VALORANT Ranked တွက်နည်း နှင့် MMR လမ်းညွှန်

0
128

VALORANT Ranked Calculation and MMR Guide

VALORANT သည် Twitch ရှိ အကျော်ကြားဆုံးနှင့် တိုက်ရိုက်ထုတ်လွှင့်မှုအများဆုံးဂိမ်းများထဲမှ တစ်ခုဖြစ်ပါတယ်။ ကစားသမားများသည် သူတို့ရဲ့ လက်နက် သို့မဟုတ် character ရွေးချယ်တာတွေက မည်သူက ပိုကောင်းတယ်ဆိုတာကို အခြားကစားသမားများနဲ့ယှဉ်ပြိုင်ကြတာဖြစ်ပါတယ်။ ကစားသမားတိုင်း တွင် ထိုသို့ယှဉ်ပြိုင်ကစားတာကို MMR လို့ခေါ်ပါတယ်။ MMR ကတေ့ ‘matchmaking rating’ ရဲ့ အတိုကောက်ဖြစ်ပါတယ်။ Algorithm ကနေပြီး ကစားသူ၏အဆင့်နှင့် ယှဉ်ပြိုင်မှုစွမ်းရည်ကို ဆုံးဖြတ်ရန် ၎င်းကို အသုံးပြုပြီး ကစားသမား များမည်သို့သော ပွဲမျိုးတွင် ပါဝင်ကစားသင့်ကြောင်းကိုဆုံးဖြတ်ပေးတာဖြစ်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ MMR ကိုသင်ဘယ်လိုသိထားလဲ

VALORANT Ranks များ

VALORANT တွင် မတူညီသော ranking rates များ ရှိပါတယ်သည်။ Rank system မှာဆို Iron, Bronze, Silver, Gold, Platinum, Diamond, Immortal နဲ့ Radiant ဆိုပြီး 8 ခုခွဲထားပါတယ်။Radiant မှလွဲ၍ အခြား Rank တစ်ခုစီတွင် သင်ကစားပြီး အနိုင်ရသည့်အတိုင်း တက်နိုင်တဲ့ sublevels (3) ခု စီရှိကြပါတယ်။

VALORANT Ranks


သင်၏ VALORANT rank သည် သင် rank မြင့်သည်ဖြစ်စေ နိမ့်သည်ဖြစ်စေ ၊ ရရှိထားသော သို့မဟုတ် ရှုံးနိမ့်ထား‌သော rank  points များနှင့်အတူ သင့်ပွဲစဉ်မှတ်တမ်းအပေါ် ထင်ဟပ်စေပါတယ်။ VALORANT တွင် ကစားသမားများနောက် rank သို့ မည်မျှနီးကပ်နေသည်ကို သိရှိရန် တိုးတက်မှုဘားကိုပြသပြီး ၎င်းတို့ရှုံးသည့်အခါတိုင်းတွင် ၎င်းတို့နောက် rank သို့ရောက်ရှိရန် ပိုမိုဝေးကွာသွားမည်ဖြစ်ကာ rank points များဆုံးရှုံးသွားမှာဖြစ်ပါတယ်။ 

VALORANT ရဲ့ ranking system ကဘယ်လိုအလုပ်လုပ်သလဲ?

အခြားဂိမ်းများကဲ့သို့ပင်၊ VALORANT တွင် အနိုင် နှင့် အရှုံးအပါအဝင် သင့်ဂိမ်းတိုးတက်မှုကို ranking system က ဆုံးဖြတ်ပေးပါသည်။ ဂိမ်းတိုးတက်မှုက အနိုင်ရခြင်းဖြင့် တိုးတက်လာလို rank points များ ပိုမိုရရှိလာသည်နှင့်အမျှ ဆန့်ကျင်ဘက်အနေဖြင့် ရှုံးတဲ့အခါမှာလဲ rank points များနှင့်အတူ ကျသွားမှာ ဖြစ်ပါတယ်။ 

ကစားသမားများသည် level 20 သို့ရောက်သည်မှသာ rank games များကိုစတင်ကစားနိုင်မှာဖြစ်ပါတယ်။ ထို့ကြောင့် level တက်ရန် classic ကဲ့သို့သော အခြားဂိမ်းမုဒ်များကို သင်စတင်ကစားရမှာဖြစ်ပါတယ်။ level 20 သို့ရောက်သည်နှင့် VALORANT သည် ကစားသမားများအား Rank နေရာချရန် placement (5) ပွဲကို ဦးစွာကစားရန် လိုအပ်ပြီး ထိုမှစတင်၍ rank system မှ သင့်ကျွမ်းကျင်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို ဆုံးဖြတ်ပေးမည်ဖြစ်ကာ သင့်အရည်အချင်းများကို သင်နှင့်အကိုက်ညီဆုံး rank သို့ လိုက်လျောညီထွေအောင် ထားရှိပေးမှာဖြစ်ပါတယ်။

MMR vs. Ranking

ဒါကတော့ သင့်ပရိုဖိုင်တွင် ဖော်ပြထားသော သင့် rank rating (RR) နဲ့ မတူပါဘူး။ ၎င်းကို သင်ကမျှဝေတဲ့ အခါမှသာ သင့်ရဲ့ MMR ကို သင်မြင်နိုင်မှာဖြစ်ပါတယ်။ Rank rating သည် MMR နှင့်မတူတဲ့အချက်ကတော့ ဂိမ်းတိုင်းမှာ rank rating က ပြောင်းနိုင်သလို reset လဲဖြစ်သွားနိုင်ပါတယ်။ MMR ကတော့ ပွဲတိုင်းတူတူပါပဲ။ Riot သည် matchmaking တွင် သင့်အား မည်သည့်ဂိမ်းကို ထည့်သွင်းသင့်ကြောင်းကို rank rating ကနေအခြေခံထားပါတယ်။ 

Riot သည် သင်၏ MMR နှင့် RR ကိုက်ညီကြောင်းသေချာစေရန် ၎င်းကိုလုပ်ဆောင်ပါတယ်။ သင့် RR ကသင့် MMR ထက် ပိုများနေပါက သင်သည် RR ပိုမို ဆုံးရှုံးနိုင်ခြေ မြင့်မားပါတယ်။ သင့် MMR ကြောင့် သင် rank ပိုမိုနိမ့်တယ်လို့ system က ယူဆပါတယ်။

အပြန်အလှန်အားဖြင့်၊ သင့်တွင် MMR ပိုမြင့်လာပါက၊ သင်၏ အမှန်တကယ် rank’ ကိုရောက်ရှိရန် သင်အနိုင်ရပြီး အရှုံးနည်းသည်နှင့်အမျှ ပိုမိုရရှိလာမှာဖြစ်ပါတယ်။

လက်ရှိတွင်၊ VALORANT ကစားသမားအများစုက Silver rank ရှိကြပါတယ်။ ကစားသမား အနည်းငယ်မျှသာ Immortal ကိုရောက်ရှိနိုင်ကြပါတယ်။ Platinum ထက် rank မြင့်ဖို့က ပိုခက်တာကလွဲလို့ သင် rank တက်လာတာနဲ့အမျှ ပြိုင်ဆိုင်မှုတွေ ပိုပြင်းထန်လာတဲ့အတွက် သင့်ရဲ့အမြင့်ဆုံး rank ကို ဆက်ထိန်းထားဖို့က ပိုခက်ပါတယ်။ သင့်ဂိမ်းကို စဉ်ဆက်မပြတ်လေ့လာပြီး ဗျူဟာမြောက်အောင် ကစားနိုင်ဖို့ကြိုးစားကာ rank points များပိုမိုရရှိရန် သင့်ရဲ့ MMR ကို တိုးမြှင့်ရမှာဖြစ်ပါတယ်။ အနိုင်ရခြင်းနှင့် ဆုံးရှုံးမှုများကို ရှောင်ရှားခြင်းအပြင် သင်ကစားတဲ့အခါတိုင်း သင့်ရဲ့ MMR ကို ထည့်သွင်းစဉ်းစားခြင်းဖြင့် သင့်အား rank ပိုမြင့်စေရန် ကူညီပေးပါတယ်။

သင့်ရဲ့ VALORANT Points တွေကို Codashop မှာ ပြန်ဖြည့်ဖို့မမေ့နဲ့နော်။ ကျွန်ုပ်တို့ဆီမှာ ငွေပေးချေခြင်းနည်းလမ်းအများကြီးရှိတဲ့အပြင် လုံခြုံစိတ်ချရပြီး လျင်မြန်စွာ ငွေဖြည့်နိုင်ပါတယ်။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here