League of Legends : Wild Rift ရဲ့ Rank စနစ်အကြောင်းရှင်းပြခြင်း

0
351

League of Legends Wild Rift Rank System

Riot Games ဟာ ကစားသူတွေကို အမြဲတမ်းစိတ်လှုပ်ရှားမှုပေးစွမ်းနိုင်ပြီး အပြိုင်အဆိုင်များတဲ့ ကစားပွဲတွေမှာ ပျော်လည်းပျော်ရ မှန်ကန်တဲ့ rank 1 ခုမှာ သူတို့ကို သတ်သတ်မှတ်မှတ်လည်းထားနိုင်အောင် rank စနစ်တစ်ခုထည့်ထားပါတယ်။ Wild Rift ranking system ဟာဆိုရင် ကစားတဲ့သူတွေရဲ့ တူညီတဲ့ skill level ရှိသူအချင်းချင်းကို ကစားစေပြီး တစ်ယောက်နဲ့တစ်ယောက်ယှဉ်ပြိုင်စေတာပါ။ ဒီဆောင်းပါးမှာတော့ League of Legends : Wild Rift ရဲ့ Rank System ဘယ်လိုရှိတယ်ဆိုတာ အသိပေးသွားမှာဖြစ်ပါတယ်။

LoL: Wild Rift မှာ ဘာ rank တွေရှိလဲ

The League of Legends : Wild Rift ရဲ့ ranking system မှာ skill အဆင့်ဆင့်ကိုခွဲခြားပေးတဲ့ tier ၁၀ခုရှိပါတယ်။ အခုမှစဆော့တဲ့အသစ်ကလေးတွေအတွက်တော့ Ranked PVP ကို level 10 ရောက်ရင်ဖွင့်လို့ရပါပြီ။ Level 10 ရောက်တဲ့ထိ ဆက်တိုက်အရင်ဆော့ရမှာပေါ့နော်။ ကစားသူတွေက သူတို့ရဲ့ league standings တွေကို profile မှာ ကြည့်လို့ရပါတယ်။ အောက်မှာတော့ rank တွေကို အကြီးဆုံးအစဉ်လိုက်အတိုင်းစီပြထားပါတယ်။

Iron
Bronze
Silver
Gold
Platinum
Emerald
Diamond
Master
Grandmaster
Challenger

 

Wild Rift Ranks
Image credit: Riot Games/ Wild Rift
Wild Rift Ranks
Image credit: Riot Games/ Wild Rift

Iron ကနေ Diamond အထိ tiers တွေကို 4 ပိုင်းခွဲထားပါတယ်။ တစ်ပိုင်းချင်းစီကို Roman နံပါတ်နဲ့ကိုယ်စားပြုပြီး IV ကအနိမ့်ဆုံးနဲ့စပြီး I ကအမြင့်ဆုံးပါ။ LoL PC player ဆိုရင်တော့ 

Emerald ကလွဲလို့ ကျန်တဲ့ tier တွေနဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။ Standing ကိုဆုံးဖြတ်ဖို့ Diamond, Master, Grand Master, နဲ့ Challenger Ranks တွေကို Ranked Marks တွေအစား Victory Points တွေကိုသုံးပါတယ်။

LoL : Wild Rift ရဲ့ Ranked ပွဲတွေက ဘယ်လိုအလုပ်လုပ်လဲ

စပြောရရင် ကစားသူက Placement Games 10 ပွဲကစားရမယ်။ ပထမဆုံးပွဲပြီးတာနဲ့ Rank တစ်ခုရပါမယ်။ ကစားသူတွေက အပေါ် tier တွေရောက်အောင် Ranked ပွဲတွေကစားရပါမယ်။ ပွဲတွေနိုင်တဲ့အခါ Ranked Marks တွေရမှာဖြစ်ပြီးတော့ အပိုင်းတစ်ခုစီမှာ အဆင့်တက်ဖို့ လိုအပ်တဲ့ Ranked Marks တွေသတ်မှတ်ထားတာအသီးသီးရှိပါတယ်။ ရှူံးခဲ့ရင်တော့ Ranked Marks တွေလည်းရှူံးမှာဖြစ်ပါတယ်။ ဒီစနစ်က Emerald အောက်က rank တွေအားလုံးအတွက်အကျုံးဝင်ပါတယ်။ Iron ကနေ Bronze အောက်မှာရှိတဲ့ ကစားသူတွေကတော့ ဒီ အမှတ်တွေရှူံးတာကအကျုံးမဝင်ပေမယ့် Silver ကနေ Emerald tiers တွေဆိုရင် တစ်ပွဲရှူံးတာနဲ့ ၁မှတ်လျော့မှာပါ။ 

Tier အမြင့်ကိုရောက်ဖို့အတွက်တော့ ကစားသူတွေက တိကျတဲ့အမှတ်တွေရဖို့လိုပါတယ်။ လိုအပ်ချက်ကတော့ tier အလိုက်မူတည်ပါတယ်နိမ့်တဲ့ tier တွေကအမှတ်နည်းနည်းပဲလိုပြီး မြင့်တာတွေကတော့ မြင့်မြင့်ရောက်ဖို့ အမှတ်များများလိုပါတယ်။

Rank Tier Rank တက်ရန်လိုအပ်သောအမှတ်
Iron (IV, III, II, I) အပိုင်းတစ်ပိုင်းအတွက် မှတ်လို
Bronze (IV, III, II, I) အပိုင်းတစ်ပိုင်းအတွက် မှတ်လို
Silver (IV, III, II, I) အပိုင်းတစ်ပိုင်းအတွက် မှတ်လို
Gold (IV, III, II, I) အပိုင်းတစ်ပိုင်းအတွက် မှတ်လို
Platinum (IV, III, II, I) အပိုင်းတစ်ပိုင်းအတွက် မှတ်လို
Emerald (IV, III, II, I) အပိုင်းတစ်ပိုင်းအတွက် မှတ်လို


လောလောဆယ်တော့
Wild Rift ရဲ့ Ranked Mode မှာ ban တာတွေမပါသေးပါဘူး ( Riot ကတော့ မထုတ်ရသေးတဲ့ချန်ပီယံသစ်တွေထုတ်ပြီးရင် ban တဲ့စနစ်ကိုလည်းနောက်ပိုင်းထည့်ဖို့ရှိပါတယ်) ပြီးတော့ Wild Rift မှာ Ranked queue က 1 ခုပဲရပါတယ် (LoL မှာတော့ solo နဲ့ flex ဆိုပြီး ၂မျိုးဝင်စီလို့ရပါတယ်)

Ranked Fortitude နဲ့ အမြန်တက်စို့

Ranked ပွဲတွေဆော့ရတာ စိန်ခေါ်မှုတစ်ခုပါ၊ အထူးသဖြင့် နိုင်ချင်တဲ့စိတ်နဲ့ပေါ့။ အဲဒါကြောင့် Riot က Ranked Fortitude ကို ဇွဲရှိပြီး ပညာသားပါပါဆော့တဲ့ Iron, Bronze, Silver, Gold, Platinum နဲ့ Emerald ကစားသမားတွေကို reward ပြန်ပေးတဲ့အနေနဲ့မိတ်ဆက်ခဲ့တယ်။

Season 1

Ranked Fortitude ကဘယ်လိုအလုပ်လုပ်လဲ 

Ranked Fortitude cap နဲ့ တစ်ပွဲနိုင်ရင် ရိုးရိုး rank ရင် ၁မှတ်ပဲရပေမယ့် သူနဲ့ဆို ၂မှတ်ပေးတယ်။ တစ်ဝက် သို့မဟုတ် Ranked Fortitude အပြည့်ပွဲမှာ ရှူံးရင်လည်း Ranked Marks ကျခြင်းကိုကာကွယ်ပေးပါတယ်။ Diamond, Master, Grand Master နဲ့ Challenger Ranks တွေရဲ့အောက်မှာရှိနေရင်တော့ Ranked Marks အစား Victory Points ကိုသုံးပါတယ်။

TIER FORTITUDE CAP
Iron 200
Bronze 300
Silver 400
Gold 600
Platinum 800
Emerald 1000

Ranked Fortitude ကိုဘယ်လိုယူမလဲ 

Fortitude Points တွေက်ိုဘယ်လိုယူခဲ့လဲဆိုတဲ့အသေးစိတ်ကိုတော့ ပွဲတစ်ပွဲပြီးရင် ပြထားပါတယ်။ Ranked Fortitude စနစ်ကတော့ သင့်ရဲ့လက်ရှိ တံဆိပ်အောက်မှာရှိတဲ့ bar တန်းလေးဖြစ်ပါတယ်။ နိုင်ပွဲတွေဆက်နေတာ၊ skills တွေလက်စွမ်းပြထားတာ၊ AFK teammate နဲ့ကစားရတာ ဒါမှမဟုတ် နဂိုတည်းက အင်အားတောင့်တဲ့အဖွဲ့နဲ့ကစားတာတွေအားလုံးက သင့်အတဠက်အမှတ်တွေပိုတိုးစေပြီး မကောင်းတဲ့ပွဲတွေဆော့တာတွေအတွက်တော့ အမှတ်တွေလျော့မှာဖြစ်ပါတယ်။ ပိုကောင်းတာကတော့ ပွဲတစ်ပွဲကို Fortitude bar အပြည့်နဲ့နိုင်ရင်တော့ အလိုအလျောက် ၂မှတ်ရမှာပါ။

စိတ်မပူပါနဲ့၊ မဆော့တာကြာလည်း အမှတ်တွေကတော့ ပျောက်မသွားပါဘူး။

Victory Points ကရောဘာလဲ 

Diamond tier နဲ့အထက်ရောက်သွားတဲ့သူတွေကတော့ အပေးအယူများပါတယ်။ Victory Points (VP) လို့ခေါ်တဲ့ စနစ် ( League Points LP နဲ့ခပ်ဆင်ဆင်ပါ) ကတော့ level မြင့်အပိုင်းတွေမှာသုံးပါတယ်။ 

တစ်ပွဲပြီးသွားရင်တော့ ကစားသူရဲ့ ကစားပုံအတိုင်း Victory Points တွေကို ပေးတာ ဒါမှမဟုတ် နှုတ်တာတွေလုပ်ပါတယ်။ အခြေခံအားဖြင့် Victory Points တွေရတာ နှုတ်ခံရတာတွေက skill levels တွေနဲ့ဂိမ်းထဲကတခြားသော အကြောင်းအရာတွေနဲ့လည်း သက်ဆိုင်နေပါတယ်။

သတိထားဖို့က Ranked Marks နဲ့မတူဘဲ Victory Points က အချိန်ကြာရင် ပျောက်သွားပါတယ်။

Codashop မှာ Wild Cores တွေငွေဖြည့်ဖို့မမေ့ပါနဲ့။ ကျွန်ုပ်တို့ဆီမှာ မြန်ဆန်ပြီးလွယ်ကူချောမွေ့တဲ့ငွေဖြည့်ခြင်းနည်းလမ်းအများကြီးရှိလို့ သောကကင်းတဲ့ ဂိမ်းဆော့ခြင်းအတွေ့အကြုံကို ခံစားနိုင်ပါတယ်။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here