League of Legends: Wild Rift ADC Lane လမ်းညွှန်

0
101

Wild Rift ADC Lane Guide

ADC (သို့မဟုတ် Attack Damage Carry) role က အမြင့်ဆုံးနေရာတွင်စိုးမိုးထားတဲ့  Wild Rift ကမ္ဘာမှ ကြိုဆိုပါတယ်။ ADC အနေဖြင့်၊ သင်၏ gameplay တွင် သင့်ရဲ့ creep waves များကို စီမံခန့်ခွဲပြီး counter-picks များကို စောင့်ကြည့်နေသည်နှင့်တပြိုင်နက် ရန်သူ champions များနှင့် objectives များဆီသို့ ကြီးမားသော physical damage များပေးခြင်းဖြင့် လှည့်ပတ်နေပါတယ်။  ဒါပေမယ့် ADC role မှာ အောင်မြင်ဖို့ ဘာတွေ လိုအပ်လဲ? ဤဆောင်းပါးတွင်၊ ကျွန်ုပ်တို့သည် ADC champions များ၏ အဝင်အထွက်များကို စေ့စေ့ငှငှ ကြည့်ရှုမည်၊ creep waves များကို စီမံခန့်ခွဲခြင်း၏ အရေးပါမှုကို ရှာဖွေကာ counter-picking နှင့် counter-pick ခံရခြင်းပညာကို ဆွေးနွေးမှာဖြစ်ပါတယ်။  ADC အနေဖြင့် သင့်အတွေ့အကြုံ မည်သို့ပင်ရှိစေကာမူ ဤနေရာမှာတော့ လူတိုင်းအတွက် တစ်ခုခုရှိနိုင်ပါတယ်။ ဒါဆို စလိုက်ရအောင်!

ADC role နှင့် gameplay

Wild Rift တွင် ADC တစ်ယောက်အနေဖြင့် သင်သည် သင့်အဖွဲ့ damage output အတွက် အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အဖွဲ့လိုက်တိုက်ပွဲများတွင် အနိုင်ရရှိရရန်သော့ချက်လည်းဖြစ်ပါတယ်။ သင့်ရဲ့ ပါဝါကို တည်ဆောက်ပြီး gold များကိုရယူရဖို့ သင် minions နဲ့ monsters တွေကို farm ရင်း ရန်သူ champion တွေနဲ့ objectives တွေကို ကြီးမားတဲ့ physical damage တွေပေးဖို့ သင့်မှာ တာဝန်ရှိပါတယ်။  သို့သော် ADC တစ်ယောက်ဖြစ်ခြင်းက damage ပေးခြင်းထက် ပိုပါတယ် – ၎င်းတွင် positioningmap awareness နှင့် ဂိမ်း၏စီးဆင်းမှုအတိုင်း လိုက်လျောညီထွေစွာ ဆော့ကစားနိုင်ခြင်းတို့လည်းပါဝင်ပါတယ်။

ဤမရှိမဖြစ်လိုအပ်သော gameplay များဖြင့် သင့်ရဲ့ ADC ကစားခြင်းကိုနောက်တစ်ဆင့်သို့တက်လှမ်းလိုက်ပါ :

The ADC champion pool

မတူညီသော ADC champions များ၏ အားသာချက်များနှင့် အားနည်းချက်များကို နားလည်ခြင်းသည် role ကို ကျွမ်းကျင်စေရန်အတွက် အရေးကြီးပါသည်။ အချို့သော ADC များသည် အချိန်နှင့်အမျှ sustained damage များကို ထိနိုင်ပြီး အချို့မှာတေ့ာ burst damage တွင် ကောင်းမွန်ခြင်း သို့မဟုတ် သီးသန့်အသုံးဝင်သည့်abilities များရှိပါတယ်။ မတူညီသော ADC champions များကို စူးစမ်းလေ့လာပြီး သင့်ကစားဟန်နှင့် အသင်းဖွဲ့စည်းပုံနှင့် ကိုက်ညီမည့်အရာများကို လေ့လာပါ။

Laning အဆင့်

Early game မှာတော့ gold ရရှိရန်နှင့် သင့် power ကို တည်ဆောက်ရန်အတွက် minions နှင့် monsters များကို farm ရမှာဖြစ်ပါတယ်။ minions များကို last-hits ထိရောက်စွာလုပ်နည်းကို လေ့လာပါ၊ သင်၏ lane ပြိုင်ဘက်နှင့် ခုတ်ချက်များအပြန်အလှန်ပြုလုပ်ပါ၊ turrets နှင့် dragons ကဲ့သို့သော objectives များကို လုံခြုံအောင်ပြုလုပ်နည်းကို လေ့လာပါ။

Mid နှင့် late game

ပွဲချိန်က ပြီးဆုံးလာသည်နှင့်အမျှ၊ သင်သည် ဂိမ်း၏ ပြောင်းလဲနေသော dynamics များနှင့်အတူ သင့် ကစားပုံကိုလည်း ပြုပြင်ပြောင်းလဲရန် လိုအပ်ပါသည်။ ၎င်းတွင် အဖွဲ့လိုက် တိုက်ခိုက်ခြင်း၊ ရန်သူ့ turrents များကို ဝိုင်းရံတိုက်ခိုက်ခြင်း သို့မဟုတ် ရန်သူအဖွဲ့အား ဖိအားများပေးရန် split-pushing လုပ်ခြင်း တို့ ပါဝင်နိုင်ပါတယ်။ ဤမတူညီသောအခြေအနေများတွင် သင်၏ damage output ကို မြှင့်တင်နည်းကို လေ့လာပြီး သင့်အဖွဲ့၏ အလုံးစုံဗျူဟာကို မည်သို့ပါဝင်နိုင်သည်ကို နားလည်သင့်ပါတယ်။

Positioning (နေရာယူခြင်း)

ADC တစ်ယောက်အနေဖြင့်၊ positioning သည် တိုက်ပွဲများရှင်သန်ရန် နှင့် အမြင့်ဆုံး damage များကို ပေးနိုင်ရန် အဓိကသော့ချက်ဖြစ်သည်။ သင်၏ damage output ကို အမြင့်ဆုံးမြှင့်တင်ရန်နှင့် ရန်သူအဖွဲ့မှပစ်မှတ်ထားခြင်းကို ရှောင်ရှားရန် အဖွဲ့လိုက်တိုက်ပွဲများတွင် သင့်ကိုယ်သင် မည်သို့နေရာယူ ထားရမည်ကို လေ့လာပါ။

Counter-picking နှင့် counter-pick ခံရခြင်း

မတူညီသော ADC champions များ၏ အားသာချက်များနှင့် အားနည်းချက်များကို နားလည်ခြင်းသည် laning အဆင့်တွင် သိသာထင်ရှားသော အားသာချက်ကို ပေးနိုင်ပါတယ်။ သင့် lane ပြိုင်ဘက်ရန်သူကို counter-pick နည်းကို လေ့လာပြီး counter-pick ခံရပါက သင့်ကစားဟန်ကို လိုက်လျောညီထွေဖြစ်အောင်ဆော့ကစားနိုင်ဖို့ လေ့လာပါ။

Map awareness

မြေပုံပေါ်တွင် ဖြစ်ပျက်နေသည်များကို သိရှိခြင်းက ADC တိုင်းအတွက် အရေးကြီးပါတယ်။ ရန်သူချန်ပီယံများရဲ့ လှုပ်ရှားမှုများနှင့် objectives များကို နားလည်ရန် minimap ကို စောင့်ကြည့်ပြီး သင့်ရဲ့ gameplay မှာ ဗျူဟာမြောက် ဆုံးဖြတ်ချက်များချမှတ်ရန်အတွက် ထိုအချက်အလက်ကို အသုံးပြုပါ။

ဂိမ်းနဲ့လိုက်လျောညီထွေဖြစ်အောင်ဆော့ကစားခြင်း

League of Legends ၏ဂိမ်းနှစ်ခုသည်တူညီခြင်းမရှိပါ၊ ADC တစ်ယောက်အနေဖြင့်၊ သင်သည်ဂိမ်းတစ်ခုစီ၏ ထူးခြားသောစိန်ခေါ်မှုများအတွက်သင်၏ကစားဟန်နှင့်ဗျူဟာကိုချိန်ညှိရန်လိုအပ်ပါတယ်။ ဂိမ်းရဲ့စီးဆင်းမှုကို ဘယ်လိုသိရှိရမလဲဆိုတာ လေ့လာပြီး သင့်ရဲ့ အဖွဲ့ အောင်မြင်နိုင်ခြေကို အမြင့်မားဆုံးဖြစ်အောင် ဆုံးဖြတ်ချက်တွေချပါ။

ADC Champions များ

Wild Rift တွင် ADC တစ်ယောက်အဖြစ်ရန်သူအဖွဲ့အား တရစပ် damage တွေပေးရန် အဆင်သင့်ဖြစ်ပြီလား? ရွေးချယ်စရာများစွာသော champions များနှင့်အတူ၊ မည်သည့်အရာသည် သင့်အတွက် အသင့်တော်ဆုံးဖြစ်သည်ကို ဆုံးဖြတ်ရန် အချိန်ယူရနိုင်ပြီး အကောင်းဆုံးရွေးချယ်မှုသည် သင်၏ကစားဟန်နှင့် လက်ရှိ meta ပေါ်တွင် မူတည်မှာဖြစ်ပါတယ်။  ဒါပေမယ့် စိတ်မပူပါနဲ့၊ ကျွန်ုပ်တို့က သင့်အတွက်အဆင်သင့်ပြင်ပေးထားပြီးပါပြီ။ ဤသည်မှာ champion တစ်ဦးစီ၏ ကစားဟန်နှင့် အားသာချက်များအကြောင်း အကျဉ်းချုပ်ဖော်ပြချက်နှင့်အတူ အောက်လမ်းတွင် မကြာခဏကစားလေ့ရှိသော ADC ထိပ်တန်း champion အချို့၏ စာရင်းဖြစ်ပါတယ်။:

Ashe

Ashe Wild Rift

Frost Archer သည် ပြင်းထန်သော damage  နှင့် ကောင်းမွန်စွာ အသုံးပြုနိုင်သော အကောင်းဆုံးအဆင့် ADC များထဲမှ တစ်ကောင်ဖြစ်ပါတယ်။ Ashe သည် သူမရဲ့ အဝေးကြီးကနေ ရန်သူများကို damage ပေးပြီး stun နိုင်တဲ့ ultimate global ability ကြောင့် လူသိများပါတယ်။

Jhin

Jhin Wild Rift

Virtuoso သည် ပြင်းထန်သော burst damage နှင့် သင်အသုံးပြုလိုလျင် ကောင်းမွန်စွာအသုံးပြုနိုင်တဲ့ အကောင်းဆုံး ADC တစ်ကောင်လည်းဖြစ်ပါတယ်။ Jhin သည် ရန်သူ champion များကို အဝေးမှ ပစ်သတ်ရာတွင် ထူးချွန်ပြီး ၎င်း၏ ultimate ability သည် ပစ်မှတ်တစ်ခုတည်းသို့ ကြီးမားသော damage များပေးနိုင်ပါတယ်။

Lucian

Lucian Wild Rift

‌‌ရေရှည် substantial damage များနှင့် mobility ကောင်းကောင်းကို လိုချင်ပါက Purifier ကတော့ အကောင်းဆုံးရွေးချယ်မှုဖြစ်ပါတယ်။ Lucian သည် အဝေးမှ ရန်သူများကို ပစ်ခတ်ရာတွင် ထူးချွန်ပြီး ရန်သူ champions များကို dash လုပ်ပြီး ဖြတ်ကျော်ကာ damage များထိနိုင်တဲ့အစွမ်းထက်သော ultimate ability တစ်ခုလည်းရှိပါတယ်။

Miss Fortune 

Miss Fortune Wild Rift

Bounty Hunter ကလည်း ရေရှည် solid damage များနှင့် ကောင်းမွန်စွာအသုံးပြုနိုင်သော ချန်ပီယံတစ်ဦးကိုလိုချင်ပါက အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ Miss Fortune သည် ရန်သူအများအပြားကို တပြိုင်နက်တည်း damage ထိနိုင်သူဖြစ်ပြီး ၎င်း၏ရှေ့တွင်ရှိသော ကတော့ပုံ နေရာအတွင်းရှိ ရန်သူအားလုံးကို ကြီးမားသော damage ပေးစွမ်းနိုင်သော သူမ၏ ultimate ability ကြောင့် ဖြစ်ပါတယ်။

Tristana

Tristana Wild Rift

Yordle Gunner သည် ရန်သူများကို poking လုပ်ရာတွင် အကောင်းဆုံး လုပ်ဆောင်ပေးသော အကောင်းဆုံး champion များထဲမှ တစ်ဦးဖြစ်ပါတယ်။ Tristana သည် အဝေးမှ ရန်သူများကို poking လုပ်ရာတွင် ထူးချွန်ပြီး ရန်သူ champion ထံသို့ ခုန်ကာ damage များထိရာတွင်လည်း ထူးချွန်ပါတယ်။

Vayne

Vayne Wild Rift

Night Hunter သည် ပြင်းထန်ပြီး ရေရှည် damage များနှင့် ကောင်းမွန်သော mobility ရှိသော ranged ADC ‌တစ်ကောင်အတွက် ထိပ်တန်းရွေးချယ်မှုတစ်ခုလည်းဖြစ်ပါ။ Vayne သည် ရန်သူများနောက်လိုက်ရာတွင် ထူးချွန်ပြီး အချိန်အနည်းငယ်စာ bonus attack damage နဲ့ အမြန်နှုန်းကို ရရှိတဲ့ အစွမ်းထက် ultimate ability တစ်ခုရှိပါတယ်။

ဤစာရင်းသည် အောက်လမ်းတွင် မကြာခဏကစားလေ့ရှိသည့် ထိပ်တန်း ADC champion အချို့ကို ခြုံငုံထားမိသော်လည်း Wild Rift တွင် အသုံးပြုနိုင်နောက်ထပ်ရွေးချယ်စရာများစွာရှိကြောင်း သတိရရန် အရေးကြီပါတယ်။ သင့်အတွက် အကောင်းဆုံး champion သည် သင့်စိတ်ကြိုက်‌ရွေးချယ်ထားမှု များနှင့် သင့်အဖွဲ့၏ သီးခြားလိုအပ်ချက်များပေါ်တွင် မူတည်ပါသည်။ ဒါကြောင့် သင့်စိတ်ကြိုက်အကောင်းဆုံးနဲ့ ကိုက်ညီမယ့် ချန်ပီယံကို လွတ်လွတ်လပ်လပ် ဖော်ထုတ်လိုက်ပါ။ ရွေးချယ်စရာများစွာဖြင့်၊ ဖြစ်နိုင်ခြေများကတေ့ အဆုံးမရှိပေ!

Creep waves များစီမံခန့်ခွဲခြင်း

  1. Minions များကို last-hit လုပ်ခြင်း : ADC တစ်ယောက်အနေဖြင့်၊ သင်၏အဓိက gold ရင်းမြစ်မှာ minions နှင့် monsters များကို farming လုပ်ခြင်းဖြစ်ပါတယ်။ သင့်ရဲ့ gold income ကိုအမြင့်ဆုံးဖြစ်အောင်ထားနိုင်ဖို့ minions များကို last-hit ( နောက်ဆုံးတစ်ချက်ခုတ်ခြင်း) ကိုရနိုင်သမျှရအောင်ပြုလုပ်သင့်ပါတယ်။
  2. Creep wave ကို ထိန်းပါ : သင့် auto attacks များဖြင့် minions များကို တတ်နိုင်သမျှ များများခုတ်နိုင်ဖို့ သင့်ကိုယ်သင် နေရာယူထားနိုင်ရန် ကြိုးစားပါ။ creep wave ကို တွန်းရန် သို့မဟုတ် ရှင်းလင်းရန် သင့် ability များကို အသုံးပြုနိုင်ပါတယ်။
  3. ရန်သူ minions များကို သတိထားပါ : ရန်သူ minions တွေကို အာရုံစိုက်ရန်လည်း မမေ့ပါနှင့်။ ရန်သူ ADC သည် minions တွေကို last-hitting လုပ်နေပါက၊ သင်ဝင်ရောက်ကာ ရန်သူ ADC ကို သင့် minion wave အကွာအဝေးရဲ့ ဝေးဝေးသို့မောင်းပြီး သူတို့ရဲ့ gold များကို deny လုပ်ဖို့ကြိုးစားသင့်ပါတယ်။ အကယ်၍ ရန်သူတွေက last hit ဆက်လုပ်နေပါက၊ သင်သည် auto attacks နှစ်ကြိမ် သို့မဟုတ် free damage အချို့အတွက် skill shot တစ်ခုကိုလည်းပစ်နိုင်မှာဖြစ်ပါတယ်။
  4. သင် support ကိုအသုံးပြုပါ : သင့်အား minions များ farm ရာတွင် ကူညီရန်နှင့် creep wave ကို ထိန်းချုပ်ရန် support တစ်ယောက်ရှိပါတယ်။ သင်၏ gold income ကို အမြင့်ဆုံးမြှင့်တင်ရန်နှင့် lane ကို ထိန်းချုပ်ရန် သင်၏ကြိုးပမ်းအားထုတ်မှုများနှင့်အတူ သင့် support ကိုလည်း ဆက်သွယ်ပြောဆိုသင့်ပါတယ်။
  5. သင့်ရဲ့အားသာချက်အဖြစ် minions တွေကိုအသုံးပြုပါ : ရန်သူ့ skillshots သို့မဟုတ် တိုက်ခိုက်မှုများကိုရှောင်ရှားရန် Minions တွေရဲ့နောက်ကွယ်တွင် ပုန်းအောင်းနိုင်ပြီး Minions တွေကို ကာဗာအဖြစ်အသုံးပြုနိုင်ပါသည်။ Minions များသည် ရန်သူ champion များ သင့်ထံသို့ မရောက်ရှိစေရန်လည်း ပိတ်ဆို့နိုင်ပြီး champion များသင့်နားရောက်ရန် သို့မဟုတ် နှောင့်ယှက်ရန် ပိုမိုခက်ခဲစေနိုင်ပါတယ်။
  6. သင့် positioning ကိုသတိထားပါ : Creep wave ရဲ့နေရာနဲ့ ရန်သူ champions တွေရဲ့ positioning အလိုက် သင့်ရဲ့ ‌positioning ကိုဂရုစိုက်သင့်ပါတယ်။ သင့်ကိုယ်သင် မှန်ကန်စွာ နေရာယူထားခြင်းသည် minions များကို farm ရန် ပိုမိုလွယ်ကူစေပြီး ရန်သူအဖွဲ့မှ ပစ်မှတ်ထားမှု ရှောင်ရှားနိုင်ပါတယ်။

Counter-picking  နှင့် counter-pick ခံရခြင်း

Counter-picking နှင့် counter-picked ခံရခြင်း တို့သည် Wild Rift တွင် မရှိမဖြစ်လိုအပ်သော သဘောတရားများဖြစ်ပြီး ADC lane တွင် သင့်အောင်မြင်စွာဆော့ကစားနိုင်ခြင်းကို သိသိသာသာ သက်ရောက်မှုရှိနိုင်ပါတယ်။ ဤသည်မှာ  ADC အဖြစ် Counter-picking နှင့် counter-picked ခံရခြင်း ကို ရှောင်ကြဉ်နိုင်ရန်အတွက် အကြံပြုချက်အချို့ဖြစ်ပါတယ်:

  1. မတူညီသော ADC champions များ၏ အားသာချက်များနှင့် အားနည်းချက်များကို နားလည်ပါ : မည်သည့် champions များသည် အချို့အရာများတွင် ထူးချွန်သည် (ဥပမာ sustained damageburst damage၊ အဘက်ဘက်တွင်အသုံးဝင်မှုစသည်) ကို သိရှိခြင်းသည် counter-picking တွင် သိသာထင်ရှားသော အကျိုးကျေးဇူးကို ပေးနိုင်ပါသည်။
  2. ရန်သူအသင်း၏ champion picks များကို အာရုံစိုက်ပါ : ရန်သူအသင်းမှ မည်သည့် champions များကို ရွေးချယ်ထားသည်ကို သိရှိခြင်းဖြင့် မည်သည့် ADC ကို ရွေးချယ်ရမည်ကို ပိုမိုသိရှိနားလည်လာစေရန် ဆုံးဖြတ်ချက်ချနိုင်ပါသည်။ ဥပမာအားဖြင့်၊ ရန်သူအဖွဲ့တွင် ရှုပ်ထွေးသော crowd control (CC) များပြားပါက၊ mobility ကောင်းမွန်သော သို့မဟုတ် CC ခုခံနိုင်စွမ်းရှိသည့် ADC ကို ရွေးချယ်သင့်ပါတယ်။
  3. သင့်အဖွဲ့နှင့် အဆက်အသွယ်ပြုလုပ်ပါ : သင့်အဖွဲ့သည် ရန်သူအသင်း၏ champion ရွေးချယ်မှုများနှင့် သူတို့ရဲ့ champion လိုအပ်ချက်များအကြောင်း တန်ဖိုးရှိသော အချက်အလက်များကို ပေးနိုင်ပါသည်။ မည်သည့် ADC ကို ရွေးချယ်မည်ကို ဆုံးဖြတ်ရာတွင် အကူအညီရနိုင်ရန် ဤအချက်အလက်ကို အသုံးပြုပါ။
  4. သင်၏ကစားဟန်ကို လိုက်လျောညီထွေဖြစ်အောင်ကစားပါ : သင်သည် counter-picked ခံရပါက၊ အနိုင်ရရှိနိုင်ဖို့ သင့်ရဲ့ ကစားဟန်ကလိုက်လျောညီထွေဖြစ်စေဖို့ လိုအပ်ပါတယ်။ ၎င်းတွင် ခံစစ်ဖြင့်ကစားတဲ့ပုံမျိုးဖြစ်တဲ့ တိုက်ခိုက်ခြင်းအစား farming ကို အာရုံစိုက်ခြင်း၊ သို့မဟုတ် အခြားလမ်းများဆီသို့ သွားလှည့်ပတ် ရန် အခွင့်အလမ်းများ ရှာဖွေခြင်းနှင့် မြေပုံပေါ်ရှိ အခြားနေရာများတွင် ဖိအားများဖန်တီးခြင်းတို့ ပါဝင်နိုင်သည်။
  5. မတူညီသော champions များ နှင့် လေ့ကျင့်ပါ : champions များကို သင်ပိုမိုအဆင်ပြေစွာ ဆော့ကစားနိုင်လေလေ၊ counter-picking နှင့် မတူညီသောအခြေအနေများနှင့် လိုက်လျောညီထွေစွာ ဆော့ကစားနိုင်ဖို့ ရွေးချယ်စရာများ ပိုများလေဖြစ်ပါတယ်။ အခြေအနေတိုင်းအတွက် ပြင်ဆင်ရန် ADC champions အမျိုးမျိုးနှင့် လေ့ကျင့်ပါ။.

ဤလမ်းညွှန်ချက်သည် Wild Rift ရှိ ADC တစ်ယောက်အဖြစ် သင့်ခရီးအတွက် အထောက်အကူဖြစ်စေမည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ သင့်တွင် ADC role ကိုကစားခြင်းနှင့်ပတ်သက်၍ သင်မျှဝေလိုသော အကြံဥာဏ်များ သို့မဟုတ် အတွေ့အကြုံများ ရှိပါသလား? သင့်အတွေးအမြင်များနှင့် ဇာတ်လမ်းများကို အောက်ပါ comments များတွင် မျှဝေလိုက်ပါ ! ပြီးတော့ပုံမှန်လိုလို၊ သင့်ရဲ့အရည်အချင်းတွေကို လေ့ကျင့်ပြီး ဖြည့်တင်းထားပါ – အောင်ပွဲရဖို့လမ်းက ဘယ်တော့မှ မလွယ်ပါဘူး၊ ဒါပေမယ့် စိတ်အားထက်သန်မှုနဲ့အတူ၊ သင်ဟာ top-tier ADC ဖြစ်လာဖို့ လမ်းကြောင်းမှန်ပေါ်ရောက်နေပါလိမ့်မယ် !

Codashop တွင်သာ Wild Cores များကိုဖြည့်သွင်းရန် မမေ့ပါနှင့်။ မြန်မြန်ဆန်ဆန်နှင့် ပိုအဆင်ပြေသော ဖြည့်သွင်းမှုများကို ကျွန်ုပ်တို့ အာမခံသောကြောင့် သင်အခက်တွေ့စရာမလိုသော ဂိမ်းအတွေ့အကြုံကို ခံစားနိုင်မှာဖြစ်ပါတယ်။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here