Mobile Legends မှာ အရှားပါးဆုံး Skin 6 ခု

1
2099

MLBB Rarest Skins

ဒီ ရှားပါးတဲ့ Skins တွေ ပြန်ပေးပါအုန်း!

Hero skins တွေ က Mobile Legends ရဲ့ အဓိကဆွဲဆောင်မှု တစ်ခုဘဲဖြစ်ပါတယ်။ MLBB ကစားသမားတွေက သူတို့ Main Hero တွေကို ဒီဇိုင်းအသစ်တွေနဲ့ အလှဆင်ဖို့၊ အမိုက်စား Skin Effect တွေ တပ်ဆင်ဖို့ နောက်ဆုံး Skin အသစ်တွေ ထွက်ရှိမှာကို စောင့်မျှော်နေပါတယ်။ ပြီးတော့ ဂိမ်းထဲမှာ ကြွားဖို့ပေါ့။ Skin အများစုက Store ထဲမှာ အလွယ်တကူ၀ယ်လို့ရပေမယ့် ရှားပါးတဲ့ Skin တွေကို ရဖို့ကတော့ အဲ့လောက်မလွယ်ပါဘူး။ Gacha Draws နဲ့ Limited-Time Events တွေကနေ ရရှိနိုင်တဲ့ ရှားပါးတဲ့ Skin ၆ ခု ကတော့ အောက်ဖော်ပြပါအတိုင်းပါဘဲ။ ဒီ ရှားပါး Skin တွေထဲက တစ်ခုကို ရဖို့အတွက်လောက်ထိ သင်ကံကောင်းပါ့မလား? 

Nana Wind Fairy

Nana Wind Fairy

Nana Main တွေအသဲအသန်လိုချင်ကြတာကတော့ The Sweet Leonin’s MPL Exclusive Skin ပါဘဲ။ ဒီ Special Skin မှာဆိုရင် Nana ကို အပြစ်မဲ့တဲ့မြေခွေးမလေးအဖြစ် နဲ့တွေ့ရပြီး Skill Effect အသစ်ကတော့ အရောင်ပြောင်းတာပါဘဲ။ Wind Fairy ကတော့ အရမ်းနန်းစံသလောက် အရမ်းလည်းရှားပါးပါတယ်။ သူ့ကို MPL Tournament မှာဘဲ ရနိုင်ပြီး Limited-Time Skin Encore လို Pops up တို့မှာဘဲ​ ရနိုင်ပါတယ်။

Aldous King of Supremacy

Aldous King of Supremacy

ဒီ အရမ်းမိုက်တဲ့ Skin ကတော့ Aldous (the Soul Contractor) ကို အရမ်းကြမ်းတဲ့ အသွင်ကိုပြောင်း စေပါတယ်။ ဒီလို အရမ်းမိုက်တော့ ရှုံးဖို့ခက်ခဲပါတယ်။ ဒီ King of Supremacy Skin ကတော့ အရမ်းရှားပြီး အရင် ၂၀၁၉ နို၀င်ဘာလ M1 World Championship မှာဘဲ ရောင်းခဲ့တဲ့ Exclusive Skin ပါ။ ဒါကို ရဖို့ လွတ်သွားတဲ့သူကတွေဖို့ကတော့ ဆောရီးပါ။ ဒါက ဘယ်တော့မှာ ပြန်မလာတော့ပါဘူး။ 

Lesley Angelic Agent

Lesley Angelic Agent

Lesley ရဲ့ ပင်လယ်ဓားပြကို အခြေခံထားတဲ့ Skin ဖြစ်ပြီး အရမ်းမိုက်ပါတယ်။ Angelic Agent ကတော့ ၂၀၁၉ တုန်းက (1) Dig = (100) Diamonds နဲ့ အချိန်အကန့်အသတ်နဲ့ကံစမ်းရတဲ့ Diamond Vault Event မှာ ပထမဆုံး ဖော်ပြခံထားရတဲ့ Legend Skin ဘဲဖြစ်ပါတယ်။ အဲ့တုန်းက ဒီ အရမ်းကြမ်းတဲ့ Sniper Look ကြီးရဖို့ ၉,၀၀၀ Diamonds လောက်ကျပါတယ်။ ဒါကတော့ တကယ့်ကို ရှားပါးတဲ့ အလှတစ်ခုပါဘဲ။ 

King of Fighters Skin Line

King of Fighters Skin Line

King of Fighters တွေနဲ့ ပူးပေါင်းထားတဲ့ Mobile Legends ကတော့ အရမ်းကိုမိုက်တဲ့ Collaboration တစ်ခုပဲဖြစ်ပါတယ်။ သူက MLBB Heors တွေကို KOF Characters တွေကို အဖြစ်ပြုလုပ်ထားပါတယ်။ Dyrroth (Orochi Chris) Chou (Iori Yagami) Guinevere (Athena Asamiya) Karina (Leona) Aurora (Kula Diamond) နဲ့ Gusion (K’) တို့ဖြစ်ပါတယ်။ ဒီ Collab Skin ကတော့ အရမ်းထူးခြားပါတယ်။ ဘာလို့လဲဆိုတော့ movement skills effects icons နဲ့ ဗီဒီယိုဂိမ်းထဲက ဂျပန် အသံတွေကိုတောင် ထည့်ထားလို့ပါ။ ဒီအချိန်ကန့်သတ်ထားတဲ့ Bingo Event ကနေ သင်တို့ ဘယ်နှစ်ခုလောက်ရခဲ့လဲ?

Rafaela Biomedic

Rafaela Biomedic

နောက်ထပ်စရင်းမှာ ပါတာကတော့ အရမ်းရှားပါတဲ့ Refaela အတွက် Limited-Time Skin ဘဲ ဖြစ်ပါတယ်။ Biomedic ကတော့ လွန်ခဲ့တဲ့ ၂၀၁၈ တုန်းကပြိုင်ပွဲမှာ  Elite Skin အဖြစ်သတ်မှတ်ခံရတဲ့ တရား၀င် Special Skin ဖြစ်ပါတယ်။ Rafaela အသုံးပြုသူတွေ အတွက်ကတော့ ဒီ​ Skin က လိုချင်တဲ့ Skin တွေထဲက တစ်ခုဖြစ်သွားပြီး ပြန်လည်ရောင်းချပေးဖို့ ဆုတောင်းနေကြရပါတယ်။ ဒီ​နှစ် “Revamped” Biomedic ကတော့ Anniversary Box Event မှာ ရရှိနိုင်ပါပြီ။ Rafa Skin တွေကို စုံအောင်စုနိုင်အောင် ကြိုးစားလိုက်ရအောင်။ 

Layla Blue Specter

Layla Blue Specter

နောက်ဆုံးမှာတော့ Mobile Legends ရဲ့ အရမ်းအရမ်းကို အရှားပါးဆုံး Skin ကတော့ Layla ရဲ့ Legendary Blue Specter ဘဲ ဖြစ်ပါတယ်။ ဒီ​ Limited-time Skin ကတော့ Globe Telecom နဲ့ Collaboration Event တစ်ခု အနေနဲ့ ၂၀၁၇ တုန်းက ရောက်ရှိတာပါ (ဖီလစ်ပိုင်နိုင်ငံမှာဘဲရနိုင်ပါတယ်)။ Event အတွက် စရင်းပေးပြီး ကံကောင်းသွားတဲ့ ပါ၀င်သူတွေကတော့ ဒီ အလွန်မိုက်တဲ့ Skin ကို လက်၀ယ်ရရှိနိုင်လိုက်ကြပါတယ်။ ခုချိန်မှာ ဒီ​ Skin ကို ရရှိဖို့ကတော့ Time Machine ကြီး နဲ့ အချိန်တွေနောက်ပြန်ဆုတ်သွားပြီး သို့မဟုတ် Quantum Realm အကြောင်းလေ့လာပြီး ပြန်သွားယူဖို့ဘဲရှိပါတော့တယ်။ 

Mobile Legends Diamonds တွေကို Codashop နဲ့ ဘဲ ဖြည့်ဖို့ မမေ့နဲ့နော်။ စိတ်ချလုံခြုံ မြန်ဆန်ပြီး အဆင်ပြေချောမွေ့တဲ့ ငွေဖြည့်မှုတွေရရှိဖို့ အာမခံပြီး အခက်အခဲမရှိကစားခြင်းအတွေ့အကြုံကို ရရှိမှာပါ။

BUY APP & GAME VOUCHER ONLINE

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here