League of Legends: Wild Rift Rune လမ်းညွှန်

0
373

League of Legends : Wild Rift မှာ Runes တွေဘယ်လိုအလုပ်လုပ်လဲဆိုတာသိသင့်ပါတယ်။ ကိုယ့် champion တွေကို runes တွေနဲ့ ဆင်ပေးတဲ့အခါ ပိုအားကြီးပြီး တိုက်ပွဲမှာပိုဖြုတ်နိုင်ပါတယ်။ ဂိမ်းမစခင်မှာ ကစားသူတွေက ကိုယ့်ရဲ့ runes တွေကို ချန်ပီယံရွေးတဲ့အဆင့်မှာကြိုက်ရာရွေးလို့ရပြီး စွမ်းရည်ကိုမြှင့်တင်ပေးနိုင်ပါတယ်။ 

မတူညီတဲ့ Runes အတွဲအစပ်တွေက တချို့သော ကစားပုံတွေနဲ့ ပိုပြီးအပ်စပ်တဲ့အတွက် မှန်ကန်တဲ့ runes ကိုရွေးနိုင်ရင်တော့ ဂိမ်းရလဒ်ကိုပြောင်းပြန်လှန်နိုင်မှာဖြစ်ပြီး တိုက်ပွဲထဲမှာလည်းအသာစီးရနိုင်အောင် ကူညီပေးနိုင်ပါတယ်။

Wild Rift ရဲ့ Runes ဆိုတာဘာလဲ?

Runes ကို ချန်ပီယံတွေရဲ့ စွမ်းအားတွေကိုမြှင့်တင်နိုင်ဖို့သုံးပါတယ်။ သူတို့မှာ အခြေအနေကိုတိုးတက်စေနိုင်မယ့်ဂုဏ်သတ္တိရှိပြီး ဂိမ်းပွဲမစမီ ရွေးရမှာဖြစ်ပါတယ်။ ကစားသူတွေက စီစဉ်ပြီးသားအတွဲလိုက်ထဲက ရွေးလို့ရသလို ရန်သူအဖွဲ့ရဲ့တွဲစပ်ပုံနဲ့ သူတို့ကစားပုံတွေကိုသုံးသပ်ပြီးမှ စီစဉ်လို့လည်းရပါတယ်။

Keystone: ဒါကတော့ Wild Rift မှာ အဓိကသုံးတဲ့ runes တွေပါ။ Keystone Runes တွေမှာတော့ ကစားသူတစ်ယောက်ရဲ့ ကစားပုံကိုအပြောင်းအလဲဖြစ်နိုင်တဲ့ ခုခံနိုင်တာ သို့မဟုတ် တိုက်ခိုက်နိုင်တဲ့စွမ်းရည်တွေပါပါတယ်။ အဲဒါကြောင့် ကိုယ့်ချန်ပီယံအတွက် မှန်ကန်တဲ့ Keystone Rune ကိုရွေးနိုင်ဖို့ အင်မတန်အရေးကြီးပါတယ်။ ကစားသူတွေဟာ သူတို့ရွေးထားတဲ့ ချန်ပီယံကိုတန်ဆာဆင်ဖို့ runes 1 ခုကနေ 8ခုအထိရွေးနိုင်ပါတယ်။

Minor: Minor Runes ကတော့သူ့သဘာဝက တိုက်စစ်အတွက်ပါ။ ကစားသူတွေက သူတို့ချန်ပီယံရဲ့အားအင်ဖြည့်ဖို့ ဒါမှမဟုတ် ရှိပြီးသားအားအင်ကိုထပ်တိုးဖ်ို့ ဒီ runes 3 မျိုးရွေးနိုင်ပါတယ်။

Wild Rift Runes စာရင်း

Wild Rift မှာအသုံးပြုလို့ရတဲ့ runes 26 မျိုးရှိပါတယ်။ Rune အားလုံးပါတဲ့ အမျိုးအစား 4 မျိုးရှိပါတယ်။ သူတို့က Keystone (Main), Domination (Damage/အပိုတိုက်စစ်), Resolve (Health, ခံစစ်, Regen, etc.), နဲ့ Inspiration (Utility တက်စေတဲ့ man, အပို gold, etc.).

Wild Rift Runes List

Keystone Runes
Electrocute  Electrocute Passive: Basic attacks နဲ့ စွမ်းရည်တွေက ရန်သူချန်ပီယံတွေကိုတစ်ချက်ထိတိုင်း၊ ၁ချက်တိုက်ခိုက်တာ၊ spell သုံးတာတွေအတွက် stacks 1 ခုတက်ပါတယ်။ ပစ်မှတ်တစ်ကောင်ကို ၃စက္ကန့်အချိန််အတွင်းမှာ 3 stacks လုံးတိုက်ခိုက်ရင် သူ့ကိုမိုးကြိုးနဲ့ပစ်ပြီးတော့ 30 – 184 ( level ပေါ်မူတည်ပြီး) ( + 40% AD အပို) ( + 25% AD) Attack Damage နဲ့ Adaptive Damage ပေးပါတယ်။


Adaptive Damage: ကိုယ့်ရဲ့ အပို နိုင်ခြေတွေပေါ်မူတည်ပြီး physical သို့မဟုတ် magic damage တွေကို ဒီစွမ်းရည်တွေရဲ့နဂိုပုံစံအတိုင်းပြောင်းလဲပေးပါတယ်။


Cooldown: 25 seconds


ကစားသူ  level: 4

AeryAery Passive: ရန်သူကိုတိုက်ခိုက်တဲ့ Basic attacks နဲ့ စွမ်းရည်တွေက Aery က သူတို့ရှေ့ကိုအမြန်ရောက်စေပြီး 10 – 60 ( level အပေါ်မူတည်) ( + 20% အပို AD) ( + 10% AP) ပြောင်းလဲနိုင်တဲ့ Damage ပေးတယ်။ သွေးပြန်ဖြည့်တာ၊ ဒိုင်းကာတာ၊ ကိုယ့်အသင်းသားကို buff လုပ်ပေးတာတွေက Aery ကိုရန်သူတွေရှေ့ရောက်စေပြီး အသင်းသားတွေကို 20 – 120 ( level အပေါ်မူတည်) (+ 40% အပို AD) ( + 20% AP) ၂စက္ကန့်အကြာဒိုင်းကာပေးပါတယ်။


                  Aery ကကစားသူဆီကိုမပြန်မီပစ်မှတ်ပေါ်မှာ ၂စက္ကန့်လောက်ဝဲနေပြီး သူမပြန်လာမချင်း သူ့ကိုထပ်လွှတ်လို့မရပါဘူး။ အစပိုင်းမှာ Aery ကအရမ်းနှေးပေမယ့် တဖြည်းဖြည်းမြန်လာပြီး သူ့နားကိုသွားရုံနဲ့ သူ့ကိုခေါ်လို့ရပါတယ်။


Adaptive Damage: ကိုယ့်ရဲ့ အပို နိုင်ခြေတွေပေါ်မူတည်ပြီး physical သို့မဟုတ် magic damage တွေကို ဒီစွမ်းရည်တွေရဲ့နဂိုပုံစံအတိုင်းပြောင်းလဲပေးပါတယ်။


ကစားသူ  level: 4

Conqueror
Conqueror
Passive: Basic attacks နဲ့ စွမ်းရည်တွေက ရန်သူချန်ပီယံတွေကိုတစ်ချက်ထိတိုင်း၊ တစ်ချက်တိုက်ခိုက်တိုင်း၊ တစ်ချက် cast လုပ်တိုင်းမှာ conqueror ရဲ့ stacks ၁ခုတက်ပါတယ်။ Conqueror stack 1 ခုကို 8စက္ကန့်ကြာပြီး 2 – 6 ( level ပေါ်မူတည်) အပို Attack Damage သို့မဟုတ် 4 – 12 ( level ပေါ်မူတည်) Ability Power (Adaptive), 5 ခါထိ stack လုပ်ပြီး အများဆုံး 10-30 ( level ပေါ်မူတည်) အပို Attack Damage သို့မဟုတ် 20-60 ( level ပေါ်မူတည်) Ability Power (Adaptive).


Stack ပြည့်သွားရင်တော့ ချန်ပီယံတွေကို 10% အပို Adaptive damage ထုတ်ပေးပါတယ်။


Adaptive Damage: ကိုယ့်ရဲ့ အပို နိုင်ခြေတွေပေါ်မူတည်ပြီး physical သို့မဟုတ် magic damage တွေကို ဒီစွမ်းရည်တွေရဲ့နဂိုပုံစံအတိုင်းပြောင်းလဲပေးပါတယ်။

Fleet of FootworkFleet of Footwork Unique – Energized: ရွေ့လျားတာနဲ့ basic attack နဲ့တိုက်ခိုက်တာက Energize stacks 100 ထိထုတ်ပေးပါတယ်။ 

Energized အပြည့်ဖြစ်သွားရင် နောက် basic attack က ကိုယ့်ကို 15-85 ( level ပေါ်မူတည်) ( + 30% အပို AD) ( + 30% AP) အားဖြည့်ပေးပြီး 20% အပို movement speed ကို 1 စက္ကန့်ကြာပေးပါတယ်။


ကစားသူ level : 6

Grasp of the UndyingGrasp of the Undying Passive: တိုက်ပွဲဝင်နေချိန်မှာ 3 စက္ကန့်ကြာကြာ စက္ကန့်တိုင်းမှာ 1 stack ဆီတက်ပါတယ်။ Stacks ထပ်တက်ဖို့တော့ 2 စက္ကန့်အကြာမှာ battle ပြန်ဝင်ရင်ရပါတယ်။ 4 stacks ပြည့်ရင်တော့ ရန်သူကိုတိုက်ခိုက်တဲ့ နောက်Basic attacksက နောက် 6 စက္ကန့်အတွင်းမှာ အဲဒီ stacks တွေအကုန်လုံးကို ကိုယ့်ရဲ့အများဆုံး health ရဲ့ 4% ကိုအပို magic damage မှာသုံးပြီး အများဆုံး health ရဲ့ 2% ကို ပြန်ဖြည့်ပေးပြီး အပို 5 health ကိုအပြီးအပိုင်ဖြည့်ပေးပါတယ်။ ဒီလိုအားဖြည့်ပေးတဲ့ အချိန်ကာလက တိုက်ပွဲစဝင်တဲ့အချိန်ရောက်တိုင်းပြန်စပါတယ်။


Range ချန်ပီယံတွေမှာဆိုရင်တော့ ဒီ effects တွေကို 60% လျှော့ချထားပါတယ်။

ကစားသူ level: 8

AftershockAftershock Passive: ရန်သူချန်ပီယံတစ်ယောက်ကိုသွားလို့မရအောင်လုပ်ထားရင် အတည် 50 ( + 50% အပို armor) အပို armor နဲ့ 50 (+ 50% အပို magic resistance) အပို magic resistance ကို 2.5 စက္ကန့်ကြာရမယ်။


ဒီအချိန်ကျော်သွားရင်တော့ ပြင်းထန်တဲ့ပေါက်ကွဲမှုတစ်ခု 12-110 ( level ပေါ်မူတည်) ( + အများဆုံး health ရဲ့ 4%) magic damage ကို အနီးနားမှာရှိတဲ့ရန်သူတွေကိုပေးပါတယ်။


Cooldown: 35s

 

ကစားသူ level: 8

Font of LifeFont of Life Passive: ရန်သူချန်ပီယံကို နှေးအောင် သို့မဟုတ် ရပ်နေအောင်လုပ်ရင် သူတို့ကို 4 စက္ကန့်ကြာအမှတ်ပေးထားတယ်။

ကိုယ့်အဖွဲ့သားချန်ပီယံက basic attack နဲ့ ရန်သူကိုပစ်မှတ်ထားထားရင် ကိုယ့်ရဲ့ အများဆုံး health ရဲ့ 3% ကို 2စက္ကန့်ကျော်ကြာ heal ပေးတယ်။

ကစားသူ level: 10

KleptomancyKleptomancy Passive: Ability 1 ခုခုသုံးပြီးရင် ုန်သူကိုတိုက်တဲ့နောက်ထပ် ability ပဲဖြစ်ဖြစ် basic attack ဖြစ်ဖြစ်ကို item တစ်ခုခု ရဲ့အစွမ်းကို ထည့်ပေးတာဖြစ်ပါတယ်။


Cooldown: 25s

ကစားသူ level: 10

 

ဒုတိယတန်း Runes ( အတန်း 1 – စိုးမိုးခြင်း Domination )
BrutalBrutal Passive: 7 Attack Damage နဲ့ 2% armor penetration သို့မဟုတ် 14 Ability Power နဲ့ 2% magic penetration ရတယ်။ (Adaptive)

ကစားသူ level: 4

Gathering Storm

Gathering Storm

Passive: 2 မိနစ်တိုင်း 2 Attack Damage သို့မဟုတ် 4 Ability Power ရတယ်။

 

ကစားသူ level: 4

Hunter - VampirismHunter – Vampirism Passive: 2% Physical Vamp သို့မဟုတ် 2% Magical Vamp (Adaptive) ရတယ်။ ထူးခြားတဲ့ချန်ပီယံတွေကိုချေမှုန်းနိုင်ရင် အပို 2 Attack Damage နဲ့ 1% Physical Vamp သို့မဟုတ် 4 Ability Power နဲ့ 1% Magical Vamp ကနေ 7% Physical Vamp နဲ့ အပို 10 Attack Damage သို့မဟုတ် 7% Magical Vamp နဲ့ 5 stacks မှာ 20 Ability Power (Adaptive) ရနိုင်ပါတယ်။
TriumphTriumph Passive: ချန်ပီယံတွေကိုချေမှုန်းနိုင်ရင် လိုအပ်နေတဲ့ health 10% ပြန်ရမယ်။ 35% health အောက်ရောက်နေတဲ့ရန်သူတွေကို 3% တိုးထားတဲ့ damage နဲ့တိုက်နိုင်မယ်။

ကစားသူ level: 8

WeaknessWeakness Passive: ရန်သူချန်ပီယံတွေကို နှေးအောင် သို့မဟုတ် ရပ်နေအောင် လုပ်ရင် သူတို့ကို 5 စက္ကန့်ကြာပစ်မှတ်ထားပြီး မှတ်ထားတဲ့အချိန်တွင်းမှာ 5% တိုးထားတဲ့ damage သူတို့ကိုပေးနိုင်ပါတယ်။

ကစားသူ level: 10

ChampionChampion Passive: ရန်သူချန်ပီယံတွေအတွက် 10% ထပ်တိုးတဲ့ damage နဲ့တိုက်ထုတ်နိုင်ပါတယ်။ သင်တစ်ခါသေရင် 5% ဆီလျော့ပြီး အပိုပေးတာပျောက်တဲ့အထိ သုံးနိုင်ပါတယ်။


ကစားသူ level: 10

 

ဒုတိယတန်း Runes ( အတန်း 2 – ဆုံးဖြတ်ချက် Resolve )
BackboneBackbone Passive: သင့်ဆီမှာ ဘယ်အချက်ပိုနည်းနေလဲပေါ်မူတည်ပြီး အပို 10 armor သို့မဟုတ် အပို 10 magic resistance ရနိုင်ပါတယ်။

ကစားသူ level: 4

Conditioning

Conditioning

Passive: ဂိမ်းစပြီး 5 မိနစ်အကြာမှာ အပို 8 armor နဲ့ အပို 8 magic resistance ရပါတယ်။

ကစားသူ level: 4

Hunter - TitanHunter – Titan Passive: အများဆုံး 20 health ရမယ်။ ထူးခြားတဲ့ချန်ပီယံနှိမ်နှင်းမှုတွေဆိုရင် နောက်ထပ် 20 အများဆုံး health နဲ့ 4% tenacity ကနေ အများဆုံး 120 health နဲ့ 5 stacks မှာ 20% tenacity ရနိုင်တယ်။

ကစားသူ level: 6

RegenerationRegeneration Passive: 3 စက္ကန့်တိုင်းမှာ ပိုနည်းတဲ့ရာခိုင်နှုန်းအလိုက် လျော့သွားတဲ့ health 2% သို့မဟုတ် လျော့သွားတဲ့ mana 2% ရပါတယ်။

ကစားသူ level: 8

Loyalty

Loyalty

Passive: အပို 2 armor နဲ့ အပို 5 magic resistance ရတယ်။ သင်နဲ့အနီးဆုံးအသင်းသားချန်ပီယံကလည်း  stack လို့ရတဲ့ အပို 5 armor နဲ့ အပို 2 magic resistance ရတယ်။

ကစားသူ level: 10

Spirit WalkerSpirit Walker Passive: အများဆုံး 50 health နဲ့ 20% slow resistance ရတယ်။

ကစားသူ level: 10

 

ဒုတိယတန်း Runes ( အတန်း 3 – ဉာဏ်ကွန့်မြူးခြင်း Inspiration)
PathfinderPathfinder Passive: တိုက်ပွဲမဖြစ်တဲ့အချိိန် ချုံထဲ၊ jungle နဲ့ မြစ်ထဲမှာ 8% movement speed ရတယ်။

ကစားသူ level: 4

Mastermind

Mastermind

Passive: Epic Monsters တွေနဲ့ တာဝါတွေကို အပို 10% true damage ထုတ်ပေးတယ်။ အဲဒီ epic monsters တွေနဲ့ တာဝါတွေဖြိုတာ သို့မဟုတ် ဖြိုဖို့ ကူညီပေးရင် အပို 100 gold နဲ့ 500XP ရတယ်။

ကစားသူ level: 4

Hunter - GeniusHunter – Genius Passive: 2.5 ability haste ရတယ်။ ထူးခြားတဲ့ ချန်ပီယံတွေကိုချေမှုန်းနိုင်တဲ့အခါ 2.5 ability haste ကနေ 15 ထိ 5 stacks မှာရနိုင်ပါတယ်။

ကစားသူ level: 6

Sweet ToothSweet Tooth Passive: Honeyfruit က heal ပေးတာကို 25%, တခြားအသီးတွေစားရင် 20 gold တိုးပေးတယ်။

ကစားသူ level: 8

Pack Hunter

Pack Hunter

Passive: ကိုယ့်အသင်းသားတွေအနားရောက်ရင် 2% movement speed ရတယ်။ ရန်သူတွေကိုအတူတူချေမှုန်းတဲ့ ဒီအသင်းသားနဲ့ဆိုရင်တော့ သူရော ကိုယ်ရော 50 gold ရပါတယ်။

ကစားသူ level: 10

Manaflow BandManaflow Band Passive: ရန်သူချန်ပီယံကို ability သို့မဟုတ် အားဖြည့်ထားတဲ့ attack နဲ့တိုက်ခိုက်တဲ့အခါ အများဆုံး mana 30 ကနေ 300 ထိတိုးပေးပါတယ်။

ကစားသူ level: 10

ယေဘုယျ Wild Rift Runes တွဲစပ်ပုံ

Wild Rift ရဲ့ in-game အကြံပြုထားတဲ့ runes တွေကအထူးသဖြင့်ချန်ပီယံတော်တော်များများအတွက်မှန်ပေမယ့် ရန်သူအသင်းရဲ့ဖွဲ့စည်းပုံကိုကြည့်ပြီး runes တွေကိုအလိုက်တသင့်သုံးသင့်ပါတယ်။ ကစားသူတွေအတွက်လည်း သူတို့ရဲ့ ပထမတန်းစားနဲ့ ဒုတိယတန်းစား runes တွေကိုသူတို့သုံးနေတဲ့ချန်ပီယံနဲ့လိုက်အောင် ချိန်ပြီးသုံးဖို့လည်းလိုအပ်ပါတယ်။ ဒါဟာ တိုက်ပွဲစတာနဲ့အရေးကြီးဆုံးဖြစ်ပါတယ်။ အောက်ပါ စာရင်းကိုကြည့်ပြီး role အမျိုးမျိုးနဲ့အလိုက်ဖက်ဆုံး runes တွေကိုမှီငြမ်းနိုင်ပါတယ်။

Attack Damage Carry (ADC) ချန်ပီယံများအတွက် :
ပထမတန်း Rune :  Fleet Footwork, Kleptomancy or Conqueror

ဒုတိယတန်း Runes :
(Row 1 – Domination) – Brutal, Gathering Storm, or Triumph
(Row 2 – Resolve) – Regeneration
(Row 3 – Inspiration) – Manaflow Band, Hunter-Genius.

Tank Support ချန်ပီယံများအတွက် :
ပထမတန်း Rune :  Font of Life or Aftershock

ဒုတိယတန်း Runes :
(Row 1 – Domination) – Triumph or Weakness
(Row 2 – Resolve) – ကြိုက်ရာသုံးနိုင်ပါတယ်
(Row 3 – Inspiration) – Pack Hunter or Hunter-Genius

Ability Power (AP) Support ချန်ပီယံများအတွက် :
ပထမတန်း Rune :  Font of Life

ဒုတိယတန်း Runes :
(Row 1 – Domination) – Triumph or Weakness
(Row 2 – Resolve) – ကြိုက်ရာသုံးနိုင်ပါတယ်
(Row 3 – Inspiration) – Hunter-Genius or Manaflow Band

Ability Power (AP) Support ချန်ပီယံများအတွက် :
ပထမတန်း Rune : Domination, Aery or Kleptomancy

ဒုတိယတန်း Runes :
(Row 1 – Domination) – Weakness, Triumph or Brutal
(Row 2 – Resolve) – Regeneration
(Row 3 – Inspiration) – Hunter-Genius or Manaflow Band

Ability Power (AP) Mid-Lane ချန်ပီယံများအတွက် :
ပထမတန်း Rune : Fleet Footwork or Conqueror

ဒုတိယတန်း Runes : 

(Row 1 – Domination) – Brutal or Triumph
(Row 2 – Resolve) – Regeneration
(Row 3 – Inspiration) – Hunter-Genius

လုံးဝ Tank Baron Lane ချန်ပီယံများအတွက် :
ပထမတန်း Rune : Aftershock, Font of Life or Grasp of the Undying
ဒုတိယတန်း Runes :
(Row 1 – Domination) – Triumph or Weakness
(Row 2 – Resolve) – Conditioning
(Row 3 – Inspiration) – Pack Hunter or Hunter-Genius

Bruiser Baron Lane ချန်ပီယံများအတွက် :
ပထမတန်း Rune : Conqueror or Grasp of the Undying

ဒုတိယတန်း Runes :
(Row 1 – Domination) – Gathering Storm or Triumph
(Row 2 – Resolve) – Regeneration
(Row 3 – Inspiration) – Pathfinder or Hunter-Genius

Ability Power (AP) Jungle ချန်ပီယံများအတွက် :
ပထမတန်း Rune : Domination

ဒုတိယတန်း Runes :
(Row 1 – Domination) – Triumph or Brutal
(Row 2 – Resolve) – Regeneration
(Row 3 – Inspiration) – Pathfinder, Sweet Tooth, or Mastermind

Attack Damage (AD) Jungle ချန်ပီယံများအတွက် :

ပထမတန်း Rune : Aftershock or Conqueror

ဒုတိယတန်း Runes :
(Row 1 – Domination) – Triumph or Brutal
(Row 2 – Resolve) – Regeneration
(Row 3 – Inspiration) – Pathfinder, Sweet Tooth, or Mastermind

မှန်ကန်သော runes များသုံးပြီး အနိုင်ယူကြပါစို့

ယေဘုယျအားဖြင့် အသုံးပြုနိုင်တဲ့ rune အတွဲအစပ်တွေအများကြီးရှိပါတယ်။ အချိန်ယူပြီး runes တွေရဲ့အကျိုးသက်ရောက်မှုတွေနဲ့ ကိုယ့်ချန်ပီယံရဲ့စွမ်းရည်တွေကို ဘယ်လိုမြှင့်တင်ပေးနိုင်လဲဆိုတာကိုလည်း လေ့လာကြည့်ပါ။ ပြီးတော့ ကိုယ်အကြိုက်ဆုံးချန်ပီယံအတွက် runes တွေကိုလည်း ကြိုပြီးတွဲစပ်ထားပါ။ ကိုယ့် lane ပေါ်ကရန်သူရဲ့အတွဲအစပ်ကို အပိုထပ်လေ့လာတဲ့အခါမှာလည်း သူတို့ချန်ပီယံတွေအတွက် counter ပြန်လုပ်ဖို့အရမ်းထိရောက်ပါတယ်။

Codashop မှာ Wild Cores တွေငွေဖြည့်ဖို့မမေ့ပါနဲ့။ ကျွန်ုပ်တို့ဆီမှာ မြန်ဆန်ပြီးလွယ်ကူချောမွေ့တဲ့ငွေဖြည့်ခြင်းနည်းလမ်းအများကြီးရှိလို့ သောကကင်းတဲ့ ဂိမ်းဆော့ခြင်းအတွေ့အကြုံကို ခံစားနိုင်ပါတယ်။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here