MPT နှင့် Codashop Myanmar တို့မှ ပြုလုပ်သည့် “MPT x Coda 12.12 ပရိုမိုးရှင်းပွဲ”

6
52470
MPT x Codashohp 12.12 Promotion

MPT နဲ့စိန်ဝယ်ပြီး (၃၀,၀၀၀)ကျပ်ဖိုး စိန်လက်ဆောင်ကံထူးနိုင်မယ့်အခွင့်အရေး လာပါပြီ!🔥

မေးလေ့မေးထရှိသည့် မေးခွန်းများ

၁။ ‘‘MPT x Coda 12.12 ပရိုမိုးရှင်းပွဲ’’ အစီအစဉ် ဆိုတာ ဘာလဲ။

‘‘MPT x Coda 12.12 ပရိုမိုးရှင်းပွဲ’’ အစီအစဉ် သည် MPT အသုံးပြုသူများအတွက် Codashop နှင့် MPT တို့မှ ပြုလုပ်ပေးသော အစီအစဉ်ကောင်းတစ်ခုဖြစ်ပြီး ကံထူးနိုင်မည့်သူများအနေဖြင့် Codashop မှ ၃၀,၀၀၀ ကျပ်တန်ဖိုးရှိ MLBB စိန်လက်ဆောင်များ (MLBB စိန်ဝယ်ယူခြင်း အတွက်သာ) ကံထူးနိုင်မည့် အပြင် ကိုယ်ဝယ်လိုက်တဲ့ ပမာဏအတိုင်း MPT ဒေတာတွေကို (၁၀၀)ရာခိုင်နှုန်း ပြန်လည်ရရှိသွာားမယ့် 100% ကြေးမုံပြင် Cashback ကိုပါ ရရှိနိုင်မည်ဖြစ်ပါသည်။

၂။‘‘MPT x Coda 12.12 ပရိုမိုးရှင်းပွဲ’’ အစီအစဉ် ကာလ ဘယ်လောက်ကြာမြင့်မှာလဲ။

‘‘MPT x Coda 12.12 ပရိုမိုးရှင်းပွဲ’’ အစီအစဉ် ကို ၂၀၂၁ ဒီဇင်ဘာလ ၁၂ရက် မှ ၂၀၂၁ ဒီဇင်ဘာလ ၂၅ ရက်နေ့ အထိကျင်းပမည်ဖြစ်ပါသည်။

၃။ ‘‘MPT x Coda 12.12 ပရိုမိုးရှင်းပွဲ’’ အစီအစဉ်မှာ မည်သူတွေ ပါဝင်နိုင်သလဲ။ 

ဤအစီအစဉ်အတွက် အထက်ပါ ပရိုမိုးရှင်းကာလအတွင်း Codashop Myanmar တွင်

MPT ဖုန်းငွေအသုံးပြုပြီး MLBB စိန်ကို ကျပ် ၅,၀၀၀ ဖိုးနှင့်အထက် ၀ယ်ယူသူများမှ ခံစားခွင့်ရရှိနိုင်ပါသည်။ ကျပ် ၅,၀၀၀ ဖိုးနှင့်အထက် ဝယ်ယူသော ငွေပေးချေမှု တစ်ခုချင်းစီအတွက် ကံစမ်းခွင့်ရရှိမည်ဖြစ်သည်။

မှတ်ချက်။ ကံစမ်းမဲ လက်မှတ်သီးသန့်ပို့ပေးသွားမည်မဟုတ်ဘဲ ကျပ် ၅,၀၀၀ ဖိုးနှင့်အထက် ဝယ်ယူထားသော Transaction ID တစ်ခုစီကို ကံစမ်းခွင့်တစ်ခုအဖြစ် သတ်မှတ်ပြီး Codashop မှ မဲနှိုက်ကံစမ်းပေးသွားမည်ဖြစ်သည်။

၄။ ပရိုမိုးရှင်းကာလအတွင်း အသုံးပြုသူများအနေနဲ့ မည်သည့်ဆုလက်ဆောင်များ ရရှိနိုင်မည်နည်း။

ဆုလက်ဆောင် အနေဖြင့် ၃၀,၀၀၀ ကျပ်တန်ဖိုးရှိ MLBB စိန်လက်ဆောင်များကို ကံထူးရှင် အယောက် (၂၀)စာ အတွက် ပေးသွားမည်ဖြစ်ပါသည်။ ထို့အပြင် ကိုယ်ဝယ်လိုက်တဲ့ ပမာဏအတိုင်း MPT ဒေတာတွေကို (၁၀၀)ရာခိုင်နှုန်း ပြန်လည်ရရှိသွားမယ့် 100% ကြေးမုံပြင် Cashback ကိုပါ ရရှိနိုင်မည်ဖြစ်ပါသည်။

၅။ ‘‘MPTxCoda 12.12 ပရိုမိုးရှင်းပွဲ’’ အစီအစဉ်တွင် ကံထူးကြောင်း ဘယ်လိုသိနိုင်မလဲ။

ကံထူးရှင်များကို ဝယ်ယူရာတွင် အသုံးပြုခဲ့သည့် in-game ID အကောင့်များနှင့်တကွ  ဒီဇင်ဘာလ (၃၁)ရက်နေ့တွင် Codashop Myanmar ၏ တရားဝင်ဖေ့ဘွတ်စာမျက်နှာမှတဆင့် ကြေညာပေးသွားမည်ဖြစ်ပါသည်။

၆။  ဆုများကို ဘယ်လို ထုတ်ယူရမလဲ?

ဆုလက်ဆောင်စိန်များကို ကံထူးရှင်ကြေညာပြီး တစ်ပတ်အတွင်း ကံထူးရှင်များ ဝယ်ယူခဲ့သော MLBB in-game အကောင့်သို့ တိုက်ရိုက်ထည့်ပေးသွားမည်ဖြစ်ပြီး ဆုလက်ဆောင်များကို ငွေသားဖြင့်ဖလှယ်ခြင်း၊ အခြားအမျိုးအစားဖြင့်ဖလှယ်ခြင်း၊ တစ်ဆင့်ခံပေးပို့ခြင်းများကို လက်ခံမည် မဟုတ်ပါ။

၇။ အသေးစိတ်ကို သိရှိလိုပါက ဘယ်ကို ဆက်သွယ်မေးမြန်းနိုင်ပါသလဲ။

အသေးစိတ်အချက်အလက်များအား Codashop Myanmar Facebook page messenger တွင် မေးမြန်းစုံစမ်းနိုင်သလို MPT website စာမျက်နှာတွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။ ထို့အပြင်

MPT call center – ၁၀၆ သို့လည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

BUY APP & GAME VOUCHER ONLINE

6 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here