PUBG Mobile 2.3 Update : Leo Messi နှင့်အတူ ကမ္ဘာ့ဖလားကို ဂုဏ်ပြုခြင်း

0
137

PUBG x Messi Collab

နာမည်ကျော် Battle Royale ဂိမ်းဖြစ်သည့် PUBG Mobile သည် ၎င်း၏ soccer-themed နှင့် ကမ္ဘာ့အကောင်းဆုံးဘောလုံးကစားသမားများထဲမှတစ်ဦးဖြစ်သည့် Lionel “Leo” Messi နှင့် ပူးပေါင်းကာ အပြတ်အသတ်ပေါ်လွင် ထင်ရှားလာပါတယ်။ နိုဝင်ဘာလ 10 ရက်နေ့တွင် “Captain Messi’s Invitation” ကမ်ပိန်းကိုစတင်ခဲ့ပြီးနောက် နိုဝင်ဘာလ 17 ရက်နေ့တွင်ထွက်ရှိသောအဓိက update (2.3) နှင့်အတူ ထို event သည်ဖီဖာကမ္ဘာ့ဖလားပွဲတော်နဲ့ တိုက်ဆိုင်ထားပါတယ်။ ဤဆောင်းပါးတွင်၊ Shop တွင် ရရှိနိုင်သော ဘောလုံး themed items များ နှင့် ဆုလက်ဆောင်များနှင့်အတူ ဤရာသီ၏ Royale Pass တို့တွင် မည်သည့်အပြောင်းအလဲများကို ပြုလုပ်ထားသည်ကို ပြသမည်ဖြစ်ပါသည်။  [မှတ်ချက်– “ဘောလုံး(Football)” နှင့် “ဘောလုံး(soccer)” တို့သည် ဤဆောင်းပါးတွင် အပြန်အလှန်သုံးနိုင်သော အသုံးအနှုန်းများဖြစ်သည်]

PUBG Mobile 2.3 အဓိက Update: အသေးစား event များ နှင့် ဆုလာဘ်များ 

FIFA ကမ္ဘာ့ဖလား နှင့် တိုက်ဆိုင်ရန် အတွက် ၊ PUBG Mobile သည် နိုဝင်ဘာလ 10 ရက်နေ့တွင် “Captain Messi’s Invitation” ကမ်ပိန်း ကိုစတင်ခဲပြီး ထို ကမ်ပိန်းတွင် ကစားသမား များသည် အတူတကွ ပူးပေါင်းဆောင်ရွက်သည့် event နှင့် 2.3 update ကို လူမှုကွန်ယက်တွင် PUBG မိုဘိုင်းရဲ့  “ပထမဆုံး football-themed gameplay” ဖြစ်တဲ့ PUBG Mobile Chicken Cup ကို support လုပ်အားပေးရန် မျှဝေနိုင်ပါတယ်။ ပထမဆုံးမျှဝေသည့်အတွက် ရမည့်ဆုလာဘ်မှာ Battle Points (ဂိမ်းတွင်းငွေကြေး) ဖြစ်ပြီး၊ နိုဝင်ဘာ 10 မှ ဒီဇင်ဘာ 18 ရက်နေ့အထိ နောက်ဆက်တွဲမျှဝေမှုတိုင်းသည် ကစားသမားများအား event ပြီးဆုံးပြီးနောက် အချိန်အကန့်အသတ်ဖြင့် အဝတ်အစားဖြစ်သည့် Messi X PUBG Mobile Collaboration Jersey ကို ပေးမှာဖြစ်ပါတယ်။

နိုဝင်ဘာလ 17 ရက်နေ့တွင် 2.3 update မှ စတင်၍ ကစားသမားများသည် ဂိမ်းအတွင်း soccer-themed activities များတွင် ပါဝင်နိုင်ပါသည်။ အောက်ဖော်ပြပါဇယားတွင် နိုဝင်ဘာ 20 ရက်မှ ဒီဇင်ဘာ 18 ရက်အထိကျင်းပသည့် “ပန်းတိုင်တစ်ခုအတွက် စည်းလုံးခြင်းပင်မ event အောက်ရှိ activities များကို စာရင်းပြုစုထားပါသည်။

Event ကြာချိန် 
ဆုမွန်ကောင်းများ (Well Wishes) နိုဝင်ဘာ 20 – ဒီဇင်ဘာ 18
အနိုင်ရသူ ရွေးချယ်မှု (Winning Choice) နိုဝင်ဘာ 20 – ဒီဇင်ဘာ 3
သူငယ်ချင်းများနှင့် Rank ဆော့ခြင်း (Rank Up With Friends) နိုဝင်ဘာ 20 – ဒီဇင်ဘာ 3
ထိပ်တန်းရည်မှန်းချက် (Top Goal ) နိုဝင်ဘာ 20 – ဒီဇင်ဘာ 18
သင့်အသင်းကိုပေါင်းစည်းခြင်း (Unite Your Team) နိုဝင်ဘာ 20 – ဒီဇင်ဘာ 18

 

Well Wishes နှင့် Winning Choice များသည် ကစားသမားများအား အသင်းများကို အားပေးခြင်း (Well Wishes) နှင့် ပြိုင်ပွဲတွင် မည်သူအနိုင်ရမည် (Winning Choice) ကို ခန့်မှန်းသည့် အချိန်အကန့်အသတ်ဖြင့် event များဖြစ်သည်။ Rank up With Friends နှင့် Unite Your Team သည် squad-based အသင်းနှင့် ဆော့ကစားရသည့် မစ်ရှင်များဖြစ်ပြီး ဆုလာဘ်များ နှင့် boosts များကို squad လိုက်ရရှိနိုင်မှာဖြစ်ပါတယ်။ တစ်ချိန်တည်းတွင် Top Goal သည် ကစားသမားတစ်ဦးချင်းစီအား Well Wishes event တွင် မိမိ အားပေးသည့်အသင်းကို အားပေးရာတွင်အသုံးပြုနိုင်သည့် rose နှင့် Event Shop တွင်ဝယ်ယူနိုင်သော သီးသန့် items များဖြစ်သည့် jersey နှင့် kits များ၊ glider trials များ၊ graffitis များ၊ ကူပွန်များ၊ ခဲခြစ်ကံစမ်းမဲများ၊ အချိန်ကန့်သတ်ထားသည့် theme များ၊ emotes များ၊ vehicle customization များ၊ avatar frame များနှင့် လျှော့စျေးဘောင်ချာများ ကိုဝယ်ယူနိုင်သည့် အချိန်အကန့်အသတ်ဖြင့် event ငွေကြေးဖြစ်သည့် (football coins)အပါအဝင် အချိန်အကန့်အသတ်ဖြင့် event များတွင်အသုံးပြုနိုင်သည့်  ဂိမ်းတွင်းငွေကြေးအချို့ ရရှိရန် သီးသန့်လုပ်ဆောင်ချက်များကိုပေးထားပါသည်။

အခြားသော soccer-themed events များတွင် အထက်ဖော်ပြပါ “Captain Messi’s Invitation”Cheer ParkOne-Kick Wonder နှင့် Clubs event များ ပါဝင်ပါသည်။ Cheer Park event တွင် ကစားသမားများအား ပင်နယ်တီကန်သွင်းခြင်း နှင့် ဘောလုံးယာဉ်ပြိုင်ပွဲ ကဲ့သို့သော တစ်ဦးချင်းအလုပ်များကို အပြီးသတ်ရန်အတွက် ဘောလုံးသီးသန့် lobby များ (Erangel နှင့် Livik Ranked Cue) မှာလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ One-Kick Wonder event တွင်ကစားသမားငါးဦး တစ်ချက်စီထိပြီး ဘောလုံးပေး ကာကစားနိုင်သော ဘောလုံးကွင်းတစ်ခု ပါဝင်ပါသည်။ ရည်ရွယ်ချက်မှာ ရိုးရှင်းပါတယ် – ရည်မှန်းချက်များကို ပြီးမြောက်အောင်ဆော့ကစားပြီး ဘောလုံးကို 5 ကြိမ်အတွင်း ဂိုးပေါက်ဆီသို့ ပို့ဆောင်ခြင်းဖြင့် point များရယူနိုင်ပါတယ်။ ဤအသေးစားဂိမ်းအတွက် ဆုလာဘ်များတွင် Event Shop ရှိ ပစ္စည်းများအတွက် လဲလှယ်နိုင်သော football coins များ ပါဝင်ပါတယ်။ One-Kick Wonder event တွင် မစ်ရှင်များ ပြီးဆုံးပါက ကစားသမားများသည် Event Shop တွင် မိမိတို့စိတ်ကြိုက် အမြဲတမ်းအသုံးပြုနိုင်သည့် kits နှစ်စုံ(အပေါ်ပိုင်း jersy နှင့် ဘောလုံးဘောင်းဘီ ပါဝင်သည့်ဘောလုံးအဝတ်အစားအပြည့်အစုံ) ကို ရရှိနိုင်မှာဖြစ်ပါတယ်။ Clubs event တွင် PUBG Mobile ၏ ဆိုရှယ်မီဒီယာကဏ္ဍကို အကောင်းဆုံး ကွန်မြူနတီ ဗီဒီယိုများနှင့် ပို့စ်များကို အသားပေးပြသခြင်းနဲ့ မိတ်ဆက်ထားပါတယ်။ သင့်တည်နေရာ သို့မဟုတ် ကမ္ဘာပေါ်ရှိ အခြားနေရာများတွင် လူများနှင့်အဖွဲ့များကို သင် follow လုပ်နိုင်မှာဖြစ်ပါတယ်။ အကြောင်းအရာများတွင် ဂိမ်းကစားသည့် ဗီဒီယိုများ၊ tips and tricks များ နှင့် ကစားသမားများ၏ အထွေထွေဘဝ update များမှ ပါဝင်မှာဖြစ်ပါတယ်။

ဘောလုံးအားကစားကွင်း နှင့် Football-themed ဖြင့်ဂိမ်းကစားခြင်း

Leo Messi နှင့် ပူးပေါင်းဆောင်ရွက်ထားသည့် အားမာန်ဖြင့် PUBG Mobile သည် Ranked maps များဖြစ်သည့် Erangel နှင့် Livik တို့တွင် “Football Carnival” ဟု အမည်ပေးထားသည့် football-themed နေရာများကို မိတ်ဆက်ပေးထားပါတယ်။ ဤတွင်၊ ကစားသမားများသည် နောက်ထပ်ဆုများရရှိရန်အတွက် Cheer Park တွင် မစ်ရှင်များကို အပြီးသတ်နိုင်မှာဖြစ်ပါတယ်။  အထက်ဖော်ပြပါ မြေပုံများတွင် ကစားသမားများ မြေပုံ၏ အမျိုးမျိုးသော နေရာများတွင် ကောက်ယူနိုင်သည့် နောက်ထပ် နည်းဗျူဟာ items များပါရှိပါတယ် : ရန်သူများကို ဆွဲဆောင်ရန် သို့မဟုတ် Football Arena တွင် ဂိုးများသွင်းယူရန် မြေပုံပတ်ပတ်လည် တွင်ဘောလုံးကန်ရာတွင် အသုံးပြုနိုင်သည့် “Wonder Football” နှင့် ကစားသမားများအား အထူး “feint” maneuver ကိုပြုလုပ်နိုင်သည့် “Messi ၏ ရွှေဖိနပ်” တို့ဖြစ်ပါတယ်။

ဤမြေပုံများ၏ Football Carnival ကဏ္ဍတွင် အရှေ့အလယ်ပိုင်းဗိသုကာလက်ရာများ (ကာတာတွင်ကျင်းပနေသည့် ကမ္ဘာ့ဖလားပြိုင်ပွဲကိုရည်ညွှန်းသည့်)၊ resources များစွာ၊ အပြင်အဆင်အလိုက် equipment များ၊ ဘဏ္ဍာတိုက်များနှင့် ရထားလမ်းစနစ်ကိုအသုံးပြု၍ ဧရိယာအတွင်း လျင်မြန်စွာသွားလာနိုင်ရန် Zorb Football Vehicle တို့လည်းပါရှိပါတယ်။ Launchers နှင့် Respawn Card များကိုလည်း ရရှိနိုင်သောကြောင့် ကစားသမားများသည် ဧရိယာအသစ်အတွေ့အကြုံကို ကောင်းမွန်စွာ ခံစားနိုင်မှာ ဖြစ်ပါတယ်။

Football Arenas များသည် ကစားသမားများသည်  သို့ဝင်ရောက်ပြီး Wonder Football ဖြင့် ဂိုးများ သွင်းယူခြင်းဖြင့် ကစားသမားများ အထူးပစ္စည်းများကို ရယူနိုင်သည့် မြေပုံပေါ်တွင် အမှတ်အသားပြုထားသည့် အထူးဧရိယာ များဖြစ်ပါတယ်။ Arenas အားလုံးတွင် ဂိုးသွင်းနိုင်ခြင်းဖြင့် ကစားသမားများအား Easter Egg ဆုလာဘ်ရရှိနိုင်မှာဖြစ်ပါတယ်။ 

Map Updates များ

Erangel နှင့် Livik တွင် အချို့သောပြောင်းလဲမှုများသည် 2.3 update တွင် သက်ရောက်မှုရှိလာပါတယ်။ ဤသည်မှာ မြေပုံများအတွက် အလုံးစုံပြောင်းလဲမှုများစာရင်းဖြစ်ပါတယ်:

Erangel

  1. ကစားသမားများ resources များ ရယူနိုင်သည့် မြေပုံပေါ်တွင် supply ဂိုဒေါင်တစ်ခုကို တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။
  2. item အသစ်တစ်ခု၊ Vehicle Radar ကို Supply Shop မှ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဤအရာသည် အနီးနားရှိ လစ်လပ်နေသော ယာဉ်များကို စကင်န်ဖတ်နိုင် ပါတယ်။
  3. Stabler သည် ကေဘယ်ကားသုံးစီး လုပ်ဆောင်နေမှု ဖြင့် မြေပုံကို လျင်မြန်စွာ သွားလာ ဖြတ်ကျော်နိုင်ကာ ကစားသမားများကို ပိုမိုတိုးတက်ကောင်းမွန်လာစေပါတယ်။

Livik

  1. Dawn and Dusk weather effect ကို ထည့်သွင်းထားပါတယ်။
  2. တိုက်ခိုက်ရေးအတွေ့အကြုံကို မြှင့်တင်ရန်အတွက် Refinery တွင်အပြောင်းအလဲအချို့ကိုပြုလုပ် ထားပါတယ်။

Royale Pass – Cycle 3, Season 9

PUBG Mobile Tier Goal

Royale Pass ရာသီသစ် (နိုဝင်ဘာ 20 မှစတင်သည်) သည် ကစားသမားများသည် ရာသီအတွက် ရောက်ရှိလိုသော tier တစ်ခုကိုသတ်မှတ်ကာ BP နှင့် Supply Crate Vouchers များကဲ့သို့သော ဆုလာဘ်များရယူနိုင်သည့် Tier Goal စနစ်ကိုမိတ်ဆက်ပေးထားပါတယ်။ ဤရာသီအတွက် ဆုလက်ဆောင်များ တွင် C3S9 SetC3S9 လေထီး၊ C3S9 CoverC3S9 MaskC3S9 – M24 နှင့် C3S9 မျက်မှန်များ ပါဝင်ပါတယ်။

update အသစ်နှင့် messi နဲ့ပူးပေါင်းဆောင်ရွက်မှုအတွက် သင်စိတ်လှုပ်ရှားနေပြီလား? Erangel နဲ့ Livik တစ်လျှောက် Wonder Footballs များကို ကန်ဖို့ ကြိုးစားခဲ့ပြီး duel တွေအလယ်မှာ ကိုယ်တိုင် ဝင်ရောက်နိုင်ခဲ့ပါတယ်။ အဲ့တာကို သိရှိရုံနဲ့ သင့်ကို စိတ်လှုပ်ရှားဖို့ မစွမ်းဆောင်နိုင်သေးဘူးဆိုလျင်၊ ၎င်းကို သင်ကိယ်တိုင် ကြည့်ရှုပြီး အမျိုးမျိုးသောမစ်ရှင်များကို စမ်းကစားကြည့်ကာ PUBG Mobile ကမ်းလှမ်းထားသော football-themed ပစ္စည်းကောင်းလေးများဖြစ်သော များကို ခံစားကြည့်လိုက်ပါ။

PUBG Mobile အတွက် UC တွေကိုလည်း Codashop မှာဘဲ ဖြည့်ဖို့ မမေ့နဲ့နော်။  ကျွန်တော်တို့က login ဒါမှမဟုတ် စကားဝှက်မလိုအပ်ဘဲ ပိုမိုမြန်ဆန်တဲ့ ငွေဖြည့်မှုတွေကို ပြုလုပ်ပေးနေပါတယ်။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here