VALORANT: Night Market မှာ ဘာတွေကိုစောင့်မျှော်နိုင်မလဲ

0
197

Night Market နှင့် မိတ်ဆက်ခြင်း

VALORANT မှာ ‌Gun Skins တွေကိုရယူနိုင်ဖို့နည်းသုံးနည်းရှိပါတယ်၊ အဲ့တာတွေကို bundles တွေနဲ့ ဟိုးအရင်ကထွက်ရှိခဲ့တဲ့ Skins တွေကိုရယူနိုင်တဲ့  in-Game Store ထဲကနေရယူနိုင်မှာဖြစ်ပါတယ်။ လက်ရှိ Act အတွက် သီးသန့် Skins တွေပါဝင်တဲ့ Battle Pass လဲရှိပါတယ်။ နောက်ဆုံးအနေနဲ့ ဟိုးအရင်ထွက်ထားတဲ့ Skins တွေကိုလျှော့စျေးနဲ့ဝယ် နိုင်မယ့် အချိန်အခါလိုက် Night Market လဲရှိပါသေးတယ်။ ဤဆောင်းပါးမှာ ကျွန်ုပ်တို့က သင့်အား Night Market ကို လမ်းညွှန်ပေးပြီး မည်သည့်အရာတွေကို သတိထားရမလဲဆိုတာကို အကြံပြုပေးမှာဖြစ်ပါတယ်။

Night Market ဆိုတာဘာလဲ? 

VALORANT Night Market ဆိုတာ Act တစ်ကြိမ်လျှင်တစ်ခါ ပါလာတတ်တဲ့ event အသေးစားလေး တစ်ခုဖြစ်ပြီး Skin Bundles တွေထဲကဟိုးအ‌‌ရင်ကထွက်ထားတဲ့ Skins ‌ခြောက်ခုကို လျှော့စျေးနဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ကန့်သတ်ချက်များကတော့ player တစ်ယောက်စီကို Night Market ရဲ့ skins တွေ ကျပန်းပေးတာဖြစ်တာကြောင့် သင့်အနေနဲ့ ဘာကိုရမယ်ဆိုတာမသိနိုင်သေးပဲ သင်ဘာရမယ်ဆိုတာသိတဲ့အခါကျရင်တော့ re-roll လုပ်လို့ရတော့မှာမဟုတ်ပါဘူး။ နောက်ထပ်ကန့်သတ်ချက် တစ်ခုကတော့ Night Market မှာမရရှိနိုင်တဲ့ skins တွေရှိပါတယ်။ ဥပမာအားဖြင့် VALORANT Champions 2022 skin bundle ထဲ့က Gun နဲ့ Melee လက်နက် skins ကတော့ Night Market မှာရနိုင်တော့မှာမဟုတ်ပါဘူး။ ထပ်မံ၍ Night Market မှာရှိတဲ့ skins နှစ်ခုက skin bundle တစ်ခုထဲကလာမှာမဟုတ်ပါဘူး။ ဥပမာအားဖြင့် the Recon Phantom နဲ့ Recon Ghost skin နှစ်ခုကတစ်ချိန်ထဲမှာပြိုင်တူ Night Market မှာပေါ်မှာမဟုတ်ပါဘူး။ Phantom သို့မဟုတ် Ghost နှစ်ခုထဲကတစ်ခုသာပေါ်မှာဖြစ်ပါတယ်။

Night Market ကဘယ်တော့လာမှာလဲ? ဘယ်လိုအသုံးပြုရမလဲ?

Night Market က Act အသစ်မစတင်မီမှာရရှိနိုင်မှာဖြစ်ပါတယ်။ ရာဇဝင်အရ၊  Act တစ်ခုမကုန်ဆုံးမီ ၃ ပတ်အလို Act အသစ်တစ်ခုမစတင်မီ တစ်ပတ်အလိုမှာ လာတတ်ပါတယ်။ Episode 5 Act 3 အတွက် Night Market  ထွက်မည့်ခန့်မှန်းအချိန်သည် Act တစ်ခု၏ကျန်ရှိနေသေးသောအချိန် Battle Pass ကြာချိန်ပေါ်မူတည်၍ နိုဝင်ဘာလနှောင်းပိုင်း ဒီဇင်ဘာလစောစောလောက်ဖြစ်နိုင်သည်။  Night Market ကြာချိန်သည်ကွဲပြားနိုင်သော်လည်းသာမန်အားဖြင့် အနည်းဆုံး ၂ ပတ်ကြာမြင့်ပါသည်။ Night Market လာချိန်ကိုသိရှိရန်၊ VALORANT home screen မှညာဘက်ပေါ်ထောင့်ရှိ card တွင် player များကို အချက်ပေးမည်ဖြစ်ပြီး ထို card သည် သတင်းနှင့်အချက်အလက်အသစ်များကိုဘယ်ဘက်တွင်ဖော်ပြသည့် home screen တွင်ရှိပြီး setting menu ခလုတ်မလာခင်နေရာတွင်ရှိပါတယ်။  [စာရေးသူ၏မှတ်ချက်- VALORANT သည် Episode 5Act 3 မှစတင်၍ ၎င်း၏အသုံးပြုသူအင်တာဖေ့စ်ကိုပြောင်းထားသောကြောင့်၊ ဤနေရာတွင်ပေးထားသော home screen screen ပုံသည် Episode 5Act 2 မှဖြစ်သည်]

VALORANT Night Market Home screen

Night Market မှာရရှိနိုင်သော Skin များ

Night Market တွင်ရရှိနိုင်သော skin များကို SelectDeluxe နှင့် Premium ဟူ၍သုံးမျိုးခွဲခြားထားသည်။ Select နှင့် Deluxe ဖန်တီးမှု skin များသည် Premium skin မှကွဲပြားစေရန်ထပ်မံထည့်သွင်းထားသော visual effects များနှင့် အပြီးသတ် animation များမပါရှိပါ။  Select သည် စျေးအသက်သာဆုံး (ပျမ်းမျှ 2900 VALORANT Points) နှင့် Premium သည် စျေးအကြီးဆုံး (ပျမ်းမျှ 7100 VALORANT Points) တို့နှင့်အတူ စျေးနှုန်းအပိုင်းအခြားမှာလည်း ကွဲပြားပါသည်။ ဖော်ပြထားသည့်အတိုင်း Night Market တွင်မရရှိနိုင်သော skin များလည်းရှိပြီး Store တွင် ၎င်းတို့၏ သက်တမ်းကုန်ဆုံးပြီးနောက်တွင်လည်းမရရှိနိုင်ဖို့ကပိုများပါသည်။ VALORANT Champions Tour နှင့် Sentinels of Light Special crossover ကဲ့သို့သော အထူးပွဲစဉ်များနှင့် တိုက်ဆိုင်သည့် အဆိုပါ Exclusive Edition စကင်များကို များသောအားဖြင့် အချိန်အကန့်အသတ်ဖြင့် ရရှိနိုင်ပါသည်။ အောက်ပါစာရင်းသည် ယခင် skin bundles များမှ Night market တွင်ရရှိနိုင်သော skin များစာရင်းအပြည့်အစုံကိုပြသထားခြင်းဖြစ်ပါသည်။ ထို bundle များအောက်တွင်ထွက်ရှိသော Gun နှင့် Melee လက်နက် Skin များကတော့ Night Market မှာရရှိနိုင်မည်ဖြစ်ပါသည်။

Select Edition

  • Convex
  • Endeavour
  • Galleria
  • Infantry
  • Luxe
  • Prism II
  • Rush
  • Sensation
  • Smite

Deluxe Edition

  • Aristocrat
  • Avalanche
  • Horizon
  • Minima
  • Nunca Olvidados
  • Prism
  • Sakura
  • Sarmad
  • Silvanus
  • Snowfall
  • Team Ace
  • Tigris
  • Titanmail
  • Wasteland
  • Winterwunderland

Premium Edition

  • Celestial
  • Doodle Buds
  • Ego
  • Forsaken
  • Gaia’s Vengeance
  • Gravitational Uranium Neuroblaster
  • Ion (Episode 1)
  • Magepunk
  • Nebula
  • Neptune
  • Oni
  • Origin
  • Prime
  • Prime 2.0
  • Radiant Crisis 001
  • Reaver
  • Recon
  • Sovereign
  • Spine
  • Tethered Realms
  • Undercity
  • VALORANT Go! Vol. 1
  • VALORANT Go! Vol. 2
  • Xenohunter

ဘာကြောင့်ကျွန်ုပ်တို့က Night Market ကိုစောင့်မျှော်သင့်သလဲ?

တကယ်ကောင်းတဲ့ skin တွေကို ရှာနေပေမယ့် အကောင့်ထဲမှာ VALORANT Points လုံလုံလောက်လောက်မရှိတဲ့သူတွေအနေနဲ့ skins တွေကို လျှော့စျေး 50% အထိ ရောက်နိုင်တဲ့အတွက် Night Market မှာ သူတို့စိတ်ကြိုက် skin တွေအလှည့်ရောက်ဖို့ကို စောင့်နိုင်ပါတယ်။ ဒါက Night Market ရဲ့အကြီးများဆုံးဆွဲဆောင်မှုလို့ ကျွန်ုပ်ထင်မြင်မိပါတယ် – အခြေခံအားဖြင့်တော့ skins များကိုစျေးနည်းနည်းနဲ့ရနိုင်မှာဖြစ်ပါတယ်။ သင်လိုချင်တဲ့ skin ကိုရနိုင်ဖို့ဆိုတာကတော့ စိတ်ရှည်ဖို့တော့ လိုမှာဖြစ်ပါတယ်။ ကျွန်တော်ဆို Night Market မှာ Ion Phantom Ion Sheriff နဲ့ Ion Operator ကဲ့သို့သော skin များကို စောင့်မျှော်လျက်ရှိသော်လည်း၊ ယခုအချိန်ထိ ဂိမ်းဆော့တဲ့နှစ်နှစ်တာကာလအတွင်းမှာတော့ တစ်ခုတောင် မပေါ်လာသေးပါဘူး။

အသံပိုင်း နဲ့ finisher visual ကောင်းမွန်တာကြောင့် player အများစုက Prime Vandal နဲ့ Glitchpop Vandal ကဲ့သို့ skin များကိုစောင့်မျှော်လေ့ရှိပါတယ်၊ ဒါ့အပြင် ၎င်းတို့သည် player ရဲ့ စွမ်းဆောင်ရည်ကိုလည်း အနည်းငယ်ပံ့ပိုးပေးနိုင်မှာပဲဖြစ်ပါတယ်။ ထိုကဲ့သို့သော skin များကိုလည်းစောင့်ကြည့်ထား‌သင့်ပါတယ်။ အကယ်၍သင်က Gun တွရဲ့လက်တွေ့ဆန်တဲ့ပုံစံကို ကြိုက်နှစ်သက်တယ်ဆို Infantry နဲ့ Recon skin ကဲ့သို့သော skin များကို စောင့်မျှော်သင့်ပါတယ်။ ကျွန်ုပ်ရဲ့ Night Market မှာတို Infantry Guardian နဲ့ Recon Ghost skin နှစ်ခုလုံးကိုတစ်ပြိုင်တည်းပေါ်လာတဲ့အချိန်ကိုတောင်သတိရမိပါတယ်။  Oni Phantom နဲ့အတူ Magepunk Ghost Magepunk Spectre နဲ့ Reaver Vand‌al ကဲ့သို့သော skin များကလည်းလူကြိုက်များတဲ့ skin များဖြစ်ပါတယ်။ တစ်ချိန်ထဲတွင် Sovereign Ghost နဲ့ Sovereign Marshal ကဲ့သို့သော skin တွေကတော့ skin တွေကြားထဲမှ ကျွန်ုပ်အကြံပြုလိုတဲ့ skin များဖြစ်ပါတယ်။ Opreator အတွက်၊ Exclusive Edition skin များမှလွဲ၍ ကစားသမားများရရှိလေ့ရှိသည့် skin များမှာ Spline နှင့် Reaver skin တို့ဖြစ်ပါတယ်။ 

စောင့်ဆိုင်းနိုင်သူများအတွက်ကတော့ ကောင်းမွန်တဲ့ skin များရနိုင်မှာဖြစ်ပါတယ်။ သင်ကြိုက်နှစ်သက်တဲ့ skin များကိုရနိုင်မည်သာမက VALORANT Points အများအပြားသက်သာမှာဖြစ်ပါတယ်။ Skin များများကို အနည်းငယ်သုံး၍ရယူလိုက်ပါ။

Codashop မှတဆင့် သင်၏ VALORANT Points များကို ဖြည့်သွင်းရန် မမေ့ပါနဲ့။ ကျွန်ုပ်တို့တွင် VALORANT Points များကို ဝယ်ယူရန် လျင်မြန်ပြီး လုံခြုံသောနည်းလမ်းတွေရှိပါတယ်။ သင့်ရဲ့ Roit ID ဝယ်ယူလိုတဲ့ VALORANT Points ပမာဏနဲ့ နှစ်သက်တဲ့ ငွေပေးချေမှုနည်းလမ်းနဲ့ဝယ်ယူနိုင်ပါသည်။ ထိုသို့သောနည်းသည်သင့်အားလုံခြုံပြီးအရှုပ်အရှင်းကင်းတဲ့ အတွေ့အကြုံကိုရရှိနိုင်မှာ အသေအချာပဲ ဖြစ်ပါတယ်။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here