Codashop Global Series “Play & Donate” Charity Tournament 2021 စည်းမျဥ်းစည်းကမ်းများ

0
507
Play & Donate Charity Tournament by Codashop

၁. ဒီပြိုင်ပွဲဟာ မြန်မာနိုင်ငံသားများအတွက်သာသီးသန့်ဖြစ်ပါသည်။

၂. ပြိုင်ပွဲဝင်ကြေး – အခမဲ့

၃. Final ပြိုင်ပွဲကျင်းပမည့်ရက် – ၃.၁၀.၂၀၂၁

၄. ပြိုင်ပွဲဝင်မည့် အသင်းအားလုံးသည် ပွဲတစ်ခုချင်းစီးမှာ ၃ ခါထပ်ပိုပြီးတော့ Pause လုပ်ခြင်းမပြုရပါ။ Pause လုပ်သည့်အချိန်မှာလည်း ၂ မိနစ်ထက်ပို၍ ကျော်လွန်၍မရပါ။

၅. ပြိုင်ပွဲဝင် အသင်းအဖွဲ့ ပုံစံများ

  • Qualifier Stage – Best of 1
  • Semi-Final – Best of 1
  • Final – Best of 3
  • Maximum Slots – 64

၆. ပြိုင်ပွဲသို့ပါဝင်သူတွေအနေနဲ့ ပွဲမစခင် (၁)နာရီအလိုမှာကြိုပြီးတော့ check in ဝင်ပေးထားရမှာဖြစ်ပါတယ်။ ပွဲအတွင်းသို့ ၁၀မိနစ်နောက်ကျပြီးမှဝင်ရောက်လို့မရပါဘူး။

၇. Codashop Global Series ကိုပါဝင်ယှဉ်ပြိုင်သူတွေအနေနဲ့ မိမိကိုယ်ပိုင် စမတ်ဖုန်းကိုအသုံးပြုပြီးတော့သာ ယှဉ်ပြိုင်ရပါမယ်။ Tablet အသုံးပြုပြီး ဝင်ရောက်ယှဉ်ပြိုင်လို့မရပါဘူး။

၈.Third Party အသုံးပြုထားတဲ့ software များဟာ ဂိမ်းတွင်းအခြေအနေကိုအပြောင်းအလဲဖြစ်ပေါ်စေတတ်တာကြောင့် (ဥပမာ: ဂိမ်းမျက်နှာပြင်၊ အမြန်နှုန်း) SFX၊ Crosshair စတာတွေကို အသုံးပြုချင်းကိုတားမြစ်ပါတယ်။ ပြိုင်ပွဲတွင်းဝင်ပြိုင်သူ ကစားသမားတစ်ယောက်အနေနဲ့ ဒီအချက်များထဲမှ တစ်ချက်ကိုချိုးဖောက်ခဲ့မယ်ဆိုရင်တော့ ပွဲစည်းကမ်းနဲ့ မညီညွတ်ဘူးလို့ သတ်မှတ်ပြီးအနိုင်ရရှိခဲ့ပါကလည်း ဆုပေးအပ်ခြင်း မပြုသည့်အပြင် ပွဲအတွင်းမှ Ban မှာဖြစ်ပါတယ်။

၉. ပွဲအတွင်းသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်ကစားသမားတစ်ယောက်ချင်းစီတိုင်းသည် ၎င်းတို့ရဲ့ ကိုယ်ပိုင်အကောင့်ကိုသာအသုံးပြုရမှာဖြစ်ပါတယ်။

၁၀. အကယ်၍ ပါဝင်ယှဉ်ပြိုင်သူသည် system error တစ်စုံတစ်ရာဖြစ်ပေါ်ပါက ပြိုင်ပွဲကျင်းပသည့် Admin ဒါမှမဟုတ် Channel moderator ကို (၃) မိနစ်အတွင်းအမြန်အကြောင်းကြားပေးရပါမယ်။

၁၁. အသင်းနာမည်နဲ့ ကစားသမားနာမည်ဟာ ညစ်ညမ်းသော အသုံးအနှုန်းများနှင့်ပေးထားတာ မဖြစ်ရပါဘူး။

၁၂. ဂိမ်းတစ်ပွဲဟာ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ကစားရမည်ဆိုလျင် (ပြန်လည်ကစားရမည့်အကြောင်းအရင်းမှာ)

  •  ကစားသမားတစ်ယောက်ယောက်ရဲ့ အင်တာနက်ပြတ်တောက်သွား၍ ပွဲအတွင်းမှ ထွက်သွားရခြင်း (သို့မဟုတ်)
  • ကစားသမား အနေဖြင့် slot မှားယွင်းပြီးဝင်မိခြင်း
  • Bug ကြောင့်ဖြစ်ခြင်း
  • ဂိမ်း setting မှားယွင်းနေခြင်း စတဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်။

၁၃. Bug တွေကြောင့်ဖြစ်ပေါ်လာတဲ့ နိုင်ပွဲ ဒါမှမဟုတ် တစ်ဖက်အသင်းသားအပေါ် တစ်ခုခုအသာရခြင်းဟာ ပွဲစည်းကမ်းနဲ့ မကိုက်ညီပါဘူး။

၁၄. ပြိုင်ပွဲကို Register လုပ်တဲ့အခါမှာအသုံးပြုတဲ့ ဓာတ်ပုံ ၊ ဗီဒီယို နဲ့ တစ်ခြားသောပွဲအတွင်းမှာ record လုပ်ထားတဲ့အကြောင်းအရာအားလုံးကို “Codashop” ရဲ့ မီဒီယာတွေမှာ ကူးယူဖော်ပြခွင့်ရှိပြီး ဈေးကွက်စီးပွားရေး အရလည်းအသုံးပြုခွင့်ရှိပါတယ်။

  •  ပြိုင်ပွဲအတွင်းတစ်စုံတစ်ရာဖြစ်ပွားပါက ပြိုင်ပွဲစီစဉ် ကျင်းပသူရဲ့ ဆုံးဖြတ်ချက်သာအတည်ဖြစ်ပါတယ်။
  •  ဆုံးဖြတ်ချက် အကျုံးဝင်သောအကြောင်းအရာများမှာ ( ပြိုင်ပွဲကျင်းပသည့် စနစ် ၊ ဝေါဟာရ အသုံးအနှုန်းများ ၊ အနိုင်ရရှိသူရွေးချယ်သည့်စနစ်များ)

(က) အနိုင်ရရှိသူကိုအောက်ပါအတိုင်းရွေးချယ်သွားမှာဖြစ်ပါတယ်။တစ်ဖက် ငါးယောက်စီယှဉ်ပြိုင်ကစားရတဲ့ League of Legends : Wild Rift  မှာ အနိုင်ရရှိသူကိုအောက်ပါစည်းကမ်းချက်တွေအတိုင်းရွေးချယ်မှာဖြစ်ပါတယ်။

  •  ရန်သူရဲ့ တာဝါကို အပြီးသတ်ဖျက်ဆီးနိုင်ခြင်း။
  •  ပြိုင်ဖက်အသင်းမှ အရှုံးပေးသွားခြင်း
  •  ပြိုင်ဖက်အသင်းမှ ယှဉ်ပြိုင်ရန်အတွက်အဆင့်မမှီခြင်းနှင့်
  •  ပြိုင်ဖက်အသင်းမှ ဖော်ပြထားသောစည်းကမ်းချက်များအတိုင်းမလိုက်နာခြင်း
  • ဖော်ပြထားတဲ့ စည်းကမ်းချက်များဟာ ပြိုင်ပွဲဝင်များအားလုံးအတွက် ဖြစ်ပြီး အငြင်းပွားမှုတစ်စုံတစ်ရာဖြစ်ပေါ်ပါက ပြိုင်ပွဲစီစဥ်သူ “Codashop” ရဲ့ ဆုံးဖြတ်ချက်သည်သာ အတည်ပြုသတ်မှတ်မှာဖြစ်ပါတယ်။
  •  ( ယှဉ်ပြိုင်ခြင်း )

ပြိုင်ပွဲများတွင်ကျင့်သုံးသောထုံးစံအရ နောက်ဆုံး ဖိုင်နယ်ပွဲတွင် ၃ ပွဲတိတိယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ၃ ပွဲလုံးတွင် အသင်းတစ်သင်းတည်းက ၂ ကြိမ်တိတိအနိုင်ရပါက ထိုအသင်းကို ပြိုင်ပွဲတွင်အနိုင်ရရှိသူအဖြစ်သတ်မှတ်မည်ဖြစ်သည်။

(က) အသင်းနှစ်သင်း ၃ ကြိမ်ယှဉ်ပြိုင်ကစားခြင်းကို BO3 ဟုခေါ်ဆိုသည်

(ခ) ရိုးရိုးရှုံးထွက်ကစားခြင်းသည် ပုံမှန်အတိုင်းပဲ တစ်ကြိမ်သာကစားရမည်ဖြစ်သည်။

  • ကစားပွဲပုံစံ

Final မဟုတ်တဲ့ ပွဲစဉ်များအားလုံးကို Best of 1 ပုံစံဖြင့်သာ သတ်မှတ်ပြီးယှဉ်ပြိုင်ကစား ရမှာဖြစ်ပါတယ်။ Final ကိုရောက်မှသာ Best of 3 ပုံစံဖြင့်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

  • ကစားပွဲ အစီအစဉ် နှင့်
  • ပြိုင်ပွဲမစခင်ကြိုတင်ပြင်ဆင်ခြင်း
  • ပွဲစဉ်ဇယားပြောင်းလဲခြင်း

Codashop အနေနဲ့ ပွဲစဉ်အပြောင်းအလဲများကို မည်သည့်အကြောင်းနှင့်မဆို အချိန်မရွေး ပြောင်းလဲခွင့်ရှိသည်။ ထိုသို့ ပွဲစဉ်ပြောင်းလဲသည့်အခါ Codashop မှ ဝင်ပြိုင်မည့်အသင်း အားလုံးကို အကြောင်းကြားသွားမည်ဖြစ်ပါသည်။

  • Early Check in ( ပြိုင်ပွဲသွင်းသို့ စောစီးစွာဝင်ရောက်ခြင်း)

ဝင်ရောက်ယှဉ်ပြိုင်မည့်အသင်းများအနေဖြင့် game lobby သို့အနည်းဆုံး မိနစ် ၆၀ ခန့်စောပြီးဝင်ရောက်ထားပေးရမှာဖြစ်ပါတယ်။

  • Game Version

ပြိုင်ပွဲတွင်းသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းများအနေနဲ့ မိမိအသုံးပြုသည့် Game Version ကို Codashop ကသတ်မှတ်ထားသည့် Game Version ကိုသာ အသုံးပြုရမည်ဖြစ်ပါသည်။ League of Legends : Wild Rift  ရဲ့နောက်ဆုံးထုတ်ထားသည့် ဂိမ်း Version ကိုသာ ပွဲအတွင်းမှာအသုံးပြုပေးရမည်ဖြစ်သည်။ 

  • Account

ကစားတဲ့သူတွေဟာ မိမိကိုယ်ပိုင်အကောင့်ဖြင့်သာပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

  • ပြင်ဆင်ရန်အချိန်

ကစားသမားတွေဟာ ယှဉ်ပြိုင်မှုပြုလုပ်ဖို့အတွက်ပြင်ဆင်ဖို့အချိန်အနည်းငယ်လိုအပ်ပါတယ်။ ကစားသမားတစ်ယောက် Lobby ထဲဝင်ရောက်သွားတဲ့အခါ ပြန်လည်ထွက်ခွာချင်တ ယ်ဆိုရင်တော့ပွဲစီစဉ်သူ Codashop ရဲ့ Admin ကိုအသိပေးအကြောင်းကြား ပြီးတော့မှသာထွက်ခွာခွင့်ရှိမှာဖြစ်ပါတယ်။ ကစားပွဲမစခင်ပြင်ဆင်မှုပြုလုပ်တဲ့အခါ ပြီးထားသင့်တဲ့အရာတွေကတော့-

  • လိုအပ်သော ဂိမ်း Setting များကိုပြောင်းလဲထားခြင်းနဲ့ 
  • Codashop ရဲ့ စည်းမျဉ်း ၊ စည်းကမ်းများကို လေ့လာထားခြင်းတို့ဖြစ်ပါတယ်။
  • ပွဲစတင်ချိန်တွင်သိသင့်သည့်အကြောင်းအရာများ

ကစားသမားတွေဟာ မည်သည့်ပြဿနာတစ်စုံတစ်ရာမဆိုဖြစ်ပါ်ပါက ပွဲမစခင်အချိန်တွင်းမှာကြိုပြီးဖြေရှင်းထားဖို့လိုပါတယ်။ ပြိုင်ပွဲကို စီစဉ်ထားတဲ့ အချိန်ဇယားအတိုင်းစတင်မှာဖြစ်ပြီး Codashop Admin ဘက်မှအကြောင်း  တစ်စုံတစ်ရာကြောင့် ပွဲချိန်နောက်ကျခြင်း ၊ ပြောင်းလဲ ခြင်းမှလွဲ၍ မည်သည့်ကစားသမားမှ ပွဲချိန်နောက်ကျခြင်းကို ခွင့်ပြုမည်မဟုတ်ပါ။ အသင်းတစ်သင်းမှ ကစားသမားတစ်ယောက်ယောက်၏ အမှားကြောင့်နောက်ကျခြင်း ၊ကြန့်ကြာခြင်းများဖြစ်ပေါ်လာပါက Codashop အနေဖြင့်၎င်း ကစားသမားပါဝင်သော အသင်းကိုထိရောက်သော အပြစ်ပေးခြင်းများပြုလုပ်သွားမည်ဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here