သင်သိသင့်သော Free Fire: Silencers vs Muzzles

0
153

လက်နက် Attachments နှစ်ခု၏ မတူညီချက်များ

Free Fire Silencers and Muzzles

Free Fire ထဲမှ​ လက်နက် Attachements တွေက တိုက်ခိုက်နေတတေအချိန်မှာ အလွန်အရေးကြီးပါတယ်။ သူတို့က ရိုးရိုးသေနတ်တွေကို ပိုပြင်းတဲ့ လူသက်လက်နက်တွေ အဖြစ်ပြောင်းလဲပေးနိုင်ပါတယ်။ ဒါပေမယ့် တစ်ချို့ကစားသမားတွေက မှန်ကန်တဲ့ လက်နက် Attachements တွေနဲ့ မရင်းနှီးသေးပါဘူး။ ဒီဆောင်းပါးမှာတော့ Silencer နဲ့ Muzzle လို့ ခေါ်တဲ့ Attachments နှစ်ခုအကြောင်း သေချာရှင်းပြသွားမှာပါ။ သူတို့ ရဲ့ အဓိက မတူညီချက်တွေကို သိရှိပြီး ဒါတွေကို ဘယ်လိုအသုံးချရမလဲဆိုတာကို လေ့လာလိုက်ရအောင်။ 

Free Fire က လက်နက် Attachments တွေက ဘာတွေလဲ?

Attachments တွေက သေနတ်တွေမှာ တွဲသုံးရတဲ့ အဆင်တန်ဆာတွေဖြစ်ပြီး လက်နက်ရဲ့အစွမ်းကို ပိုမိုကောင်းမွန်စေမှာပါ။ Free Fire မှာ Stock အပါအ၀င် Attachments (၆) မျိုးရှိပါတယ်။ ဒါပေမယ့် သတိထားရမှာက သေနတ်တိုင်းမှာ Attachment ထည့်ဖို့ နေရာမပါပါဘူး။

အဲဒီ Attachments (၆)မျိုးထဲက Silencer နဲ့ Muzzle ရဲ့ မတူညီတဲ့အချက်တွေအ‌ကြောင်း ဆက်ပြီးဆွေးနွေးကြရအောင်။ 

Weapon Attachments in Free Fire

Silencer

Silencer ကတော့ သေနတ်သံတွေကို တိုးတိုးလေးဖြစ်စေပြီး သင် သေနတ်ပစ်လိုက်တဲ့နေရာကို မြေပုံမှာ မမြင်စေပါဘူး။ သေနတ်ပစ်သံတို့ Muzzle Flash တို့လို ပစ်လိုက်တယ်ဆိုတာကိုမပြတဲ့အတွက် အဝေးကလူတွေ မမြင်ရပါဘူး။ Silencer က Damage တွေပိုမတိုးစေသလို ပစ်နိုင်တဲ့ အကွာအ၀ေးကိုလဲ မတိုးစေပါဘူး။ ဒါပေမယ့် Battle မှာ တိုးတိုးလေးနေချင်သူတွေ အတွက်ကတော့ အကိုက်ပါဘဲ။ Silencer မှာက Level ၁ ခုဘဲ ရှိပါတယ်။ 

Silencer က အောက်ပါ သေနတ်များနဲ့အတူ အသုံးပြုနိုင်ပါတယ်။ 

  • AK 
  • AUG 
  • AWM 
  • Desert Eagle
  • Dragunov
  • FAMAS
  • GROZA
  • Kar98k
  • M14
  • M4A1
  • M500
  • M82B
  • MP5
  • SCAR
  • SKS
  • SVD
  • UMP
  • USP
  • XM8

Silencer အသုံးပြုပုံ သိကောင်းစရာများ

အပေါ်မှာပြောထားသလို Silencer က သေနတ်ပစ်သံကို တိုးတိုးလေးဖြစ်စေပါတယ်။ Silencer ကို အသုံးပြုချိန်မှာ သိကောင်းစရာတွေကတော့ : 

၁။ Sniper Rifles ကလွဲလို့ Range Combat မှာ အသုံးပြုတဲ့ သေနတ်တွေကတော့ အသံတော်တော် ကျယ်တဲ့အတွက် Silencer ကို အသုံးပြုပြီး အသံတိုးအောင်လုပ်နိုင်ပါတယ်။

၂။ သေနတ် အများစုရဲ့ အကောင်းဆုံးအဖော်မွန်လို့ ခေါ်နိုင်ပါတယ်။ သူက သေနတ်ပစ်သံကို လုံး၀မကြားရအောင်လုပ်ပေးတဲ့အတွက် ရန်သူတွေကမိမိရှိတဲ့နေရာကို မသိတော့ဘူးပေါ့။ 

၃။ အရမ်းပြင်းပြီး အကွာအ၀ေး ၀ေး၀ေးကနေ ပစ်နိုင်တဲ့ Desert Eagle နဲ့ Silencer ကို တွဲဖက်လိုက်ရင်တော့ အဝေးကိုလည်းပစ်နိုင်မယ်၊ အသံလည်းမမြည်တော့ဘူးပေါ့။ 

The difference between Silencer and Muzzle in Free FireThe difference between Silencer and Muzzle in Free Fire. Image Credit: Garena

Muzzle

Muzzle ကို တပ်ထားမယ်ဆိုရင် အ၀ေးကနေပစ်တဲ့အချိန် သေနတ်ကို ပိုငြိမ်စေပြီး ကျဥ်ဆံတွေကို Damage ပိုပြီးပြင်းစေပါတယ်။ အကွာအ၀ေးနဲ့ မဆိုင်ဘဲ Damage ဖြစ်စေပါတယ်။ Free Fire မှာ Muzzle Level ကို ရွေးနိုင်ပြီး သေနတ်ရဲ့ အကွာအ၀ေးကို အနီးဆုံး ၊ အလယ် နဲ့ အ၀ေးဆုံး ဆိုပြီး ရွေးနိုင်ပါတယ်။ အကွာအ၀ေး အတိအကျကတော့ မပေါ်ပါဘူး။ 

Muzzle က အောက်ပါ သေနတ်များနဲ့အတူ အသုံးပြုနိုင်ပါတယ်။

  • AK
  • AN94
  • AUG
  • AWM
  • Desert Eagle
  • Dragunov
  • FAMAS
  • GROZA
  • M14
  • M4A1
  • M500
  • MP5
  • SCAR
  • SKS
  • SVD
  • Thompson
  • UMP
  • USP
  • XM8

Muzzle ကို အသုံးပြုနိုင်ပုံ သိကောင်းစရာများ

၁။ Sniper သမားတွေအတွက် အရေးကြီးဆုံး Attachment တွေကတော့ Muzzle နဲ့ Scope ဘဲဖြစ်ပါတယ်။

၂။ ပစ္စည်းတွေစုနေချိန်မှာ Rifle ကိုတွေ့ ခဲ့ရင် ပထမဆုံးလုပ်ရမှာက Damage ပြင်းအောင် Muzzle နဲ့ Scope ကို ရှာရမှာဖြစ်ပါတယ်။ 

၃။ Muzzle Attachment က တကယ့်လိုအပ်တဲ့ ပစ္စည်းမဟုတ်ပေမယ့် ပိုကောင်းစေပြီး အရမ်းအသုံး၀င်ပါတယ်။ ပြီးတော့ သင့်ရဲ့ ကျဥ်ဆံကို Battle မှာ ပိုပြင်းစေပါတယ်နော်။ 

Codashop နဲ့ Free Fire အကောင့် ကိုဖြည့်ဖို့ မမေ့နဲ့အုန်းနော်။ ပိုမိုမြန်ဆန် စိတ်ချရပြီး ငွေပေးချေမှု မျိုးစုံကို ရွေးချယ်နိုင်ဖို့ အာမခံပါတယ်။ 

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here