Wild Rift Patch 3.5 – Darkin to Dawn! Champion အသစ်များ၊ဂိမ်းဆော့ခြင်း update များ နှင့် အခြားအရာများ

0
97

League of Legends Wild Rift သည် ၎င်း၏နောက်ဆုံးထွက် Patch 3.5 ကို Darkin to Dawn ဟူသောခေါင်းစဉ် ဖြင့် ပြီးခဲ့သည့် နိုဝင်ဘာ 17 ရက်၊ 2022 တွင်တရားဝင်ထုတ်ပြန်ခဲ့သည်။ ဤ patch သည် ပြောင်းလဲမှုအသစ်များနှင့် အသားပေးဖော်ပြချက်များပါရှိသောကြောင့် store မှာဘာတွေအသစ်ရှိလဲဆိုတာကြည့်ရှုကြပါစို့။

ပထမဆုံးအနေနဲ့၊ ကျွန်ုပ်တို့မှာ KaynAatrox နှင့် Lillia လို့ခေါ်တဲ့ champion အသစ်သုံးယောက် ထွက်ရှိထားပါတယ်။ ပထမနှစ်ယောက်က အလွန်အစွမ်းထက်ပြီး meta ကို သေချာပေါက် ပြောင်းလဲလိမ့်မည် ဖြစ်သော်လည်း ခြေလေးချောင်း champion အသစ် Lillia ကတော့ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်လာမှာ အသေအချာပါပဲ။ ဒီ patch မှာသူတို့ရဲ့ ပွဲဦးထွက်လာတဲ့ပုံကိုကြည့်ရှုလိုက်ပါ။

Wild Rift Patch 3.5 update က တောတွင်းအတွေ့အကြုံ၊ runes နဲ့ item ပြောင်းလဲမှုများ တိုးတက်အောင် ပြုလုပ်ထားမှာဖြစ်ပါတယ်။ ဂိမ်းပုံစံအသစ်နှင့် Spirit Blossom ဟုခေါ်သော အဓိက event တစ်ခုလည်း ပါရှိပါတယ်၊ မစ်ရှင်များပြီးပါက သင့်အား ကျပန်း spirit တစ်ကောင်ကို ထုတ်နိုင်စေမှာဖြစ်ပါတယ်။ Gallery Skin ဟုခေါ်သော ထူးခြားတဲ့ feature တစ်ခုကိုလည်း မိတ်ဆက်ပေးမည်ဖြစ်ပြီး၊ သင်၏ပရိုဖိုင်ရဲ့ Display Case မှာသင်အကြိုက်ဆုံး Skin Set များကို ပြသနိုင်မှာဖြစ်ပါတယ်။

Champion အသစ်များ

AatroxKayn နှင့် Lillia တို့သည် ဤနောက်ဆုံးထွက် update အတွက် Rift သို့ ရောက်ရှိလာပြီဖြစ်ပါတယ်။ အဲဒီအထဲက ဘယ်ဟာကို မင်းရဲ့ main အဖြစ် အသုံးချဖို့ စိတ်အလှုပ်ရှားဆုံးလဲ?

Aatrox, The Darkin Blade

Aatrox LOL Wild Rift

Aatrox. Image credit: Riot Games

Aatrox က Baron lane ထံသို့ oblivion ကိုခေါ်ဆောင်လာပါတယ်ပါတယ်။ တစ်ချိန်က Void ကိုဆန့်ကျင်သည့် Shurima ၏ဂုဏ်ပြုခံထားရသောကာကွယ်သူများ နှင့် ယခုသူ၏ဓားဖြင့်အကျဉ်းချခံထားရသော ancient တစ်ဦးသည် Aatrox ကိုပိုမိုအားကောင်းလာစေရန်လူသားများ၏စိတ်ဝိညာဉ်များကိုစားသုံးပါတယ်။ Aatrox က  ဖျက်ဆီးခြင်းရဲ့ စစ်မှန်တဲ့ အင်အားတစ်ခုဖြစ်ပါတယ်။

Kayn, the Shadow Reaper

Kayn LOL Wild Rift

Kayn. Image credit: Riot Games

Kayn က Rhaast ဟုခေါ်သော ရှေးခေတ် Darkin လက်နက်ကို ကိုင်ဆောင်ထားပြီး အဲ့တာကိုထိန်းချုပ်နိုင်ရန် အတွက် သူကအဆက်မပြတ် တိုက်ခိုက်နေရပါတယ်။ Kayn သည် ရန်သူများကို မျက်တောင်လေးတောင် မခတ်နိုင်မီ အချိန်ကလေးအတွင်းမှာတင် ချက်ချင်းသတ်ပစ်နိုင်သည့် Assasin form သို့မဟုတ် Champion များအပေါ် Damage ပေးနိုင်သလောက် သွေးပြန်ပြည့်နိုင်တဲ့ Darkin form ကိုပြောင်းနိုင်ပါတယ်။

Lillia, the Bashful Bloom

Lillia LOL Wild Rift

Lillia. Image credit: Riot Games

Lillia က ဟိုးအဝေးက ငြိမ်းချမ်းလှတဲ့ တောအုပ်ထဲကနေပြီး Wild Rift ရဲ့ တောနက်ထဲသို့ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ Lillia သည် လူတွေရဲ့အိပ်မက်များကို လိုက်လံစုဆောင်းပြီး ကာကွယ်ပေးထားတဲ့ ရှက်ရွံ့တဲ့ သမင်ပေါက် spirit လေးတစ်ကောင်ဖြစ်ပါတယ်။ သူမသည် AoE damage များပြားစွာပေးနိုင်ပြီး အလွန်လည်းလျင်မြန်ပါတယ်။ Lillia abilities များသည် Dream dust နှင့် သက်ဆိုင်ပြီး အချိန်ကြာလာသည်နှင့်အမျှ သွေးအပြည့်ပေါ်မှာ Damage ထိနိုင်မှာဖြစ်ပါတယ်။ 

ဂိမ်းဆော့ခြင်း update များ

Jungle ပြောင်းလဲမှုများ

  • Buff ဝေမျှခြင်း Mechanic – အပြာနှင့် အနီရောင် buff များကို မည်သူရယူသင့်သည်နှင့် ပတ်သက်၍ မလိုအပ်သော အငြင်းပွားတင်းမာမှုများကို Patch 3.5 မှာ ဖြေရှင်းပြီးသားဖြစ်မှာဖြစ်ပါတယ်။ ဂိမ်းကစားချိန် မိနစ်အနည်းငယ်ကြာပြီးနောက်၊ Brambleback သို့မဟုတ် Sentinel ကိုသတ်ခြင်းဖြင့် ခဏတာ buff ကျလာမည်ဖြစ်ပြီး အခြားကစားသမားများသည် buff စက်ဝိုင်းဆီသို့ ဝင်ရောက်ခြင်းဖြင့် buff ရရှိနိုင်မှာဖြစ်ပါတယ် ။ အဖွဲ့တစ်ခုစီတွင် buff များကို နှစ်ဆတိုးထားသောကြောင့်၊ အပြာနှင့် အနီရောင် buff ၏ ပြောင်းလဲတိုးတက်လာတဲ့ဗားရှင်းတွေကိုဖယ်ရှားထားမှာဖြစ်ပါတယ်။
  • Conservation – ကစားသမားများသည် jungle ‌စားနေသောအခါတွင်၊ ၎င်းတို့သည် အချိန်ကြာလာသည်  နှင့်အမျှ Conservation stack များရရှိမည်ဖြစ်ပြီး ဧရာမ monster တစ်ကောင်ကို သတ်ပစ်ပါက stack ရှိသလောက်ရွှေရရှိမှာဖြစ်ပါတယ်။
  • Smite – Challenging Smite (သို့မဟုတ် Red Smite) ကို ဖယ်ရှာထားပါတယ်။ Smite ‌အဆင့် မြှင့်တင်တဲ့ လုပ်ဆောင်ချက်များကိုလည်း ပြောင်းလဲထားပါတယ်။ ဤ patch အစတွင်၊ Smite သည် ၎င်းကိုအသုံးပြုခဲ့သည့်အချိန်များအပေါ်အခြေခံ၍ အဆင့်မြှင့်သွားမှာဖြစ်ပါတယ်။ ထို့အပြင်၊ အခြေခံ Smite နှင့် အဆင့်မြှင့်ထားတဲ့ာ Smite က သင့်ရဲ့ champion အဆင့်ကို အခြေခံ၍ damage ထိမည့်အစား monster များထံသို့ ပုံသေ damage ပမာဏကို ထိမှာဖြစ်ပါတယ်။
  • Jungle Monster များ – Jungle Monsters တွေရဲ့ ယေဘူယျ stats မျာ နဲ့ အမူအကျင့်များကို ချိန်ညှိထားမည်ဖြစ်ပြီး၊ ကစားသမားများအား အစောပိုင်းဂိမ်းတွင် ပိုမိုလွယ်ကူစွာ jungle နိုင်စေရန် အချိန်ရှင်းရှင်းလင်းလင်းကို ပိုမိုမြန်ဆန်ထားစေမှာဖြစ်ပါတယ်။
  • Rift Herald – သူမ၏ summoning နဲ့ charge အမြန်နှုန်းများကို တိုးထားမည် ဖြစ်သောကြောင့် သူမကို အနိုင်ယူရာမှ ရရှိလာတဲ့ တန်ဖိုးက ပိုမို တသမတ်တည်းဖြစ်နေမှာဖြစ်ပါတယ်။

Items များ နှင့် runes များ

  • Horizon Focus: Horizon Focus သည် ပြိုင်ဘက်များကို အဝေးမှ သတ်လိုသော mage များအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ အဝေးမှ champion တစ်ဦးကိုထိမှန်သော skill shots များသည်သင်၏ရန်သူများကို stacks များသက်ရောက်မည်စေဖြစ်ပြီး၊ crowd control abilities များကိုထိပါကနောက်ထပ် stacks များကိုပေးနိုင်မှာဖြစ်ပါတယ်။ 
  • Lord Dominik’s Regards:  Lord Dominik ၏ လေးစားမှု သည် နောက်ဆုံးပေါ် attack damage item တစ်ခုဖြစ်ပါတယ်။ ဤသည်မှာ အဖွဲ့လိုက်တိုက်ပွဲ များတစ်လျှောက် snowball ပြီးကစားခြင်းကို နှစ်သက်သော mages များနှင့် assassins များအတွက် အကောင်းဆုံး item တစ်ခုဖြစ်ပါတယ်။ ၎င်းရဲ့ passiveadrenaline ဖြင့်၊ သင်က အခြား champion များနှင့် စက္ကန့်အနည်းငယ်ကြာ တိုက်ခိုက်ပြီးနောက်၊ champion  တစ်ဦးကို ပထမဆုံးတိုက်ခိုက်တဲ့ ‌attack speed ကို တိုးမြင့်စေမှာဖြစ်ပါတယ်။ 
  • Phase Rush:  Phase Rush သည် အမြန်ပြေးပြီး အမြန်ချလိုသော mages များအတွက် အကောင်းဆုံး rune တစ်ခုဖြစ်ပါတယ်။ ကစားသမားများသည် သီးခြားတိုက်ခိုက်မှုသုံးကြိမ် သို့မဟုတ် abilities သုံးကြိမ်ဖြင့် champion တစ်ဦးကို ထိပါက movement speed နဲ့ ‌Ability haste ကိုရရှိမှာဖြစ်ပါတယ်။ ၎င်းတို့၏ လက်ရှိ cooldowns များကိုလည်း လျှော့ချမှာဖြစ်ပါတယ်။
  • Sudden Impact: Sudden impact သည် Champion Rune ကိုအစားထိုးထားတဲ့ rune တစ်ခုဖြစ်ပါတယ်။ ကစားသမားများသည် ကိုယ်ပျောက်မှထွက်သည့်အခါ သို့မဟုတ် ရန်သူ champion အား damage ထိစေရန် dashblink သို့မဟုတ် teleport ကို အသုံးပြုလိုက်သည့်အခါ adaptive penetration ကို ရရှိမှာဖြစ်ပါတယ်။

One For All ဂိမ်းကစားသည့်ပုံစံ

ကစားသမားများသည် champion တစ်ဦးကို မဲပေးရွေးချယ်မည်ဖြစ်ပြီး ၎င်းတို့အားလုံး ရွေးချယ်ထားသော champion ကို အားလုံးတူတူကစားရမှာဖြစ်ပါတယ်။ ကျပန်းရွေးချယ်ခြင်းဖြင့် မတူညီသောရွေးချယ်မှု များကိုဖျက်ထားပါတယ်။

ဂိမ်းကစားသည့်အရည်အသွေး

Patch 3.5 တွင် ဤ feature အသစ်သည် ဂိမ်းများတွင် အနှောင့်အယှက်ဖြစ်စေသောအပြုအမူများကို ဖြေရှင်းပေးမှာဖြစ်ပါတယ်။ 

  • ပွဲမှထွက်သည့် ကစားသမားများအတွက် နောက်ထပ် penalty ထပ်ထိမှာဖြစ်ပါတယ်။
  • ပွဲပြန်စမှုသည် အလိုအလျောက် အစပျိုးသွားမည်ဖြစ်ပြီး ကစားသမားများသည် vote ခွင့်များရရှိများရရှိမှာဖြစ်ပါတယ်။ 
  • patch တွင် “ရှောင်ရန်စာရင်း” feature အသစ်ကိုလည်း ထည့်သွင်းထားမှာဖြစ်ပါတယ်။ ကစားသမားများသည် ဂိမ်းပြီးနောက် lobby ထဲတွင် ၎င်းတို့၏ ရှောင်ရန်စာရင်းသို့ တစ်စုံတစ်ဦးကို ထည့်သွင်းနိုင်ပါတယ်။ ထို feature  ကစားသမားများကို အပတ်တိုင်း၏အစတွင် နောက်တစ်ကြိမ် ပြန်လည်သတ်မှတ်သည့် အချိန်အထိ ရှောင်ထားသည့်သူနှင့် တို့ကို တူညီသောအသင်းတွင် ထပ်မံမကျနိုင်စေရန် တားဆီးထားမှာဖြစ်ပါတယ်။
  • skin များကို ကြည့်ရှုရန်လည့် နည်းလမ်းအသစ် ရှိပါသေးတယ်။ ကစားသမားများသည် champion နှင့် skin line အတွက် skin များစွာကို တစ်ပြိုင်နက် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
  • ကစားသမားများသည် Skin Set တစ်ခုလုံးကို ရရှိပြီးသွားပါက၊ ကစားသမားများသည် skin များကိုပြသရန်အတွက် champion မှရွေးချယ်ထားသော အထူးသီးသန့်ခေါင်းစဉ်တစ်ခု နှင့် အထူး effect တစ်ခု ရရှိမှာဖြစ်ပါတယ်။ 

Wild Pass

Super Villain Jhin: ကစားသမားများသည် Super Villain Jhin  ကို level 50 သို့ရောက်ရှိပြီး Wild Pass Missions များအပြီး Wild Pass Emporium ထိရောက်ရှိအောင်ပြုလုပ်ပြီးနောက်တွင် Super Villain Jhin skin ကို ပိုင်ဆိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။

Event များ

Spirit Blossom: event ၌ ကစားသမားများသည် မစ်ရှင်များ ပြီးမြောက်ပါက ကျပန်း spirit ကို ခေါ်ဆောင်နိုင်စေမည့် spirit ကမ္ဘာရှိ မြို့ငယ်လေးတစ်မြို့သို့ လှည့်လည်ကြည့်ရှု နိုင်မှာဖြစ်ပါတယ်။

ပွဲလမ်းသဘင် သေးငယ်သော နှင်းဘောလုံးတိုက်ပွဲ : ကစားသမားများသည် ၎င်းတို့၏ aim ကို စမ်းသပ်ပြီး poro အတွက် သင့်လျော်သော ဆုလက်ဆောင်များကို စုဆောင်းနိုင်မှာဖြစ်ပါတယ်။

Skin အသစ်များ

ဒီ patch တွင် ကြော့မော့လှပသော skin မှ ကြောက်မက်ဖွယ်ကောင်းသော skin များ ပိုမို အရောင်အသွေးစုံသော skin များနဲ့ skin line ကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်။

  • Soul Hunter Kayn
  • Frostblade Irelia
  • Bloodmoon Aatrox
  • Chromacrash Jinx
  • Chromacrash Ekko
  • Chromacrash Samira
  • Spirit Blossom Tresh
  • Spirit Blossom Lillia
  • Spirit Blossom Yone
  • Spirit Blossom Yasuo
  • Spirit Blossom Teemo
  • Crystal Rose Akali
  • Crystal Rose Vi
  • Crystal Rose Riven

Wild Rift Patch 3.5 update တွင် အံ့သြဖွယ်ကောင်းသော အကြောင်းအရာများစွာကို စောင့်မျှော်ကြည့်ရှုလိုက်ပါ။ အပြည့်အစုံကို ဤနေရာ ကိုနှိပ်၍ အသေးစိတ်အချက်အလက်များကို ကြည့်ရှုပါ။ 

Codashop တွင်သာ Wild Cores များကိုဖြည့်ရန် မမေ့ပါနှင့်။ အခက်အခဲမရှိ ဂိမ်းကစားသည့် အတွေ့အကြုံကို ခံစားနိုင်ရန် မြန်မြန်ဆန်ဆန်နှင့် ပိုအဆင်ပြေသော ဖြည့်သွင်းမှုများကို ကျွန်ုပ်တို့ အာမခံပါသည်။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here