PUBG Mobile Season 18: ‘Music Abilities’ + မြေပုံအသစ်တွေနဲ့ သင့်ရဲ့ ဂိမ်းကစားမှုကို နောက်တစ်ဆင့်သို့ယူဆောင်လိုက်ကျရအောင်

0
301

PUBG Mobile Season 18

ကျွန်တော်တို့စီကို PUBG ရဲ့ Season အသစ် ထပ်ပြီး ရောက်ရှိလာပါပြီနော်။ Season 18 ကတော့ အရမ်းမိုက်ပြီး မတ်လ ၁၇ ရက်နေ့မှာ Hundred Rhythms လို့ခေါ်တဲ့ Royale Pass (RP)  အသစ်တွေနဲ့ရောက်ရှိလာမှာပါ။ ဂီတစွမ်းရည်တွေနဲ့ ကာကွယ်ရေး နဲ့ တိုက်ခိုက်ရေးတွေ တည်ဆောက်နိုင်တဲ့ Hundred Rhythms Mode နဲ့အတူ အလွန်မိုက်တဲ့ ဂိမ်းဆော့ရတဲ့ အရသာကို ခံစာရမှာ ဖြစ်ပါတယ်။ 

Patch 1.3 မှာဘာတွေပါရှိတာလဲ?

PUBG Mobile ရဲ့ Season 18 က Patch 1.3 update ရဲ့ နောက်ဆုံးအစိတ်အပိုင်းဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၉ ရက်မှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ လက်နက်အသစ်တွေ၊ မြေပုံအသစ်တွေ ၊ ဂိမ်းကစားပုံ အသစ်တွေ နဲ့ အခြား ပျော်ရွှင်စရာ အသစ်တွေတဲ့ Update အသစ်ကရောက်ရှိလာတာဖြစ်ပါတယ်။ 

Patch 1.3 ရဲ့ အထင်ရှားဆုံးအရာကတော့ Hundred Rhythms Mode ဘဲဖြစ်နိုင်ပါတယ်။ Erangel မြေပုံမှာဘဲ အထူးရရှိနိုင်တဲ့ Music Armbands (၃) စုံကတော့ ကစားသမားတွေကို ပွဲမစခင်မှာရွေးချယ်ရမဲ့ ထူးခြားတဲ့ Skills ၃ မျိုးပေးပါတယ် (Active ၁ ခု နဲ့ Passive တစ်ခု) ။ Active Skill ကတော့ ဂိမ်းအစမှာရရှိနိုင်ပြီး Passive Skill ကတော့ Cassettes တွေစုဆောင်းပြီးမှ အသုံပြုလို့ရမှာဖြစ်ပါတယ်။  ဒါတွေကတော့ PUBG ကို အဆင့်မြင့်တဲ့ စစ်ဆင်ရေးအတွေ့အကြုံအသစ်တွေ ရရှိစေမှာဘဲဖြစ်ပါတယ်။

PUBGPatch1point3
Image Credit: Tencent Games / PUBG Mobile Facebook

Armbands တွေကတော့ : 

Camouflage Armband

Stealth (A): ရန်သူတွေစီကပုန်းနိုင်မယ့်စွမ်းရည်ပေးတဲ့ Ghillie Suit ကို ပြောင်းလည်းပေးမဲ့ ၀တ်စုံဘဲ ဖြစ်ပါတယ်။ 

Surveillance (P): ရန်သူတွေ အနီးမှာရှိရင် ကစားသမားတွေကို သတိပေးမှာဘဲဖြစ်ပါတယ်။

Breathing Easy (P): ကစားသမားတွေ Damage မခံရချိန်မှာ HP ပြန်လည်ပြည့်အောင်လုပ်ပေးမှာဘဲဖြစ်ပါတယ်။

Recon Armband

Sonic Scan (A): Scan  လုပ်လို့ရတဲ့ Device ကိုရှေ့သို့ပစ်ပြီး ရန်သူတွေရှိတဲ့နေရာကို အဝိုင်းထဲမှာ မှတ်ထားလို့ရပါတယ်။ 

Encore (P): ဒီအစွမ်းနဲ့ မှတ်ထားတဲ့ ရန်သူကို သတ်နိုင်တယ်ဆိုရင် ကစားသမားက HP တွေပြန်လည်ရနိုင်မှာ။

Sound Burst (P): မှတ်ထားတဲ့ ရန်သူတွေက အနီးမှာရှိနေတယ်ဆိုရင်တော့ Ammunition က လျှပ်စစ်ဓာတ်တွေ လွှတ်ပြီး ရန်သူကို အချိန်အတိုင်းအတာအတွင်းမှာ Damage ဖြစ်စေမှာပါ။

Guardian Armband

Music Barrier (A): ကစားသမားအနီးတစ်ဝိုက်တွင် ကျဥ်  Damage နည်းအောင် အကြည်ရောင် Barrier ‌လေး ပြုလုပ်ပေးခြင်း။

Music Conversation (P): Range တစ်ဝိုက်အတွင်းမှ အသင်းဖော်များကို Energy ပြန်လည်ဖြည့်ကာ Barrier တွေဖြုတ်ခြင်း။

Pop Metal (P): Music Barrier နှင့် အတူ Barrier အတွင်းမှလူများက Reload ချိန်ပိုမိုမြန်ဆန်မည်။

မြေပုံအသစ် ၂ ခုရဲ့ Update အသစ်တွေကိုလဲ လေ့လာနိုင်ပါတယ်! Karkin လို့‌ ခေါ်တဲ့ အမြန်ကစားလို့ရတဲ့ ၆၄ ရောက်သာဘဲဆော့ရသော Battle Royale မြေအသေးစား နဲ့ Mid-Range Shootout အတွက်ကောင်းတဲ့ Code-C လို့ခေါ်သော Arena မြေပုံအသစ်တွေဘဲ ဖြစ်ပါတယ်။ 

Erangel နှင့် Vikendi တို့မှာ ရရှိနိုင်တဲ့ Mosin-Nagant လို့ ခေါ်တဲ့ စနိုက်ပါ – ရိုင်ဖယ် သေနတ် သစ်ကို တွေ့ကြုံခံစာဖို့ အဆင်သင့်ပြင်ထားပါတော့နော်။ သူက ၇.၆၂ မီလီမီတာ ammo ဖြစ်ပြီး၊ ပိုမိုမြန်ဆန်တဲ့ ammo speed နဲ့ အဝေးက ရန်သူတွေကို သေနတ်နဲ့ပစ်ဖို့ လွယ်ကူပြီး Damage Reduction လျော့နည်းတာပါရှိပါတယ်။

ကစားသမားတွေက ဒီ Season မှာ Motor Glider ရဲ့ စိတ်လှုပ်ရှားမှုကို ခံစားနိုင်မှာပါ။ ဒီပျံလို့ရတဲ့ စက်ကတော့ Erangel နဲ့ Miramar မှာဘဲရှိပြီး ကစားသမားနှစ်ယောက်ကိုသယ်နိုင်ပြီး မြေပုံကို ဖြတ်ဖို့ ပိုမိုမြန်ဆန်စွာ ခရီးသွားနိုင်မှာပါ။ Motor Glider က သင့်ကို နည်းဗျူဟာ အားသာချက်တစ်ခု ပေးရုံသာမကဘဲ အပေါ်ကနေ လှပတဲ့ ရှုခင်းကို တွေ့ကြုံခံစားနိုင်တဲ့ နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။

PUBG ရဲ့ 3rd နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားနဲ့အတူ ပျော်ပါးကြရအောင်

PUBG is celebrating its 3rd Anniversary called Hundred Rhythms by holding its own music festival straight into the game! Players can join with their friends and celebrate in a special online music party. Watch out for a DJ stage that will pop up in Erangel and Cheer Park. Party non-stop and play exciting rhythm games. A mysterious guess live appearance will also happen so keep an eye on that! Drop the beat because the party never stops in Season 18!

PUBG က ၃ နှစ်မြောက်နှစ်ပတ်လည်နေ့ကို Hundred Rhythms လို့ခေါ်ပြီး သူတို့ရဲ့ ကိုယ်ပိုင် Music Festival ကြီးကို ဂိမ်းထဲကို ထည့်သွင်းလိုက်ပါတယ်။ ကစားသမားတွေက သူတို့ရဲ့ သူငယ်ချင်းတွေနဲ့အထူး အွန်လိုင်း Music Festival ကြီးကို ကျင်းပနိုင်ပါတယ်။ Erangel နဲ့ Cheer Park တွေမှာ ပေါ်လာမယ့် DJ စင်မြင့်ကို သတိထားပါ။ စိတ်လှုပ်ရှားစရာ Rhythm ဂိမ်းကို ကစားပြီး ပျော်လိုက်ပါ။ လျှို့ဝှက်ဆန်းကြယ်တဲ့ ဧည့်သည် တစ်ရောက် Live မှာ ပေါ်လာမှာမို့လို့ အမြဲ စောင့်ကြည့်နေပါနော်! season ၁၈ မှာ အမြဲ ပါတီ နေမှာပါ!

PUBG Mobile အတွက် UC တွေကိုလည်း Codashop မှာဘဲ ဖြည့်ဖို့ မမေ့နဲ့နော်။  ကျွန်တော်တို့က login ဒါမှမဟုတ် စကားဝှက်မလိုအပ်ဘဲ ပိုမိုမြန်ဆန်တဲ့ ငွေဖြည့်မှုတွေကို ပြုလုပ်ပေးနေပါတယ်။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here