League of Legends: Wild Rift Baron Lane လမ်းညွှန်

0
96

Wild Rift Baron Lane Guide

League of Legends: Wild Rift သည် အခြားသော MOBAs ဂိမ်းများနှင့် ‌အလားတူသောမြေပုံဖြင့် ထိပ်တန်းဂိမ်းတစ်ခုဖြစ်သည်။ Baron Lane သည် ဂိမ်းတွင်အရေးကြီးသော Lane များထဲမှတစ်ခုဖြစ်သည်။ အသင်းတိုင်းသည် ထို lane အတွက် ထိထိရောက်ရောက် နဲ့ အနိုင်ရဖို့ ‌သေချာတဲ့ hero ကို‌‌ရွေးချယ်နိုင်ရန် သိရှိဖို့လိုအပ်ပါတယ်။ 

ဒီဘလော့ဂ်ပို့စ်က Baron Lane အကြောင်းသိထားသင့်တဲ့အရာအားလုံးကိုလမ်းညွှန်ပေးပါလိမ့်မယ်။ ကျွန်ုပ်တို့သည် ‌Top lane အတွက် အကောင်းဆုံး champion များ၊ Creep များကို ဘယ်လိုထိန်းသိမ်းရမလဲနဲ့ Counter-picking လုပ်ခြင်း သို့မဟုတ် counter-picked ခံရတဲ့အခါမှာလုပ်သင့်တဲ့အချက်များကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်။

Wild Rift ကို lane သုံး lane ဖြင့်ခွဲခြားထားပါတယ်၊ BaronMiddle နဲ့ Dragon lane တို့ပဲဖြစ်ပါတယ်။ Lane အသီးသီးစီမှာ ကစားရန်သင့်တော်တဲ့ စံပြ champion တွေရှိပါတယ်။ Baron Lane မှာဆိုရင်တော့ 1v1 အခြေအနေများမှာ အနိုင်ရနိုင်ချေများတဲ့ FighterTanks သို့မဟုတ် Assassins ကဲ့သို့သော champion များအတွက်သင့်တော်ပါတယ်။

Baron Lane သည်သင် အပြာ‌‌ရောင် သို့မဟုတ် အနီ‌ရောင် ဘက်ခြမ်းမှာရှိတဲ့ အလျောက်ကွဲပြား နိုင်မှာဖြစ်တဲ့အတွက် သင့် champion ထွက်တာနဲ့ ဘယ်ဘက်သွားရမလဲဆိုတာ ကြည့်သင့်ပါတယ်။ အပြာ‌ရောင် ဘက်အနေနဲ့ တော့ အပေါ်လမ်း ဖြစ်ပြီး အနီရောင် ဘက်မှာဆိုရင် ‌တော့ အောက်လမ်းက Baron Lane ဖြစ်ပါတယ်။

Baron Lane Role

Baron Lane မှာကစားဖို့ကတော့ ထူးခြားတဲ့ playstyle တစ်ခုလိုအပ်ပါတယ်။ သင့်လမ်းကို တစ်ပြိုင်နက်တည်း ထိန်းထားရသလို သင့်အသင်း jungler ရဲ့ position ကိုလည်း သတိပြုထားရမည်ဖြစ်ပြီး၊ အစောပိုင်းဂိမ်းတွင် river တစ်လျောက် နှင့် tribe ခြုံပုတ်များတွင် wards များထောင်ပြီး သင့် jungler ကို jungle area တစ်လျောက်လုံခြုံစေရန်ကူညီပေးရမှာဖြစ်ကာ mid game နဲ့ late game မှာလည်း ‌ကောင်းမွန်တဲ့ fight များဖြစ်စေရန် စတင်ပေးဖို့လည်းလိုအပ်ပါတယ်။ 

Baron lane မှာတော့ အဓိက role နှစ်ခုရှိပါတယ် ၊ split push တဲ့ role နဲ့ team fight tank role သို့မဟုတ် နှစ်ခုလုံးဖြစ်နိုင်ပါတယ်။

Split Pushing

Split push လုပ်ရာတွင်ထိရောက်စေနိုင်ရန်အတွက်၊ သင့်ရဲ့ အဓိက‌ရည်ရွယ်ချက်မှာ lane ကို ပြင်းထန်စွာနဲ့ မြန်နိုင်သမျှမြန်အောင် push နိုင်ရန် နှင့် ရန်သူ towers များကို ဖျက်ဆီးနိုင်ရန်ဖြစ်ပါတယ်။ ထိုသို့သောနည်းလမ်းဖြင့် ရန်သူ Baron laner ကိုသင်နဲ့ထိပ်တိုက် တွေ့ထားစေနိုင်ပြီး သူ့ရဲ့အသင်းကို မကူညီနိုင်ရန်တားမြစ်ထားနိုင်ပါတယ်။ သင်သည် ထိုကဲ့သို့ရည်ရွယ်ချက်ကို ချော‌ချောမွေ့မွေ့ အကောင်အထည်ဖော်နိုင် သောအခါတွင်၊ သင့်ရဲ့ ရန်သူများသည် ရပ်တန့်ရုံမှလွဲ၍ ရွေးချယ်စရာမရှိတော့ဘဲ၊ သင့်အသင်းအား ပိုမိုအားကောင်းလာစေနိုင်ပြီး objectives များကို ပိုမိုလွယ်ကူမြန်ဆန်စွာရရှိရန် စွမ်းဆောင်စေနိုင်မှာဖြစ်ပါတယ်။ သို့ရာတွင် ဖိအားတွေပေးတဲ့အခါ ရန်သူမြေပြင်ဘက်မှာ ကြွံမနေစေဖို့ သတိထားပါ၊ ဒါ့အပြင်ganks တွေကနေ လွတ်မြောက်နိုင်ပြီး team fight များကိုပါဝင်နိုင်ရန် အတွက် သင့်ရဲ့ ward ‌များထောင်ထားဖို့ လည်းလိုအပ်ပါတယ်။

Team Fighting Tank

အကယ်၍ သင်က team fighting tank ကို ကစားနေပါက၊ သင့်လုပ်ရမည်မှာ သင့်အသင်းကို ဘယ်သူက carry နေကြောင်းကို အကဲဖြတ်ရန်နှင့် သူတို့ရဲ့ objectives များကို တတ်နိုင်သမျှ စောနိုင်သမျှ စောစီးစွာ ရယူရန် အကူအညီများစွာ ပေးဆောင်ရမှာဖြစ်ပါတယ်။ ရန်သူ့ backline ကို dive ခြင်း၊ နေရာများများပြားပြားကို ward များရှိထားစေ ခြင်းနှင့် kills များကို ရရှိရန် အသင်းဖော်များအား ကူညီပေးခြင်းကလည်း အရေးကြီးပါတယ်။ အကယ်၍ သင်သည် team fight tank ဖြစ်ပါက ဂိမ်းများ ပိုမိုလွယ်ကူစွာ အနိုင်ရရန် map awareness က အဓိကသော့ချက်ဖြစ်ပါတယ်။ သင်သည် အမြဲတစေ မြေပုံတစ်လျောက်လှည့်ပတ်နေရမှာဖြစ်ပြီး၊ မြေပုံပေါ်တွင် အကျိုးသက်ရောက်မှုရှိရန်၊ သင့် ရဲ့ lane ကို push ပြီး team fights များစတင်ပေးရမည်ဖြစ်ကြောင်းကို အမြဲသတိထားသင့်ပါတယ်။ သင်သည် ထို objectives များကို ‌ချောမွေ့စွာ အကောင်အထည်ဖော်နိုင်သောအခါ၊ သင်သည် အချိန်တိုအတွင်း ထိရောက်သော Baron laner တစ်ယောက်ဖြစ်လာပါလိမ့်မယ် !

Baron Lane တွင်အသုံးပြုသင့်သော ထိပ်တန်း Champions များ

Malphite

Malphite Wild Rift

Malphite သည် Baron lane တွင် အထိရောက်ဆုံး တစ်ကိုယ်တော် tank champion များထဲမှ တစ်ကောင်ဖြစ်ပါတယ်။ Malphite ကို အသုံးပြု၍ ဂိမ်းကိုအနိုင်ရရန် သော့ချက်မှာ အစောပိုင်းဂိမ်းတွင် survive ဖြစ်ရန်၊ farm ရန်နှင့် ၎င်း၏အဓိက items ကို အမြန်ရရှိနိုင်ရန် ဖြစ်ပါတယ်။ ထိုသို့ပြုလုပ်နိုင်ပါက Malphite ဟာ late game မှာ အမာဆုံး tank တစ်ကောင်ဖြစ်လာမှာဖြစ်ပြီး ရန်သူများရဲ့ damage များကိုခံနိုင်ကာ နှေးကွေးစေနိုင်ပြီး knock up များလည်းပြုလုပ်နိုင်ကာ အသက်ရှင်နေနိုင်မှာဖြစ်ပါတယ်။

Garen

Garen Wild Rift

Garen သည် tank champion တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ abilities များတွင် ရန်သူများကို immune တစ်စက္ကန့်အောက်ရှိခြင်း၊ movement speed အပိုရရှိခြင်း နှင့် physical damage ရှစ်ကြိမ်ထိနိုင်သော လှည့်ပတ်နေ bladestorm တစ်ခု ပါဝင်ပါတယ်။ သူ့ရဲ့ ultimate ability ဖြစ်တဲ့ Demacian Justice ကတော့ ရန်သူပစ်မှတ်တစ်ခုအား true damage ထိကာသတ်ပြစ်နိုင်မှာဖြစ်ပါတယ်။ သူက အစောပိုင်းဂိမ်းမှာ အင်အားကောင်း‌ ပြီး late game မှာတော့ tanky ဖြစ်လာမှာဖြစ်ပါတယ်။

Darius

Darius Wild Rift

Darius ကတော့ Baron laner bruiser တစ်ယောက်ဖြစ်ပါတယ်။ သူ၏ abilities များတွင် ကြီးမားသော physicalhookslow နှင့် သူရဲ့ signature move ဖြစ်တဲ့၊ Noxian Guillotine တို့ ပါဝင်ပါသည်။ Darius သည် melee champion တစ်ဦးဖြစ်ပြီး LOL စတင်ကစားတဲ့သူများအတွက် သင့်တော်ပ့ါတယ်။

Kennen

Kennen Wild Rift

Kennen သည် Baron lane တွင် ကစားနိုင်သော marksmen/mages များထဲမှ တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ abilities များသည် mobility၊ ကြီးမားသော crowd control နှင့် damage တို့ကို အထူးပြုပါတယ်။ Kennen သည် ၎င်း၏ range အားသာချက်ကြောင့် အစောပိုင်းဂိမ်းများတွင် melee ချန်ပီယံများဖြင့် ယှဉ်ပြိုင်၍ ထိရောက်စွာကစားနိုင်ပါတယ်။

Teemo

Teemo Wild Rift

Teemo သည် Baron Lane မှာကစားနိုင်တဲ့ အခြား mage/marksman တစ်ယောက်ဖြစ်ပါတယ်။ Baron Lane တွင် ထိရောက်စွာ Teemo ကိုအသုံးပြုနိုင်ရန်၊ သင်၏ရန်သူများကို အာရုံပြောင်းလွှဲစေရန် မှိုထောင်ချောက်များကို ထောင်နိုင်သမျှထောင်ရမှာဖြစ်ပါတယ်။ Teemo သည် အစောပိုင်းဂိမ်းများတွင် အလွန်အားကောင်းသောကြောင့် အစောပိုင်းဂိမ်းများတွင် သူ့ကို ထိရောက်စွာ အသုံးပြုသင့်ပါတယ်။

Creep Waves များကို ထိန်းခြင်း

Baron laners ရှိရမည့် skills များထဲမှတစ်ခုမှာ creep waves များကို ထိန်းခြင်း၏ အနုပညာကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ရန်ဖြစ်ပါတယ်။ ထိုအရာကအချိန် နဲ့ လေ့ကျင့်မှုတို့လိုအပ်ပါတယ်။ သင်သည် အထိရောက်ဆုံး Baron laner တစ်ယောက်ဖြစ်သည့်အထိ အောက်ပါ အကြံပေးချက်များကို စမ်းကြည့်နိုင်ပါတယ်။

  • အစောပိုင်းဂိမ်းတွင်၊ သင့်ပြိုင်ဘက်ကို သင့် wave အားတွန်းပြီး သင့် turrent နားကိုရောက်စေကာ အန္တရာယ်ရှိသောအခြေအနေတွင်ရှိနေပါစေ။ ထိုအချိန်သည် gank တစ်ခုကို စတင်ပြီး အစောပိုင်း kills များကို ရယူရန် အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ 
  • Gank ခံနိုင်ရချေနည်းပါးစေရန် wave ကိုသင့်ရဲ့ turrent နားတွင် နီးနိုင်သမျှနီး‌အောင် ရှိအောင်ထိန်းထားသင့်ပါတယ်။ သင့်ရဲ့ abilities များကိုအသုံးပြုကာ enemy champion ကို last hits များမရယူစေနိုင်ဖို့ wave နဲ့အဝေးကို မောင်းသင့်ပါတယ်။ ထိုသို့သောနည်းဖြင့် ganks များမှာလုံခြုံစေနိုင်သလို creep ကောင်းကောင်းစားနိုင်မှာဖြစ်ပါတယ်။
  • သင့် ရန်သူ turrent ကိုဖျက်ဆီးနိုင်ဖို့ ပိုမိုကြီးများတဲ့ creep wave တစ်ခုရရှိနိုင်ရန် သွေးနည်းနေတဲ့ minions များကိုသာ hit ပြီး ဖြည်းဖြည်းခြင်း push ကာစတင်သင့်ပါတယ်။ 
  • ထိရောက်သော Baron laner တစ်ယောက်ဖြစ်စေနိုင်ရန်၊ kill ရနိုင်တဲ့အခွင့်အလမ်းများကိုပြုလုပ်နိုင်ရန် သင့်ရဲ့ allied assassins သို့မဟုတ် carries များနှင့် အမြဲဆက်သွယ်ပါ။ 

Wild Rift Drafting လမ်းညွှန်

Baron laner ဖြစ်ခြင်း၏ အရေးကြီးဆုံး အစိတ်အပိုင်းများထဲမှ တစ်ခုကတေ့ draft ချသည့် အချိန်တွင် pick ခြင်း၊ counter-pick ခြင်းနှင့် ban ခြင်းတို့ရဲ့ အရေးပါမှုကို နားလည်ခြင်း ဖြစ်ပါတယ်။ Champion တစ်ယောက်စီတိုင်းကို သိထားရန် လိုအပ်ပြီး ထိုသို့သိထားခြင်းက Drafting  အားသာချက်ကို ရယူလိုပါက သင်ယူဖို့လိုအပ်တဲ့ skill တစ်ခုဖြစ်ပါတယ်။ ဤအချက်များကို ထည့်သွင်းစဉ်းစားကြည့်ပါ:

  • Counter Champions များ – Champions အများစုတွင်  ၎င်းတို့ယှဉ်ပြိုင်ရန် အားနည်းတဲ့ counter တစ်ကောင်ရှိတဲ့အတွက် နောင်တစ်ချိန် draftings များမှာ အသုံးပြုနိုင်ဖို့အတွက် couter-champions များစာရင်းကိုရေးထားသင့်ပါတယ်။
  • OP Tier စာရင်း – OP tier စာရင်းကို အလွန်အမင်း အားကိုးခြင်းမှ ရှောင်ကြဉ်ပါ။ ဂိမ်းထဲမှာ ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုတာ အမြဲသတိထားပါ။
  • Team Roles များသင့် team drafting မှာ role အားလုံးပါဝင်ကြောင်းသေချာ‌ပါစေ။ သင့်ရဲ့ ထိပ်တန်း pick ဖြစ်ပြီး ထို champion နဲ့ကစားလေ့ရှိမှသာ ထို champion ကိုရွေးချယ်သင့်ပါတယ်။
  • အရန်အစီအစဉ် သင့် champion  ကို drafting ထဲမှာ ban ခံလိုက်ရပါကလည်း အားတင်းထားပါ။ အရန်ရွေးချယ်ဖို့ champion တွေထားရှိသင့်ပါတယ်၊ ကစားသမားတိုင်းက ထိုသို့ဖြစ်လာပါက ချိန်ညှိနိုင်ရန်ပြင်ဆင်ထားသင့်ပါတယ်။ 

Baron laner ကစားရတာဟာ ရှုပ်ထွေးလှတာကြောင့် သင်စိတ်ရှုပ်နေပြီလား? သင့်အသင်းမှာ ထို role ကို ကစားလိုပါက စိတ်ရှည်သည်းခံကာ အစဉ်မပြတ် လေ့ကျင့်ဖို့လိုအပ်ပါတယ်။ အခြားသောသူများကို အချိန်တိုအတွင်း ထိရောက်သော Baron laner တစ်ယောက်ဖြစ်စေရန် သင့်အတွေးအမြင်များနှင့် အကြံပြုချက်များကို မျှဝေပါ!

Codashop တွင်သာ Wild Cores များကိုဖြည့်သွင်းရန် မမေ့ပါနှင့်။ မြန်မြန်ဆန်ဆန်နှင့် ပိုအဆင်ပြေသော ဖြည့်သွင်းမှုများကို ကျွန်ုပ်တို့ အာမခံသောကြောင့် သင်အခက်တွေ့စရာမလိုသော ဂိမ်းအတွေ့အကြုံကို ခံစားနိုင်မှာဖြစ်ပါတယ်။.

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here