League of Legends: Wild Rift မှာ သင့်ကို rank မြန်မြန်တက်ပြီး Challenger ရောက်ရန် အကြံပြုချက်များ

0
306

League of Legends Wild Rift - Challenger Tips to help you rank faster

League of Legends: Wild Rift မှာ Summoner တိုင်းအတွက် နောက်ဆုံးအိပ်မက်ကတော့ ranked game မှာထိပ်ဆုံး Tier ဖြစ်တဲ့ Challenger ကိုရောက်ဖို့ပဲဖြစ်ပါတယ်။ သင်ထိပ်ဆုံးရောက်သွားတဲ့အခါ ကစားသမားတော်တော်များများက နိုင်လိုစိတ်ပြင်းပြပြီး ပိုကျွမ်းကျင်သွားတာကြောင့် ကွဲပြားတဲ့ ဂိမ်းဆော့နည်းသုံးရမှာဖြစ်သွားပါပြီ။ အနိုင်ရဖို့ ဆော့ကစားပြီး အဆင့် (၁၀) မျိုးကိုဖြတ်ကျော်သွားဖို့ဆိုတာကတော့ မလွယ်ကူပါဘူး။ ဒါပေမယ့် ရောက်နိုင်ပါတယ်! ဒီဆောင်းပါးမှာတော့ ကျွန်ုပ်တို့က သင့်ကို rank တွေတက်ပြီး Challenger တံဆိပ်ခေါင်းရရှိဖို့ သိသင့်တဲ့ အကြံပြုချက်များကို ဖြည့်စွက်ပေးသွားမှာဖြစ်ပါတယ်။

LoL: Wild Rift မှာ ဘာ ranks တွေရှိလဲ

မြန်မြန်အကျဉ်းချုံးပြောရရင် League of Legends: Wild Rift ရဲ့ ranking စနစ်မှာ စကေးအနိမ့်အမြင့်ကိုခွဲခြားဖို့ အဆင့် (၁၀)ဆင့်ရှိပါတယ်။ Summoner အသစ်တွေအတွက် Ranked PVP ကို level 10 ရောက်ရင် ဖွင့်လို့ရပါပြီ။ အဲဒီ level ရောက်ဖို့အတွက် ဂိမ်းကိုပဲဆက်ဆော့နေပါ။ ကစားသူတွေကလည်း သူတို့ရောက်နေတဲ့ rank အဆင့်ကိုလည်း သူတို့ရဲ့ profiles မှာဝင်ကြည့်လို့ရပါတယ်။ အောက်မှာတော့ ranks တွေကို အနိမ့်ကအမြင့်ထိ အစဉ်လိုက်စီထားပေးပါတယ်။

  • Iron
  • Bronze
  • Silver
  • Gold
  • Platinum
  • Emerald
  • Diamond
  • Master
  • Grandmaster
  • Challenger

Wild Rift - Ranking

Wild Rift - Rankings

ဒီထက်ပိုသိချင်ရင်တော့ ကျွန်ုပ်တို့ရဲ့ Wild Rift ranking စနစ် ဆိုတဲ့ ဆောင်းပါးကိုလည်းလေ့လာနိုင်ပါတယ်။

Wild Rift မှာ rank မြန်မြန်တက်ရန် အကြံပြုချက်များ ( Challenger သို့ရောက်ရန်သင်၏လမ်းစဉ်)

အားလုံးက rank ဂိမ်းတက်ဖို့ အားထုတ်နေချိန်မှာ ပွဲတွေနိုင်ဖို့နဲ့ ELO တွေအောင်မြင်စွာရရှိဖို့ သင့်ရဲ့ ကစားပုံစံချဉ်းကပ်မှုတွေကို တိုးမြှင့်ဖို့လိုပါတယ်။ ဒီမှာတော့ အဲဒီအောင်ပွဲတွေကို ရရှိဖို့ လူသိနည်းတဲ့ အကြံပြုချက်တစ်ချို့ပေးချင်ပါတယ်။

  • များများကစားပါ

    အခြေခံဖြစ်တဲ့အချက်တစ်ချက်နဲ့စပါမယ်များများကစားပါ။ ကိုယ့်ကိုယ်ကိုယ် ဂိမ်းကစားပွဲတွေမှာနစ်မြုပ်နေစေခြင်းဟာ သင့်ကိုဂိမ်းရဲ့နောက်ကွယ်ကပညာရပ်တွေနဲ့ရင်းနှီးစေပြီး ခံစားချက်ပိုမိုကောင်းစေပါတယ်။ သင့်ကို မတူတဲ့ Challenger တွေနဲ့တွေ့ဆုံစေပြီး သူတို့ရဲ့စကေးတွေကိုအတွေ့အကြုံရစေပြီး သူတို့ရဲ့ မြေပုံတွေပေါ်မှာ ဘယ်လိုအလုပ်လုပ်တယ်ဆိုတဲ့ပုံတွေကိုပါ သိစေမှာပါ။ သင့်အတွက် မြေပုံကိုသတိပြုဖို့ကိုပါ ပိုပြီးအတွင်းကျကျသိစေပါတယ်။ သင်ဟာ ကစားသမားအသစ်ဆိုရင်တော့ များများကစားရင် သင့်ရဲ့ယုံကြည်ချက်ကိုတိုးစေပြီး အထူးသဖြင့် သင်ဟာ အတော်ဆုံးကစားသမားမဟုတ်နေရင် ranked game ဆော့ရင်စိုးရိမ်ရတာကိုပျောက်စေပါတယ်။
  • Role တစ်ခုနဲ့ Champion တစ်ကောင်ကို ကျွမ်းကျင်အောင်ဆော့ပါ။

    Champion 1 ခုထဲရဲ့ role 1 ခုကို ကျွမ်းကျင်စွာကစားတတ်ပြီဆိုရင်တော့ Rank မြန်မြန်တက်ဖို့ ပိုလွယ်ပါတယ်။ ဒီ champion တစ်ကောင်အကြောင်းကို ပိုပြီးလေ့လာပါ – – စကေးအသုံးပြုပုံ၊ အဖွဲ့လိုက်အကျိုးပြုပုံနဲ့ သူ့ရဲ့ counters တွေပါ။ ကိုယ့်ရဲ့ role နဲ့ အကျွမ်းတဝင်ဖြစ်အောင်လုပ်ပါ ( Baron လမ်း၊ အလယ်လမ်း၊ Jungler Dragon Lane – ADC နဲ့ Support) သင့်ရဲ့ရည်ရွယ်ချက် နဲ့ အဲဒါကိုရောက်အောင်ဘယ်လိုသွားမလဲဆိုတာတွေပါပါတယ်။ Tank ကစားနေတဲ့အခါ team fights တွေကိုဘယ်လိုဖန်တီးရမလဲဆိုတာတွေနဲ့ ကိုယ့်ရဲ့ damage dealer တွေကိုဘယ်လိုကာကွယ်ရမယ်ဆိုတာတွေသိသင့်ပါတယ်။ Junglers တွေအတွက်တော့ farming လုပ်ရာမှာပိုကောင်းအောင် အာရုံစိုက်ပါ။ ကိုယ့်ရဲ့လမ်းကြောင်းပေါ်မှာဖြစ်တတ်တဲ့တိုက်ပွဲတွေကိုနားလည်ထားမှ ဘယ်လိုတိုက်ခိုက်ရမယ်ဆိုတာသိမှာပါ။ ရိုးရိုးနဲ့ custom ဂိမ်းတွေကိုဆော့ပြီး မတူတဲ့ ချန်ပီယံတွေနဲ့ ရင်းနှီးပြီး သူတို့ကိုဘယ်လို counter ရမယ်ဆိုတာ သိအောင်ပြုလုပ်ပါ။ ကိုယ့်ရဲ့ ချန်ပီယံကိုကျွမ်းကျင်သွားတဲ့အခါမှာတော့ ရောက်သင့်တဲ့နေရာကို ရောက်သင့်တဲ့အချိန်မှာရောက်ဖို့ ပြင်ဆင်နိုင်သွားမှာပါ။

Wild Rift - Lineup

ကိုယ့်ရဲ့ ချန်ပီယံစက်ဝန်းလေးကို ကျဉ်းကျဉ်းပဲထားပါ။ ချန်ပီယံ ၅‌ ယောက်ထက်ပိုပြီး အာရုံစိုက်နေတာထက် ချန်ပီယံ ယောက်လောက်ကိုပဲကျွမ်းအောင်ဆော့တဲ့အခါ သင့်ကို အချိန်ကြာကြာပိုပြီးအသုံးဝင်အောင်လုပ်နိုင်ပါတယ်။ ကိုယ့်ရဲ့ အဓိက ချန်ပီယံ ban ခံရတာပဲဖြစ်ဖြစ် ရန်သူဘက်က ရွေးသွားတာဖြစ်ဖြစ် ကိုယ့်ရဲ့ ဒုတိယ ချန်ပီယံက အဲဒီမှာအဆင်သင့်ရှိနေပါတယ်။ ပြီးတော့ လွယ်ကူတဲ့တခြားချန်ပီယံတွေကိုလည်းအသုံးပြုနိုင်ပါတယ်။ ဂိမ်းရဲ့အနောက်ကပညာရပ်တွေကို သိအောင်ကြိုးစားတာထက် သင့်ရဲ့ရည်ရွယ်ချက်နဲ့ မြေပုံကြည့်တဲ့ vision ကိုပိုပြီးထင်ရှားစေပါတယ်။ Jinx (ADC အနေနဲ့) Baron Lane အတွက် Darius နဲ့ Janna တို့ဟာ ကစားသူအသစ်တွေအတွက်ကောင်းပါတယ်။ 

အချိန်နဲ့အမျှ၊ တာဝန်အသေးလေးတွေကိုပြီးဆုံးအောင်လုပ်နိုင်ရင် သင်နဲ့သင့်အသင်းကို တိုက်ပွဲမှာအသာစီးရစေပါလိမ့်မယ်။

  • တိကျတဲ့ရည်ရွယ်ချက်တွေကို အခြားဟာတွေထက် ဦးစားပေးပါ။

    Kills ရဖို့အတွက်ပဲ မကစားပါနဲ့။ Kills များတာဟာ အနိုင်ရတာနဲ့မတူညီပါဘူး။ သေချာတာကတော့ Ace သို့်မဟုတ် Pentakill တို့ရတာက ပျော်ဖို့ကောင်းပါတယ်။ ဒါပေမယ့် ပြိုင်ပွဲထဲမှာ သင့်ရဲ့တိုးတက်မှုနဲ့အညီ သင့်ရဲ့အဓိကရည်ရွယ်ချက်ကိုရောက်ဖို့လည်းလိုပါတယ်။ တာဝါတိုင်တွေဖြိုဖို့၊ Baron နဲ့ Dragons တွေကိုဖမ်းဖို့ ပြီးမှ kills ရဖို့အာရုံစိုက်ပါ။

ဒီရည်ရွယ်ချက်တွေကိုအောင်မြင်ခြင်းဟာ သင့်အသင်းကို permanent buffs တွေနဲ့ builds မြန်မြန်ပြည့်စေဖို့ equipment တွေဝယ်နိုင်ဖို့ gold ပိုပေးနိုင်ပါတယ်။ သင့်ရဲ့ရည်ရွယ်ချက်တွေမှန်ကန်စွာပြီးမြောက်နိုင်ရင် သင့်ရဲ့ ADC ဟာ တစ်ခဏအတွင်းမှာပဲ အရှိန်အဟုန်နဲ့တိုးတက်လာတာကို အံ့ဩသွားပါလိမ့်မယ် ပြီးတော့ ရန်သူတာဝါအနည်းငယ်သာ မပြိုဘဲကျန်ခဲ့တာကိုမြင်ရပါလိမ့်မယ်။ အောင်မြင်မှုဆိုတာ အရေးအကြောင်းလေးတစ်ကြောင်း အကွာပါပဲ။

  • Wild Rift ရဲ့ Ranked Fortitude System ကို အခွင့်အရေးယူပါ။

ဇွဲကြီးပြီး အသုံးဝင်စွာကစားတတ်တဲ့ကစားသမားတွေကို Ranked Fortitude System ကနေ ပိုပြီးအကာအကွယ်ပေးနိုင်ပါတယ်။ ပွဲစဉ်ဆက်တိုက်နိုင်တာ၊ စကေးလှတဲ့ကစားကွက်တွေပြနိုင်တာ၊ AFK အသင်းသားနဲ့ကစားတာ သို့မဟုတ် အားကြီးတဲ့အသင်းနဲ့ကြုံတွေ့ရတာတွေဟာ သင့်ကို Points တွေ ပိုပေးနိုင်ပြီး အပျက်သဘောဆောင်တဲ့အမူအကျင့်တွေကတော့ points တွေကိုဆုံးရှုံးစေမှာပါ။ 

Wild Rift’s Ranked Fortitude System

ပိုကောင်းတာကတော့ သင်ဟာ Fortitude bar အပြည့်နဲ့တစ်ပွဲနိုင်ရင် အလိုအလျောက် Ranked Marks 2 မှတ်ရမှာဖြစ်ပါတယ်။ သင်ဟာ Iron နဲ့ Bronze ကနေ ထွက်ချင်ရင်တော့ ဒါကအသုံးဝင်ဆုံးဖြစ်ပါတယ်။ 

ရိုးရိုးသားသားကစားတဲ့သူတွေဟာ ဆိုးရွားစွာကစားတဲ့သူတွေထက် ယှဉ်ကြည့်ရင် Fortitude ကိုပိုရစေပါတယ်။ လွယ်လွယ်လေးပြောရရင် Fortitude ဟာ သင့်ကို Ranked Marks တွေဆုံးရှုံးခြင်းမှ ကာကွယ်ပေးပါတယ်။ သင့်ရဲ့ ranking ခရီးစဉ်ကိုအကျိုးရှိစေမယ့် အရေးပါလှတဲ့လိုအပ်ချက်ဖြစ်ပါတယ်။

  • လတ်တလော META နဲ့ ကိုယ့်ကိုယ်ကိုယ် အမြဲ update လုပ်နေပါ။

ဒါက အရမ်းခက်ခဲတဲ့အလုပ်မဟုတ်ပေမယ့် အရမ်းအသုံးဝင်ပါတယ်။ Riot က Champion တွေနဲ့တခြားသော ညီမျှချက်ပြောင်းလဲမှုတွေကို အချိန်နဲ့တစ်ပြေးညီ တင်ပြနေတာကြောင့် ဒီ information ကိုအသုံးပြုပြီး လိုအပ်တဲ့ပြောင်းလဲမှုတွေကိုလုပ်နိုင်ဖို့ အသုံးပြုသင့်ပါတယ်။ သင့်ရဲ့ ချန်ပီယံ buff ခံရလား nerf ခံရလား သိရဖို့ patch notes တွေကိုလည်းဖတ်ပါ။ ဒီနေ့အတွက်တော့ သင့်ရဲ့ main ကအရမ်းအားကောင်းနေမယ်ဆိုပေမယ့် နောက် patch update မှာတော့ တခြားချန်ပီယံတွေအတွက်တရားမျှတအောင် nerf ခံရနိုင်ချေရှိပါတယ်။

ပြီးတော့ meta champions တွေအကြောင်းလေ့လာပြီး သူတို့ကိုလဲ ranked ဆော့တဲ့အခါ သုံးဖို့ကြိုးစားကြည့်ပါ။ သူတို့ရဲ့စကေးတွေကို သူ့နေရာနဲ့သူ ပြောင်းလဲထားတာကြောင့် သူတို့ကပိုကြမ်းပြီး ပိုအသုံးဝင်ပါတယ်။

  • Duo (သို့မဟုတ် trio) ကစားပါ။

နောက်ဆုံးမှာ သင့်မှာယုံကြည်လို့ရနိုင်တဲ့ကစားသမားတွေရှိရင် အကူအညီအများကြီးရပါတယ်။ Ranked game မှာ duo သို့မဟုတ် trio ကစားတာကလည်း ပိုပြီးအလားအလာရှိတဲ့ အသင်းစုပေါင်းအားကိုရရှိစေပြီး roles တွေကိုလည်းပြောင်းလဲနိုင်ပါတယ်။ Draft picks တွေမှာ အပြောင်းအလဲလုပ်ဖို့ပိုလွယ်စေပြီး ရန်သူရဲ့ lineup ကိုကြည့်ပြီး အလွယ်တကူ ရွေးလို့လည်းရပါတယ်။ ပြီးတော့ ကိုယ်ယုံကြည်ရတဲ့အသင်းသားတွေနဲ့ကစားခြင်းဟာလည်း ပိုမိုကောင်းမွန်တဲ့ပြောဆိုဆက်သွယ်မှု ရှိတာကြောင့် ကိုယ့်ရဲ့ရည်ရွယ်ချက်တွေကို ပိုပြီး ရှင်းရှင်းလင်းလင်းပြီးဆုံးစေနိုင်ပါတယ်။

Wild Rift Lobby

ပိုပြီးအရေးကြီးတာက ကိုယ့်ရဲ့အသင်းဖက်မှာ အပြင်က မသိတဲ့ကစားသမားတွေ နည်းလေလေ ဒါဟာသင့်ရဲ့ ဂိမ်းအနိုင်ရနိုင်ချေနဲ့ rank မြန်မြန်တက်နိုင်ချေကိုတိုးမြင့်စေပါတယ်။

သင့်ရဲ့ Wild Cores တွေကို Codashop မှာ ပြန်ဖြည့်ဖို့မမေ့နဲ့နော်။ ကျွန်ုပ်တို့ဆီမှာ မြန်ဆန်ပြီးလွယ်ကူချောမွေ့တဲ့ငွေဖြည့်ခြင်းနည်းလမ်းအများကြီးရှိလို့ သောကကင်းတဲ့ ဂိမ်းဆော့ခြင်းအတွေ့အကြုံကို ခံစားနိုင်ပါတယ်။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here