PUBG Mobile Ranking System ရှင်းပြချက်

0
205

PUBG Mobile Ranking System Explained

Ranks Games များအား အတိုချုပ်မိတ်ဆက်ခြင်း

ယှဉ်ပြိုင်မှုများပြားသည့် ranks များသည် ပြိုင်ပွဲများ မှအခြေခံ၍စတင်ပေါ်ပေါက်လာချိန်ထဲက အွန်လိုင်းဂိမ်းအများစုမှာ စွဲမြဲပေါ်ပေါက်လာတဲ့ ယှဉ်ပြိုင်မှုတစ်ခုဖြစ်လာပါတယ်။ ဗီဒီယိုဂိမ်းပြိုင်ပွဲများ၏ အစောပိုင်းကာလများတွင် ကစားသမားတစ်ဦးစီကို မည်သည့်နေရာတွင် နေရာချထားမည်ကို ဆုံးဖြတ်ရန် အနီးစပ်ဆုံး rank တစ်ခုကို တီထွင်ခဲ့ပါတယ်။ ၎င်းတွင် ကစားသမား များရဲ့ ကျွမ်းကျင်မှုအဆင့် နဲ့ပတ်သတ်တဲ့ ဂိမ်းကစားတဲ့ နာရီပေါင်းများစွာပါဝင်ပါတယ်။ ဂိမ်းကစားတဲ့ နာရီများပြားခြင်းက ဂိမ်းကိုပိုမိုနားလည် သဘော‌ပေါက်တယ်လို့ဆိုလိုနိုင်ပါတယ်။ 

PUBG Mobile ကဲ့သို့ ဂိမ်းများတွင်လည်း အလားတူသော တိုင်းတာမှုမျိုးကအကျုံးဝင်ပါတယ်။ Battle Royale survival ဂိမ်းများနှင့် shooter များ နဲ့  အကျွမ်းတဝင်ရှိသော ကစားသမားများသည် ထိုသို့ ဗီဒီယိုဂိမ်း အမျိုးအစားများ နှင့် မရင်းနှီးသောသူများထက် အားသာချက်တစ်ခုရှိနေမှာဖြစ်ပါတယ်။ ဤဆောင်းပါးသည် PUBG Mobile ranking system အကြောင်း ရှင်းပြပြီး rank တစ်ခုစီရဲ့ မျှော်မှန်းချက်များကို ညွှန်ပြပေးထားမှာဖြစ်ပါတယ်။ ဒါပေမယ့် ဦးစွဦ၊ ranked games တွေက ဘာကြောင့်အရေးကြီးလဲဆိုတာ ရှင်းပြရပါမယ်။

Ranking က ဘာကြောင့် အရေးကြီးတာလဲ?

ကစားတဲ့ နာရီများနှင့်ဆက်စပ်ပြီး ကစားသမားရဲ့ ကျွမ်းကျင်မှုအဆင့်ကို ဆုံးဖြတ်ပေးသောတဲ့အတွက် ranked ဂိမ်းများက အရေးကြီးပါတယ်။ သို့ရာတွင် ကစားသမား၏ ကစားပုံကို ထိခိုက်စေသော ပြင်ပအချက်များ လည်းရှိပါတယ်။ ဥပမာ၊ စိတ်အားထက်သန်ခြင်းဖြစ်ပါတယ်။ အချို့သောကစားသမားများသည် rank များတက်ရန်နှင့် ကမ္ဘာ့အကောင်းဆုံးကစားသမားများထဲမှ တစ်ဦးဖြစ်ရန် ရည်ရွယ်ချက်ဖြင့် ranked ဂိမ်းများကို ကစားကြတာဖြစ်ပါတယ်။ ကစားသမားတချို့ကတော့ လက်ရှိ သူတို့ ရှိတဲ့ rank ကိုသာ သိဖို့ ကစားလိုတဲ့ကျွန်ုပ်လို ကစားသမားတွေလည်း ရှိပါတယ်။ Rank တက်ဖို့ စိတ်အားထက်သန်မှုမရှိဘူး၊ သို့သော်လည်း အဆင့်သတ်မှတ်ချက်အရ ကျွန်ုပ်က ဘယ် rank မှာ ရှိနေလဲဆိုတာ သိလိုတဲ့ အတွေးက ကျွန်ုပ်ကိုတောင် ကစားဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။ နောက်ထပ် ranked ဂိမ်းများအရေးပါမှုရဲ့ နောက်ထပ်ရှုထောင့်မှာ ကစားသမားအား ၎င်းတို့ကိုယ်တိုင်ပိုမိုကောင်းမွန်သောဗားရှင်းတစ်ခုဖြစ်လာစေ လိုတဲ့ စိတ်ကူးလဲဖြစ်ပါတယ်။ မတူညီသော နည်းဗျူဟာများကို သင်ယူပြီး လိုက်လျောညီထွေဖြစ်အောင် ဆော့ကစားနိုင်ခြင်းခြင်းဖြင့် rank အတွက် ယှဉ်ပြိုင်သည့် ကစားသမားများသည် အခြားကစားသမားများ၏ ကစားတဲ့ပုံစံများကို မှတ်သားခြင်း နှင့် risk များယူကာဆော့ကစားခြင်းဖြင့် ချက်ချင်း ပြဿနာဖြေရှင်းခြင်းကိုပြုလုပ်နိုင်ကြောင်းတွေ့ရှိလာမှာဖြစ်ပါတယ်။

A Little Bit About Matchmaking

Ranked လည်ပတ်နေတဲ့စနစ်အတွင်းတွင် ရှုပ်ထွေးသော တွက်ချက်မှုများပါရှိသည့် ကစားသမား၏ matchmaking rank (MMR) ကို ဆုံးဖြတ်ပေးသည့် စနစ်တစ်ခုပါရှိပါတယ်။ ယင်းကို ရိုးရှင်းစေရန်၊ ကျွန်ုပ်၏ ကိုယ်ပိုင်အကောင့်ကို နမူနာအဖြစ် ယူကြည့်ကြပါစို့။

ကျွန်ုပ်၏ rank သည် Silver V မရောက်မီ 10 rank rating (RR) အလိုဖြင့်  Bronze I တွင် လက်ရှိရပ်တည်နေပါတယ်။ ဆိုလိုသည်မှာ ဂိမ်းတစ်ခုပြီးနောက်၊ 10 RR ရရှိနိုင်ရန် သို့မဟုတ် အနည်းဆုံး နောက်ထပ် 10 RR အထိ ဆုံးရှုံးရန် အခွင့်အရေး 50% ရှိပါတယ်။ ကျန် 10 RR ကို rank တက်ရန် အခွင့်အရေးရရန် ကျွန်ုပ်သည် a) ကျွန်ုပ်နှင့် တူညီသော rank ဖြင့် ကစားသမားများ၊ b) ကျွန်ုပ်ထက် အနည်းငယ် rankသာသော ကစားသမားများ (Silver IV ကဲ့သို့)၊ သို့မဟုတ်၊ c) ကျွန်ုပ်၏ထက် rank များစွာမြင့်မားသော ကစားသမားများ ( Platinum tiers များအထိ) နှင့်အတူပွဲတစ်ပွဲတွင်ကစားရမှာဖြစ်ပါတယ်။ ပြိုင်ပွဲတွင် rank အမြင့်ဆုံးကစားသမားကို ရှင်းထုတ် ပြီး ထိပ်တန်း 10 ဦးအထိ အသက်ရှင်နိုင်ပါ က RR အချို့ကို ကျွန်ုပ်ရရှိနိုင်မှာဖြစ်ပါတယ်။ သို့သော် RR ဖြန့်ချီမှုကို တိုးမြှင့်ရန်၊ ပွဲစဉ်တွင် အကောင်းဆုံးကစားသမားဖြစ်တဲ့ ranking အမြင့်ဆုံးကစားသမားကို ရှင်းထုတ်နိုင်ပြီး နောက်ဆုံးတစ်ယောက်တည်းအသက်ရှင်ကျန်တဲ့သူဖြစ်ပါက ကျွန်ုပ်ရဲ့လက်ရှိ rank တွင် အနည်းဆုံး 50 RR ပေါင်းထည့်သွားမှာဖြစ်ပါတယ်။

အကောင်းဆုံးကတော့၊ ကစားသမားတွေဟာ ထိပ်တန်း 10 ဦးစာရင်းဝင်ဖို့ eliminations လုပ်ဖို့ကိုသာအာရုံစိုက်ချင်ပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ အသုံးချဖို့ ထိရောက်တဲ့ သို့မဟုတ် အကျိုးဖြစ်စေတဲ့ နည်းဗျူဟာ မဟုတ်ပါဘူး။ ဒါကို နောက်မှ ရှင်းပြပါမယ်။

PUBG Mobile ရှိ Ranks များ

PUBG Mobile Ranks

PUBG Mobile တွင် လက်ရှိ ranks ရှစ်ခု ရှိပြီး အဆိုပါ ranks များထဲမှ ranks 6 ခုကို ကို tier များ ခွဲခြားထားပြီး ကျန် rank 2 ခုကတော့ PUBG Mobile ရဲ့ထိပ်တန်း ကစားသမားများအတွက် ဖြစ်ပါတယ်။ rank မှာ အောက်ပါအတိုင်းဖြစ်ပြီး အနိမ့်ဆုံးမှ အမြင့်ဆုံးအထိဖြစ်ပါတယ်:

  • Bronze

Bronze V

Bronze IV

Bronze III

Bronze II

Bronze I

  • Silver

Silver V

Silver IV

Silver III

Silver II

Silver I

  • Gold

Gold V

Gold IV

Gold III

Gold II

Gold I

  • Platinum

Platinum V

Platinum IV

Platinum III

Platinum II

Platinum I

  • Diamond

Diamond V

Diamond IV

Diamond III

Diamond II

Diamond I

  • Crown

Crown V

Crown IV

Crown III

Crown II

Crown I

  • Ace
  • Conqueror

Conquerors များသည် အဓိကအားဖြင့် ဆာဗာတစ်ခုစီရှိ ထိပ်တန်း 500 Ace ကစားသမားများဖြစ်သောကြောင့် Ace နှင့် Conqueror အဆင့်များသည် နေရာချထားမှုတွင်သာ ကွဲပြားပါတယ်။ မဟုတ်ပါက rank နှစ်ခုစလုံးသည် ပွဲဖန်တီးရာမှာ တူညီနေမှာဖြစ်ပါတယ်။ အထက်ဖော်ပြပါစာရင်းတွင် မြင်တွေ့ရသည့်အတိုင်း Bronze မှ Crown ထိ rank များတွင် နံပါတ်အနိမ့်ဆုံး tier  သည် သက်ဆိုင်ရာ rank တွင် အမြင့်ဆုံးဖြစ်ပါတယ်။  ဆိုလိုတာကတော့ Bronze I ကစားသမားက Bronze IV ကစားသမားထက် ပိုကောင်းပါတယ်။ soloduos သို့မဟုတ် squad လိုက်ကစားသည့်အခါ rank များကွဲပြားပါတယ်။ Solo ကစားရာတွင် သင်၏ rank သည် အခြားသောကစားတဲ့ပုံများရှိ rank ကိုထိခိုက်စေနိုင်မှာမဟုတ်သလို အပြန်အလှန်အားဖြင့် အခြားသော rank များကစားတဲ့အခါ solo rank ကိုထိခိုက်နိုင်မှာမဟုတ်ပါဘူး။

သင့်  rank ကို ကြည့်ရှုရန်၊ screen အောက်ခြေရှိ “Season” တက်ဘ်ကိုနှိပ်လိုက်ရုံဖြင့် အချို့သော rank များရောက်ရှိရန် ကျန်ရှိနေသော RR အရေအတွက်နှင့်အတူ သင့်လက်ရှိ rank ကို ပြသမှာဖြစ်ပါတယ်။

Rank ဆုလာဘ်များ

PUBG Mobile Rank Rewards

အချို့သော rank များသို့ရောက်ရှိခြင်းသည် season တစ်ခုစီတွင် ကစားသမားများကို ဆုလာဘ်များပေးပါတယ်။ rank အနိမ့် (Bronze III မှ Silver I) တွင် ဆုလက်ဆောင်များမှာ Supply Crate Vouchers များနှင့် Season Tokens များ ဖြစ်ပါတယ်။ Gold V မှစတင်၍ Apparel ကို Supply Crate Vouchers များ နှင့် Season Tokens များတို့နှင့်အတူ ရရှိနိုင်မှာဖြစ်ပါတယ်။ Platinum V  ကစားသမားများအနေဖြင့် glasses များရရှိနိုင်မှာဖြစ်ပါတယ်။ Diamond V ကစားသမားများကတော့ weapon skin များရရှိနိုင်မှာဖြစ်ပါတယ်။ Crown V ကစားသမားများကတော့ တစ်ကြိမ်အသုံးပြုရန်ကောင်းမွန်သော Rank Protection Card ကိုရရှိနိုင်ပါတယ်။ တစ်ချိန်တည်းတွင် Ace နှင့် Conqueror ကဲ့သို့ rank များမှာတော့ mask, emblem နဲ့ frame တို့ကို အသီးသီး ရရှိနိုင်မှာဖြစ်ပါတယ်။

Rank ပြန်လည်သတ်မှတ်ခြင်း

Royale Pass ရဲ့ ကြာချိန်အလိုက် သတ်မှတ်သည့် season တစ်ခုပြီးတိုင်း rank ပြန်လည်သတ်မှတ်မှုများ ဖြစ်ပေါ်လာပါတယ်။ Bronze သို့မဟုတ် Silver ဖြင့် season ပြီးဆုံးသူများသည် လာမည့် season တွင် ၎င်းတို့၏ rank ကမပြောင်းလဲပဲ ဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။ အောက်ပါစာရင်းတွင် အခြား rank များအတွက် rank ပြန်လည်သတ်မှတ်မှုများကို ပြသထားပါတယ်:

Season ပြီးဆုံးသည့် rank… Rank ပြန်လည်သတ်မှတ်ချက်
Gold II, Gold III, Gold IV, Gold V Gold V
Platinum IV, Platinum V, Gold I Gold IV
Platinum I, Platinum II, Platinum III Gold III
Diamond III, Diamond IV, Diamond V Gold II
Diamond I, Diamond II Gold I
Crown IV, Crown V Platinum V
Crown II, Crown III Platinum IV
Crown I Platinum III
Ace 1, Ace 2, Ace 3, Ace 4, Ace 5 Platinum II
Conqueror, Ace 6 Platinum I

 

Rank တက်စေရန် အကြံပြုချက်များ

PUBG Mobile တွင် rank တက်ရန် ရှင်းရှင်းလင်းလင်း၊ လူပိန်းနားလည်နိုင်တဲ့ နည်းလမ်းအချို့ရှိပါတယ်။ ကစားသမားများကို  ရှင်းထုတ်ပစ်နိုင်ခြင်းက rank တက်ဖို့ကူညီပေးနိုင်ပါတယ်; သို့သော် PUBG Mobile သည် survival ဂိမ်းတစ်ခုဖြစ်ကြောင်း သတိထားပါ။ အသက်ရှင်ရန် နည်းလမ်းများကို ရှာဖွေခြင်းနှင့် အနည်းဆုံး ထိပ်တန်း 10 ဦးအတွင်း ဂိမ်းပြီးမြောက်ခြင်း သည် သင့် rank ကို သိသိသာသာ တိုးတက်စေနိုင်မှာဖြစ်ပါတယ်။ ဤသည်မှာ အသက်ရှင်ရန်နှင့် rank တက်ရန် သင်လုပ်ဆောင်နိုင်သည့်အရာများအတွက် တရားဝင်မဟုတ်သော အကြံပြုချက်များစာရင်းဖြစ်ပါတယ်:

  1. ရန်သူများကို ရှင်းထုတ်ပစ်ခြင်းက ကောင်းမွန်ပါတယ်၊ သို့ရာတွင် frags များကိုသာရရှိရန် အာရုံစိုက်ခြင်းမှ‌ရှောင်ကျဉ်သင့်ပါတယ်။
  2. Heal လုပ်ပါ သို့မဟုတ် အနည်းဆုံး မြင့်မားသော life bar (70%) အထက်ပွဲပြီးတဲ့အခါ ရှိထားအောင်ပြုလုပ်ပါ။ Heal ခြင်း က RR ကို ပေါင်းထည့်ပေးမှာဖြစ်ကာ ဘာ့ကြောင့်လဲဆိုတော့ ၎င်းသည် ကစားသမားများမှ သတိရှိစွာဖြင့် survive ဖြစ်နိုင်ကြောင်းကိုပြသတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
  3. သင့်လက်နက်၏ပစ်ခတ်မှု လုပ်ဆောင်ပုံကိုသတိထားပါ။ M16 တွင် single နှင့် burst mode တို့ရှိပါတယ်။ SCAR-L တွင် full-autoburst နှင့် single mode များရှိပါတယ်။ တင်းမာလာသော အခြေအနေများတွင်၊ သင်၏ loadout firing mode ကို လစ်လျူရှုထားခြင်းက သင့် ကိုသေစေနိုင်မှာဖြစ်ပါတယ်။
  4. သင်ဖယ်ရှားပစ်ခဲ့သော ရန်သူများ၏ ကျောပိုးအိတ်ကို အမြဲတမ်း မွှေနှောက်ရှာယူပါ။ ၎င်းတို့မှ ammoarmor သို့မဟုတ် health ကိုရရှိနိုင်ပါတယ်။
  5. ပြေးပါ၊ သို့ရာတွင် တန်းတန်းမတ်မတ်ကြီးမပြေးပါနဲ့ မဟုတ်ပါ။ ဂိမ်းထဲမှာ ရန်သူတွေကို အကောင်းမွန်ဆုံး ထောင့်ကနေ ချေမှုန်းနိုင်တဲ့ အလွန် ကောင်းမွန်လှတဲ့ marksmen တွေ ရှိပါတယ်။ ထိုနေရာမှာဆို sprint-lock ကအသုံးဝင်ပါတယ်။ Sprint-lock ထားခြင်းရဲ့အားသာချက်က (အကန့်အသတ်မရှိ ပြေးလွှားနိုင်ရန် virtual joystick ကိုအပေါ်သို့ နှစ်ချက်တင်လိုက်ပါ) sniper ၏ခြိမ်းခြောက်မှုဖြစ်လာသောအခါတွင် ကစားသမား များအနေနဲ့ ရှည်လျားလှတဲ့အကွာအဝေးများ ကို ပုံစံကွက်မတူပဲပြေးနိုင်မှာဖြစ်ပါတယ်။ ကျယ်ပြန့်သောကွင်းပြင်များ နှင့် အထပ်မြင့် အဆောက်အဦအချို့ရှိသည့် Erangel မှာဆိုရင်တော့ ကျွန်ုပ်က zig-zag  ပုံစံနဲ့ပြေးလေ့ရှိပါတယ်။

သင်သည် Conqueror သို့ မည်သို့ရောက်ရှိနိုင်သည်ကိုလည်း ဤဆောင်းပါ တွင်ဖတ်ရှုနိုင်ပါတယ်။.

နိဂုံး

ဒါဆို အဲ့တာပါပဲ။ PUBG Mobile rank system ဆိုင်ရာ လမ်းညွှန်ချက်အနည်းငယ်ဖြစ်ပါတယ်။ သင့်ရဲ့လက်ရှိ rank ကဘာလဲ၊ ရေရှည်မှာ မင်းဘယ် rank ကိုရောက်ချင်လဲကျွန်ုပ်သည် ကျွန်ုပ်၏ဂိမ်းတွင်မည်သို့ပြုလုပ်ရန် နှင့် အမျိုးမျိုးသော stamina နှင့် health potions များကိုအသုံးပြုရမည့်အချိန်ကိုသိရှိခြင်း၊ melee လက်နက်များကိုအသုံးပြုနည်းကိုလေ့လာခြင်း နှင့် ကျွန်ုပ်၏လှုပ်ရှားမှုကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ကာ ရန်သူတွေ မမျှော်လင့်ထားတဲ့ နေရာမှာ နေနိုင်ခြင်း စသည့်အချို့သော ကဏ္ဍများတွင် တိုးတက်လိုတဲ့အတွက် tier တစ်ခုစီအတွက်အချိန်ပေးကာ လုပ်ဆောင်နေပါသည်။ Maps တစ်ခုစီအတွက် ဂိမ်းအစီအစဥ်များကို လေ့လာပြီး risks များရယူခြင်းသည် ကစားသမားများ ကိုရေရှည်တွင် တိုးတက်လာစေမှာဖြစ်ပါတယ်။

ဒီလမ်းညွှန်ချက်က သင့်ရဲ့အကောင်းဆုံးကစားသမားဖြစ်လာဖို့ ခရီးလမ်းမှာ ကူညီပေးလိမ့်မယ်လို့ ကျွန်ုပ်တို့မျှော်လင့်ပါတယ်၊ ပြီးတော့ သင့်ရဲ့ Chicken Dinners တွေကို အမြဲမပြတ်အနိုင်ရဖို့မျှော်လင့်ပါတယ်။ Battlegrounds မှာဆုံကြပါစို့။

သင့်ရဲ့ PUBG UC တွေကို Codashop မှာ ပြန်ဖြည့်ဖို့မမေ့နဲ့နော်။ ကျွန်ုပ်တို့ဆီမှာ ငွေပေးချေခြင်းနည်းလမ်းအများကြီးရှိတဲ့အပြင် လုံခြုံစိတ်ချရပြီး လျင်မြန်စွာ ငွေဖြည့်နိုင်ပါတယ်။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here