Codashop တွင် VALORANT Points ဝယ်ပြီး ViewSonic Gaming Monitor နှင့် VP များ ကံစမ်းပါ!

0
1221
VALORANT Top Spender Promotion With ViewSonic

ViewSonic Gaming Monitor အသစ်စက်စက် (၂) လုံးနဲ့ VP အပိုလက်ဆောင်တွေရနိုင်မယ့်အစီအစဥ်မှာ သတ်မှတ်ထားတဲ့ကာလအတွင်း VP (၅,၀၀၀)ကျပ်နဲ့အထက် ဝယ်ယူပြီး ပါဝင်နိုင်ပါတယ်။

ပရိုမိုးရှင်းအစီအစဉ်တွင်ပါဝင်ရန်

June 23 မှ July 23 အတွင်း Codashop တွင် VALORANT Points များကို အနည်းဆုံး (၅,၀၀၀)ကျပ်ဖိုးနှင့်အထက် ဝယ်ယူပါ။ (မည်သည့်ငွေပေးချေမှုနှုင့်မဆို အကျုံးဝင်ပါသည်)

အများဆုံးဝယ်ယူသူ (၂)ယောက်ကို ViewSonic Gaming Monitor များဖြစ်သည့် VX2719 နှင့် XG2431 တစ်လုံးစီ ပေးသွားမည်ဖြစ်ပါသည်။ ဝယ်ယူသူများထဲမှလည်း (၈)ဦး ကျပန်းရွေးချယ်ပြီး 1,450 VP စီ ပေးသွားဦးမည်ဖြစ်ပါသည်။
မှတ်ချက်။    ။ ငွေပေးချေရာတွင် အီးမေးလ်လိပ်စာကို မဖြစ်မနေ ထည့်ပေးရပါမည်။ အီးမေးလ်လိပ်စာထည့်သွင်းပြီး အောင်မြင်စွာဝယ်ယူထားသည့် ဝယ်ယူမှုများသာ ယခုအစီအစဉ်တွင် အကျုံးဝင်ပါသည်။”

ViewSonic Gaming XG2431
ViewSonic Gaming XG2431
ViewSonic Gaming VX2719
ViewSonic Gaming VX2719

ကံထူးရှင်‌ရွေးချယ်ခြင်းနှင့် ဆုထုတ်ယူခြင်း

  1. ဝယ်ယူရာတွင် ထည့်သွင်းခဲ့သည့်အီးမေးလ်လိပ်စာများ (တစ်စိတ်တစ်ပိုင်းဖုံးကွယ်ထားမည်) ဖြင့် ကံထူးရှင်များကို Codashop Myanmar ၏ တရားဝင် ဖေ့ဘွတ်စာမျက်နှာမှတဆင့် August 12 ရက်နေ့ထက် နောက်မကျဘဲ ကြေညာပေးသွားမည်ဖြစ်ပြီး အဆိုပါနေ့တွင်ပင် ထိုအီးမေးလ်လိပ်စာများသို့ တိုက်ရိုက်ဆက်သွယ် အကြောင်းကြားပေးသွားမည်ဖြစ်သည်။
  2. ViewSonic Gaming Monitor ကံထူးရှင်များသည် ကံထူးရှင်ကြေညာသောနေ့မှစပြီး (၄) ပတ်အတွင်း Codashop မှ ဆက်သွယ် အကြောင်းကြားထားသော အီးမေးလ်ကို အကြောင်းပြန်ပေးရမည်ဖြစ်သည်။ သတ်မှတ်ရက်အတွင်း အကြောင်းမပြန်ပါက ဆုလက်ဆောင်ကို ရုပ်သိမ်းသွားမည်ဖြစ်ပါသည်။
  3. VP ကံထူးရှင်များကိုမူ ဝယ်ယူခဲ့သည့် In-game အကောင့်များသို့ တိုက်ရိုက် ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ In-game အကောင့်နာမည်ပြောင်းလဲခြင်းကြောင့် VP ထည့်၍မရပါက Codashop မှတာဝန်မယူပါ။
  4. ဆုလက်ဆောင်များကို ငွေသားဖြင့်လဲလှယ်ခြင်း၊ အခြားအမျိုးအစားဖြင့်လဲလှယ်ခြင်း၊ အခြားသူများကို လွှဲပြောင်းခြင်းများကို လက်ခံမည် မဟုတ်ပါ။
  5. အချို့သော ကံစမ်းမဲပစ္စည်းများကို ပို့ဆောင်ရာတွင် ဆုံးရှုံးခြင်း (သို့) ပျက်စီးခြင်းများအတွက် Codashop မှ တာဝန်ယူမည် မဟုတ်ပါ။


အခြားစည်းမျဥ်းစည်းကမ်းများ

  1. ယခုအစီအစဉ်တွင် ပါဝင်ထား‌သောသူများမှ မျှဝေထားသော ရုပ်ပုံ၊ ဗီဒီယို၊ စာ နှင့် အခြားအ‌ကြောင်းအရာများကို Codashop Myanmar မှ ပြန်လည်တည်းဖြတ်ခြင်း၊ အပြောင်းအလဲများပြုလုပ်ခြင်း၊ စီးပွားရေးကြော်ငြာများ၊ အရောင်းမြှင့်တင်ရေးလုပ်ငန်းများတွင် အသုံးပြုခြင်း၊ တိုက်ရိုက်အရောင်းမြှင့်တင်ခြင်း၊ အီလက်ထရောနစ်မီဒီယာများမှတဆင့် အရောင်းမြှင့်တင်ခြင်းလုပ်ငန်းများတွင် အသုံးပြုခြင်းများအတွက်ပါ အခွင့်အရေးပေးထားပြီးဖြစ်ပါသည်။
  2. ယခု အစီအစဉ် နှင့်ပက်သက်သော စည်းမျဉ်းသတ်မှတ်ချက်များကို Codashop Myanmar မှ လိုအပ်သလို အချိန်မရွေး ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ရပ်ဆိုင်းခြင်းများပြုလုပ်ခွင့်ရှိပါသည်
  3. အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက Codashop Myanmar နှင့် ViewSonic Gaming Myanmar တို့၏ အဆုံးအဖြတ်သာလျှင် အတည်ဖြစ်ပါသည်။

ဝယ်ယူရာတွင် အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့ပါက သို့ အသေးစိတ်အချက်အလက်ကို မေးမြန်းလိုပါက Codashop Myanmar Facebook Messenger မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here