Free Fire: Submachine သေနတ်တွေကို အသုံးပြုနည်းလမ်းညွှန်

0
236

The Ultimate Guide on Submachine Guns

Free Fire Battle တွေမှာ သေနတ်တွေက အရမ်းအရေးပါပါတယ်။ Dropoff ကို ရောက်တာနဲ့ သင်ရှာတွေ့တဲ့ သေနတ်နဲ့​ ရန်သူတွေကို တိုက်ခိုက်ရမှာက အဓိကလုပ်ရမဲ့ အရာပါဘဲ။ Free Fire မှာ အရမ်းကောင်းပြီး မြန်ဆန်စွာပစ်နိုင်တဲ့ သေနတ်ကို ရှာဖွေပြီး ရန်သူတွေကို တိုက်ခိုက်နိုင်ဖို့ အရေးကြီးပါတယ်။ Submachine သေနတ် သို့မဟုတ် SMGs  တွေအကြောင်းကို ဒီပိုစ့်မှာ လေ့လာလိုက်ရအောင်။ 

Free Fire ထဲ က SMGs တွေကဘာလဲ?

SMG သို့မဟုတ် Submachine Gun ကတော့ Free Fire မှာ နာမည်ကြီးတဲ့ သေနတ်အုပ်စုဘဲ ဖြစ်ပါတယ်။ သူတို့က အနီးကပ်ပစ်ဖို့ပိုသင့်တော်တဲ့ အော်တိုသေနတ်တွေပါ။ VSS ကလွဲလို့ အရမ်းအနီးမှာရှိတဲ့ ရန်သူတွေကို ဖြိုခွဲဖို့ မြန်ဆန်စွာပစ်နိုင်အောင် ဒီသေနတ်တွေကို ပြုလုပ်ထားတာပါ။ ပြီးတော့ Reload ဖို့ မြန်ဆန်အောင်လုပ်ထားလို့ ကျဥ်ကုန်ပြီး ပြန်ပစ်နိုင်ဖို့ အရမ်းလွယ်ကူအောင်လုပ်ထားတာပါ။ SMGs တွေက အနီးကပ် Damage တွေကို တိုက်ရိုက်ထိအောင်လုပ်ထားတာပါ။ 

Free Fire ထဲမှာ SMGs စရင်းများ

Free Fire ထဲတွင် SMGs အမျိုးပေါင်း (၈) မျိုး ရှိပါတယ်။ ကျွန်တော်တို့ သူတို့အားလုံးကို စရင်းလုပ်ထားပေးပြီး သူတို့ရဲ့ Stats နဲ့ ထည့်နိုင်တဲ့ Attachments တွေကို ရေးပေးထားပါတယ်။ ကဲ SMGs တွေထဲက အကောင်းဆုံး တစ်ခုနဲ့ စတင်လိုက်ရအောင်။ 

MP40

MP40

စရင်းရဲ့ ထိပ်ဆုံးမှာရှိတာကတော့ MP40 ဘဲဖြစ်ပါတယ်။ Damage ပြင်းချင်တယ်ဆိုရင်တော့ MP40 က အကောင်းဆုံးပါဘဲနော်။ Power အပြင်းဆုံး နဲ့ ပစ်နှုန်းမြန်တာကတော့ အကောင်းဆုံးအရည်အသွေးပါဘဲ။ ဒါပေမယ့် ပစ်တာကို တည့်တည့်ပစ်နိုင်ဖို့ကတော့ အရေးကြီးပါတယ်။ အနီးကပ် ပစ်နေတယ်ဆိုရင်တော့ သင့်ရဲ့ လှုပ်ရှားမှုကို ချိန်သင့်ပါတယ်။ ရန်သူနဲ့ နဲနဲခွာဖို့ နောက်ပြန်ဆွဲပြီး ခုန်ပြီး ပစ်တာတို့ကို လေ့ကျင့်သင့်ပါတယ်။ Recoil က နည်းနည်း များတော့ အဲ့ဒါကိုလဲ အလေ့အကျင့်ရအောင်လုပ်ရပါမယ်။ ဒါတွေကို ကျွမ်းကျွမ်းကျင်ကျင်သုံးနိုင်ရင်တော့ MP40 က အကောင်းဆုံး SMG ဖြစ်မှာပါဘဲ။ 

MP40 Stats
Image credit: Garena Free Fire

Vector

Vector

SMG ရဲ့ နောက်ဆုံး မိသားစု၀င် တစ်မျိုးကို ထည့်လိုက်တာ အောင်မြင်မှုတစ်မျိုးပါဘဲ။ Vector က အနီးကပ် ပစ်ရင် အားအရမ်းပြင်းပြီး Free Fire မှာ ပထမဆုံး Akimbo လက်နက် တစ်မျိုးဖြစ်ပါတယ်။ ပြီးတော့ Vector ရဲ့ ထူးခြားချက်ကတော့ သူ့ကို Akimbo လို ရွေးချယ်မှုရှိတော့ ကစားသမားတွေက Vector တစ်ခုဆီကို လက်တစ်ဖက်မှာ ကိုင်ထားနိုင်ပါတယ်။ ဒီတော့ ရန်သူတွေက Vector ကိုင်ထားတဲ့သူတွေ့ရင် နဲနဲရှိန်မှာပါ။ ကျဥ်ဘယ်နှတောင့်ကျန်သလဲဆိုတာကိုတော့ သတိထားပါနော်။

Vector Stats
Image credit: Garena Free Fire

Thompson

Thompson

Thompson က Battle မှာ ကြောက်စရာ တစ်မျိုးပါဘဲ။ ဒီ ကြီးမားတဲ့ Caliber နှစ်ချက်ပစ် Shotgun ကတော့ အနီးမှာရှိတဲ့​ရန်သူတွေကို သေစေနိုင်လောက်အောင်ပြင်းပါတယ်။ သူက လှုပ်ရှားမှု အမြန်နှုန်းအသင့်အသင့်ရှိပြီး ကျဥ်ကပ်ထဲမှာ ကျဥ်တွေအများကြီးဆန့်သလို ပစ်အားလဲ ပြင်းပါတယ်။ 

Thompson Stats
Image credit: Garena Free Fire

UMP

UMP

ပေါ့ပေါ့ပါးပါး သွားလာချင်တယ်ဆိုရင်တော့ ဒီပေါ့တဲ့ UMP သေနတ်ကို အသုံးပြုလိုက်ပါ။ သူက ရွေ့လျားခွင့် အမြန်ဆုံးကို ပေးသလို Reload လုပ်တာလဲ ဒီ သေနတ်အမျိုးအစားထဲမှာ အမြန်ဆုံးဖြစ်ပါတယ်။ သူ့ကို Attachment (၅) ခု အထိ တတ်ဆင်နိုင်ပြီး ရိုးရိုးသေနတ်ကနေ အရမ်းအားကောင်းတဲ့ သေနတ်တစ်လက် အဖြစ်ပြောင်းလည်းနိုင်ပါတယ်။ ဒီ SMG က ကိုင်ရတာ ငြိမ်ပြီး လှုပ်ရှားရလွယ်ကူတော့ ကစားသမားအသစ်တွေသုံးဖို့ အဆင်ပြေပါတယ်။ 

UMP Stats
Image credit: Garena Free Fire

MP5

MP5

အရမ်းပစ်အားပြင်းပြီး Reload လုပ်တာမြန်တဲ့ သေနတ်တစ်လက်ကို လိုချင်တယ်ဆိုရင်တော့ MP5 က သင့်အတွက် အကောင်းဆုံးဖြစ်ပါတယ်။​​ ဒီသေနတ်က အနီးကပ်နဲ့ မနီးမ၀ေးကတိုက်ခိုက်မှုတွေ အတွက်ကောင်းပါတယ်။ MP5 က SMG ထဲက တစ်ခြား သေနတ်တွေထက် ကိုင်ရတာ ငြိမ်တော့ စိတ်ချရပြီး အသုံးပြုရတာလွယ်ကူပါတယ်။ 

MP5 Stats
Image credit: Garena Free Fire

VSS

VSS

SMG မိသားစု၀င် အားလုံးထဲမှာ VSS ရဲ့ ကျဥ်ကပ်မှာ ကျဥ်ထည့်နိုင်တဲ့ အရေအတွက်အနည်းဆုံးဖြစ်ပေမယ့် တစ်ခြားသေနတ်တွေမှာ မရှိတဲ့ Range 82 အထိအများဆုံး ရှိပါတယ်။ VSS က နဂိုထဲ 4x Scope နဲ့ Silencer ပါပြီးသားဖြစ်ပါတယ်။ ဒါကြောင့် မနီးမ၀ေးကနေ Snipe ဖို့ အတွက် အဆင်ပြေပါတယ်။ 

VSS Stats
Image credit: Garena Free Fire

CG15

CG15

နောက်ဆုံး နည်းပညာ နဲ့ ပြုလုပ်ထားတဲ့ SMG ဖြစ်ပါတယ်။ CG15 က ခေတ်မှီသေနတ်ဖြစ်ပြီး Scope ထားရင် Damage အားပြင်းစွာပစ်ခတ်နိုင်ပါတယ်။ သူက VSS ရဲ့ Range လောက် မကောင်းပေမယ့် ဒုတိယ အများဆုံးဖြစ်လို့ မနီးမ၀ေးက တိုက်ပွဲတွေမှာ အသုံးပြုဖို့ အဆင်ပြေပါတယ်။ လှုပ်ရှားမှု အမြန်နှုန်းကတော့ ၆၃ ရှိပါတယ်။ 

CG15 Stats
Image credit: Garena Free Fire

P90

P90

နောက်ဆုံးပြောပြချင်တာကတော့ P90 ဖြစ်ပါတယ်။ သူက SMG မိသားစု၀င်တွေထဲမှာ Clip Size ၅၀ နဲ့ အကြီးဆုံးဖြစ်ပါတယ်။ သူက Fire Rate အမြင့်ဆုံးနဲ့ တည်ဆောက်ထားလို့ အနီးကပ်ပစ်ခတ်မှုတွေမှာ အားအပြင်းဆုံးဖြစ်ပါတယ်။ 

P90 Stats
Image credit: Garena Free Fire

Codashop နဲ့ Free Fire အကောင့် ကိုဖြည့်ဖို့ မမေ့နဲ့အုန်းနော်။ ပိုမိုကောင်းမွန် မြန်ဆန် စိတ်ချရပြီး အဆင်ပြေတဲ့ ငွေပေးချေမှုမျိုးစုံရှိတဲ့ ငွေဖြည့်မှုကို ရရှိနိုင်ပါတယ်။ 

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here