Wild Rift Champion လမ်းညွှန် : Aatrox

0
115

Wild Rift Aatrox

Wild Rift သည် patch 3.5 မှစ၍ Champion အသစ် Aatrox ကို မိတ်ဆက်ခဲ့ပါတယ်။ သူသည် Baron Lane ကိုကစားနိုင်သော melee bruiser တစ်ကောင်ဖြစ်ပါတယ်။ ဤသည်မှာ Aatrox အတွက် အကောင်းဆုံး runes များနှင့် ဂိမ်းကိုလွှမ်းမိုးရန် build အပါအဝင် Wild Rift တွင် Aatrox ကို မည်သို့ကစားရမည်ကို အပြည့်အစုံလမ်းညွှန်ထားပါတယ်။ 

Aatrox Abilities များနှင့် Skill Order

Aatrox Abilities & Skill Order

Deathbringer Stance (Passive)

Aatrox ရဲ့ passive ဖြစ်တဲ့ Deathbringer Stance အပိုင်းအခြားအလိုက် သူ့ရဲ့နောက်ထပ် attack ကို bonus damage ထိပြီး သွေးလည်းပြန်ပြည့်စေပါတယ်။ Aatrox မှသူ့ရဲ့ ပြိုင်ဘက် champion သို့မဟုတ် giant monster တစ်ကောင်ကို သူ့ရဲ့ passive skill နဲ့ ခုတ်လိုက်တဲ့အခါတိုင်းမှာ အဲ့ skill ရဲ့ cooldown ကို စက္ကန့်အနည်းငယ်မျှလျှော့ချပေးပါတယ်။ 

Aatrox မှ Deathbringer Stance ကို အဝါရောင် bar ပြည့်တိုင်းစတင်အသုံးပြုနိုင်ပါတယ်။ ဖော်ပြခဲ့သည့် အတိုင်း၊ ၎င်းကို ပြိုင်ဘက် champion များ သို့မဟုတ် giant monsters များပေါ်တွင် ရှာဖွေပြီး အသုံးပြုခြင်းက အကောင်းဆုံးဖြစ်ပါတယ်‌။ တိုးများလာသော damage ထိနိုင်ပြီး ဖြင့်သူ၏ cooldown ကိုလျှော့ချပေးရုံသာမက Aatrox healing ကိုလည်းတိုးစေပါတယ်။ 

The Darkin Blade (ပထမ ability)

ပထမ ‌ability ဖြစ်သော Aatrox’s Darkin Blade သည် physical damage များကို ထိနိုင်ပြီး နှစ်ကြိမ်အသုံးပြုနိုင်ပါတယ်။ Swing blade ကို sweet spot ကို ထိသွားတာနဲ့ ထိသွားတဲ့ရန်သူများကို လေပေါ်သို့ knocked ဖြစ်နိုင်ပြီး bonus damage ကိုလည်းရရှိနိုင်ပါတယ်။ Blade ၏အနေအထားကိုပြောင်းလဲရန် Flash နှင့် Umbral Dash ကိုအသုံးပြုခြင်းဖြင့် Darkin Blade sweer spot ကို activate လုပ်နိုင်ပါတယ်။

Infernal Chains (ဒုတိယ Ability)

Aatrox ရဲ့ Infernal Chains များသည် သူ့၏ ပထမရန်သူကို ထိမှန်သော bhain ပေးနိုင်ပြီး၊ physical damage ကိုလည်းထိနိုင်ကာ စက္ကန့်အနည်းငယ်ကြာအောင် နှေးကွေးစေနိုင်ပါတယ်။ ပြိုင်ဘက် champion သို့မဟုတ် large monster သည် Aatrox ရဲ့ chain ၏ သက်ရောက်မှုဧရိယာအတွင်းတွင်ရှိသောအခါ၊ ၎င်းတို့သည် အလယ်ဘက်သို့ဆွဲထုတ်ခံရပြီး damage များ ထပ်မံထိမှာဖြစ်ပါတယ်။ 

Umbral Dash (တတိယ Ability)

Umbral Dash ရဲ့ active ability သည် Aatrox ကို Darkin Blade နှင့် Infernal Chains ကဲ့သို့သောသူ၏တိုက်ခိုက်မှုများကိုပြုလုပ်ခြင်းဖြင့် Aatrox ၏ဦးတည်ချက်ဖြင့်ထိန်းချုပ်နိုင်စေပြီး ပြိုင်ဘက် champion ကိုပိုမို damage ထိနိုင်ပါတယ်။ ထို့အပြင်၎င်း၏ passive ability သည် Aaatrox သည် ရန်သူများကို တိုက်ခိုက်ပြီးနောက် သွေးပြည့်စေနိုင်ပါတယ်။

World Ender (Ultimate)

Aatrox ရဲ့ Ultimate ဖြစ်တဲ့ World Ender သည် သူ့ရဲ့ နတ်ဆိုး form သို့ပြောင်းလဲနိုင်ပြီး သူ့ရဲ့ attack damagehealing နဲ့ movement speed တို့ကို တိုးမြှင့်ပေးပါတယ်။ တပြိုင်နက်တည်း၊ ၎င်းသည် Umbral Dash Physical Vamp ကို တိုးစေပါတယ်။ ၎င်းသည် 5s အထိတိုးနိုင်ပြီး takedown ဖြင့် 10s အထိ တိုးနိုင်ပါတယ်။ 

Aatrox Item Build

Aatrox Recommended Item Build

အကြံပြုထားတဲ့ Item Build 

  • Black Cleaver

  • Death’s Dance 

  • Sterak’s Gage

  • Gargoyle Enchant 

  • Serylda’s Grudge 

  • Guardian Angel 

အခြားရွေးချယ်စရာ Items များ

  • Divine Sunderer 

  • Thornmail

  • Maw of Malmortius

Aatrox Runes များ နှင့် Spells များ

Aatrox Runes & Spells

  • Conqueror

      • Aatrox ကိုသူ့ရဲ့ skills များ နှင့် abilities များဖြင့် ပြိုင်ဘက်များကို တိုက်ခိုက်ရာတွင် Adaptive Force stack စုနိုင်ပါတယ်။ အများဆုံး 6 stacks နှင့် 6 ခုမြောက် stack တွင် omnivamp ဘောနပ်စ်ကို ရရှိနိုင်ပါတယ်။ 
  • Brutal

      • ရန်သူများကို basic attacks များနှင့် တိုက်ခိုက်ရာတွင် အပို adaptive damage 12-19 ထိနိုင်မှာဖြစ်ပါတယ်။ 
  • Adaptive Carapace

      • Aatrox ကို သူ့ရဲ့ ထိထားတဲ့ damage အပေါ် 16 AR သို့မဟုတ် 16 MR နှင့်အတူ သူ့ရဲ့ သွေးက 50% အောက်ရောက်နေပါက Aatrox ကို သွေး 50 ပြည့်စေနိုင်ပါတယ်။ 
  • Hunter Genius

    • Aatrox မှ ability haste 3 ခုရရှိနိုင်မှာဖြစ်ပါတယ်။ 

Aatrox Skill Combos

Aatrox တွင် သင်အသုံးပြုနိုင်တဲ့ skill combos 3 ခုရှိပါတယ် :

  • Infernal Chains > Darkin Blade > Darkin Blade + Umbral Dash > Darkin Blade
  • Infernal Chains > Umbral Dash (သွေးနည်းပါကထွက်ပြေးပါ)
  • Ultimate > Infernal Chains > Darkin Blade > Darkin Blade + Umbral Dash > Darkin Blade

Aatrox အားသာချက်များနှင့် အားနည်းချက်များ

အားသာချက်များ

  • High damage နဲ့ အတူ DPS ကိုလည်းထိန်းထားနိုင်ပါတယ်။
  • ပထမ နှင့် တတိယ Skill သည် သူ့ရဲ့ mobility ကို မြင့်မားစေပါတယ်။
  • mid-late game သို့ အဆင့်ဆင့်တက်လာတဲ့အခါမှာ ပိုမိုအားကောင်းလာနိုင်ပါတယ်။
  • Split pushing မှာ အရမ်းကောင်းပါတယ်။

အားနည်းချက်များ 

  • Early game မှာ သတ်ရလွယ်ကူပါတယ်။
  • ကျွံသွားဖို့ လွယ်ကူပါတယ်။ 
  • engage လုပ်နိုင်မှုနည်းပါးပါတယ်။ 

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here