League of Legends: Wild Rift – Poro Coins တွေဘယ်လို အမြန်ရအောင်လုပ်ရမလဲ?

0
233

Wild Rift က ခက်ခက်ခဲခဲရထားတဲ့ Poro Coins တွေနဲ့ အမိုက်စား ပစ္စည်းတွေ ၀ယ်မယ်

League of Legends Wild Rift Poro Coins

Poro Coins ဆိုတာ ဘာလဲ?

Poro Coins ဆိုတာက League of Legends : Wild Rift ဂိမ်းထဲက ငွေကြေးတစ်မျိုးဘဲဖြစ်ပါတယ်။ သူတို့ကို ဂိမ်းကစားရင်း ရရှိနိုင်တာကြောင့် ပိုကစားလေလေ Poro Coins တွေပိုရလေလေပါဘဲ။ သူတို့ ကို အဓိက အသုံးပြုပုံကတော့ : 

Poro Store

Champion Poses: ဒါကို ထည့်ပြီးတာနဲ့ သင်ရွေးထားတဲ့ Champion တွေက မတူညီတဲ့ Poses တွေ လုပ်တော့ မှာပါဘဲ။ Pose တွေက Match မစခင် နဲ့ Match အပြီးမှာ ပြတတ်ပါတယ်။ Champion Poses တွေမှာ Relaxed Cheering Confident Playful Proud ChallengeStrategizing Entranced Prepared Defensive Aggressive နဲ့ Ready တို့ပါ၀င်ပါတယ်။ Poses တွေကို ၀ယ်ယူဖို့ သင်က Champion ကို အရင် ပိုင်ဆိုင်ထားရမှာပါ။ 

Poro Chests: Poro Chest ကို ဖွင့်ရင်းနဲ့ သီးသန့် Recalls ၊ Baubles ၊ Icons ၊ Emotes ၊ Poses တွေနဲ့ အခြား အရမ်းမိုက်တဲ့ အရာတွေ အများကြီးရနိုင်မှာပါ။ အကောင်းဆုံးကတော့ Poro Chest ကနေ ပစ္စည်းတွေ မထပ်ပါဘူး။ Poro Chest တစ်ခုကို ၂၀၀ Poro Coins ကျပါတယ်။

Champion Poses

Skin Chest ကို လဲ Poro Store မှာ Poro Coins နဲ့ ၀ယ်ယူလို့ရပါတယ်။ ဒီ Chest တွေမှာ Champion Skin အမျိုးမျိုးလဲ ရရှိပါတယ်။ Wild Cores တွေကို အသုံးပြုဘူး Skin တွေကို မ၀ယ်ချင်ဘူးဆိုရင်တော့ ဒါကတော့ Skin ရဖို့ အခွင့်အရေးပါဘဲ။ 

Poro Energy ဆိုတာ ဘာလဲ?

Poro Coins ကို အသုံးပြုပြီးတော့ Wild Rift ကစားသမားတွေက Poro Energy တွေကို 1:1 အချိုးနဲ့ ဆုရရှိမှာဖြစ်ပါတယ်။ သဘောကတော့ Poro Coin ၁ ခု ကို အသုံးပြုတယ်ဆိုရင် Poro Energy Meter ကို ဖြည့်ဖို့ Poro Energy တစ်ခုရရှိမှာဖြစ်ပါတယ်။ Poro Energy Meter တစ်ခါပြည့်တိုင်း Skin တစ်ခုကို ရရှိမှာဖြစ်ပါတယ်။ အရမ်းကို ကောင်းတဲ့ အခွင့်အရေးပါဘဲ။ 

Poro Energy

Poro Coins တွေကို ဘယ်ကရရှိနိုင်သလဲ?

Poro Coins တွေကို ရရှိနိုင်တဲ့ နည်းလမ်းတွေကတော့ အများကြီးပါဘဲ။ အားလုံးကတော့ ကစားရင်းနဲ့ ရတာကနေ အခြေပြုတာပေါ့နော်။ ဒါကြောင့် သင်ပိုကစားလေ Poro Coins ပိုရလေလေပါဘဲ။ Event Mission တွေမှာ ပါ၀င်ပြီး အပတ်စဥ် Activity Chests တွေကို ရယူပါ။ Poro Coins တွေကို ရဖို့ ကစားရုံနဲ့တင် ရရှိနိုင်တာပါနော်။

Open weekly chests (​အပတ်စဥ် Chest ကို ဖွင့်ပါ)။ Poro Coin ကို Weekly Chest မှ Mission တွေကိုပြီးအောင်လုပ်ပြီး ရယူနိုင်ပါတယ်။ Weekly Points ၄၀၀ ကို ရယူထားပြီး Poro Coins ၅၀ ကို ရနိုင်ပါတယ်။ 

Weekly Chest

Event Mission တွေမှာပါ၀င်ပါ။ Wild Rift Academy လို Event Mission တွေကို အမြဲ စစ်ဆေးပါ။ Mission တွေအားလုံးကို 4 ရက် (Day 4) မြောက်မှာ ပြီးအောင်လုပ်ပြီး Poro Coins ၂၀၀ ကို ဆုအဖြစ်ရယူပါ။ 

Event Missions

အဆင့် (Level)​ တက်ပြီး ဆုယူပါ။ သင့် အကောင့် Level တက်တိုင်း တစ်ခါတစ်လေ Poro Coins တွေကို ဆု အဖြစ်ရယူနိုင်ပါတယ်။ Level ၁၅ ကို ရောက်အောင်လုပ်ပြီး ရာချီတဲ့ Coins တွေကို ရအောင်ယူပါ။ 

Poro Chest Drop Rates

Poro Chest

အပေါ်မှာ ပြောထားသလို Poro Chest ကနေ ပစ္စည်းထပ်တာတွေ မရနိုင်ပါဘူး။ Poro Coins တွေ အများဆုံး ရရှိချင်လျှင် Poro Chest မှာ အများကြီး သိမ်းထားနိုင်ပါတယ်။ ဒါက အလွန်ကောင်းတဲ့ ရင်နှီးမြုပ်နှုံမှုဖြစ်ပြီး အသစ်အဆန်းတွေ ရရှိဖို့ အာမခံပါတယ်။ Item တွေ ရရှိဖို့ အခွင့်အရေးတွေကတော့ 

  • Custom Recall: 5%
  • Bauble: 10%
  • Rift Emblem: 10%
  • Icon: 15%
  • Emote: 15%
  • Champion Pose: 25%

Poro Coins တွေကို Event တွေမှာ ပါ၀င်ပြီး ရနိုင်သလို Wild Rift မှာ ရှိတဲ့ Match တွေ Ranking Up တွေကစားရင်းလဲ ရရှိနိုင်ပါတယ်။ Codashop နဲ့ Wild Cores ကိုဖြည့်ဖို့ မမေ့နဲ့အုန်းနော်။ ပိုမိုမြန်ဆန် စိတ်ချရပြီး အပူအပင်ကင်းစွာကစားနိုင်ပြီး အဆင်ပြေတဲ့ ငွေဖြည့်မှုကို ရရှိနိုင်ပါတယ်။ 

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here