လုပ်လက်စတွေအကုန်ဘေးချထားပြီး Black Widow Strike Force intel ဖက်ကိုလှည့်လိုက်ရ‌အောင်

0
266

Black Widow - Marvel Strike Force

သူ့ ရဲ့ ထိပ်တန်း MARVEL Cinematic Universe(MCU) အခိုက်အတန့် တွေကိုလည်း တကျော့ပြန်ခံစားကြည့်ကြတာပေါ့

Scopely မှ ကြီးမားတဲ့ မိုဘိုင်း RPG မဟာဗျူဟာဂိမ်းတစ်ခုဖြစ်တဲ့ MARVEL Strike Force က သူ့ရဲ့ထိပ်တန်း Assassin ဖြစ်တဲ့ Black Widow ရဲ့ရုပ်ရှင်အသစ်မိတ်ဆက်တဲ့အထိမ်းအမှတ်အဖြစ် Special Event တစ်ခုကျင်းလိုက်ပါတယ်။ ဒီအစီအစဥ်မှာ ဝါရင့်ကစားသမားတွေရော၊ ကစားသမားအသစ်တွေရော Reward တွေအများကြီးရနိုင်မှာဖြစ်ပြီး ဒီဆုလက်ဆောင်တွေထဲမှာ Black Widow ရဲ့အထင်ကရ Snow Suit လည်းပါဝင်မှာဖြစ်ပါတယ်။

နေဦး ရှိသေးတယ်နော်! ထွက်သင့်တာကြာနေပြီဖြစ်တဲ့ Black Widow ရဲ့ တစ်ကိုယ်တော်ရုပ်ရှင်ထွက်ခြင်းကို ဂုဏ်ပြုတဲ့အနေနဲ့  ကျွန်ုပ်တို့ဟာ Agent Romanoff လို့ဇာတ်ကားထဲမှာအမည်သွင်တဲ့ Black Widow ရဲ့  MCU ထဲမှာ အမှတ်တရအဖြစ်ဆုံးအခိုက်အတန့်လေးတွေကိုလည်း စုစည်းထားပါတယ်။ တစ်ချက်လောက်ကြည့်ကြရအောင်!

Black Widow Special အခမ်းအနား

MARVEL Strike Force ဟာ ဒီ July 9 မှာ Black Widow ရဲ့ တစ်ကိုယ်တော် ရုပ်ရှင်ထွက်ရှိလာမှုအတွက် စပါယ်ရှယ်အခမ်းအနားတစ်ခုကို အချိန်မီလေး ထုတ်ပြန်ခဲ့ပါတယ်။ ဒီ ၂ပတ်ကြာတဲ့အစီအစဉ်မှာ ထွက်လာမယ့်ရုပ်ရှင်ကို အခြေခံထားတဲ့ အထင်ကရ Snow Suit ရရှိနိုင်မယ့်အခွင့်အရေး၊ နေ့စဉ် log-in ဘောနပ်စ်တွေ၊ အပိုမှတ်တိုင်များနဲ့ဆုကြေးတွေအပြင် အများကြီးရှိပါသေးတယ်!

Black Widow Special Event

Black Widow က “Skill Military” အဖွဲ့မှာမကြာခဏပါတတ်ပြီး Yelena နဲ့  Red Guardian တို့နဲ့တွဲပြီး သူ့ရဲ့ Assist-Attack စွမ်းရည်တွေနဲ့ သူမရဲ့အဖွဲ့ကို အပို Speed ပေးပြီး ရန်သူတွေကိုလည်း Stun နဲ့အထိနာစေတဲ့စွမ်းရည်တွေကြောင့် စွမ်းအားကြီးတဲ့ character တစ်ခုဖြစ်ပါတယ်။ ဇူလိုင်လ(၂)ရက်ကနေ (၁၆)ရက်နေ့အထိပြုလုပ်မယ့် in-game အပြောင်းအလဲတွေရဲ့ အသေးစိတ်ကိုတော့ အောက်မှာပြထားပါတယ်။

  • ကစားသူအသစ်တိုင်းကိုကြိုဆိုဖို့အတွက် Black Widow character ကို ဖွင့်ပေးထားပါတယ်
  • ၁၅ရက်စာ နေ့စဉ် log-in ဘောနပ်စ်နဲ့ဆုကြေးများ
  • Level 14 နဲ့အထက်ရှိတဲ့ကစားသူတွေအတွက် ဂိမ်း modes အားလုံးမှာ မှတ်တိုင်အသစ်များနဲ့ဆုကြေးအသစ်များ
  • မှတ်တိုင်များကိုပြီးအောင်ကစားပြီး Costume Bits တွေစုဆောင်းပြီး အသစ်ထွက်လာမယ့် ရုပ်ရှင်ပေါ်အခြေခံထားတဲ့ Black Widow ရဲ့ အထင်ကရ Snow Suit ကိုပိုင်ဆိုင်နိုင်မယ့်အခွင့်အရေး

Black Widow Snow Suit

Codashop မှာဝယ်ယူသူတွေအတွက် စတင်ဖွင့်လှစ်တဲ့အထိမ်းအမှတ် 20% အထူး Promotion ကိုလည်း Codashop မှာ MARVEL Strike Force credits ကို 2 july – 18 အတွင်းဖြည့်ရင်း ရရှိမှာဖြစ်ပါတယ်။ 

Natasha တစ်ယောက်တည်းနဲ့ အကုန်လုံးကိုအုပ်ချုပ်နိုင်တယ် : Black Widow ရဲ့ MCU ထဲမှာ အမှတ်တရအဖြစ်ဆုံး အခိုက်အတန့်များ

Black Widow in MCU

ထုတ်လွှင့်မယ့်ရက်ကို အကြိမ်ပေါင်းများစွာပြောင်းလဲပြီးတဲ့နောက်ဆုံးမှာတော့ ကျွန်ုပ်တို့အားလုံစောင့်မျှော်နေတဲ့ Black Widow တစ်ကိုယ်တော်ရုပ်ရှင်ကို ကြည့်ရတော့မှာပါ။ MARVEL fan တွေကတော့ သူ့ရဲ့ရှယ်မိုက်တဲ့ အခိုက်အတန့်တွေနဲ့ သူ့ရဲ့မှတ်သားလောက်စရာ စကားပြောတွေကိုတော့ မှတ်မိနေပြီးသားဖြစ်မှာပါ။ အဲဒါကြောင့် ကျွန်ုပ်တို့ဟာ MCU ရုပ်ရှင်တွေထဲမှာ Natasha Romanoff ရဲ့ အထင်ရှားဆုံး အခိုက်အတန့်တွေကို ပြန်ကြည့်ရင်းနဲ့ အမှတ်ရကြရအောင်။

Iron Man 2 (2010)

၁၀နှစ်ကျော်ကြာတုန်းက ဒီရုပ်ရှင်ဟာ ကျွန်ုပ်တို့ကို Natasha ရဲ့ ပထမဆုံး ဖန်သားပြင်ပေါ်မှာ live-action စူပါဟီးရိုး ပွဲဦးထွက် ပြုလုပ်ခဲ့ပါတယ်။ Black Widow ပရိသတ်တွေကို နောက်ဆုံးမှာတော့ Agent Romanoff ရဲ့ မြင့်မားတဲ့ ခုန်ပျံကျော်လွှား တိုက်ခိုက်မှုစွမ်းရည်တွေ – – ဒါတွေကပဲ နောင်နှစ်တွေမှာ သူဟာ Avengers ထဲကိုမပါမဖြစ် ဝင်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာကို ပြတ်ပြတ်သားသားဖော်ထုတ်ပြသခဲ့ပြီး ပရိသတ်တွေကိုလုံးဝစိတ်လှုပ်ရှားစေခဲ့ပါတယ်။

The Avengers (2012)

ပထမဦးဆုံး Avengers ရုပ်ရှင်မှာ Black Widow ရဲ့ စစ်ဆေးခြင်းအခန်းကို ဘယ်သူကမေ့နိုင်မှာလဲ? Natasha က ခုံတစ်ခုမှာတုပ်နှောင်ထားခံရပြီး လူဆိုးတွေဆီကနေ စစ်မေးခံနေရတာဖြစ်ပါတယ်။ လူဆိုးတွေကတော့ သူတော့ အခက်တွေ့နေပြီထင်နေတုန်းမှာပဲ Natasha က Coulson ဆီကနေ ဖုန်းဝင်လာပြီး သူ့ကို လာခိုင်းဖို့ခေါ်နေတာပါ။ အဲဒီအချိန်မှာပဲ သူက မှတ်တမ်းဝင်တဲ့ ဒီစကားပြောကို ပြောခဲ့ပါတယ် – “ခဏကိုင်ထားလိုက်လို့ပြောပြီး လူဆိုးတွေကို ရက်စက်ကြမ်းကြုတ်တဲ့ headbutts တွေနဲ့ကန်ချက်တွေနဲ့ လူဆိုးတွေကို အလဲလဲအကွဲကွဲဖြစ်အောင် လုပ်လိုက်တဲ့ ဂန္တဝင် Natasha ပါပဲ။ 

Captain America: The Winter Soldier (2014)

ဒီမှာတော့ Black Widow ဟာ လျှပ်စီးလိုအမြန်နှုန်းတွေနဲ့ အတိုက်အခိုက်ကျွမ်းကျင်သူသက်သက်ပဲမဟုတ်တာကို ပြောနေစရာတောင်မလိုတော့ပါဘူး။ သူဟာ အရမ်းကျွမ်းကျင်တဲ့ စပိုင် တစ်ယောက်လည်းဖြစ်ပါတယ်။ လူဆိုးကာရိုက်တာဖြစ်တဲ့ Alexander Pierce (Robert Redford) က သူ့ရဲ့ ကြီးကျယ်တဲ့ အကြံအစည်ကိုချမှတ်အောင်မြင်သွားပြီဆိုတဲ့ အခန်းမှာဆိုရင် Natasha က သူ့ကိုယ်သူ ကောင်စီဝင်တစ်ယောက်ဖြစ်ကြောင်းနဲ့ HYDRA လုပ်ငန်းတွေကို ကမ္ဘာကို ချပြလိုက်ပါတယ်။ သူမရဲ့ အပြစ်ပြောစရာမရှိတဲ့သူလျှိုစွမ်းရည်နဲ့ စွန့်လွှတ်အနစ်နာခံမှုအနည်းငယ်ပေါင်းစပ်ပြီးမှာတော့ အခက်အခဲတွေကို အောင်မြင်ဖို့အတွက် စူပါပါဝါတွေရှိနေစရာမလိုကြောင်းကို Natasha က သက်သေပြခဲ့ပါတယ်။

Captain America: Civil War (2016)

Black Widow ရဲ့ ဇာတ်ကောင်ဖွံ့ဖြိုးမှုအတွက်ဖက်ကူးခြင်းလက္ခဏာကို မထည့်ရင်တော့ Black Widow ဘယ်ဟုတ်ပါတော့မလဲ။ Civil War မှာ ကျွန်ုပ်တို့ချစ်ရတဲ့ Avengers တွေဟာသူတို့ယုံကြည်ရာအတွက် တိုက်ခိုက်ဖို့ Cap နဲ့ Tony ကြားမှာ ရွေးချယ်လာရပါတယ်။ အတွင်းစစ်က အခြေအနေလျော့ကျလာတဲ့အခါမှာတော့ တစ်ယောက်ယောက်က သစ္စာဖောက်သူအဖြစ်နဲ့ ဖက်ပြောင်းချင်တဲ့သူတော့ ထွက်လာမှာပဲလေ။ ဘယ်သူလို့ထင်လဲ? ဟုတ်ပါတယ် Natasha ကပဲ အဲဒီလိုလုပ်မှ မှန်မယ်လို့တွေးပြီး ရွေးချယ်ခဲ့ပါတယ်။

Avengers: Endgame (2019)

Black Widow ဟာ Avengers တွေရဲ့ အသည်းနှလုံးဆိုတာကို လက်ခံလိုက်ကြရအောင်ပါ။ OG အဖွဲ့ဝင်တစ်ယောက်အနေနဲ့ သူ့မှာ Clint နဲ့လည်း နက်ရှိုင်းတဲ့ဆက်ဆံရေးရှိပြီး the Hulk ကို လက်သင့်ခံလာအောင်ပြောဆိုနားချနိုင်တဲ့ လူနည်းစုထဲကတစ်ယောက်ပါပဲ။ သူ့ရဲ့ assassin စွမ်းရည်တွေအပြင် တိုက်ပွဲတွေနဲ့ စိတ်ကစားမှုတွေမှာ သူပါဝင်ခဲ့ပေးတာတွေက သူမရဲ့ မဆုတ်မနစ်တဲ့ကြိုးပမ်းမှုတွေဖြစ်ပြီး နောက်ဆုံးမှာ Soul Stone ကိုရအောင် အကြီးမားဆုံး သူ့ကိုယ်သူ စွန့်လွှတ်မှုကြီးကိုပါလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်တော့ သမိုင်းမှာတွင်ကျန်ရစ်ခဲ့ပါပြီ။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here