေကို ကြည့်လိုက်ကြရအောင်:

  • Epic Skin

Epic Skins

  • Special Skin

Special Skins

  • Elite Skin

Elite Skins

  • Basic Skin

Basic Skins

ပြီးတော့ Lucky Points တွေရအောင် နေ့တိုင်း log in ဝင်ဖို့မမေ့နဲ့နော်။ အများဆုံး points ကိုရတဲ့အခါမှာ စပြီးမဲနှိုက်နိုင်ပါပြီ။ ဘယ်သူသိမှာလဲ နောက်တစ်ခါမဲနှိုက်တဲ့အခါ သင်ဟာ epic V.E.N.O.M skin ကိုလည်း ရနေနိုင်ပါတယ်! ကံကောင်းပါစေ!

သင့်ရဲ့ Mobile Legends Diamonds တွေကို Codashop မှာ ပြန်ဖြည့်ဖို့မမေ့နဲ့နော်။ ကျွန်ုပ်တို့ဆီမှာ မြန်ဆန်ပြီးလွယ်ကူချောမွေ့တဲ့ငွေဖြည့်ခြင်းနည်းလမ်းအများကြီးရှိလို့ သောကကင်းတဲ့ ဂိမ်းဆော့ခြင်းအတွေ့အကြုံကို ခံစားနိုင်ပါတယ်။

BUY APP & GAME VOUCHER ONLINE

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here