Wild Rift တွင် Yone ကို Counter ရန် Tips ‌and Tricks များ

0
102

Wild Rift Yone Counters

Yone သည် League of Legends: Wild Rift ၏ လက်ရှိစာရင်းတွင် အစွမ်းထက်ဆုံးနှင့် စွယ်စုံရ champion တစ်‌ဦးဖြစ်ပါတယ်။ ရန်သူအဖွဲ့တွင်ဖြစ်စေ သင့်အဖွဲ့တွင်ဖြစ်စေ ဂိမ်းတိုင်းလိုလိုတွင် မြင်တွေ့နိုင်ပါတယ်။ ဒါပေမယ့် မင်းရဲ့အဖွဲ့က သူ့နဲ့ ယှဉ်ပြိုင်နိုင်ဖို့ အဆင်သင့်မဖြစ်ရင် သူက အိပ်မက်ဆိုးတစ်ခု ဖြစ်သွားနိုင်တယ်။

Yone ရဲ့ Abilities များကို နားလည်ပြီး ၎င်းတို့ကို ဘယ်လို Counter ရမလဲ

Yone သည် 1v1 တိုက်ပွဲများတွင် ထူးချွန်ပြီး အင်အားကြီးသာ duelist နှင့် fighter တစ်ကောင်ဖြစ်ပါတယ်။ သူ့မှာ ကောင်းမွန်တဲ့ wave clearmobility နဲ့ damage များလည်းရှိပါတယ်။ Positioning အရ၊ Yone သည်သူ့ရဲ့ early game မှာခွန်အားကြီးပြီး late-game အထိပါခြိမ်းခြောက် ဖို့ snowball လုပ်နိုင်တာကြောင့် mid-lane မှာကစားတာအကောင်းဆုံးပဲဖြစ်ပါတယ်။

အကယ်၍ သင်သည် roamer တစ်ယောက်ထက်သာလွန်ပြီး objectives များကို တွန်းအားပေးပြီး သင့်အသင်းဖော်များကို လမ်းတစ်လျှောက်တွင် ကူညီလိုပါက၊ Yone ကို map တစ်လျှောက်ကို လှည့်ပတ်ပြီး ဖိအားဖန်တီးရန်နှင့် straggler များကို ကောက်နိုင်ရန် အတွက် split pusher တစ်ကောင်အနေနဲ့လဲဆော့ကစားနိုင်ပါတယ်။ Yone ကတစ်ချက်တည်းနဲ့တော့ ရူးလောက်တဲ့ damage တွေမထွက်သော်လည်း သူ့ရဲ့ hybrid damage နဲ့ fluid combos တွေကိုအသုံးပြုပြီး သူ့ရဲ့ ပစ်မှတ်အများစုကို ဖြုတ်ချနိုင်မှာဖြစ်ပါတယ်။

Yone Loadout Wild Rift

Yone နှင့် ယှဉ်ကစားရန် အကောင်းဆုံးနှင့် အဆိုးဆုံး Picks များ

အကယ်၍ သင်က Yone နဲ့ ယှဉ်ကစား‌ရတော့မည်ဆိုပါက၊ သူ့ရဲ့ burst damage ကို ခံနိုင်ရည်ရှိသော champion တစ်ဦးကို ရွေးချယ်ပြီး အစောပိုင်းဂိမ်းတွင် သူ့ထက်သာအောင် ကစားရမှာဖြစ်ပါတယ်။ သူ့ကို ထိထိရောက်ရောက် kite လုပ်နိုင်တဲ့ သို့မဟုတ် poke ပြီးသတ်နိုင်တဲ့ champions တွေကို ရွေးချယ်ပြီးတော့ လည်းကစားနိုင်ပါတယ်။

အကောင်းဆုံး Picks များ :

Ahri – Ahri ရဲ့ ရှည်လျားလှတဲ့ range နဲ့ mobility တို့က Yone ကို counter ဖို့အကောင်းဆုံးဖြစ်နေပါတယ်၊ သူမက Yone ရဲ့ abilities တွေကိုအလွယ်တကူရှောင်တိမ်းနိုင်ပြီး Yone ကိုသူမကိုယ်တိုင် burst ပြီးသတ်နိုင်ပါတယ်။ fight များတွင် ကြာကြာအသတ်ရှင်နိုင်ပြီး သူမက အကွာအဝေးကိုထိန်းထားနိုင်တာကြောင့် Yone နဲ့ယှဉ်ပြိုင်ဖို့အတွက် ရွေးချယ်ရာမှာ သူမက ကောင်းမွန်လှတဲ့ pick တစ်ခုဖြစ်နေပါတယ်။

Orianna – Orianna သည် ရန်သူများကို နှေးကွေးစေပြီး movement speed ကို မြှင့်တင်ပေးသည့် သူမ၏ Dissonance skill ကြောင့် Yone နဲ့ ယှဉ်ပြိုင်ရာမှာ ကြောင်းမွန်တဲ့ pick တစ်ခုလည်းဖြစ်ပါတယ်။ timing မှန်မှန်နဲ့သုံးပါက၊ သင် Yone ult ကို အလွယ်တကူ ရှောင်တိမ်းနိုင်ပြီး batte ကိုသင့်အသာအဖြစ်ပြောင်းလဲနိုင်ပါတယ်။

အဆိုးဆုံး Picks များ :

Fizz – Fizz သည် သူ့တွင် range နှင့် mobility မရှိခြင်းကြောင့် Yone နဲ့ ယှဉ်ပြိုင်ရာတွင် အလွန်အားနည်းပါတယ်။ Yone သည် တိုက်ပွဲများကိုအလွယ်တကူ အဝင်အထွက်လုပ်နိုင်တဲ့အတွက်၊ Fizz အနေနဲ့ သူ့ abilities တွေကိုထိအောင်သုံးဖို့ခက်ခဲစေနိုင်ပါတယ်။ ထို့အပြင် Fizz သည် အလွန် squishy ဖြစ်ပြီး Yone ရဲ့ abilities များဖြင့် အလွယ်တကူ burst down လုပ်ပြီးသတ် နိုင်ပါတယ်။

Jhin – Jhin သည် အတော်လေး squishy ဖြစ်ပြီး immobile ဖြစ်တာကြောင့် Yone အတွက် လွယ်ကူသော ပစ်မှတ်တစ်ခုဖြစ်စေပါတယ်။ Yone ရဲ့ Ultimate က သိပ်မဆိုးလှတဲ့ range ရှိတာကြောင့် Jhin သည် ထို Ultimate ထဲမှ လွတ်မြောက်ရန်လည်း ခက်ခဲပါတယ်။

Yone ထက်သာလွန်အောင်ဆော့ကစားနိုင်ရန် ထိရောက်သော Strategies များ

Yone ကို counter ရန်အဓိကအချက်မှာ သူ့ရဲ့ abilitie‌s တွေကို နားလည်ပြီး ၎င်းတို့ကို လှည့်ပတ်ရှောင်ရှားကာကစားရန်ဖြစ်ပါတယ်။ Yone ထံမှ ဘာတွေထွက်လာနိုင်မလဲ နှင့် သူ့ရဲ့ abilities များကို ဘယ်လိုတုံ့ပြန်ရမည်ကို သိရှိခြင်းဖြင့်၊ သင်သည် ဂိမ်းပွဲများကို ပြောင်းပြန်လှည့်ကာ သင့်စိတ်ကြိုက်ဂိမ်းအတိုင်း ပြန်လည်ရယူဆော့ကစားနိုင်ပါတယ်။

Yone Mid Lane Wild Rift

1. Movement Speed Items တွေကိုဝယ်ပါ

Yone သည် mobility များစွာရှိသောကြောင့် သူနှင့်အမီလိုက်နိုင်ရန် နှင့် သူ့ရဲ့ abilities များကို ရှောင်ရန်လွယ်ကူစေရန် movement speed items များကို ဝယ်ယူရန် အရေးကြီးပါတယ်။ သူ့ အနားကို ရောက်ဖို့ အချိန်ကို လျှော့ချနိုင်ရန်  Boots of Swiftness သို့မဟုတ် Ionian Boots of Lucidity လိုမျိုး items တွေ ဝယ်ယူသင့်ပါတယ်။

2. Agressive ဆန်ဆန်ကစားပါ 

Yone သည် early game များအတွင်း အားအနည်းဆုံး ဖြစ်နေတာကြောင့် သူ့နှင့်ယှဉ်ပြီး aggressive ဆန်ဆန်ကစားရန် အရေးကြီးပါတယ်။ objectives များရယူပြီး kill များ သေချာစွာယူခြင်း ဖြင့် early ပိုင်းမှာ ဦးဆောင်နိုင်စေရန် ကြိုးစားပါ။

3. Magic Resistance များဝယ်ယူပါ

Yone သည် သူ၏ Passive Way of the Hunter ကြောင့် hybrid damage ကို ပေးပါတယ်။ ဒါကြောင့် သူ့ကို counter ဖို့ magic resistance ကို ဝယ်ဖို့ အရေးကြီးပါတယ်။ သူပေးတဲ့ damage ပမာဏကို လျှော့ချရန်အတွက် Abyssal Mask သို့မဟုတ် Spirit Visage ကဲ့သို့သော items များကို ဝယ်ယူသင့်ပါတယ်။

4. သင့်အဖွဲ့အနီးတဝိုက်မှာကစားပါ 

Yone သည် အလွန်အားကောင်းသော champion တစ်ဦးဖြစ်သော်လည်း လိုက်ဖက်ညီညီ ဆော့ကစားတဲ့ အဖွဲ့ဖြင့် အလွယ်တကူ shut down ချနိုင်ပါတယ်။ Yone ကို နှစ်ယောက်တည်းချမည့်အစား သင့်အဖွဲ့နှင့် ညှိနှိုင်းပြီး အဖွဲ့တိုက်ပွဲများအ‌‌ပေါ်မှာ အာရုံစိုက်သင့်ပါတယ်။ သူအနားကပ်လာခြင်းမှ ကင်းဝေးစေပြီး အဝေးမှ သုတ်သင်နိုင်ရန် သင့်အဖွဲ့၏ crowd control တွေကို အသုံးပြုပါ။

Yone မှာသူ့ရဲ့ combos အဆက်အစပ်များနဲ့ ကြီးများလှတဲ့ damage တွေကိုထိနိုင်တာကြောင့် သူနဲ့ယှဉ်ပြီးဆော့ကစားရာမှာ အနည်းငယ်တော့အာရုံနောက်နိုင်ပါတယ်။ သူ့ရဲ့ hybrid attacks တွေနဲ့အတူ ကောင်းမွန်တဲ့ mobility နဲ့ပေါင်းလိုက်တဲ့အခါမှာ သူဟာကစားသမားတိုင်း သတိထားနေသင့်တဲ့ Champion တစ်ကောင်ဖြစ်လာပါတယ်။ ဒါပေမယ့် တခြား champion တွေလိုပါပဲ၊ Yone ကို သူ့အနားတဝိုက်မှာ ဘယ်လို လှည့်ပတ်ပြီး ကစားရမယ်ဆိုတာ သိရင် counter ပြီး shut down ချနိုင်ပါတယ်။ မှန်ကန်သော items များ၊ အဖွဲ့လိုက် ညှိနှိုင်းဆောင်ရွက်မှုများ နှင့် positioning တို့ဖြင့် Yone ကို shut down ချကာ ဂိမ်းကိုထိန်းချုပ်နိုင်ပါတယ်။

Yone နှင့် အခြားသော Wild Rift Champions များကို ယှဉ်ပြိုင်ရန် အဆင်သင့်ဖြစ်ပြီလား? Codashop တွင်သာ Wild Cores တွေကို ဖြည့်ဖို့ သေချာပါစေ။ ကျွန်ုပ်တို့တွင် အကောင်းဆုံးစျေးနှုန်းများနှင့် အဆင်ပြေပြီး လုံခြုံသော ငွေဖြည့်မှုအတွေ့အကြုံကို ဝန်ဆောင်မှုပေးထားပါတယ်။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here