စတင်ကစားတဲ့သူများအတွက် VALORANT Movement လမ်းညွှန်

0
52

VALORANT Movement Guide (1)
Tactical First-Person Shooters (Tac-FPS)
ဂိမ်းများတွင်တွင် movement သည် ကစားသမားများ သိထားသင့်သည့် ပထမဆုံးအရာဖြစ်သောကြောင့် လေ့လာထားရန် အရေးကြီးပါတယ်။ မှန်ပါတယ်၊ သေနတ်ပစ်ခြင်းက Tac-FPS ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်သော်လည်း movement ကလည်း အချက်အလက်စုဆောင်းခြင်းကဲ့သို့ပင် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။ လှုပ်ရှားမှုတစ်ခုတည်းကပင် အချက်အလက်စုဆောင်းခြင်းရဲ့ ၃၃% ခန့်ကို သက်ရောက်မှု ရှိနိုင်ပြီး၊ အခြားအရာများမှာ ထွက်တဲ့အသံတွေ နဲ့ ability အသုံးပြုမှုတို့‌ပေါ်တွင်မူတည်ပါတယ်။ ထူးခြားတဲ့ movement ရှိတဲ့ ကစားသမားများအနေနဲ့ ရန်သူအဖွဲ့ကို မျှားပြီးကြိုးကိုင်နေတာနဲ့အတူ ကိုယ့်အဖွဲ့အတွက်လည်း အချက်အလက်များကို အဆက်မပြတ် စုဆောင်းပေးနိုင်ပါတယ်။

ဤဆောင်းပါးမှာဆို၊ ကျွန်ုပ်တို့အနေနဲ့ movement နဲ့ပတ်သက်တဲ့ အချက်သုံးချက်ကို ခြုံငုံဖော်ပြသွားမှာဖြစ်ပြီး အဲ့တာတွေကတော့ – လက်တွေ့ movement အခြေခံများ၊ သေနတ်ပစ်ခြင်း အခြေခံများနှင့် – ဘောနပ်စ်အဖြစ် – နေရာယူနည်း လမ်းညွှန် တို့ပဲဖြစ်ပါတယ်။ သို့သော် ဦးစွာသတိပြုရန် အလွန်အရေးကြီးတဲ့ mechanic ကို ဦးစွာဖော်ပြမှာဖြစ်ပါတယ်။

Peeker တစ်ယောက်ရဲ့အားသာချက် – Tac-FPS   ဂိမ်းတွေမှာ ဆက်လက် တည်ရှိနေတဲ့ ပြဿနာတစ်ခုပဲလား?

VALORANT ကဲ့သို့အွန်လိုင်းဘက်အသားပေးထားတဲ့ Tac-FPS ဂိမ်းများတွင်၊ ‌peekers များက angle တစ်ခုကိုသာကြည့်တဲ့သူထက် အနည်းငယ်အားသာချက်ရှိကြတဲ့ ထိုကဲ့သို့ပြဿနာ‌တွေရှိပါတယ်။ ဤအားသာချက်ကို peeker ရဲ့အားသာချက် လို့ဘာကြောင့်ခေါ်ဆိုရလဲဆိုတော့၊ angle တစ်ခုတည်း ဘက်ကို ဦးစားပေးတဲ့သူက ဤဆောင်းပါး တွင် ရှင်းပြထားသည့် အချက်လေးချက် : ကစားတဲ့သူရဲ့ framerate၊ တစ်ဖက်တည်း network lag ခြင်း၊ server framerate နှင့် network buffering တို့ကြောင့် အနည်းငယ် အားသာချက်ရရှိနိုင် တာကြောင့်ဖြစ်ပါတယ်။. ဤအရာများနှင့်ပတ်သက်သည့် နောက်ထပ်အချက်အလက်များ ကိုသိရှိနိုင်ရန်အတွက်၊ ကျေးဇူးပြု၍ ဆော့ဖ်ဝဲရေးသားသူများကိုယ်တိုင်ပြုလုပ်ထားတဲ့ ဤအသေးစိတ်ဆောင်းပါး လင့်ခ်ကိုနှိပ်ပြီးကြည့်ရှုနိုင်ပါတယ်။ ယခုအချိန်မှာ ၎င်းက အွန်လိုင်းပွဲများတွင် ဘာကြောင့် ဆက်လက်ရှိနေတဲ့ပြဿနာတစ်ခုဖြစ်နေရတာလဲ ? Angle ကိုထိန်းသိမ်းနိုင်ခြင်းက Tac-FPS shooters များ စတင်ပေါ်ပေါက်လာကတည်းက အသုံးအများဆုံးနည်းဗျူဟာများထဲမှတစ်ခုဖြစ်သောကြောင့်၊ ဤသည်မှာ ပြဿနာတစ်ခုဖြစ်တယ်လို့ ကျွန်ုပ်တို့ အငြင်းပွားနိုင်ပါတယ်။ သို့ရာတွင် ဥပမာအားဖြင့် 100ms ping နှင့် တစ်စုံတစ်ယောက်က  20ms ခန့် ping အောက်မှာဆော့နေပြီး angle တစ်ခုတည်းကို ကြည့်ပြီးထိန်းကိုင်ထားတဲ့သူတစ်ဦးကို ချောင်းနေတယ်ပဲ ဆိုကြပါစို့။ အမြင့်ဆုံး ping ရှိတဲ့သူက network ကနေပြီး moves များကို လက်ခံတဲ့ပုံကြောင့် (peeker ကိုမြင်နေတဲ့ angle ကိုသာကြည့်ထိန်းထားတဲ့သူတစ်ယောက်ရှိတဲ့ ‌angle ကိုချောင်းကြည့်နေခြင်းမှ)  ping နည်းတဲ့သူထက် ပိုမိုအားသာချက်ရှိမှာဖြစ်ပါတယ်။  ဒါပေမယ့် ကျွန်ုပ်အခြားလမ်းကြောင်းနဲ့ပြောလိုပါတယ်။ ကျွန်ုပ်ပြောလိုတာက network အခြေခံ အချက်တွေ မတိုးတက်ဘူးဆိုရင် peeker ရဲ့ အားသာချက်က အဲဒီမှာရှိနေမှာပါပဲ။ ping ကွာခြားချက်အနည်းငယ်ဖြစ်တဲ့ မီလီစက္ကန့်များကဲ့သို့ အနည်းငယ်မျှသောပမာဏတွင်ပင်၊ ကစားသမားအားလုံးအတွက် ဂိမ်းကစားခြင်းကို တိုက်ရိုက်အကျိုးသက်ရောက်မှုဖြစ်စေနိုင်ပါတယ်။ သို့သော်၊ ကျွန်ုပ်တို့သည် peeker ၏အားသာချက်ဖြင့်ပင် ကျွန်ုပ်တို့၏ကစားပုံကို အမြဲချိန်ညှိနိုင်ပါတယ်။

Movement အခြေခံအချက်များ

အောက်ပါတို့ကတော့ VALORANT ကဲ့သို့ Tac-FPS ဂိမ်းများတွင် အသုံးအများဆုံး movement များဖြစ်ပါတယ်။ Movement အခြေခံအချက် ခုနစ်ချက်အကြောင်း ဖော်ပြမှာဖြစ်ပါတယ်။ ဒါတွေက သင့်ကို ပိုမိုကောင်းမွန်တဲ့ movement ရှိစေဖို့ လမ်းညွှန်ပေးနိုင်ပါတယ်။

  • Strafing နှင့် Counter-strafing – Tac-FPS ဂိမ်းများမှာ WASD layout ကို အသုံးပြုထားပါတယ်။ W ကိုနှိပ်ခြင်းဖြင့် ဇာတ်ကောင်ကို ရှေ့သို့သွားနိုင် ပြီး S ဖြင့်နောက်သို့သွားနိုင်ပါတယ်။ A နှင့် D ကဇာတ်ကောင်ကို (A) ကဘယ်ဘက်သို့သွားပြီး  (D) ကညာဘက်သို့သွားနိုင်ပါတယ်။ ရှေးယခင်အချိန်တွေက A နှင့် D ရဲ့ ပုံသေဆက်တင်က ဘယ်ညာကြည့်ရန်အတွက်ဖြစ်ပါတယ်။. Shooters ဂိမ်းတွေက ပိုမိုအဆင့်မြင့်လာပြီး ကြည့်ရှုရန် နှင့် သေနတ်ပစ်ရန်အတွက် မောက်စ်ကို ပိုမိုအားကိုးလာသောကြောင့် ဤပုံစံဟောင်းသည် အလိုလိုတန်ပြန်ပြောင်းလဲလာပုံရပါတယ်။ အားလုံးအတွက် ကီးဘုတ်ကိုသာ အသုံးပြု၍ VALORANT ကို ကစားဖို့ စိတ်ကူးကြည့်လိုက်ပါ။ Strafing က shooters ဂိမ်းများသာမက Tac-FPS ဂိမ်းများအတွက်လည်း သာမန် movement တစ်ခုဖြစ်လာပါတယ်။ ပိုမိုအဆင့်မြင့်သော strafing ပုံစံဖြစ်တဲ့၊ counter-strafing တွင် ပစ်ခတ်ခြင်းလည်းပါဝင်ပြီး ဘယ်ဘက် သို့မဟုတ် ညာဘက် သို့ strafing လုပ်ပြီး ထပ်မံပစ်ခတ်ခြင်းတို့လည်း ပါဝင်ပါတယ်။ mechanic တွင် ပစ်ခတ်ခြင်းနှင့် movement ဆိုင်ရာ အမှားအယွင်းများ မဖြစ်မီ လက်နက်၏ ပထမဆုံး ပစ်ချက်အတွက် တိကျမှုကို အသားပေးပြီးအခွင့်ကောင်းယူထားပါတယ်။
  • Jiggle peek (လှုပ်ပြီးချောင်းကြည့်ခြင်း) – Jiggle peek တွင် အချက်အလက်စုဆောင်းရန် ရည်ရွယ်ချက်ဖြင့် strafing ပြုလုပ်ခြင်းပါဝင်ပါတယ်။ Haven ရဲ့ A နှင့် C Long အပိုင်းများကဲ့သို့ ရှည်လျားသော မြင်ကွင်းများရှိတဲ့နေရာနေမှာ အထူးအသုံးဝင်ပါတယ်။ ဆန့်ကျင်ဘက်အသင်းရှိ စနိုက်ပါကစားသမားကို မျှားရန်အတွက်လည်း Jiggle peek ကိုမကြာခဏအသုံးပြုလေ့ရှိပါတယ်။ အချက်အလက်များရယူရာတွင် အောင်မြင်ခြင်းရှိမရှိသိရန်၊ ရွေးချယ်မှုများ menu ရှိ Minimap Vision Cones ကိုဖွင့်ရမှာဖြစ်ပါတယ်။ ရန်သူများကသင့်မြင်ကွင်းထဲသို့ရောက်လာသောအခါတွင် minimap ပေါ်တွင် အနီရောင် ?” ဖြင့်ပြသထားမှာဖြစ်ပါတယ်။ Jiggle peek ကနေပြီး အဓိကခြားနားချက်ဖြစ်သည့်  ကြိုတင်ပစ်ခတ်ခြင်း angle များကိုလည်း ဤနေရာတွင် အသုံးပြုနိုင်ပါတယ်။
  • Jump peek (ခုန်၍ချောင်းကြည့်ခြင်း) – အခြေခံအားဖြင့် jiggle peek ရဲ့ jump version တစ်ခုဖြစ်တဲ့ သိသိသာသာအဆင့်မြင့်တဲ့ peeking တစ်ခုပဲဖြစ်ပါတယ်။ ၎င်းသည် ဆန့်ကျင်ဘက်ရန်သူအသင်းစနိုက်ပါကစားသမား ရဲ့ crosshair နေရာအား အလျားလိုက်မှ ဒေါင်လိုက်သို့ ပြောင်းလဲခြင်းဖြင့် ဆန့်ကျင်ဘက်အဖွဲ့၏ စနိုက်ပါကို လှည့်စားနိုင်ပါတယ်။  Jump peeking သည်  jiggle peeking ထက် recovery time ပိုမိုများပြားသောကြောင့်၊ jump peek နှစ်ခုကိုဆက်တိုက်ပြုလုပ်ခြင်း ထက် နှစ်ခုစလုံးကိုရောနှောပြီးပြုလုပ်ခြင်းက စောင့်ကြည့်သူတစ်ယောက် ကို ပိုမိုရှုပ်ထွေးအောင် လှည့်စားနိုင်မှာဖြစ်ပါတယ်။ Jump peek တစ်ခုကိုပြုလုပ်ရန် ရန်၊ သင်ခုန်လိုသော ဦးတည်ရာဆီသို့ သင်၏ crosshair ကို ချိန်ပါ – ဥမာအားဖြင့် ညာဘက်လို့ဆိုကြပါစို့။ အဲ့တာဆိုရင် W နှင့် D ကို ကိုင်ထားပြီး ဦးတည်ရာသို့ ခုန်ကာ ဆန့်ကျင်ဘက်ဦးတည်ရာ သို့ crosshair ကို ချိန်ပြီးနောက် သင်ပုန်းနေသော angle သို့ ပြန်သွားရန် W နှင့် A ကိုနှိပ်ပါ။  ဤနေရာတွင် နောက်ထပ်လှည့်ကွက်တစ်ခုမှာ A သို့မဟုတ် D ကိုမနှိပ်ဘဲ မောက်စ်ကိုအသုံးပြု၍ 180 ဒီဂရီတဲ့ လှည့်ကွက်တစ်ခုဖြစ်ပါတယ်။ [၎င်းကိုရှုပ်ထွေးသည်ဟုထင်ပါက ပေါင်းစပ်ဖော်ပြထားတဲ့ GIF က သင့်အား ကောင်းမွန်စွာလမ်းညွှန်ပေးမှာဖြစ်ပါတယ်။]
  • Slicing the pie – စစ်မှန်သော စစ်ရေးလေ့ကျင့်မှုမှ တိုက်ရိုက်ထုတ်နှုတ်ထားသော အခြေခံ movement တစ်ခုဖြစ်ပါတယ်။ Slicing the pie တွင် peeking  နှင့် jiggle peeking နှင့် crosshair နေရာထားခြင်းတို့ကို ပေါင်းစပ်ခြင်းဖြင့် ဖြစ်နိုင်သည့် angle အားလုံးကို ရှင်းလင်းထားခြင်း ပါဝင်ပါတယ်။ တစ်စုံတစ်ဦးသည် အမြင့်ပြောင်းလဲမှုနှင့်အတူ angle အမြင့်များတွင် ရှိနေပါက ကြိုတင်ခန့်မှန်းရန် ခက်ခဲပါတယ်။ ၎င်းကိုရှင်းလင်းရန်၊ slicing the pie က အလုပ်ဖြစ်နိုင်ခြေရှိပြီး ၎င်းသည် peeker ကို သူတို့ရှင်းလင်ထားတဲ့ angle ကို လုံခြုံစေချိန် နှင့်တပြိုင်နက် angle ကိုနောက်တချက်ကြည့်ရှုဖို့အခွင့်ရေးပေးနိုင်ပါတယ်။
  • “Ferrari” peek – Wide swinging  (“Ferrari” peek ရဲ့မူရင်း) ကတော့ ပြေးပြီးပစ်တဲ့ mechanic နဲ့ထပ်နေပြီး နောက်ထပ်အဆင့်မြင့် peeking နည်းတစ်နည်း ဖြစ်ပါတယ်။ VALORANT တွင် the Poppin Swing လို့ခေါ် တဲ့Ferrari” peek   ရဲ့ထူးခြားတဲ့ ဗားရှင်းတစ်ခုရှိပါတယ်။ မည်သို့ပဲခေါ်ခေါ်  Ferrari” peek ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ peeker ရဲ့အားသာချက်ကို ရယူပြီး ၎င်းရဲ့ အခြေခံအုတ်မြစ်အဖြစ် မည်သည့်အချိန်တွင် ပစ်ခတ်ရမည်ကို သိရှိခြင်းပဲဖြစ်ပါတယ်။ ကျေးဇူးပြု၍ နောက်ဆုံးအချက်ကို သတိပြုပါ : ဘယ်အချိန်မှာ ပစ်ခတ်ရမယ်ဆိုတာကို သိတာက swing ပြီးနောက် ပစ်ဖို့ ယုံကြည်ချက်ရှိခြင်းကိုပြောတာဖြစ်ပါတယ်။ “Ferrari” peek ၏အားသာချက်ကကောဘာလဲ? အထူးသဖြင့် တင်းကြပ်သော angle များတွင် သို့မဟုတ် ထိုင်ပုန်းပြီးစောင့်နေတယ်လို့ အတတ်ပြောနိုင်တဲ့အချိန်တွေမှာဆို ၎င်းကိုအသုံးပြုချင်းက angle တစ်ခုကိုထိုင်စောင့်နေတဲ့သူရဲ့ timing ကိုအနှောင့်ယှက်ပေးနိုင်ပါတယ်။ [“Ferrari” peek ကိုအသုံးပြုသည့် ထင်ရှားသောကစားသမား : Poppin]
  • Crouch peeking (ဝပ်ပြီးချောင်းကြည့်ခြင်း) ချောင်းကြည့်နေစဉ် ဝပ်နေခြင်းသည် angel ကြည့်ထိန်းနေသူရဲ့ crosshair နေရာချထားမှုကို peeker ရဲ့အမြင့်ကိုပြောင်းလဲခြင်းဖြင့် ရှုပ်ထွေးစေနိုင်တဲ့ အားသာချက်ကို ရရှိနိုင်ပါတယ်။ ကျွမ်းကျင်သောကစားသမားများ (Ascendantအထက်) အတွက် ၎င်းတို့၏ crosshair သည် အများအားဖြင့် ဦးခေါင်းအမြင့်ကို ချိန်ထားလေ့ရှိပါတယ်။ Crouch peeking လုပ်ခြင်းဖြင့်၊ peeker သည် အမြင့်ပြောင်းလဲမှုကြောင့် တစ်ဦးချင်းပစ်ခတ်မှုတွင် အနိုင်ရရန် အခွင့်အလမ်းပိုများပါတယ်။ ၎င်းကို သာမန် jiggle peek သို့မဟုတ် “Ferrari” peek ဖြင့် ရောနေနိုင်ပါတယ်။ [Crouch peeking ကို အသုံးပြုသည့် ထင်ရှားသောကစားသမား- Dasnerth]
  • Movement error – ဤ mechanic သည် movement ရဲ့အစ သို့မဟုတ် အဆုံးနှင့် ပစ်ခတ်ရမည့် ပထမဆုံးပစ်ခတ်မှုအကြား ကွာဟချက်ကို ဆုံးဖြတ်ပါတယ်။ ဤကွာဟချက်ကို သိခြင်းသည် peeking အတွက် အထောက်အကူဖြစ်လိမ့်မှာဖြစ်ပါတယ်။ သင်ကိုယ်တိုင်လေ့ကျင့်ရန်၊ Movement အမှားအယွင်း ကိုပြသရန် သင့်ရဲ့ မူလ crosshair ကို သတ်မှတ်ထားသင့်ပါတယ်။

သေနတ်ပစ်ခြင်းဆိုင်ရာ အခြေခံအချက်များ

Movement သည် VALORANT တွင် အချက်အလက်စုဆောင်းခြင်း၏ ဖြစ်သော်လည်း၊ ပစ်ခတ်ခြင်းကတော့ VALORANT ဂိမ်းတစ်ခုလုံး၏ ဖြစ်ပါတယ်။ဤအခြေခံသေနတ်ပစ်နည်းများကို လေ့လာခြင်းက သင့်အား ပိုကောင်းလာစေရန် ကူညီပေးပါလိမ့်မည်။

 

  • Pre-firing (ကြိုတင်ပစ်ခတ်ခြင်း)Pre-firing သည် ရန်သူတစ်ဦးမှ သို့မဟုတ် အများအားဖြင့်ရန်သူတစ်ဦး ထိန်းပြီးစောင့်ကြည့်နေနိုင်တဲ့ angle တစ်ခု သို့မဟုတ် wall bang တစ်ခုကို ကြိုတင်ပစ်ခတ်သည့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ၎င်းကို ရှည်လျားသော မြင်ကွင်းလမ်းကြောင်းများတွင် jiggle peeking နဲ့အတူတွဲပြီးပြုလုပ်ကြလေ့ရှိပါတယ်။
  • Wall bang (နံရံဖောက်ပစ်ခြင်း)VALORANT သည် “စက္ကူကဲ့သို့ပါးလွှာသော”  နံရံများစွာရှိတဲ့ နာမည်ဆိုးဖြင့် ကျော်ကြားပါတယ်၊ ဆိုလိုသည်မှာ နံရံများနှင့် မြေပုံ resources များ (ဥပမာ boxes များ) အများအပြားကို ဖောက်ထွင်းပစ်ခတ်နိုင်ပြီး kills အချို့ရရှိနိုင်တဲ့အတွက်ဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့်၊ စွမ်းအားမြင့်သေနတ်များ (GhostSheriffVandalPhantomMarshalOperatorAresGuardianOdin) တို့ဖြင့် နံရံများကို ဖောက်ပြီးပစ်ခတ်နိုင်ပါတယ်။ အပစ်အများဆုံး wall bang နေရာကတေ B Main ရှိရန်သူများကိုဖမ်းရန် Ascent B Site ရှိ Odin wall bang နေရာဖြစ်ပါတယ်။ Sova dart သို့မဟုတ် Cypher cam သည် wall bang ကို လုပ်ဆောင်နိုင်ရန် အချက်အလက်များကို စုဆောင်းရာတွင် ကူညီပေးနိုင်ပါတယ်။ Split’s B Back တွင် wall bang နေရာတစ်ခုအဖြစ် ရန်သူများ စောင့်နေနိုင်သည့် ဘယ်ဘက်ခြမ်းတွင် သစ်သားစာစောင်ဘုတ်တစ်ခု ရှိပါတယ်။
  • Crosshair နေရာချထားခြင်းTac-FPS ဂိမ်းတွေဆော့ရာမှာ သေနတ်ပစ်ခြင်းရဲ့ အစိတ်အပိုင်းတစ်ခု ကတော့ crosshair နေရာချထားခြင်းဖြစ်ပြီး crosshair ကိုမှန်ကန်စွာနေရာချထားပါက instant kills တွေရနိုင်ဖို့ကူညီပေးပါတယ်။ VALORANT အတွက်၊ အကောင်းဆုံးအားဖြင့်၊ crosshair ကို ဦးခေါင်းအမြင့် တွင်ထားရှိသင့်ပါတယ်။ ၎င်းကိုလေ့ကျင့်ရန်အတွက်၊ သင်သည် The Range သို့သွား၍ bot များအတွက် ဦးခေါင်းအမြင့်သည် မည်သည့်နေရာတွင်ရှိသည်ကို ကြည့်ရှုနိုင်ပါတယ်။ ထို့အပြင် သင်ကြိုးစားကြည့်နိုင်တဲ့ အခြားသော အမြင့်နှင့် အကွာအဝေးအချို့လည်း ရှိပါသေးတယ်။
  • Aim down sights (ADS) – ADS အတွက် ညာဘက်မောက်စ်ခလုတ်ကို အများအားဖြင့် အသုံးပြုလေ့ရှိပါတယ်။ Tac-FPS ၏အစောပိုင်းကာလများတွင်၊ ဤခလုတ်သည် အများအားဖြင့် ADS မဟုတ်ပါဘူး။ ယင်းအစား၊ ၎င်းသည် အစားထိုးပစ်ခတ်ခြင်း ( semi-automatic မှ burst ကဲ့သို့) သို့မဟုတ် suppressor ကဲ့သို့ attachment များဖြင့်ပစ်ခတ်ခြင်းတို့အတွက်သာသုံးပါတယ်။ VALORANT တွင်၊ ဤ properties များထဲမှ အချို့သည် (suppressors များကို PhantomGhost၊ နှင့် Spectre တို့တွင် တွဲထားကထဲက) ဖယ်ထုတ်ထား  သို့မဟုတ် သင် ADS လုပ်သောအခါ (Bulldog ရဲ့  burst-fire အတွက်) ကို ထည့်သွင်းထားပါတယ်။ ဟုတ်ပါတယ်၊ ADS ကိုအသုံးပြုခြင်းအတွက် ကောင်းကျိုးဆိုးကျိုးတွေရှိပါတယ်။  အားသာချက်များ မှာ ADS သည် hip-fire နှင့် နှိုင်းယှဉ်ပါက သင့်ရဲ့ aim ကို တည်ငြိမ်စေနိုင်ပြီး ပထမဆုံး ပစ်ခတ်မှု ကိုတိကျစေရန် ပြောင်းလဲပေးပြီး Spectre မှလွဲ၍ ပိုမိုရှည်လျားသော အကွာအဝေးတွင် ပိုမိုထိရောက်စေနိုင်ပါတယ်။ တစ်ချိန်တည်းတွင်၊ ADS သည် movement အမြန်နှုန်းကို လျှော့ကျစေပြီး ပစ်ခတ်မှုနှုန်း လျော့နည်းစေနိုင်ပါသည်။ ၎င်းတို့ကတော့ စနိုက်ပါရိုင်ဖယ်များနှင့် မသက်ဆိုင်ပါ။
  • Spraying နှင့် burstingအထက်ဖော်ပြပါ အခြားအရာများတွင် ထည့်သွင်းအသုံးပြုနိုင်သော VALORANT တွင် ရေပန်းအစားဆုံး ပစ်ခတ်တဲ့နည်းလမ်းများထဲမှ တစ်ခုဖြစ်ပါတယ်၊ Wall bang နေရာကို Spraying ပစ်ခတ်ခြင်း၊ angle တစ်ခုကိုကို pre-firing ဖြင့် Spraying ပစ်ခတ်ခြင်း နှင့်၊ ADS ဖွင့်ပြီး Spraying ပစ်ခတ်ခြင်းတို့ပဲဖြစ်ပါတယ်။ Spraying ပစ်ခတ်ခြင်း တွင် ဘယ်ဘက်မောက်စ်ခလုတ်ကို တစ်ချက်ဖိနှိပ်ပြီး ကျည်ငါးတောင့် သို့မဟုတ် ထိုထက်ပိုသော ကျည်ဆံများကို ပစ်ခတ်ခြင်းကို ဆိုလိုပါတယ်။ တစ်ဖက်တွင်၊ bursting သည် ကျည်သုံးတောင့် သို့မဟုတ် ထိုထက်နည်းသော ပစ်ခတ်မှုတွင် သမရိုးကျဆန်ပြီး ပကတိအတိုင်း တပြိင်နက်တည်းပစ်ခတ်ခြင်း အသုံးပြုပါတယ်။
  • Firing error ပထမအကြိမ်နှင့် ဒုတိယပစ်ခတ်မှုကြားတွင် သေနတ် recoils ဖြစ်တဲ့အချိန်ကိုဆိုလိုပါတယ်။ Movement အမှားအယွင်း နှင့် တွဲပြီးဖြစ်ပါက သင့်ရဲ့ aim ကို လွန်စွာ ကျစေနိုင်မှာဖြစ်ပါတယ်။ Timing ကိုလေ့ကျင့်ရန်၊ firing error ကိုဖွင့်ရန် သင်၏မူလ crosshair ကို သတ်မှတ်ပါ။ Movement error အတွက် ဆက်တင်အောက်တွင်ရှိပါတယ်။

နေရာယူခြင်း အခြေခံအချက်များ

Tac-FPS ဂိမ်းတစ်ခုတွင် နေရာယူခြင်းသည် အရာအားလုံးတွင် အကျုံးဝင်ပါတယ်။  VALORANT တွင် ပြီးပြည့်စုံစွာဖြင့် နေရာယူထားသော Agnet တစ်ယောက်သည်သည် အချက်အလက် နှင့် သတ်ဖြတ်မှု နှစ်ခုလုံးတွင် အကျိုးရှိစေနိုင်ပါတယ်။ ဤအရာများသည် သင့်ဂိမ်းတွင် သင်ထည့်သွင်းကစားနိုင်တဲ့ အခြေခံနေရာယူနည်း အချို့ဖြစ်ပါတယ်။

  1. Off-angleထောင့်တစ်ခုခုကဲ့သို့ off-angle တစ်ခုကိုထိန်းစောင့်ထားခြင်းသည်၊ စောင့်ကြည့်သူကို peeker အားအနည်းငယ်ပိုမြန်ပြီး (တစ်ဖန်၊ ကျွန်ုပ်တို့အနေနဲ့ မီလီစက္ကန့်အနည်းငယ်မျှသာ ခြားနားချက်ကိုပြောနေခြင်းဖြစ်ပါတယ်) မြင်နိုင်အောင် ကူညီပေးတဲ့အတွက် peeker ရဲ့အားသာချက်ကို အနည်းငယ်သက်သာစေပါတယ်။ ၎င်းသည် easy kill ရနိုင်မယ်လို့ မျှော်လင့်ထားတဲ့ သာမန် angle တစ်ခုကို ကို pre-fire လုပ်မည့် peeker ရဲ့မျှော်လင့်ချက်ကိုလည်း ကပြောင်းကပြန်ဖြစ်စေနိုင်ပါတယ်။ သို့သော်၊ သင်သည် off-angle တွင် နေရာယူထားသောကြောင့် peeker ကသူတို့ရဲ့ crosshair ထားတဲ့နေရာအား ချိန်ညှိထားရပါမယ်။
  2. ထောင့်များတွင် ကပ်ပြီးနေရာယူခြင်း ဟုတ်ပါတယ်၊ အမြဲတမ်း off-angle တွေမှာကစားတာက သင်တစ်ခါလုပ်ပြီးသွားတာနဲ့ သင့်ရန်သူတွေက off-angle မှာပဲရှိနေမယ်လို့သိနေပါလိမ့်မယ်။ အဲ့တာဆိုဘာလို့ ရှေးနည်းတွေအတိုင်း ထောင့်တွေမှာကပ်ပြီးနေရာယူတာနဲ့ ရောနှောပြီးမလုပ်ရမှာလဲအထူးသဖြင့် 2-versus-1 အခြေအနေများတွင် ထောင့်များကို စောင့်ကာထိန်းထားခြင်းဖြင့် သင့်အသင်းဖော်အတွက် အနည်းဆုံး အချက်အလက်ကို စုဆောင်းနိုင်ပါတယ်။ Round တစ်ခုရဲ့ ပထမ စက္ကန့် 30 တွင်၊ ၎င်းသည် အခြား site သို့ လှည့်ရန် ခေါ်ဆိုခြင်း သို့မဟုတ် ရန်သူများသွားမည့်နေရာကို အသင်းဖော်များအား အသိပေးခြင်းဟု ဆိုလိုနိုင်သည်။ ဒါက ကျွန်ုပ်တို့ကို ဦးတည်စေသည်မှာ…
  3. သတင်းအချက်အလက်စုဆောင်းရန်နေရာတစ်ခုတွင်နေခြင်း ကျွန်ုပ် အဲ့လောက်ထိ ဖိအားဒဏ် မခံနိုင်ဘူး။ Tac-FPS ဂိမ်းများတွင် အချက်အလက်စုဆောင်းရန် အရေးကြီးပြီး VALORANT မှာလည်း ၎င်းမပါဝင်လို့မရပါဘူး။ တစ်နေရာတည်း သို့မဟုတ် ၎င်း၏အနီးတစ်ဝိုက်တွင် ရပ်စောင့်နေခြင်းသည် တီထွင်ကြံဆထားသော ဗျူဟာမြောက်စွာဖြင့်ခေါ်ဆိုမှုများ (လှည့်ပတ်ခြင်း၊ ပုန်းခိုတိုက်ခိုက်ခြင်း၊ ဆိုက်ရှင်းလင်းခြင်း) သို့ ဦးတည်နိုင်ပါတယ်။ ဆန့်ကျင်ဘက်ရန်သူများမှ ပုန်းကွယ်တိုက်ခိုက်နိုင်မယ်လို့ မျှော်လင့်ထားသောကြောင့် တစ်ချိန်လုံး ဤအရာကို မလုပ်ပါနဲ့။.
  4. Flankingဆော့နေကျနည်းဗျူဟာတစ်ခုဖြစ်ပြီး ပြိုင်ဘက်တွေကို သင်ရှိနိုင်မယ်လို့ သူတို့အနည်းဆုံး မျှော်လင့်ထားတဲ့နေရာမှာ နေရာယူဖို့ပါပဲ။ Flanking ကိုဗျူဟာတစ်ခုအနေဖြင့် တစ်နေရာမှ သင့်ထွက်လာဖို့ မမျှော်လင့်ထားတဲ့ နေရာတစ်နေရာသို့ ပြောင်းလဲလှည့်ပတ် ခြင်း ပါဝင်ပါတယ်။ flank လုပ်နိုင်တဲ့ အဖြစ်များတဲ့နေရာကတော့ : ပြိုင်ဘက်ရဲ့ spwan နေရာပဲဖြစ်ပါတယ်။ လက်တွေ့တွင်၊ VALORANT တွင် ထည့်သွင်းဆော့ကစားသင့်တဲ့အချက်ကတော့ ၊  ဆန့်ကျင်ဘက်ရန်သူအဖွဲ့ကို ဘေးဘက်မှတစ်ဆင့် ဝိုင်းကာ၎င်းတို့ကို ထိထိရောက်ရောက် ဝန်းရံတိုက်ခိုက်ခြင်းပဲဖြစ်ပါတယ်။ ၎င်းကိုပြုလုပ်နိုင်ဖို့ ကစားသမားတစ်ဦးစီတွင် သူတို့ရဲ့အသင့်လျော်ဆုံးနေရာသို့ နေရာယူထားခြင်း နှင့် အသင်း၏ပူးပေါင်းဆောင်ရွက်မှုများစွာ လိုအပ်ပါတယ်။
  5. Lineups VALORANT အတွက် သီးသန့် နေရာယူနည်းတစ်မျိုးပဲဖြစ်ပါတယ်။ lineups အတွက် နေရာယူရာတွင် မြေပုံကို ကျယ်ကျယ်ပြန့်ပြန့် သိထားသင့်ပြီး timing လဲလိုအပ်ပါတယ်။ ၎င်းသည် post-plant အခြေအနေများတွင် စွန့်စားနိုင်တဲ့ အဆင့်မြင့်ကစားသမားများအတွက်ဖြစ်ပါတယ်။  lineup နေရာချခြင်းကိုလေ့ကျင့်ရန်၊ ရန်သူ များကို damage ထိစေနိုင်တဲ့ utilities တွေရှိတဲ့ Agents များ- SovaBrimstoneViperKilljoyKAY/O – တို့ကိုအသုံးပြု၍ ‌အောက်ပါအခြေအနေနှစ်ခုနဲ့ကိုက်ညီတဲ့ မြေပုံပေါ်ရှိနေရာတွေမှာနေရာချပါ : ‌a) Spike ကိုဖြုတ်နေကြောင်း  lineup ကစားတဲ့သူက ကြားနိုင်တဲ့နေရာ နှင့် b) သူတို့ကိုခန့်မှန်းလို့မရနိုင်တဲ့နေရာမှာပဲဖြစ်ပါတယ်။  လုံခြုံသောနေရာသည် Spike မှ 60 မီတာအထိအကွာအဝေးတွင်ရှိနိုင်ပါတယ်။ ၎င်းထက်ကျော်လွန်သည့်အကွာအဝေး တိုင်းသည် လက်တွေ့မကျဟု ယူဆသော်လည်း ဆိုက်တစ်ခုမှတစ်ခုသို့ (75 မီတာအထက်) lineups များကို ကျွန်ုပ်မြင်ဖူး ပြီး ၎င်းတို့ကိုလည်းသူတို့ကတကယ်လုပ်နိုင်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ အကွာအဝေးသည် ပိုလုံခြုံလေလေ၊ lineup က ပိုမိုထိရောက်လေဖြစ်ပါတယ်။

အခြေခံလမ်းညွှန်များအားလုံးကဲ့သို့ပင်၊ ဤနေရာတွင်ဖော်ပြထားသည့်အရာများသည် skill levels များအားလုံးအတွက် ပျမ်းမျှ VALORANT ပွဲတစ်ပွဲတွင် မြင်တွေ့ရပြီး အသုံးအများဆုံးအရာများဖြစ်ပါတယ်။ ဤနေရာတွင် ကျွန်ုပ်ထည့်သွင်းထားသည့်အရာများထက် ပိုမိုအဆင့်မြင့်သော နည်းလမ်းများကိုလည်း သင်ထပ်မံရှာဖွေတွေ့ရှိနိုင်ပါတယ်။ ၎င်းတို့က ဂိမ်းကစားခြင်းကို ပျော်ရွှင်စေပြီး ပိုမိုစိတ်လှုပ်ရှားစေပါတယ်။ ဒါပေမယ့် သင့်ရဲ့ Radiant ဖြစ်လာဖို့အတွက် သင့်ရဲ့ခရီးကို စတင်နိုင်ဖို့ ဒီမှာ အဖိုးတန်အချက်အလက်အချို့ကို သင်ရရှိမယ်လို့ မျှော်လင့်ပါတယ်။ သင်ကစားတဲ့အခါကံကောင်းပါစေ။

 

Codashop တွင်သာ သင်ရဲ့ VALORANT Points များကို ဖြည့်သွင်းရန် မမေ့ပါနှင့်။ ကျွန်ုပ်တို့တွင် VALORANT Points များကို ဝယ်ယူရန်အတွက် မြန်ဆန်ပြီး အဆင်ပြေသောနည်းလမ်းရှိပါတယ်။ သင့်ရဲ့ Riot ID၊ သင်ဝယ်ယူလိုသော VALORANT Points ပမာဏနှင့် သင်နှစ်သက်သော ငွေပေးချေမှုနည်းလမ်းကို ဖြည့်သွင်းပါ။ ၎င်းသည် ရိုးရှင်း၊ လျင်မြန်ပြီး အားစိုက်ထုတ်စရာမလိုပါဘူး။.

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here