? Codashop ရဲ့ သီတင်းကျွတ်ပရိုမိုးရှင်း

26
17960
Codashop Thadingyut Promotion Lucky Draw

Codashop Myanmar မှာ နှစ်သက်ရာဂိမ်းအတွက် အကန့်အသတ်မရှိ ကြိုက်သလောက်ဝယ်ယူပြီး သီတင်းကျွတ် မုန့်ဖိုး (၁၀,၀၀၀) ကံစမ်းနိုင်မယ့်အစီအစဥ်ဖြစ်ပါတယ်။

📅 ပရိုမိုးရှင်းကာလ

အောက်တိုဘာလ (၂၁)ရက် မှ (၂၅)ရက်နေ့အထိ

🎁 ဆုလက်ဆောင်

သီတင်းကျွတ်မုန့်ဖိုးအဖြစ် မြန်မာငွေ (၁၀,၀၀၀)ကျပ်ဖြင့် ညီမျှသော Codashop Myanmar တွင် စျေးဝယ်ယူခွင့် ကံစမ်းနိုင်မှာဖြစ်ပါတယ်။ ထိုစျေးဝယ်ယူခွင့်ကို အကောင့်တစ်ခုတည်းအတွက် တစ်ကြိမ်တည်းသာ အသုံးပြုခွင့်ရမည်ဖြစ်ပြီး မြန်မာငွေ (၁၀,၀၀၀)ကျပ်ထပ် မပိုစေရပါ။ တစ်ရက်လျှင် ကံထူးရှင် (၁၀)ယောက်နှုန်းနှင့် စုစုပေါင်း ကံထူးရှင် အယောက် (၅၀) ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။

🔔 ပရိုမိုးရှင်းအစီအစဥ်တွင်ပါဝင်ရန်
  1. အထက်ပါပရိုမိုးရှင်းကာလအတွင်း Codashop Myanmar တွင် ကြိုက်နှစ်သက်ရာဂိမ်းအတွက် အကန့်အသတ်မရှိ ကြိုက်သလောက်ဝယ်ယူပါ။ ငွေပေးချေရာတွင် Codashop Myanmar တွင်ရှိ‌သော ကြိုက်နှစ်သက်ရာ ငွေပေးချေမှုကို အသုံးပြုနိုင်ပါသည်။ Codashop Myanmar တွင် ဝယ်ယူမှုအတွက်သာ အကျုံးဝင်ပါသည်။ (မှတ်ချက်: Midasbuy တွင် PUBG အတွက် UC ဝယ်ယူမှုများအတွက် ပရိုမိုးရှင်းတွင် အကျုံးမဝင်ပါ။)
  2. ငွေပေးချေရာတွင် အီးမေးလ်လိပ်စာကို မဖြစ်မနေ ထည့်ပေးရပါမည်။ အီးမေးလ်လိပ်စာထည့်သွင်းပြီး အောင်မြင်စွာဝယ်ယူထားသည့် ဝယ်ယူမှုများသာ ယခုအစီအစဥ်တွင် အကျုံးဝင်မည်ဖြစ်ပါသည်။
  3. အီးမေးလ်လိပ်စာဖြည့်သွင်းပြီး အောင်မြင်စွာဝယ်ယူထားသော ဝယ်ယူမှုတစ်ခုစီသည် ကံစမ်းခွင့်တစ်စောင်နဲ့ ညီမျှသောကြောင့် များများဝယ်လေ အခွင့်အရေးများလေဖြစ်ပါသည်။
ဆုလက်ဆောင်ရရှိသူ စိစစ်ရွေးချယ်ခြင်းနှင့် ကြေညာခြင်း
  1. ကံစမ်းထားသူများထဲမှ ကံထူးရှင်များကို Codashop Myanmar မှ မဲနှိုက်ရွေးချယ်ပေးသွားမည်ဖြစ်သည်။
  2. ကံထူးရှင်များကို အောက်တိုဘာလ (၂၉)ရက်နေ့တွင် Codashop Myanmar ၏ တရားဝင်ဖေ့ဘွတ်စာမျက်နှာမှတဆင့် ကြေညာပေးသွားမည်ဖြစ်ပြီး ဝယ်ယူရာတွင် ထည့်သွင်းခဲ့သည့်အီးမေးလ်လိပ်စာ (သို့) ဖုန်းနံပါတ်သို့ ဆက်သွယ်အကြောင်းကြားပေးသွားမည် ဖြစ်ပါသည်။
  3. ကံထူးရှင်သည် ကံထူးရှင်ကြေညာသောနေ့မှစပြီး နှစ်ပတ်အတွင်း သီတင်းကျွတ်မုန့်ဖိုးအဖြစ် ယူလိုသည့် ဂိမ်းနှင့် In-game အကောင့်ကို အကြောင်းပြန်ပေးရမည်ဖြစ်ပါသည်။ ထို in game အကောင့်ထဲသို့ Codashop မှ မြန်မာငွေကျပ် ၁၀,၀၀၀ နှင့် ညီမျှသော In-game Credits များ တိုက်ရိုက်ထည့်ပေးသွားမည်ဖြစ်ပါသည်။ အကြောင်းမပြန်ပါက ဆုလက်ဆောင်ကို ရုပ်သိမ်းသွားမည်ဖြစ်ပါသည်။

  4. ဆုလက်ဆောင်များကို ကြေညာပြီး သုံးပတ်မှလေးပတ်အတွင်း ပို့ဆောင်ပေးသွားမည်ဖြစ်ပြီး ဆုလက်ဆောင်များကို ငွေသားဖြင့်ဖလှယ်ခြင်း၊ အခြားအမျိုးအစားဖြင့်ဖလှယ်ခြင်း၊ တစ်ဆင့်ခံပေးပို့ခြင်းများကို လက်ခံမည် မဟုတ်ပါ။
❗️❗️❗️ စည်းမျဥ်းစည်းကမ်းများ
  1. ပရိုမိုးရှင်းအစီအစဉ်သည် မြန်မာနိုင်ငံသားများအတွက်သာ အကျုံးဝင်ပါသည်။
  2. ယခုအစီအစဉ်တွင်ပါဝင်နိုင်ရန် မည်သည့်အခကြေးငွေမှမလိုအပ်ပါ။ အထူးသတိပြုရမည့်အချက်မှာ Codashop Myanmar နှင့်တကွ ငွေပေးချေပေးမှု ဝန်ဆောင်မှုပေးသူများသည် အသုံးပြုသူများ၏ PIN (သို့မဟုတ်) OTP များကို မေးမြန်းခြင်းပြုလုပ်မည်မဟုတ်ပါ။ ထို့ကြောင့် တစ်စုံတစ်ဦးမှ မေးမြန်းလာပါက ဖြေကြားခြင်းမပြုလုပ်ပါနှင့်။
  3. ယခုအစီအစဥ်တွင် ပါဝင်ထား‌သောသူများမှ မျှဝေထားသော ရုပ်ပုံ၊ ဗီဒီယို၊ စာ နှင့် အခြားအ‌ကြောင်းအရာများကို Codashop Myanmar မှ ပြန်လည်တည်းဖြတ်ခြင်း၊ အပြောင်းအလဲများပြုလုပ်ခြင်း၊ စီးပွားရေးကြော်ငြာများ၊ အရောင်းမြှင့်တင်ရေးလုပ်ငန်းများတွင် အသုံးပြုခြင်း၊ တိုက်ရိုက်အရောင်းမြှင့်တင်ခြင်း၊ အီလက်ထရောနစ်မီဒီယာများမှတဆင့် အရောင်းမြှင့်တင်ခြင်းလုပ်ငန်းများတွင် အသုံးပြုခြင်းများအတွက်ပါ အခွင့်အရေးပေးထားပြီးဖြစ်ပါသည်။
  4. Codashop Myanmar မှ ဝန်ထမ်းများ ယခုအစီအစဉ်တွင် ပါဝင်ခွင့်မရှိပါ။
  5. အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက Codashop Myanmar မှ အဆုံးအဖြတ်သာလျှင် အတည်ဖြစ်ပါသည်။
  6. ယခု အစီအစဉ် နှင့်ပက်သက်သော စည်းမျဉ်းသတ်မှတ်ချက်များကို Codashop Myanmar မှ လိုအပ်သလို အချိန်အရွေး ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ရပ်ဆိုင်းခြင်းများပြုလုပ်ခွင့်ရှိပါသည်။
  7. ဝယ်ယူရာတွင် အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့ပါက သို့ အသေးစိတ်အချက်အလက်ကို ဆက်သွယ်မေးမြန်းလိုပါက Codashop Myanmar Facebook Messenger မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

များများဝယ်လေ များများကံစမ်းနိုင်လေဆိုတော့ အခုပဲ ကြိုက်တဲ့ဂိမ်းအတွက် Codashop မှာ ဝယ်ပြီး သီတင်းကျွတ်မုန့်ဖိုးတွေ ကံစမ်းလိုက်တော့နော်။

26 COMMENTS

  1. ပေရင်တော့အရမ်ပြောမှာပေါ့ အားပေလာတာကြာပြီ
    900689936(12578)MLစိန်လေပေချင်ရင်ပေါ့
    09956695660ဘေလေပေရင်ပေါ့

  2. ပေါက်ဖူးချင်ပါတယ်?ဒီလဖုန်းဘေတော်တော်မျာတယ်စိန်တွေချည်းပဲဝယ်နေရတာ??

      • ကံကောင်းချင်းဆိုတာကျန်ဘဝမှာမရှိသလောက်ပါbro ကျနော်လည်သူများလိုစိန်ပေါက်ချင်တယ်
        ကိုယ်တိုင်ကကံမကောင်းဘူးဖစ်နေတယ်

  3. ကျှန်တော်ကရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမို့မှာနေပါတယ် အောင်ချမ်းသာလမ်း 6ရပ်ကွက် နယ်မြေ 6မှာနေပါတယ်

LEAVE A REPLY

Please enter your comment!
Please enter your name here