League of Legends: Wild Rift Kayn၊Shadow Assassin Champion လမ်းညွှန်

0
55

Shadow Assassin ကိုကျွမ်းကျင်ရန် သူ့ရဲ့ abilities များ၊ အကောင်းဆုံး runes များ နဲ့ အခြားအကြံပြုချက်များကို လေ့လာကြည့်ရှုလိုက်ပါ။

Kaynthe Shadow Assassin သည် League of Legends: Wild Rift Season 7 Patch 3.5 တွင် ထွက်ရှိခဲ့သည့် နောက်ဆုံး champion များထဲမှတစ်ဦး ဖြစ်ပါတယ်။ Kayn သည် built အမျိုးမျိုးဖြင့်ဆော့ကစားနိုင်သော စွယ်စုံရ champion တစ်ဦးလည်းဖြစ်ပါတယ်။ သူ့ကို JunglerAssassin သို့မဟုတ် Bruiser အဖြစ်ပင် ကစားနိုင်ပါတယ်။ ဤလမ်းညွှန်ချက်သည် Form တစ်ခုစီတွင် Kayn ကို ကစားရန် အကောင်းဆုံး builtများ၊ အကောင်းဆုံး lane နှင့် သူ့ရဲ့ အားသာချက်များ နဲ့ အားနည်းချက်များကို စစ်ဆေးပြသထားမှာဖြစ်ပါတယ်။

Kayn ရဲ့ abilities များ၊ runes များ နဲ့ spells များအကြောင်း အကျဉ်းချုပ်ကိုလည်း ဖော်ပြထားမှာဖြစ်ပါတယ်။ ဤလမ်းညွှန်၏အစအဆုံးဖတ်ရှုပြီးပါက၊ Wild Rift တွင် Kayn အားစတင်ကစားရန် Kayn နှင့်ပတ်သက်သည့် အရာအားလုံးကိုသင်သိသွားမှာဖြစ်ပါတယ်။

Kayn, Shadow Assassin ရဲ့  Abilities များ

Passive – The Darkin Scythe

Darkin Scythe သည် Darkin: Rhaast သို့မဟုတ် Shadow Assassin အကြားရွေးချယ်ရန် Kayn passive ability တစ်ခုဖြစ်ပါတယ်။ Kayn သည် သူ attack လုပ်နေတဲ့ champions များအပေါ်မူတည်ပြီး charge ရရှိမှာဖြစ်ပါတယ်။  meele champions များကို attack လုပ်ရာတွင် Darkin side charge ကိုတက်စေမည်ဖြစ်ပြီး range champions များကို attack လုပ်ရာတွင် Shadow assassin chatge ကို တက်စေမှာဖြစ်ပါတယ်။ Charged ပြုလုပ်ပြီးကြောင်းကို သင့်ရဲ့ HP bar အောက်မှာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Form ရွေးချယ်ပြီးပါက ဂိမ်းတစ်ပွဲလုံးမှာ ထို Form ကိုသာအသုံးပြုနိုင်မှာဖြစ်တဲ့အတွက် သင့်အနေနဲ့ သင့်အသင်းရဲ့လိုအပ်ချက်အရ သေချာစဉ်းစားပြီးမှ ရွေးချယ်သင့်ပါတယ်။

သူ့ရဲ့ Darkin form တွင် Kayn သည် champion တစ်ဦးကို Damgae ပေးတိုင်း heal မှာဖြစ်ပါတယ်။ အခြားတစ်ဖက်ရှိ သူ့ရဲ့ Shadow Assassin form ကတော့ Burst damage ပိုပေးနိုင်မှာဖြစ်ပါတယ်။

ပထမ Ability – Reaping Slash

Kayn သည် ပစ်မှတ်ရန်သူ၏ ဦးတည်ရာသို့ Dash ပြီး physical damage 70 ကို ပေးကာ ၎င်း၏ ဓားကောက်ကြီးကို လှည့်ပြီး နောက်ထပ် physical damage 70 ကို ထိစေမှာဖြစ်ပါတယ်။ Kayn သည် သူ့ရဲ့ Darkin form ကိုအသုံးပြုထားပါက damage ပိုမိုထိစေမည်ဖြစ်ပြီး minions နဲ့ monsters များကိုလည်း အပို 35 physical damage ကိုလည်းထိစေမှာဖြစ်ပါတယ်။ 

ဒုတိယ Ability – Blade’s Reach

Kayn သည်သူ့ရဲ့ ဓားကောက်ကြီးအား အပေါ်သို့ ပင့်ခုတ်ကာ 90 physical damage ကိုထိစေပြီး ပစ်မှတ်ရန်သူအားနှေးကွေးစေမှာဖြစ်ပါတယ်။ Kayn သည် ထို ability ကိုအသုံးပြုကာ‌‌‌ရွေ့လျားနိုင်မှာဖြစ်ပြီး သူ့ရဲ့ Shadow Assassin form တွင် ability ရဲ့ range ကိုတိုးစေနိုင်မှာဖြစ်ကာ Darkin form တွင် ဓားကောက်ရောက်နိုင်တဲ့ အကွာအဝေးရှိ ရန်သူပစ်မှတ်ကို knocks up ဖြစ်စေနိုင်မှာဖြစ်ပါတယ်။

တတိယ Ability – Shadow Step

Shadow Assassin form တွင် Kayn သည် ကုန်းမြင့်များကို ဖြတ်လျှောက်နိုင်ပြီး movement speed လည်းပိုမိုရရှိကာ နှေးကွေးစေသည့် ability များကိုလည်း immune ဖြစ်သွားပါတယ်။ Darkin form တွင် cooldown ကို 9 စက္ကန့်အထိ လျော့ကျသွားကာ ကုန်းမြင့်များကိုဖြတ်လျှောက်တဲ့ အလျောက် သွေးပြန်တက်စေနိုင်မှာဖြစ်ပါတယ်။

Ultimate – Umbral Trespass

Kayn သည်ပျောက်ကွယ်သွားကာ မှတ်ထားတဲ့ ရန်သူ champion ဆီသို့ Dash လုပ်သွားမှာဖြစ်ပါတယ်။ Kayn သည် ထို ရန်သူထဲသို့ စက္ကန့်အနည်းငယ်မျှ ဝင်သွားမှာဖြစ်ပြီး ထိုအချိန်အတွင်း Kayn ကို target ပြုလုပ်နိုင်တော့မှာမဟုတ်ပါဘူး။  ရန်သူထဲမှပြန်ထွက်လာပါက ပစ်မှတ်ရန်သူကို Physical Damage ထိစေမှာ ဖြစ်ပါတယ်။ သင်သည် ထို ability ကိုထပ်မံအသုံးပြုပြီး လျင်လျင်မြန်မြန် damage ထိကာ ရန်သူထဲမှ စောစီးစွာထွက်နိုင်မှာဖြစ်ပါတယ်။.

Kayn သည်သူ့ရဲ့ Shadow Assassin form မှာဆို ability အကွာအဝေးနဲ့ ထွက်သည့်အကွာအဝေးကို ပိုမိုရရှိနိုင်မှာဖြစ်ပြီး သူ့ရဲ့ Darkin form မှာဆိုရင်တော့ Darkin Scythe ရဲ့ cooldown ကို ပြန်လည်စတင်ကာ Damage ကို ပစ်မှတ်ရန်သူများရဲ့ သွေးအပြည့် ရာခိုင်နှုန်းအတိုင်း ထိစေနိုင်မှာဖြစ်ပြီး Damage ထိသလောက်လဲ Kayn ကသွေးပြန်ပြည့်မှာဖြစ်ပါတယ်။

Kayn အတွက် အကောင်းဆုံး lane

Kayn သည်မြေပုံတစ်လျောက် လျင်မြန်စွာ လှည့်ပတ်သွားလာနိုင်တဲ့အတွက် သူ့ကို map control ပြုလုပ်ဖို့ရည်ရွယ်ချက်နှင့် အတူ level 5 အမြန်ရောက်ရှိနိုင်ဖို့ ထိပ်တန်းဦးစားပေးရန်အတွက် Jungle Lane ကိုသွားသင့်ပါတယ်။ Kayn သည် အစောပိုင်းတွင် အင်အားအကောင်းဆုံး champion မဟုတ်တာကိုသတိထားပါ၊ ထို့ကြောင့် သင့်အနေနဲ့ transformation ကိုလျင်မြန်စွာရနိုင်ဖို့ လိုအပ်တဲ့ Objectives များကိုသာ ပြုလုပ်သင့်ပါတယ်။

Form တစ်ခုစီအတွက် အကောင်းဆုံး Item Build များ

Kayn ကို ဂိမ်းအတွင်းပိုမို အင်အားကြီးစေရန်နဲ့ မြန်မြန် Fram နိုင်ဖို့အတွက် Kayn ရဲ့ Build မှာ physical itms များ၊ HpArmor Penetration နဲ့ Armor items များကိုအာရုံစိုက်သင့်ပါတယ်။

Shadow Assassin Form

ကျွန်ုပ်တို့အနေဖြင့် Kayn ရဲ့ Shadow Assassin form မှာ leathality နဲ့ attack damage items များကိုအသုံးပြုဖို့ ပိုမိုအကြံပေးချင်ပါတယ်။ ထိုကဲ့သို့ build သည် burst damage များကိုမခံနိုင်တဲ့အတွက် သင့်အနေနဲ့ နေရာယူခြင်း နဲ့ ချောင်းမြောင်းတိုက်ခိုက်ခြင်း များကိုသတိထားသင့်ပါတယ်။

  • Youmuu’s Ghostblade
  • Edge of night
  • Serylda’s Grudge
  • Protobelt Enchant
  • Serylda’s Grudge
  • Death’s Dance
  • Guardian Angel

Darkin Form

Darkin form အတွက်ဆိုရက်တော့ damage, health နဲ့ armor တက်စေတဲ့ items များကိုဆက်သင့်ကြောင်း အကြံပြုလိုပါတယ်။

  • Black Cleaver
  • Divine Sunderer
  • Stoneplate Enchant
  • Sterak’s Gage
  • Death’s Dance
  • Guardian Angel

Wild Rift Kayn အကောင်းဆုံး Runes များ နှင့် Spells များ

Keystones များ

အောက်ပါအရာများမှာ ကျွန်ုပ်တို့ Wild Rift Kayn လမ်းညွှန်ရှိ  Kayn ရဲ့ form နှစ်ခုလုံးအတွက် အသုံးပြုသင့်တဲ့ Keystones များဖြစ်ပါတယ်။

Conqueror: ၎င်းသည် champion တစ်ဦးအား သီးခြား attacks များ သို့မဟုတ် abilities များထိစေသောအခါ AD သို့မဟုတ် Ap ရဲ့ stacks များကိုရရှိအောင်ကူညီပေးမှာဖြစ်ပါတယ်။ 6 ကြိမ်ထိ Stack နိုင်မှာဖြစ်ပြီး Stack ပြည့်သွားပါက အပို omnivamp ကိုရရှိမှာဖြစ်ပါတယ်။

Triumph: သတ်လိုက်ပါက သွေးပြန်တက်စေနိုင်မှာဖြစ်ပါတယ်။ သွေးနည်းနေတဲ့ champions များကိုလဲ damage ပိုထိမှာဖြစ်ပါတယ်။

Conditioning: AR နဲ့ Mr ကို အချိန်ပိုင်းအလိုက်အပိုရရှိမှာဖြစ်ပါတယ်။

Hunter – Genius: 4 ability haste ကိုရရှိမှာဖြစ်ပါတယ်။ မတူညီတဲ့ champion များကိုသတ်တဲ့ အခါမှာ 3 ability ကိုရရှိမှာဖြစ်ပါတယ်။

Spells များ

Smite: ၎င်းသည် Kayn ကို မြေပုံတစ်လျောက် ကုန်းမြင့်များကိုဖြတ်ကာ လျင်မြန်စွာ လှည့်လည်သွားလာ စေနိုင်ပြီး ကောင်းမွန်လှတဲ့ ganks များပြုလုပ်ဖို့ကူညီပေးနိုင်ပါတယ်။

Flash: ၎င်းကိုလွတ်မြောက်ရန် (သို့) တစ်စုံတစ်ဦး ကိုလိုက်ဖမ်းရန်နည်းလမ်းတစ်ခုအဖြစ်အသုံးပြုနိုင်ပါတယ်။

Wild Rift Kayn, အားသာချက်၊ အားနည်းချက်များ

အားသာချက်များ

  • Kayn သည် လမ်းပတ်ခြင်း နဲ့ ganking ပြုလုပ်ရာမှာ မှတ်ကျောက်တင်လောက်အောင် ထူးကဲ ကောင်းမွန်ပါတယ်။
  • Kayn သည် အသင်းလိုအပ်သလို transformation ပြုလုပ်နိုင်ပါတယ်။
  • Kayn သည်သူ့ရဲ့ ပစ်မှတ်ရန်သူများကို ဖောက်ခွဲပစ်နိုင်ဖို့ အကောင်းမွန်ဆုံးနေရာကို အလျင်အမြန်သွားနိုင်ပါတယ်။

အားနည်းချက်များ 

  • Kayn သည် အစောပိုင်း ဂိမ်းတွင်အားနည်းပါတယ်။
  • Kayn သည်သူ့ရဲ့ transformation ပေါ်မှာများစွာမှီခိုနေပါတယ်။
  • Shadow Assassin Kayn ကအရမ်းပျော့ပါတယ်။
  • Shadow step ကို cancel လုပ်နိုင်ပါတယ်။

Skill ယူရန်အစဉ်

Kayn အတွက် သူ့ skills များကို level တင်ဖို့အောက်ပါ အစဉ်အတိုင်းလိုက်နာသင့်ပါတယ်။

ပထမ: Skill 1 (Reaping Slash).

ဒုတိယ: Skill 2 (Blade’s Reach).

နောက်ဆုံး: Skill 3 (Shadow Step).

အစီအစဉ်ကတော့ Skill 1 ကိုဦးစွာအပြည့်တင်ရမှာဖြစ်ပြီး နောက်ထပ် Skill 2 ကို တင်ကာနောက်ဆုံးမှသာ Skill 3 ကိုတင်သင့်ပါတယ်။ သူ့ရဲ့ Ultimate(Umbral Trespass) ကိုတော့ရရင်ရသလို level တင်သင်ပါတယ်။

Codashop တွင်သာ Wild cores များကို ဖြည့်သွင်းရန် မမေ့ပါနှင့်။ ကျွန်ုပ်တို့သည်ပိုမိုမြန်ဆန်စွာ အဆင်ပြေပြီးပိုမိုအဆင်ပြေသော ဖြည့်သွင်းမှု များကိုအာမခံပေးနိုင်တဲ့အတွက် သင်ဟာ  အခက်အခဲ ကင်းမဲ့သော ဂိမ်းအတွေ့အကြုံကိုခံစားနိုင်မှာဖြစ်ပါတယ်။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here