PUBG Mobile : 2023 တွင် Conqueror သို့ ရောက်ရှိရန် ကျွမ်းကျင်အကြံပြုချက်မျာ

0
103

PUBG Mobile Conqueror၂၀၂၁ ခုနှစ်သို့ရောက်ရှိလာပြီဖြစ်ကာ၊ PUBG Mobile အသိုင်းအဝိုင်းသည် ကမ္ဘာတစ်ဝှမ်းရှိ သန်းနှင့်ချီသောတက်ကြွသောကစားသမားများဖြင့် အားကောင်းနေဆဲဖြစ်ပါတယ်။ ဂိမ်းထွက်ပြီး ငါးနှစ်အကြာတွင် ကစားသမား များအနေနှင့် ပျော်ရွှင်မှု‌ရစေရန် နှင့် အချင်းချင်းတစ်ယောက်ကို တစ်ယောက် အပြိုင်အဆိုင် ပြင်းထန်စေတဲ့အတွက် ကစားသမား တော်တော်များများ ကိုဆွဲဆောင်နိုင်နေမြဲဖြစ်ပါတယ်။ အချို့သောကစားသမားများသည် ဂိမ်းကို ပျော်ရွှင်စွာကစားနိုင်တဲ့အတွက် ဆက်လက်ကစားနေကြသော်လည်း အချို့ကတော့ ထိပ်တန်း ranks များသို့ရောက်ရှိစေရန်အတွက် ဆက်လက်ဆော့ကစားနေကြတာပဲဖြစ်ပါတယ်။ PUBG Mobile Conqueror Rank ရဲ့ ထိပ်တန်းလူနည်းစုများထဲမှ တစ်ယောက်ဖြစ်ရခြင်းက ကစားသမားများအတွက် အဆုံးစွန်သော ပန်းတိုင်ဖြစ်ပြီး ၎င်းသည် ကျွမ်းကျင်မှုနှင့် ရည်ရွယ်ချက်များစွာ လိုအပ်ပါတယ်။ ယခုအချိန်မှာတော့၊ ထို Rank ရောက်ဖို့ အရမ်းတော့ မလွယ်ကူလှပါဘူး၊ ကစားသမားအနည်းငယ်သာ ရောက်ရှိနိုင်မှာဖြစ်ပါတယ်၊ သို့သော် ဤအကြံပြုချက်များနှင့်တကွ ကျွမ်းကျင်မှုနှင့် စိတ်အားထက်သန်မှုတို့ပေါင်းစပ်ခြင်းဖြင့်၊ သင်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

PUBG Mobile ရဲ့ Ranking System အတွက် ခြုံငုံသုံးသပ်ချက်

Bronze Rank PUBGPUBG Mobile တွင်၊ Tier များဖြင့်အသီးသီးခွဲခြား‌ထားသော Rank ၈ ခုကနေတစ်ဆင့်ပြီးတစ်ဆင့် တက်ရောက်ကမှာဖြစ်ပါတယ်။ ထို Ranks များမှတစ်ဆင့် တက်လာရန်အတွက်၊ အနည်းဆုံး points 4200 နှင့်အထက် လိုအပ်သည့် Ace Tier သို့ရောက်ရှိပြီး နောက် tier တစ်ခုသို့ တက်လှမ်းနိုင်ရန် လုံလောက်သော points များ စုဆောင်းထားရန် လိုအပ်ပါတယ်။ အခု၊ အဲ့တာဆိုရင်တော့ တင်ရမယ့် Points တွေကတော်တော်ကြီးကိုများနေပါပြီ၊ ပြီးတော့ အဲဒါပြီးရင်တောင် ပိုပြီး ပြင်းထန်လာပါလိမ့်မယ်။ Conqueror rank သို့ရောက်ရှိရန်၊ သင်သတ်မှတ်ထားသောဆာဗာရှိ Ace tier ရှိ ထိပ်တန်းကစားသမား 500 ထဲမှာပါဝင်ဖို့လိုအပ်ပါတယ်။ rank တစ်ခုတက်ရန် points မည်မျှလိုအပ်ကြောင်း ပိုမိုကောင်းမွန်စွာသိရှိနိုင်ရန်အတွက်၊ ဤနေရာတွင် သင့်ကိုးကားနိုင်မယ့် ဇယားတစ်ခုဖော်ပြထားပါတယ် :

Tiers များ Points များ
Bronze V 1200
Bronze IV 1300
Bronze III 1400
Bronze II 1500
Bronze I 1600
Silver V 1700
Silver IV 1800
Silver III 1900
Silver II 2000
Silver I 2100
Gold V 2200
Gold IV 2300
Gold III 2400
Gold II 2500
Gold I 2600
Platinum V 2700
Platinum IV 2800
Platinum III 2900
Platinum II 3000
Platinum I 3100
Diamond V 3200
Diamond IV 3300
Diamond III 3400
Diamond II 3500
Diamond I 3600
Crown V 3700
Crown V 3800
Crown V 3900
Crown V 4000
Crown V 4100
Ace 4200
Conqueror ဆာဗာရှိ ထိပ်တန်း Ace ကစားသမား အယောက် 500

 

၂၀၂၃ မှာ Conqueror Rank ကိုဘယ်လိုတင်ရမလဲ

၂၀၂၃ ခုနှစ်တွင် လိုချင်တပ်မက်ဖွယ် PUBG Mobile Conqueror Rank သို့ရောက်ရှိခြင်းသည် ပြိုင်ဆိုင်မှုပြင်းထန်သော ကစားသမားများစွာ၏ ကြိုးပမ်းအားထုတ်မှုတစ်ခုဖြစ်ပါတယ်။ အဲဒီကိုရောက်ဖို့ ဇွဲလုံ့လနဲ့ ကြိုးစားအားထုတ်မှုတွေ အများကြီး လိုအပ်ပေမယ့် သေချာဆော့ကစားပါ ကစားသမားတိုင်းရောက်ရှိနိုင်ပါတယ်။ အခုချိန်မှာတော့ ထိပ်ဆုံးကိုရောက်ဖို့ ဘာတွေလိုအပ်တယ်ဆိုတာ သိထားပြီး၊ အဲဒီပန်းတိုင်ကို ရောက်ဖို့ သင်ရနိုင်တဲ့ အကူအညီအားလုံးကို လိုအပ်ပါလိမ့်မယ်။ ဤသည်မှာ ၂၀၂၃ တွင် အသစ်များနှင့်ပြန်လာသော ကစားသမားများအတွက် Conqueror Rank သို့ရောက်ရှိရန် နောက်ဆုံးပေါ် အကြံပြုချက်အချို့ဖြစ်ပါတယ် :

ဆော့ကစားနေကျ Squad နှင့်အတူဆော့ကစားပါ

Player Lobby PUBG Mobileဤအရာကတော့ ၂၀၂၃ မှာလည်းမှန်ကန်ဆဲဖြစ်ပါတယ်။ ထိပ်ဆုံးသို့တက်လှမ်းနိုင်ရန် သင်အားကိုးယုံကြည်နိုင်သည့် ကစားသမားအဖွဲ့တစ်ဖွဲ့ လိုအပ်မှာဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အားသာချက် အားနည်းချက်တွေကို သိတဲ့ ဇောက်ချလုပ်ကိုင်တဲ့ ကစားသမားတွေရှိခြင်းဟာ အောင်မြင်မှုအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ထိပ်တန်းကို solo ဆော့ပြီးရောက်ဖို့ မဖြစ်နိုင်ဘူးလို့ ကျွန်တော်တို့ မပြောပါဘူး၊ ဒါပေမယ့် သင့်မှာ လိုက်လျောညီထွေရှိတဲ့ အသင်းတစ်သင်းနဲ့ ကစားရရင် ပိုလွယ်ပါတယ်။ သင့်အသင်းဖော်များနှင့် ပေါင်းစပ်ညှိနှိုင်းနိုင်ပြီး ဗျူဟာမြောက်စွာဆော့ကစားနိုင်ခြင်းသည် ဂိမ်းများအနိုင်ရရန်အတွက် အဓိကသော့ချက်တစ်ခုဖြစ်ပါတယ်။ထို့အပြင်၊ သင့်နောက်မှာအမြဲရှိကာ ခက်က်ခဲလာတဲ့အချိန်တွေမှာ သင့်ကို ပံ့ပိုးပေးမည့်သူရှိခြင်းက ကောင်းမွန်ပါတယ်။

Smart Looting လုပ်နိုင်ဖို့ လေ့ကျင့်ပါ။

Battle Royale ဂိမ်းအများစုမှာ၊ looting လုပ်ခြင်းကခြင်းသည် အဓိက gameplay ရဲ့မရှိမဖြစ်အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ သင်သတ်သောရန်သူတိုင်း သို့မဟုတ် သင်ချဉ်းကပ်တဲ့နေရာတိုင်းအတွက်၊ ထိုအခြေအနေများတွင် သင်မည်ကဲ့သို့သော loot တွေရနိုင်လဲဆိုတာကို အမြဲစစ်ဆေးသင့်ပါတယ်။ဆိုလိုသည်မှာ resources များရရှိရန် အခွင့်အလမ်းတိုင်းကို အခွင့်ကောင်းယူပြီး သင်အသုံးပြုနိုင်သည့် items များကို ကောက်ယူခြင်းပဲဖြစ်ပါတယ်။ health kits များ၊ armor နှင့် weapons များ ကဲ့သို့သော တိုက်ပွဲတွင် သင့်အား ကူညီရန် အရာများကို အမြဲ ကောက်ယူထားနိုင်ဖို့ လိုအပ်ပါတယ်။ သင့်တွင် များများရှိလေလေ တိုက်ပွဲတွင် ရှင်သန်ရန် အခွင့်အလမ်းကောင်းလေလေပဲဖြစ်ပါတယ်။

သို့သော်၊ တွေ့သမျှအရာအားလုံးကို loot လုပ်ဖို့တော့ အကြံမပြုလိုပါဘူး။ သင့်နေနဲ့ ထက်ထက်မြက်မြက်စဉ်းစားပြီး ကောက်ယူသည့်အရာက သင့်အား အမှန်တကယ်ကူညီမည့်အရာကိုသာ ယူဆောင်ဖို့ လိုအပ်ပါတယ်။ သင်တွေ့လာရတဲ့ loot တိုင်းကို ကောက်မယ့်အစား သင်နဲ့ သင့်အဖွဲ့အတွက် အသုံးဝင်မယ့် ပစ္စည်းတွေကို စုဆောင်းဖို့ အာရုံစိုက်သင့်ပါတယ်။ ဆိုလိုသည်မှာ သင့်ကစားဟန်နှင့် ကိုက်ညီသော လက်နက်များကို ရှာဖွေကောက်ယူခြင်းက သင့်ကို တိုက်ပွဲမှာ အားသာချက်များ ပေးဆောင်နိုင်ပါတယ်။ 

looting  မလုပ်မီ ဧရိယာရှင်းလင်းထားရန်လည်း သေချာအောင်ပြုလုပ်ထားမှသာ ပစ္စည်းများကို ကောက်ယူရန် ကြိုးစားစဉ်တွင် ခြုံခိုတိုက်ခိုက်ခံရခြင်းမှ ကင်းဝေးစေနိုင်ပါတယ်။ looting  လုပ်နေတဲ့အချိန်က သင်သည် အားနည်းချက်အရှိဆုံးဖြစ်နေကြောင်း သတိထားပါ၊ ထို့ကြောင့် သင့်အနေနဲ့ သေချာတွေးထားသင့်ပါတယ်။ရန်သူများက သင့်အား အလွယ်တကူတွေ့မြင်နိုင်ပြီး Loot လုပ်နေတဲ့အချိန်ကို အခွင့်ကောင်းယူနိုင်တဲ့ ပွင့်လင်းသောနေရာများမှာ looting လုပ်ခြင်းကို ရှောင်ကြဉ်ပါ။ အကယ်၍ သင်သည် အဖွဲ့တစ်ဖွဲ့တွင် ရှိနေပါက၊ အခြားသူများ လုယက်ရှာဖွေနေချိန်တွင် တစ်ယောက်က အမြဲတမ်း စောင့်ကြည့်ပေး‌နေကြောင်း သေချာပါစေ။

Avoid Landing in Hotspots

Ranked Battle PUBGBattle Royale ဂိမ်းများတွင် အသက်ရှင်ရန်အတွက် နောက်ထပ်အရေးကြီးသော အကြံပြုချက်မှာ လူကြိုက်များတဲ့ နေရာတွေမှာ ဆင်းသက်တာကို ရှောင်ကြဉ်ဖို့ပဲဖြစ်ပါတယ်။ လူကြိုက်များတဲ့ နေရာတွေက များသောအားဖြင့် အခြားကစားသမားများဖြင့် ပြည့်နှက်နေသည့်နေရာများဖြစ်ပြီး ဆိုလိုသည်မှာ သင်သည် ထိုနေရာရဲ့ပြင်ပသို့ ထွက်ခွာရန် သို့မဟုတ် ရန်သူများရဲ့အန္တရာယ်မှ ထွက်ခွာနိုင်ရန် တိုက်ခိုက်ရမည်ကို ဆိုလိုပါတယ်။ ယင်းအစား၊ သင်သည် တိတ်တဆိတ် loot လုပ်ပြီး တိုက်ပွဲအတွက် ပြင်ဆင်နိုင်သည့် ပိုပြီးဆိတ်ငြိမ်တဲ့ နေရာတွေမှာ ဆင်းသက်ဖို့ ကြိုးစားပါ။ အနိုင်ရရန်အတွက် တတ်နိုင်သမျှကြာရှည်စွာ အသက်ရှင်ဖို့ လိုအပ်ကြောင်း သတိထားပါ၊ ထို့ကြောင့် သင့်ရဲ့အရည်အချင်းကို ယုံကြည်မှုမရှိပါက လူအသွားအလာများသောဇုန်များကို ရှောင်ကြဉ်ပါ။

ယာဉ်တွေကသင့်ကို အကူအညီပေးနိုင်ပါတယ်

အကယ်၍ သင်သည် Ranked ဂိမ်းတစ်ခုမှာ အသက်ရှင်ကျန်နိုင်ခြေကို တိုးမြှင့်လိုပါက၊ သင်တွေးထားတာထက် ယာဥ်များကို မကြာခဏ အသုံးပြုဖို့ လိုအပ်ပါတယ်။ မြေပုံတစ်လျောက်တော်တော်များများနေရာများကို ခြေလျင်လျှောက်နိုင်သော်လည်း ယာဉ်ကိုအသုံးပြုပါက သင်ပိုမိုမြန်ဆန်ပြီး ပိုမိုထိရောက်နိုင်မှာဖြစ်ပါတယ်။ safe zone သို့ မြန်မြန်ရောက်နိုင်ရုံသာမက ရန်သူများထံမှ အမြန်လွတ်မြောက်ရန် သို့မဟုတ် ရုန်းရင်းဆန်ခတ်ဖြစ်နေပါက ၎င်းတို့ကို ကျော်လွှားရန် ‌ယာဥ်များကို အသုံးပြုနိုင်ပါတယ်။ ၎င်းတို့သည် ပစ်ခတ်တိုက်ပွဲများတွင် ပါဝင်သည့်အခါ အမြန်ကာဗာအဖြစ်အသုံးလည်း အလွန်အသုံးဝင်ပါသည်။ loot လုပ်နေစဉ် ယာဉ်များကို သေချာစောင့်ကြည့်ပြီး တတ်နိုင်သမျှ သိမ်းဆည်းထားပါ။ သင့်အား တိုက်ခိုက်ရန် သို့မဟုတ် သင့်ဘေးမှ ခြုံခိုတိုက်ခိုက်ရန် ၎င်းတို့ကို အသုံးပြုထားနိုင်သောကြောင့် ယာဉ်များကို အသုံးပြုနေသော ရန်သူများကို သတိပြုရန်လည်း မမေ့ပါနှင့်။

Kills တွေရဖို့ ဦးတည်မထားပဲ Chicken Dinners တွေရဖို့ဦးတည်ထားပါ

ရန်သူ squads များကို သတ်ခြင်းက ပြိုင်ပွဲမှာ ခြေတစ်လှမ်းအသာစီးရရှိဖို့အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ တကယ်တော့ ဒါဟာ PUBG Mobile လိုမျိုး battle Royale ဂိမ်းတွေကစားအဲ့ ရည်ရွယ်ချက်စိတ်ကူးတစ်ခုလုံးပါပဲ။ သို့သော် ဘေးကင်းစွာ ကစားခြင်းသည်လည်း အရေးကြီးကြောင်း သင်သဘောပေါက်ထားဖို့  လိုအပ်ပါတယ်။ မလိုအပ်ဘဲ အန္တရာယ်များအောင်မနေနဲ့ ရန်သူတွေများတဲ့ နေရာများနှင့် ဝေးဝေးနေဖို့ ကြိုးစားပါ။ သင်ကိုယ်တိုင်နှင့် သင့် squad သည် အခြားသော squad နဲ့ကပ်ငြိနေသောအခြေအနေတွင် ရှိနေပါက၊ ဝုန်းဒိုင်းကြဲပြီးတိုက်ခိုက်ဖို့ ထွက်ပြမယ့်အစား ဘေးကင်းစွာဖြင့် ပြန်ဆုတ်ခြင်းသည် များသောအားဖြင့် အကောင်းဆုံးဖြစ်ပါတယ်။

သင့်ရဲ့  mini-map ကို စောင့်ကြည့်ပြီး ရန်သူများမှာသင့်ကို မတွေ့မိအောင် ကြိုးစားပါ။ ရန်သူများကို သင်တွေ့သောအခါ၊ တိုက်ပွဲတွင်မပါဝင်မီ အခြေအနေကို သေချာစွာ အကဲဖြတ်ပါ။ တန်ဖိုးကြီးတဲ့ loot တွေရှိတဲ့နေရာတွေက ရန်သူ squads တွေရဲ့ အဓိကပစ်မှတ်များဖြစ်နိုင်တာကြောင့် ထိုနေရာတွေကိုရှောင်ရှားသင့်ပါတယ်။

သင့်ရဲ့ပန်းတိုင်က Chicken Dinner ရရှိဖို့ဖြစ်ပြီး kills တွေရရှိရုံသက်သက်မဟုတ်ဘူးဆိုတာ အမြဲသတိရပါ။ ဆိုလိုသည်မှာ ရန်သူများကို ရှောင်ရှားရန်နှင့် တတ်နိုင်သမျှ loot လုပ်ဖို့ အာရုံစိုက်သင့်ပါတယ်။ safe zone ကို စောင့်ကြည့်ထားပြီး အချိန်မီရောက်ဖို့ သေချာအောင်လုပ်ထားပါ။ သင်ကံကောင်းပါက၊ သင်သည် ရန်သူ squads များကို ကျဆုံးစေနိုင်စေပြီး သင်တိုက်ခိုက်နေချိန်မှာ kills အချို့ကိုပင် ရရှိနိုင်ပါတယ်။ အလုံအလောက်လေ့ကျင့်မှုရှိခြင်းဖြင့်၊ သင်သည် လွယ်ကူသောအောင်ပွဲနှင့် သင့်ရဲ့ Chicken Dinner ခါးပတ်ပေါ်မှာ နောက်ထပ်အထစ်တစ်ခု ရနိုင်မှာဖြစ်ပါတယ်။

ဖြည်းဖြည်းချင်းစတင်ပြီး ‌နောက်ဆုံးမှသာ အလျင်စလိုပါ

Ranked ဂိမ်းတွေကစားတဲ့အခါ၊ endgame သည် သင်အောင်မြင်မှုအရှိနိုင်ဆုံးနေရာဖြစ်ကြောင်း မှတ်သားထားရန် အရေးကြီးပါတယ်။ ဖြည်းဖြည်းချင်းစတင်ပြီး loot လုပ်ပြီး နေရာတွေကို လိုက်လံစူးစမ်းရန် သင့်အချိန်ယူခြင်းသည် စောစောစီးစီးအသာစီးရရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်၊ သို့သော် endgame နီးကပ်လာသောအခါတွင် သင်သည် ဂီယာပြောင်းပြီး အလျင်စလိုလုပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ Safe zone နှင့် နီးကပ်စွာနေရန် သေချာထားစေပြီး ဖြစ်နိုင်သမျှ အကောင်းဆုံး Loots များရရန်အတွက် အလယ်ဗဟိုသို့ ရောက်အောင် ကြိုးစားပါ။ ရန်သူများ ဘယ်နေရာကနေထွက်လာနိုင်လဲဆိုတာ စောင့်ကြည့်ထားသင့်ပြီး သေနတ်သံတွေကလည်းရန်သူ squad တွေအနားမှာရှိနိုင်တဲ့ လက္ခဏာဖြစ်နိုင်တာကြောင့် ၎င်းတို့ကိုလဲနားစွင့်ထားပါ။ နောက်ဆုံးအနေနဲ့၊ သင့်မှာ အသာစီးရနေတဲ့အခါ တိုက်ပွဲတွေမှာ ပါဝင်ဖို့ မကြောက်ပါနဲ့၊ ဘာကြောင့်လဲဆိုတော့ ၎င်းက ဂိမ်းကို အနိုင်ရခြင်း မရခြင်းအတွက် အဆုံးအဖြတ်ဖြစ်သွားနိုင်တာကြောင့်ဖြစ်ပါတယ်။

အဲဒါတွေပါပဲ! ဒီအရာတွေကတော့ Conqueror rank သို့ရောက်ရန် သင်လမ်းဖောက်တဲ့ အခါ မှတ်သားထားရမည့် အဓိကအချက်များဖြစ်ပါတယ်။ အဲဒီကိုရောက်ဖို့ အချိန်တွေ ကျွမ်းကျင်မှုနဲ့ လေ့ကျင့်မှုတွေ အများကြီးယူရမှာဖြစ်ပေမယ့် ဒီအချက်တွေကို လိုက်နာမယ်ဆိုရင် အောင်နိုင်သူတစ်ယောက်ဖြစ်လာဖို့ သင့်အတွက် အဆင်ပြေစေနိုင်ပါလိမ့်မယ်။ ထို့အပြင် သင်ကစားသည့်အတိုင်း ဂိမ်းကို ပျော်ရွှင်စွာကစားရန် မမေ့ပါနှင့်။ Rank တက်ဖို့အတွက် အဆက်မပြတ်ကြိုးစားတဲ့အထဲမှာပဲ ပိတ်မိမနေပဲ PUBG Mobile သည် ဂိမ်းတစ်ခုဖြစ်ပြီး ၎င်းကို ပျော်စေဖို့ကစားသင့်ကြောင်း မှတ်သားထားရန် အရေးကြီးပါသည်။ ကံကောင်းပါစေ!

ဆက်လက်ဖတ်ရှုနိုင်ရန်: PUBG Mobile Ranking System ကို ရှင်းပြချက်

Codashop တွင်သာ PUBG Mobile အတွက် သင်၏ UC တွေဖြည့်ဖို့ PUBG Mobile အတွက် သင်၏ UC တွေဖြည့်ဖို့ မမေ့ပါနှင့်။ ကျွန်ုပ်တို့သည် အကောင့်ဝင်ခြင်း သို့မဟုတ် စကားဝှက်များမလိုအပ်ဘဲ ပိုမိုလွယ်ကူမြန်ဆန်သော ဖြည့်သွင်းမှုများကို ဝန်ဆောင်မှုပေးထားပါတယ်။ 

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here