MLBB မှာ Shotcalling ဆိုတာဘာလဲ?

0
230

သင် ‘Shotcalling’ ဆိုတာကို ကြားဖူးပါသလား ? ကျွန်ုပ်တို့အများစုသည် MLBB ကဲ့သို့သော esports ပြိုင်ပွဲများကို ဝါသနာပါသူများမဟုတ်ပါက ၎င်းကိုကြားဖူးပြီး ရင်းနှီးမှာမဟုတ်ပါဘူး။ ပရော်ဖက်ရှင်နယ် ကစားသမားများကတော့ ဂိမ်းအထဲမှာ အသင်းကို ညွှန်ကြားသူ တစ်ဦးဦးကို ဖော်ပြဖို့အတွက် ဤအသုံးအနှုန်းကို မကြာခဏ အသုံးပြုကြလေ့ရှိကြပါတယ်။ အထူးသဖြင့် rank တက်ချင်သူများနဲ့ မိမိဆော့တဲ့နေရာမှာ ထိပ်ဆုံးရောက်လိုသူများအတွက်ကတော့ Shotcalling ကအရေးကြီးပါတယ်။ ၎င်းသည် ဂိမ်းကို ပိုမိုပြိုင်ဆိုင်မှုပြင်းထန်စေပြီး ကောင်းမွန်စွာ စီစဉ်ထားပြီး ဂိမ်းကို အသာစီးရရန်လမ်းကြောင်းပေးမှာဖြစ်ပါတယ်။ ဤသည်မှာ shot-calling ကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ဆောင်နိုင်စေရန်နှင့် ၎င်းကို မည်သို့လုပ်ဆောင်သည်ကို နားလည်ရန် လမ်းညွှန်ချက်ဖြစ်ပါတယ်။ 

Shotcalling ဆိုတာဘာလဲ?

shot-calling ကိုပြုလုပ်တဲ့သူ “အသင်းခေါင်းဆောင်” နဲ့သက်ဆိုင်ပါတယ်။ သူတို့က အသင်းတစ်ခုလုံးကို ဘယ်နေရာသွားမယ် ဘယ်နေရာကိုတိုက်ခိုက်မယ်ဆိုတာညွှန်ကြားပါတယ်။ သို့သော်၊ ထိုသို့ပုံစံကလည်း အမြဲတမ်းမဟုတ်ပါဘူး။ တခါတရံတွင် အဖွဲ့တွင် shot caller (၂) ဦးသာအများဆုံးရှိပြီး နှစ်ဦးထက်ပိုပြီး အများအပြား shot calling ပြုလုပ်ပါက အသင်းကို ရှုပ်ထွေးစေတာကြောင့်ဖြစ်ပါတယ်။ ဂိမ်းကို အပြိုင်အဆိုင်ဖြစ်စေရန်နှင့် တိုက်ခိုက်မှုတစ်ခုစီတိုင်းကို ကောင်းမွန်စွာစီစဉ်ထားပြီး ဗျူဟာမြောက်စေရန် Shot calling ကို ပြုလုပ်ရပါတယ်။

အတွေ့အကြုံပိုရှိတဲ့သူဖြစ်ပြီး ဗျူဟာချရာမှာကျွမ်းကျင် ရုံသာမကဘဲ MLBB hero များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်သူတစ်ဦးသည် များသောအားဖြင့် shot calling ကို ပြုလုပ်လေ့ရှိပါတယ်။ အဲ့တာတွေအပြင်သူတို့ဟာ ‌သူတို့လမ်းကြောင်းပေါ်ရောက်လာနိုင်တဲ့ hero တိုင်းကို ကောင်းကောင်း နားလည်ထားတာကြောင့် သူတို့ဘယ်လိုအလုပ်လုပ်ပြီး တခြား hero တွေကို တန်ပြန်ရမလဲဆိုတာ သိထားပါတယ်။ ထို့ကြောင့်၊ ပြိုင်ဘက်အသင်းကဘယ်လိုပဲ တန်ပြန်ဗျူဟာချချ shot caller များကတော့ ဂိမ်းကို ဟန့်တားနိုင်ပြီး စိုးမိုးနိုင်မှာဖြစ်ပါတယ်။

ယနေ့ MLBB မှာအကောင်းဆုံး shot caller များထဲမှတစ်ဦးကတော့ာ ဖိလစ်ပိုင်နိုင်ငံမှ Blacklist International Johnmar Villaluna ခေါ် OhMyV33nus ဖြစ်ပါတယ်။ သူတို့ရဲ့အသင်းက MPL-PHM3 နှင့် 2022 ဟနွိုင်းဆီးဂိမ်းတွင် ရွှေတံဆိပ်အပါအဝင် ထိပ်တန်း MLBB ပရိုပြိုင်ပွဲများစွာကို ဆွတ်ခူးနိုင်ထားခဲ့ပါတယ်။ V33nus က MLBB hero များနဲ့ ဗျူဟာများအကြောင်း ကျယ်ပြန့်စွာ သိရှိထားပါတယ်။ ဒါကြောင့်သူနဲ့အပြိုင် ဗျူဟာပေါင်းများစွာကိုစမ်းသပ်ကြလေ့ရှိပါတယ်။  hero များနှင့် ၎င်းတို့၏ ဗျူဟာများကို ကျွမ်းကျင်စွာ အသုံးချခြင်းဖြင့် ဂိမ်းကို စိုးမိုးနိုင်ရုံသာမက သူ့ရဲ့ အတွေ့အကြုံအရ ပြိုင်ဘက်များ‌ရဲ့ လှုပ်ရှားမှုများကို ခန့်မှန်းနိုင်ပြီး အနိုင်ရယူနိုင်ပါတယ်။

ပွဲတစ်ပွဲမှာ shot-call ဘယ်လိုလုပ်ရမလဲ

လူတိုင်းကပရော်ဖက်ရှင်နယ်အဆင့်တွင်မဟုတ်လျှင်ပင် shot-caller တစ်ယောက်ဖြစ်နိုင်ပါတယ်၊ shot-caller တစ်ယောက်ရှိပါက အသင်းတစ်ခုလုံးကို ပိုမိုကောင်းမွန်တဲ့ကစားကွက်တွေနဲ့ ဆော့ကစားနိုင်ပြီး rank မြှင့်တင်ဖို့လည်းကူညီပေးနိုင်ပါတယ်။ အောက်ပါကတော့ shot-calling ဘယ်လိုလုပ်ရမယ်ဆိုတဲ့ လမ်းညွှန် ဖြစ်ပါတယ်။ 

ဂိမ်းကို ကျွမ်းကျင်အောင်လုပ်ပါ

ဂိမ်းရဲ့အလုပ်လုပ်ပုံကို မသိဘဲ ဂိမ်းတစ်ခုအား သင်ညွှန်ကြားနိုင်မှာမဟုတ်ပါဘူး။ စစ်မြေပြင်မှာ ဖြစ်ပျက်နေတာကို နားလည်ရင် အကောင်းဆုံးပါပဲ။ ဂိမ်းအတွင်း ဘယ် hero ဘယ်အချိန်မှာ အကြမ်းဆုံးဖြစ်တယ်ဆိုတာသိရှိသင့်ပါတယ်။ ဘယ်အချိန်မှာ ချောင်းမြောင်းတိုက်ခိုက်ရမလဲ၊ ဘယ်အချိန်မှာ Lord သတ်ရမလဲ၊ ဘယ်အချိန်မှာ လမ်းခွဲပြီး push သင့်လဲ အစရှိသည်တို့ကို လုပ်ဆောင်ရမည့် ပြီးပြည့်စုံတဲ့အချိန်တစ်ခုဆိုတာရှိပါတယ်။ ဂိမ်းကိုအနိုင်ရခြင်းသည် kill အများဆုံးရရှိခြင်းအတွက်မဟုတ်ဘဲ သင့်ရန်သူ၏အခြေစိုက်စခန်းကို ဖျက်ဆီးရမှာဖြစ်ပါတယ်။ ဂိမ်းကိုကျွမ်းကျင်‌အောင်လေ့လာတဲ့အခါမှာ ထည့်သွင်းစဉ်းစားရမည့်အရာများထဲမှ တစ်ခုကတော့ သင်၏အသင်းဖော်များ၏ skill နဲ့ hero များ၏ skillset  တွေမှာ အကန့်အသတ်တွေရှိတယ်ဆိုတာသိထားသင့်ပါတယ်။ 

TankSupport သို့မဟုတ် Core

hero တစ်ကောင်ထဲကိုကျွမ်းကျင်အောင် ကစားမည့်အစား ဘယ် hero ကဘယ်လိုအမျိုးအစားလဲဆိုတာ သိရှိထားရင် shot call ပြုလုပ်နိုင်ဖို့ကူညီပေးပါတယ်။ Tanksupport နဲ့ core hero တွေက jungle တစ်လျှောက် လှည့်ပတ်နေတာဖြစ်တဲ့အတွက်ကြောင့် စစ်မြေပြင်နဲ့ပိုမိုအကျွမ်းတဝင်ဖြစ်တဲ့သူများဖြစ်ပါတယ်။. သူတို့အနေနဲ့ စစ်မြေပြင်သွားလာရန်နှင့် ဗျူဟာချရန် ပိုမိုလွယ်ကူပါတယ်။ Gold နှင့် EXP လမ်းသွားတဲ့ အများအားဖြင့် ၎င်းတို့၏လမ်းကြောကို အာရုံစိုက်ကြပြီး တော်ရုံလမ်းပတ်ခြင်း သို့မဟုတ် jungle တိုးခြင်းတို့မပြုလုပ်တဲ့ သူများနှင့်မတူပါဘူး။ ထို့ကြောင့် သင်သည် shot caller တစ်ဦးဖြစ်လိုပါက၊ စစ်မြေပြင်နှင့် ဂိမ်းကစားခြင်းကို ထိန်းချုပ်ရန် ထို hero အမျိုးအစားများကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့ကျင့်သင့်ပါတယ်။

သင့်ဂိမ်းကစားခြင်းအပေါ်မှာ ယုံကြည်မှုတည်ဆောက်ပါ

အသင်းသားများကတော့ ဂိမ်းဗျူဟာအပေါ် ယုံကြည်မှုရှိတဲ့သူများ ကိုနာခံလေ့ရှိပါတယ်။ သူတို့အားလုံးက သင်နဲ့အတူတူပဲ အနိုင်ရယူချင်ကြတာမို့ မိမိရဲ့လုပ်ဆောင်နိုင်မှု စွမ်းရည်ကိုတောင် မသိတဲ့ တစ်စုံတစ်ယောက်ရဲ့ အမိန့်ကို ယုံကြည်မှာမဟုတ်ပါဘူး။ ဂိမ်းကစားခြင်းနှင့် စစ်မြေပြင်ကို သိရှိခြင်းသာမက သင်ချပြလိုက်တဲ့အရာကဘာလဲဆိုတာကို သိရှိဖို့ ပိုမိုလိုအပ်ပါတယ်။ ယုံကြည်မှုရှိခြင်းက သင့်အား ပိုမိုခိုင်မာအားကောင်းလာစေရန် ကူညီပေးမည်ဖြစ်ပြီး သင့်အသင်းဖော်များ လိုက်နာနိုင်ပြီး အားကိုးနိုင်သည့် အမိန့်ပေးနိုင်သည့်သူတစ်ယောက်အဖြစ်သင့်ကို ဖန်တီးပေးမှာဖြစ်ပါတယ်။

အသင်းနှင့်အဆက်အသွယ်ပြုလုပ်ပါ

ဂိမ်းကစားနေစဉ်အတွင်း အသင်းနှင့် မကြာခဏ ဆက်သွယ်ပြောဆိုခြင်းသည် ဗျူဟာမြောက်ရန် အရေးကြီး ပါသည်။ အချက်ပြမှုများ ပေးပို့ခြင်း သို့မဟုတ် အမြန်စာပို့ခြင်းဖြင့် သင်၏မိုက်ကို ဖွင့်မထားပါက သင် ပြုလုပ်မည့်အပြုအမူ နှင့်ပတ်သက်၍ အသင်းကို အကြောင်းကြားဆက်သွယ်ခြင်းသည် ကောင်းမွန်ပါတယ်။ ရန်သူတို့ကို ချောင်းမြောင်းတိုက်ခိုက်သည့်အခါ သို့မဟုတ် ဆုတ်ခွာရမည့်အချိန်၌လည်း အသင်းနဲ့ ဆက်သွယ်ခြင်းက ပိုမိုကောင်းမွန်ပါသည်။ ဤအရာက သင့်အဖွဲ့ အထူးသဖြင့် အ‌ရှေ့ဆုံးမှကစားသူများအား အသင်းမှဆုတ်ခွာနေသည့်အခါ တိုက်ခိုက်ခြင်းမပြုဘဲ ၎င်းတို့အား ချုံခိုတိုက်ခိုက်ခြင်းမှ ကင်းဝေးစေမည်ဖြစ်သည်။ 

လုပ်ဆောင်ရမည်များနှင့်အစီအစဉ်များချမှတ်ပါ

သေးငယ်သော လုပ်ဆောင်ရန်အချက်များ နှင့် မတူညီသော ဗျူဟာများကို သတ်မှတ်ထားခြင်းသည် သင့်အသင်း ကောင်းမွန်စွာအဆင်မပြေပါက တခြားနည်းဖြင့် စစ်မြေပြင်တွင် ကူညီပေးနိုင်မည်ဖြစ်ပါသည်။  သင့်ရဲ့ hero ရွေးချယ်မှုတွေမှာ အကောင်းဆုံးလှုပ်ရှားမှုဖြစ်ကိုဖြစ်မယ်ဆိုတာမရှိနိုင်ပါဘူး၊ ခြုံခိုတိုက်ခိုက်တာက စိတ်ကူးကောင်းတစ်ခုမဟုတ်ပေမယ့် သင့်ပြိုင်ဘက်ရဲ့ kill streak ကိုရပ်လိုက်တာက ရွှေနဲ့ EXP များများမရအောင် တားထားနိုင်မှာဖြစ်ပါတယ်။ ထို့ကြောင့် သင့်အသင်းသည် ပြိုင်ဘက် 5 ယောက်အသင်းသို့သွားသောအခါတွင် သင့်အဖွဲ့ကို အနိုင်မယူနိုင်ဘူး ဆိုကြပါစို့၊ ထို့နောက် ၎င်းတို့အသင်းမှ 2 သို့မဟုတ် 3 ယောက်ကွဲထွက်နေတဲ့အချိန်မှသာ တိုက်ခိုက်ရန်အစီအစဥ်ကို ချမှတ်နိုင်ပါသည်။ ထိုကဲ့သို့ ရန်သူအသင်းကို ချောင်းမြောင်းတိုက်ခိုက်ပြီး၊ သင်တို့အသင်းမှအသင်းရဲ့နောက်ထပ် လုပ်ဆောင်ရန်အချက် တစ်ခုသို့ ဆက်လက်ပြောင်းရွှေ့နိုင်သည်- ကျန်ရန်သူများကို တိုက်ခိုက်ခြင်း သို့မဟုတ် lane တွန်းခြင်းတ်ု့ဖြစ်ပါတယ်။ 

Shotcalling ရဲ့အရေးပါမှု

Shotcalling ဆိုတာတစ်စုံတစ်ဦးမှ အဖွဲ့အား အမိန့်ပေးရုံပဲလို့ ထင်ရပါလိမ့်မယ်။ ဒါပေမယ့် အဲ့လိုပဲမဟုတ်ပါဘူး၊ ပြိုင်ဘက်ကို အနိုင်ယူဖို့ အားလုံးကို လှည့်ပတ်ပြီး လက်တွဲလုပ်ဆောင်တဲ့ နည်းဗျူဟာတစ်ခုအဖြစ် အဖွဲ့ကို စည်းရုံးဖို့ shotcalling က အရေးကြီးပါတယ်။ ဤသည်မှာ shotcalling ရဲ့ အကျိုးကျေးဇူးများဖြစ်ပါတယ်။ 

စည်းရှိကမ်းရှိကစားနိုင်ခြင်း

shot caller တစ်ယောက်ရှိတာက ဂိမ်းကစားခြင်းကို ပိုမိုသပ်ရပ်စေပြီး  အသင်းသားတိုင်းမှ lane push ခြင်း၊ jungle တိုးနေခြင်း၊ lane များရှင်းလင်းခြင်းနှင့် ရန်သူအသင်းကို ချုံခိုတိုက်ခိုက်ခြင်းတို့ကို တစ်ချိန်တည်းမှာပဲစနစ်ကျစေပါသည်။ ဒါ့အပြင် hero များနဲ့ ကစားသမား များရဲ့ စွမ်းဆောင်နိုင်ရည် ကို တစ်ယောက်တည်းမှ buff တွေအကုန်စားပြီး သို့မဟုတ် kill steal တွေပြုလုပ်ခြင်းမရှိဘဲ ပိုမိုကောင်းမွန်အကျိုးဖြစ်စေပါတယ်။

MLBB Estes Rattan Dragon

ဗျူဟာမြောက်စွာဂိမ်းကစားခြင်း

ကစားသည့်နောက်ဆုံးမိနစ်တွင်ပင် အသင်းအနိုင်ရသည်ဖြစ်စေ ရှုံးသည်ဖြစ်စေ MLBB ရှိ ဂိမ်းဗျူဟာများသည် အရေးကြီးပါသည်။ hero များသည် ကွဲပြားစွာတည်ဆောက်ထားပြီး ကစားနေကြသူများလည်း တစ်ယောက်နှင့်တစ်ယောက်ကစားပုံမတူညီနိုင်ပါ။ အစောပိုင်းဂိမ်းတွင် အသင်းက ပိုအားကောင်းသည်ဖြစ်စေ အလယ်အလတ်မှ နောက်ပိုင်းဂိမ်း တွင် အသင်းက ပိုအားကောင်းသည်ဖြစ်စေ လှုပ်ရှားမှုပုံစံများကို သိရှိခြင်းသည် ဗျူဟာချရာတွင် shot caller များ ထည့်သွင်းစဉ်းစားရန် အရေးကြီးပါသည်။ ပုံမှန်အားဖြင့်၊ အစောပိုင်းဂိမ်းတွင် ဟီးရိုးများသည် အကောင်းဆုံးဖြစ်နေပါက၊ shot caller သည် တတ်နိုင်သမျှစောစီးစွာ Lane များ push ပြီး ရွှေ နှင့် EXP ရရှိရန် တွန်းအားပေးကာ ဂိမ်းကစားခြင်းကို ပြုလု်စေသင့်ပါသည်။ ဒါမှ ပြိုင်ဘက်အသင်းကို ပိုမို ကောင်းမွန်လာစေဖို့ အခွင့်မသာစေတော့ဘဲ အသင်းက အနိုင်ရဖို့ စောစီးစွာ ပွဲကို အဆုံးသတ်နိုင်မှာ သေချာပါတယ်။

hero များရဲ့ skill နဲ့ စွမ်းဆောင်နိုင်ရည်များကိုအကျိုးရှိစွာအသုံးချခြင်း

အသင်းသားများ ရဲ့ hero pool ထဲမှာ hero များအတိုင်း ကောင်းမွန်စွာဗျူဟာချပြီး လမ်းညွှန်ပေးနိုင်တဲ့ သူတစ်ယောက်ရှိခြင်းက hero တိုင်းရဲ့ skill များ နဲ့ စွမ်းရည်များကို မှန်ကန်စွာအသုံးချနိုင်ဖို့သေချာစေပါတယ်။  ဆိုလိုသည်တာကတော့ assassin သို့မဟုတ် support များသည် core သို့မဟုတ် marksman မဟုတ်တာတောင် ဂိမ်းကို လွှမ်းမိုးနိုင်တယ်ဟု ဆိုလိုပါတယ်။ ဤနည်းဖြင့် အနိုင်ရရန် ပိုမိုလွယ်ကူစေပါတယ်။

Hero များကို စုစည်းနိုင်ခြင်း

Shot caller များသည် အသင်းအား မည်သည့်နေရာကိုသွားရမည် မည်သည့်နေရာကိုသွားပြီးတိုက်ခိုက်ရမည်ဟု  အချင်းချင်း ညှိနှိုင်းမှုရရန် ပိုမိုလွယ်ကူစေပါတယ်။ လူတိုင်းအတူတကွလုပ်ဆောင်နေသောကြောင့် lane များကိုရှင်းလင်းစွာထားရှိခြင်းကို ပို၍စီမံခန့်ခွဲစေနိုင်ပါတယ်။ ၎င်းတို့သည် ရွှေနှင့် EXP များကို စုဆောင်းရန်သာ လှည့်ပတ်နေရသည့် hero တစ်ကောင်ထဲမှ ဂိမ်းကို “မတရား လွှမ်းမိုးခြင်း” မပြုကြောင်း သေချာစေကာ ၎င်းတို့၏ အသင်းဖော်များကို level တက်ရန်နှင့် ပိုမိုအားမကောင်းလာစေရန် တားဆီးပေးပါတယ်။ 

အနိုင်ရဖို့အခွင့်အလမ်းပိုများစေခြင်း

ရရှိခဲ့သော အမှတ်များကို အနှစ်ချုပ်အားဖြင့် shot caller များသည် အဖွဲ့၏ အနိုင်ရနိုင်ခြေကို ဦးတည်နေသည်ဟု ကျွန်ုပ်တို့ ကောက်ချက်ချနိုင်ပါတယ်။ ပရိုဂိမ်းတစ်ခုမဟုတ်သည့်တိုင် ကျွမ်းကျင်သောတစ်စုံတစ်ဦးရှိခြင်းသည် အသင်းအား rank တက်စေရန်နှင့် ၎င်းတို့၏ကိုယ်ပိုင် MLBB ပန်းတိုင်များအောင်မြင်ရန် ပိုမိုကောင်းမွန်သော ကစားကွက်များကိုလုပ်ဆောင်ရန် အသင်းကို အကျိုးရှိစေနိုင်ပါတယ်။ အထူးသဖြင့် ၎င်းတို့၏ အသင်းလိုက် လှုပ်ရှားမှုပုံစံများ ကောင်းမွန်နေပါက ကစားသမားများအား အသင်းအဖွဲ့ဖွဲ့ရန်လည်း ပိုမိုလွယ်ကူစေပါတယ်။

Codashop တွင် သင်၏ MLBB Diamonds များကို ဖြည့်သွင်းရန် မမေ့ပါနှင့်။ ကျွန်ုပ်တို့တွင် MLBB Diamonds များကို ဝယ်ယူရန် မြန်ဆန်ပြီး အဆင်ပြေသောနည်းလမ်းရှိပါတယ်။ သင်၏ Mobile Legends အသုံးပြုသူ IDသင်ဝယ်ယူလိုသော MLBB Diamonds ပမာဏနှင့် သင်နှစ်သက်သော ငွေပေးချေမှုနည်းလမ်းကို ဖြည့်သွင်းပါ။ ၎င်းသည် ရိုးရှင်း၊ မြန်ဆန်ပြီး၊ အားစိုက်ထုတ်စရာသိပ်မလိုပါဘူး။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here