Codashop Global Series December 2021 Tournament စည်းကမ်းများ

0
8931
Codashop Global Series MLBB Tournament

Codashop Global Series Tournament ပြုလုပ်ရခြင်း အကြောင်းအရင်း

မြန်မာနိုင်ငံ Esport Community ကိုပိုပြီး တိုးတက်စေလိုတဲ့ ရည်ရွယ်ချက်များနဲ့ နှစ်သက်ရာ Mobile Game များကို ကစားနေကြတဲ့ လူငယ်တွေအတွက်သာမက ထိုမှတဆင့် Professional Esports Team ဖြစ်ဖို့ ကြိုးစားနေတဲ့ အသင်းငယ်တွေ ဝင်ရောက်ယှဉ်ပြိုင်လို့ရတဲ့ နေရာတစ်ခုဖြစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ “Codashop Global Series” ဆိုပြီး Tournament ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီ ပြိုင်ပွဲကို လစဉ်လတိုင်း မတူညီတဲ့ဂိမ်းတွေနဲ့ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဒီလမှာကတော့ Mobile Legends: Bang Bang အတွက် ကျင်းပပေးသွားမှာဖြစ်ပါတယ်။ 

ပြိုင်ပွဲအကြောင်းအရာ

ဆုကြေး

  • ပထမဆု – ၃၀၀,၀၀၀ ကျပ်
  • ဒုတိယဆု – ၁၅၀,၀၀၀ ကျပ်

ပြိုင်ပွဲဝင်ကြေး

  • အခမဲ့

ပြိုင်ပွဲကာလ

  • စာရင်းသွင်းရမည့်ရက် – ဒီဇင်ဘာလ ၁၄ မှ  ဒီဇင်ဘာလ ၂၂ ရက်နေ့ ၂၀၂၁ ခုနှစ် အထိ

စာရင်းသွင်းရန်လင့်ခ် >>  https://bit.ly/cgsmlbb

မှတ်ချက်။ စည်းမျဥ်းစည်းကမ်းချက်နှင့်အညီ အချက်အလက်ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ထားသော အသင်းများအားလုံးကို အကန့်အသတ်မရှိ လက်ခံပေးသွားမည်ဖြစ်ပါသည်။

  • Qualifier ပြိုင်ပွဲကျင်းပမည့်ရက် – ဒီဇင်ဘာလ ၂၅ ရက် ၂၀၂၁ခုနှစ်
  • Semi Final နှင့် Grand Final ပြိုင်ပွဲကျင်းပမည့်ရက် – ဒီဇင်ဘာလ ၂၆ ရက် ၂၀၂၁ခုနှစ် (နေ့လည် ၁၂နာရီမှ စတင်ပြီး)

မှတ်ချက်။ Semi Final နှင့် Grand Final ပြိုင်ပွဲများကို Codashop Myanmar Facebook Page တွင် Live လွှင့်သွားမည်ဖြစ်ပါသည်။

ယှဥ်ပြိုင်ခွင့်ရသော အသင်းများကို ကြေညာခြင်း

ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိသော အသင်းစာရင်းများအားလုံးကို  ဒီဇင်ဘာလ ၂၄ရက်နေ့တွင် Codashop Myanmar Facebook Page မှ ဖော်ပြပေးထားမည်ဖြစ်ပါသည်။ Qualifier အတွက် ယှဥ်ပြိုင်ရမည့် bracket ကိုတော့ Discord channel တွင် ဖော်ပြပေးထားမှာဖြစ်လို့ join ထားရန် လိုအပ်ပါသည်။

ပြိုင်ပွဲ နှင့်ပတ်သတ်သော စည်းမျဉ်း၊ စည်းကမ်းများ 

၁။ ဒီပြိုင်ပွဲဟာ မြန်မာနိုင်ငံသားများအတွက်သာ သီးသန့်ဖြစ်ပါသည်။

၂။  အသင်းနာမည်နဲ့ ကစားသမားနာမည်ဟာ ညစ်ညမ်းသော အသုံးအနှုန်းများနှင့်ပေးထားတာ မဖြစ်စေရပါဘူး။ ကစားသမားသည်  အမြင်မသင့်တော်သော in-game နာမည်အသုံးပြုထားခြင်း တွေ့ရှိပါက Codashop Admin Team မှပြောင်းလဲဖို့ တောင်းဆိုမည်ဖြစ်ပြီး ကစားသမားဘက်က မဖြစ်မနေပြောင်းလဲပေးရမည်။

၃။ အသင်း၏ လူစာရင်းသည် (Main 5 Players + Sub 1 Player) ၆ယောက်ထိ ထားနိုင်သည်၊ စာရင်းပေးထားသော လူစာရင်းနှင့်သာ ယှဉ်ပြိုင်ရမည်။ အသင်းသား (သို့) အသင်းတာဝန်ရှိသူသည် ပြိုင်ပွဲစီစဉ်သည့် Discord Channel ကို မဖြစ်မနေ ဝင်ရောက်ရမည်။ 

Discord Link >> https://discord.gg/wwnPXqzq

မှတ်ချက်။ ကစားသမားစာရင်းသည် ဒီဇင်ဘာ ၂၂ ရက်နေ့ နောက်ပိုင်းတွင် ပြောင်းလဲ၍ မရပါ။ 

၄။ အသင်းအမည်များနှင့်ကစားသမားအမည်များ အားလုံးကို ကစားရာတွင် အသုံးမပြုမီ Codashop မှ အတည်ပြုပေးသွားမည်ဖြစ်သည်။

၅။ Codashop Global Series ပြိုင်ပွဲသည် မြန်မာနိုင်ငံတွင်းမှ Mobile Game ကစားခြင်းကို နှစ်သက်သော လူငယ်များအတွက် ရည်ရွယ်ထားခြင်းဖြစ်ပြီး အသင်းအဖွဲ့ နှင့်ယှဉ်ပြိုင်ရသော ဂိမ်းကစားသည့်အတွေ့အကြုံကို ရရှိစေရန်ပြုလုပ်ခြင်းဖြစ်တာကြောင့် Pro Team အလိုက် ဝင်ရောက်ယှဉ်ပြိုင်ကစားခြင်းကို ခွင့်မပြုပါ။ 

၆။ ပွဲအတွင်းသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကစားသမားတစ်ယောက်ချင်းစီတိုင်းသည် ၎င်းတို့ရဲ့ ကိုယ်ပိုင်အကောင့်ကိုသာ အသုံးပြုရမှာဖြစ်ပါတယ်။

၇။ ပြိုင်ပွဲကို Register လုပ်တဲ့အခါမှာ အသုံးပြုတဲ့ ဓာတ်ပုံ ၊ ဗီဒီယို နဲ့ တခြားသောပွဲအတွင်းမှာ record လုပ်ထားတဲ့ အကြောင်းအရာအားလုံးကို “Codashop” ရဲ့ မီဒီယာတွေမှာ ကူးယူဖော်ပြခွင့်ရှိပြီး ဈေးကွက်စီးပွားရေးအရလည်း အသုံးပြုခွင့်ရှိပါတယ်။

၈။ Codashop အနေနဲ့ ပွဲစဉ်အပြောင်းအလဲများကို မည်သည့်အကြောင်းနှင့်မဆို အချိန်မရွေး ပြောင်းလဲခွင့်ရှိသည်။ ထိုသို့ ပွဲစဉ်ပြောင်းလဲသည့်အခါ Codashop မှ ဝင်ပြိုင်မည့်အသင်းအားလုံးကို discord channel မှတဆင့် အကြောင်းကြားသွားမည်ဖြစ်ပါသည်။

၉။ Coda Shop Global Series မှ  ထုတ်ပြန်ထားသော စည်းကမ်းချက် တစုံတခု ချိုးဖောက်ခဲ့ရင်  Codashop Admin ကို ချက်ချင်း report တင်ရမည်၊ အချိန်နောက်ကျမှ report တင်လျှင် Admin Team မှ တာဝန်ယူဖြေရှင်းပေးခြင်းကို အာမမခံပါ။

၁၀။ ပြိုင်ပွဲအတွင်း အငြင်းပွားမှု တစုံတရာ ဖြစ်ပွားပါက ပြိုင်ပွဲစီစဉ်ကျင်းပသူ Codashop ရဲ့ ဆုံးဖြတ်ချက်သာအတည်ဖြစ်ပါတယ်။ ဆုံးဖြတ်ချက် အကျုံးဝင်သောအကြောင်းအရာများမှာ (ပြိုင်ပွဲကျင်းပသည့် စနစ် ၊ ဝေါဟာရအသုံးအနှုန်းများ ၊ အနိုင်ရရှိသူရွေးချယ်သည့်စနစ်များ)

အနိုင်ရရှိသူကို ရွေးချယ်ခြင်း

တစ်ဖက် ငါးယောက်စီယှဉ်ပြိုင်ကစားရတဲ့ Mobile Legends မှာ အနိုင်ရရှိသူကို  ‌အောက်ပါ စည်းကမ်းချက်တွေအတိုင်း ရွေးချယ်မှာဖြစ်ပါတယ်။

၁။ ရန်သူရဲ့ တာဝါကို အပြီးသတ်ဖျက်ဆီးနိုင်ခြင်း။

၂။ ပြိုင်ဖက်အသင်းမှ အရှုံးပေးသွားခြင်း

၃။ ပြိုင်ဖက်အသင်းမှ ယှဉ်ပြိုင်ရန်အတွက်အဆင့်မမီခြင်းနှင့်

၄။ ပြိုင်ဖက်အသင်းမှ ဖော်ပြထားသောစည်းကမ်းချက်များအတိုင်းမလိုက်နာခြင်း

၅။ ဖော်ပြထားတဲ့ စည်းကမ်းချက်များဟာ ပြိုင်ပွဲဝင်များအားလုံးအတွက် ဖြစ်ပြီး အငြင်းပွားမှုတစ်စုံတစ်ရာဖြစ်ပေါ်ပါက ပြိုင်ပွဲစီစဥ်သူ “Codashop” ရဲ့ ဆုံးဖြတ်ချက်သည်သာ အတည်ပြုသတ်မှတ်မှာဖြစ်ပါတယ်။

ပြိုင်ပွဲပုံစံအသေးစိတ်

ကစားပွဲပုံစံ – Qualifier အဆင့်မှာတော့ Best of 1 ပုံစံဖြင့်သာ ကစားရမှာဖြစ်ပြီး Semi Final တက်ရောက်သွားတဲ့ အသင်းတွေကတော့ Best of 3 ပုံစံဖြင့်ကစားရမှာ ဖြစ်သည်။ နောက်ဆုံး Grand Final ပွဲတွင် Best of 5 ပုံစံ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ၃ ပွဲလုံးတွင် အသင်းတစ်သင်းတည်းက ၃ ကြိမ်တိတိ အနိုင်ရပါက ထိုအသင်းကို ပြိုင်ပွဲတွင် အနိုင်ရရှိသူအဖြစ် သတ်မှတ်မည်ဖြစ်သည်။

Game Mode – Draft Pick 5v5 ယှဉ်ပြိုင်ရမည်။

Lobby ထောင်ခြင်း – အပေါ်ပိုင်း Bracket မှာရှိသော အသင်းများသည် in-game lobby ကို create လုပ်ပေးရမှာဖြစ်ပါတယ်။ Bracket အပေါ်မှာရှိတဲ့ အသင်းဟာ အလိုအလျောက် အပြာရောင်အသင်းဖြစ်မှာ ဖြစ်ပြီးတော့ အောက်ဘက်က အသင်းကတော့ အနီရောင်အသင်းဖြစ်မှာဖြစ်ပါတယ်။ 

Hero ရွေးချယ်ခြင်း/ဖယ်ထုတ်ခြင်း –နှစ်ဖက်အသင်းသားအားလုံးဟာ ဘယ် Hero ကိုရွေးချယ်မလဲ ဒါမှမဟုတ် ဘယ်ဟာကို Ban မလဲ ဆိုတာကို in-game lobby ထဲကို ဝင်ရောက်တာနဲ့ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ နှစ်ဖက်အသင်းလုံးဟာ ဒီလုပ်ငန်းစဉ်ကို လုပ်ဆောင်ပြီးပြီဆိုတာနဲ့ Admin ကို အကြောင်းကြားပြီးတော့ ပွဲကို စတင်ကစားရမှာဖြစ်ပါတယ်။ 

၁။ Hero ရွေးချယ်ခြင်း / Ban ခြင်းစတာတို့ကိုပြုလုပ်မယ်ဆိုရင်တော့ in game ထဲမှာပါဝင်တဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်ကို လိုက်နာဖို့လိုအပ်ပါတယ်။

၂။ အသင်းအဖွဲ့ထဲမှ အသင်းသားများသည် Hero ရွေးချယ်သည့်အခါ မှားယွင်းပြီးရွေးချယ်မိခြင်း ဒါမှမဟုတ် Ban ထားသော Hero များအား မှားယွင်းပြီး ရွေးချယ်မိပါက ပြန်လည်ပြင်ဆင်နိုင်ခွင့်မရှိပါ။ ထိုအတိုင်း ဆက်လက်ပြီး ကစားပေးရမှာဖြစ်ပါတယ်။ ကစားပွဲကစားနေစဉ်အတွင်းမှာလည်း ထိုသို့ပြန်လည် လဲလှယ်ခြင်းကို ခွင့်ပြုထားခြင်းမရှိပါဘူး။

ပွဲအတွက်ပြင်ဆင်ခြင်း

၁။ Game Version

ပြိုင်ပွဲတွင်းသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းများအနေနဲ့ မိမိအသုံးပြုသည့် Game Version ကို Mobile Legends ရဲ့ နောက်ဆုံးထုတ်ထားသည့် ဂိမ်း Version ကိုသာ ပွဲအတွင်းမှာ အသုံးပြုပေးရမည်ဖြစ်သည်။ အကြောင်းမှာ Heroes အသစ်ကိုင်မည့်သူများနှင့် အသင်း ၂ သင်းကြား ညီမျှအောင်ဖြစ်သည်။

၂။ Account

ကစားတဲ့သူတွေဟာ မိမိကိုယ်ပိုင်အကောင့်ဖြင့်သာ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

၃။ ပြင်ဆင်ရန်အချိန်

ကစားသမားတွေဟာ ယှဉ်ပြိုင်မှုပြုလုပ်ဖို့အတွက် ပြင်ဆင်ဖို့ အချိန်အနည်းငယ်လိုအပ်ပါတယ်။ ကစားသမားတစ်ယောက် Lobby ထဲဝင်ရောက်သွားတဲ့အခါ ပြန်လည်ထွက်ခွာချင်တယ်ဆိုရင်တော့ ပွဲစီစဉ်သူ Codashop ရဲ့ Admin ကို အသိပေးအကြောင်းကြားပြီးတော့မှသာ ထွက်ခွာခွင့် ရှိမှာဖြစ်ပါတယ်။ ကစားပွဲမစခင်ပြင်ဆင်မှုပြုလုပ်တဲ့အခါ ပြီးထားသင့်တဲ့အရာတွေကတော့

  • Emblem တွေကိုပြင်ဆင်ခြင်းနဲ့
  • ဂိမ်း settings တွေကို ပြင်ဆင်ဖို့လည်းလိုအပ်ပါတယ်။

၄။ ကစားသမားတွေဟာ မည်သည့်ပြဿနာတစ်စုံတစ်ရာမဆို ဖြစ်ပေါ်ပါက ပွဲမစခင်အချိန်တွင်းမှာ ကြိုတင်ပြီး ဖြေရှင်းထားဖို့လိုပါသည်။ ပြိုင်ပွဲဟာ စီစဉ်ထားတဲ့အချိန်ဇယားအတိုင်း စတင်မှာဖြစ်ပါတယ်။ Codashop Admin ဘက်မှ အကြောင်းတစ်စုံတစ်ရာကြောင့် ပွဲစချိန်နောက်ကျခြင်းမှလွဲ၍ မည်သည့်ကစားသမားကိုမှ ပွဲချိန်နောက်ကျခြင်းကို ခွင့်ပြုမည်မဟုတ်ပါ။က စားသမားတစ်ယောက်ယောက်၏ အမှားကြောင့်နောက်ကျခြင်း၊ ကြန့်ကြာခြင်းများဖြစ်ပေါ်လာပါက Codashop အနေဖြင့် ၄င်းကစားသမားပါဝင်သော အသင်းကို ထိရောက်သော အပြစ်ပေးခြင်းများပြုလုပ်သွားမည်ဖြစ်ပါသည်။

ဂိမ်းအတွင်းစည်းမျဉ်းများ

၁။ ပြိုင်ပွဲဝင်မည့် အသင်းအားလုံးသည် ပွဲတစ်ခုချင်းစီးမှာ ၃ ခါထပ်ပိုပြီးတော့ Pause လုပ်ခြင်းမပြုရပါ။ Pause လုပ်သည့်အချိန်မှာလည်း ၂ မိနစ်ထက်ပို၍ ကျော်လွန်၍မရပါ။

၂။ ပြိုင်ပွဲသို့ ပါဝင်သူတွေအနေနဲ့ ပွဲမစခင် (၁)နာရီအလိုမှာ ကြိုပြီးတော့ check in ဝင်ပေးထားရမှာဖြစ်ပါတယ်။ ပွဲအတွင်းသို့ ၁၀မိနစ်နောက်ကျပြီးမှ ဝင်ရောက်လို့မရပါဘူး။

၃။ Codashop Global Series ကို ပါဝင်ယှဉ်ပြိုင်သူတွေအနေနဲ့ မိမိကိုယ်ပိုင် စမတ်ဖုန်းကို အသုံးပြုပြီးတော့သာ ယှဉ်ပြိုင်ရပါမယ်။ Tablet အသုံးပြုပြီး ဝင်ရောက်ယှဉ်ပြိုင်လို့မရပါဘူး။

၄။ Third Party အသုံးပြုထားတဲ့ software များဟာ ဂိမ်းတွင်းအခြေအနေကို အပြောင်းအလဲ ဖြစ်ပေါ်စေတတ်တာကြောင့် ဥပမာ- (ဂိမ်းမျက်နှာပြင် ၊ အမြန်နှုန်း ၊ SFX၊ Crosshair) စတာတွေကို အသုံးပြုခြင်းကို တားမြစ်ပါတယ်။ ပြိုင်ပွဲတွင်းဝင်ပြိုင်သူ ကစားသမားတစ်ယောက်အနေနဲ့ ဒီအချက်များထဲမှ တစ်ချက်ကို ချိုးဖောက်ခဲ့မယ်ဆိုရင်တော့ ပွဲစည်းကမ်းနဲ့ မညီညွတ်ဘူးလို့ သတ်မှတ်ပြီး အနိုင်ရရှိခဲ့ပါကလည်း ဆုပေးအပ်ခြင်းမပြုသည့်အပြင် ပွဲအတွင်းမှ Ban မှာဖြစ်ပါတယ်။

၅။ အကယ်၍ ပါဝင်ယှဉ်ပြိုင်သူသည် system error တစ်စုံတစ်ရာဖြစ်ပေါ်ပါက ပြိုင်ပွဲကျင်းပသည့် Admin ဒါမှမဟုတ် Discord Channel  ကို (၃) မိနစ်အတွင်း အမြန်အကြောင်းကြားပေးရမှာဖြစ်ပါတယ်။

Discord link>> https://discord.gg/wwnPXqzq

၆။။ ဂိမ်းတစ်ပွဲဟာ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ကစားရမည်ဆိုလျှင် ပြန်လည်ကစားရမည့် အကြောင်းအရင်းမှာ

(က) ကစားသမားတစ်ယောက်ယောက်ရဲ့ အင်တာနက်ပြတ်တောက်သွား၍ ပွဲအတွင်းမှ ထွက်သွားရခြင်း (သို့မဟုတ်)

(ခ) ကစားသမား အနေဖြင့် slot မှားယွင်းပြီးဝင်မိခြင်း

(ဂ) Bug ကြောင့်ဖြစ်ခြင်း

(ဃ) ဂိမ်း setting မှားယွင်းနေခြင်း စတဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်။

၇။ Bug တွေကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ပွဲ ဒါမှမဟုတ် တစ်ဖက်အသင်းသားအပေါ် တစ်ဖက်သတ် တစ်ခုခုအသာရခြင်းဟာ ပွဲစည်းကမ်းနဲ့ မကိုက်ညီပါဘူး။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here