12.12 ပရိုမိုးရှင်းမှာ OnePay နဲ့ ဝယ်ယူပြီး 925 WC အပိုလက်ဆောင်ရယူပါ

4
5122
12.12 Wild Rift Promotion With OnePay

League of Legends: Wild Rift အတွက် Wild Cores တွေကို OnePay နဲ့ ဝယ်ယူပြီး 925 Wild Core အပိုကံထူးနိုင်မယ့် 12.12 ပရိုမိုးရှင်းအစီအစဥ်ဖြစ်ပါတယ်။ 

📅 ပရိုမိုးရှင်းကာလ

ဒီဇင်ဘာလ (၃) မှ (၁၆) ရက်နေ့အထိ

🎁 ဆုလက်ဆောင်

ကံထူးရှင် (၂၀)ဦး ရွေးချယ်ပြီး ၁၀,၀၀၀ ကျပ်ဖိုးနဲ့ ညီမျှသော 925 Wild Core စီ လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

💡 ပရိုမိုးရှင်းအစီအစဥ်တွင်ပါဝင်ရန်
  1. အထက်ပါ ပရိုမိုးရှင်းကာလအတွင်း Wild Rift အတွက် Wild Core များကို ၅,၀၀၀ဖိုးနှင့်အထက် ဝယ်ယူပါ။ 
  2. ဝယ်ယူရာတွင် Codashop ဝက်ဆိုက်ဒ်တွင် OnePay ကိုအသုံးပြုပြီးဖြစ်စေ၊ OnePay အက်ပလီကေးရှင်း၏  ONE-Codes မှဖြစ်စေ ဝယ်ယူသောသူများသာလျှင် အကျုံးဝင်မည်ဖြစ်ပါသည်။
  3. ၅,၀၀၀ကျပ်ဖိုးနှင့်အထက် အောင်မြင်စွာဝယ်ယူထားသော Transaction တစ်ခုစီအတွက် ကံစမ်းခွင့်ကို ရရှိနိုင်မည်ဖြစ်ပါသည်။ ဥပမာ သင်သည် Wild Rift အတွက် ပထမအကြိမ် (၅,၀၀၀)ကျပ်ဖိုး တစ်ကြိမ်၊ (၁၀,၀၀၀) ကျပ်ဖိုး တစ်ကြိမ်နှင့် (၁,၀၀၀)ကျပ်ဖိုးတစ်ကြိမ် ဝယ်ယူထားပါက စုစုပေါင်း ကံစမ်းခွင့် (၂)ကြိမ်ရရှိမည်ဖြစ်ပါသည်။ 
  4. ပရိုမိုးရှင်းကာလအတွင်း အထက်ပါအတိုင်း ပေးချေသူများထဲမှ စုစုပေါင်း (၂၀)ယောက်တိတိကို ရွေးချယ်ပြီး Wild Core 925 စီ ပေးသွားမည်ဖြစ်ပါသည်။
🔔 ဆုလက်ဆောင်ရရှိသူ စိစစ်ရွေးချယ်ခြင်းနှင့် ကြေညာခြင်း
  1. ကံစမ်းထားသူများထဲမှ ကံထူးရှင်များကို Codashop Myanmar မှ တာဝန်ရှိသူများက မဲနှိုက်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။
  2. ဝယ်ယူရာတွင် အသုံးပြုခဲ့သည့် In-game ID အကောင့်များနှင့်တကွ ကံထူးရှင်များကို ဒီဇင်ဘာလ (၂၄)ရက်နေ့တွင် Codashop Myanmar ၏ တရားဝင်ဖေ့ဘွတ်စာမျက်နှာ မှတဆင့် ကြေညာပေးသွားမည်ဖြစ်ပါသည်။
  3. ဆုလက်ဆောင်များကို ကံထူးရှင်ကြေညာပြီး တစ်ပတ်အတွင်း ကံထူးရှင်များ ဝယ်ယူခဲ့သော Riot In-game အကောင့်သို့ တိုက်ရိုက်ထည့်ပေးသွားမည်ဖြစ်ပြီး ဆုလက်ဆောင်များကို ငွေသားဖြင့်ဖလှယ်ခြင်း၊ အခြားအမျိုးအစားဖြင့်ဖလှယ်ခြင်း၊ တစ်ဆင့်ခံပေးပို့ခြင်းများကို လက်ခံမည် မဟုတ်ပါ။

❗❗❗ စည်းမျဥ်းစည်းကမ်းများ

  1. ပရိုမိုးရှင်းအစီအစဉ်သည် မြန်မာနိုင်ငံသားများအတွက်သာ အကျုံးဝင်ပါသည်။
  2. အထူးသတိပြုရမည့်အချက်မှာ Codashop Myanmar နှင့်တကွ ငွေပေးချေမှု ဝန်ဆောင်မှုပေးသူများသည် လူပုဂ္ဂိုလ်အနေနဲ့ အသုံးပြုသူများထံသို့ တိုက်ရိုက် PIN ကုဒ် (သို့မဟုတ်) OTP နံပါတ်များကို မေးမြန်းခြင်း ပြုလုပ်မည်မဟုတ်ပါ။ ထို့ကြောင့် တစ်စုံတစ်ဦးမှ PIN ကုဒ် (သို့မဟုတ်) OTP နံပါတ်များကို မေးမြန်းလာပါက ဖြေကြားခြင်းမပြုလုပ်ပါနှင့်။
  3. ယခုအစီအစဥ်တွင် ပါဝင်ထား‌သောသူများမှ မျှဝေထားသော ရုပ်ပုံ၊ ဗီဒီယို၊ စာ နှင့် အခြားအ‌ကြောင်းအရာများကို Codashop Myanmar မှ ပြန်လည်တည်းဖြတ်ခြင်း၊ အပြောင်းအလဲများပြုလုပ်ခြင်း၊ စီးပွားရေးကြော်ငြာများ၊ အရောင်းမြှင့်တင်ရေး လုပ်ငန်းများတွင် အသုံးပြုခြင်း၊ တိုက်ရိုက်အရောင်းမြှင့်တင်ခြင်း၊ အီလက်ထရောနစ် မီဒီယာများမှတဆင့် အရောင်းမြှင့်တင်ခြင်းလုပ်ငန်းများတွင် အသုံးပြုခြင်းများအတွက်ပါ အခွင့်အရေးပေးထားပြီးဖြစ်ပါသည်။
  1. ယခုအစီအစဉ်တွင် Codashop Myanmar နှင့် OnePay မှ ဝန်ထမ်းများ ပါဝင်ခွင့်မရှိပါ။
  2. အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက Codashop Myanmar နှင့် OnePay မှ အဆုံးအဖြတ်သာလျှင် အတည်ဖြစ်ပါသည်။
  3. ယခု အစီအစဉ် နှင့်ပက်သက်သော စည်းမျဉ်းသတ်မှတ်ချက်များကို Codashop Myanmar နှင့် OnePay မှ လိုအပ်သလို အချိန်အရွေး ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ရပ်ဆိုင်းခြင်းများပြုလုပ်ခွင့်ရှိပါသည်။
  4. ဝယ်ယူရာတွင် အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့ပါက (သို့) အသေးစိတ်အချက်အလက်ကို ဆက်သွယ်မေးမြန်းလိုပါက Codashop Myanmar Facebook Messenger မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

BUY APP & GAME VOUCHER ONLINE

4 COMMENTS

    • Codashop မှာအမြဲအားပေးတဲ့အတွက် ကျေးဇူးပါနော်… ကံကောင်းပါစေလို့ဆုတောင်းပေးလိုက်ပါတယ်!

LEAVE A REPLY

Please enter your comment!
Please enter your name here