ပရိုမိုးရှင်းကာလ
၂၀၂၂၊ ဇူလိုင်လ (၁၂) ရက်နေ့မှ (၃၁) ရက်နေ့အတွင်း ဝယ်ယူမှုများအတွက်သာ အကျုံးဝင်သည်။
ဆုလက်ဆောင်ရရှိသူ စိစစ်ရွေးချယ်ခြင်းနှင့် ကြေညာခြင်း
- ဝယ်ယူသူများထဲမှ ကံထူးရှင်များကို Codashop Myanmar မှ မဲနှိုက်ရွေးချယ်ပေးသွားမည်ဖြစ်သည်။
- ကံထူးရှင်များကို Codashop Myanmar ၏ တရားဝင် ဖေ့ဘွတ်စာမျက်နှာ မှတဆင့် သြဂုတ်လ (၁၄)ရက်နေ့ထက် နောက်မကျဘဲ ကြေညာပေးသွားမည် ဖြစ်ပါသည်။
- ကံထူးရှင်များကို ဝယ်ယူရာတွင် ထည့်သွင်းခဲ့သည့်အီးမေးလ်လိပ်စာများ(တစ်စိတ်တစ်ပိုင်းဖုံးကွယ်ထားမည်) ဖြင့် ကံထူးရှင်များကို ကြေညာမည်ဖြစ်ပြီး ထို အီးမေးလ်လိပ်စာများမှတစ်ဆင့်သာ ဆက်သွယ် အကြောင်းကြား ပေးသွားမည်ဖြစ်ပါသည်။
- ကံထူးရှင်သည် ကံထူးရှင်ကြေညာသောနေ့မှစပြီး (၂) ပတ်အတွင်း Codashop မှ ဆက်သွယ် အကြောင်းကြားထားသော အီးမေးလ်ကို အကြောင်းပြန်ပေးရမည်ဖြစ်ပါသည်။ အကြောင်းမပြန်ပါက ဆုလက်ဆောင်ကို ရုပ်သိမ်းသွားမည်ဖြစ်ပါသည်။ ထိုအီးမေးလ်မှတစ်ဆင့် ဆုလက်ဆောင်ရယူရန် အဆင့်ဆင့်ကို ပြန်လည်ဆက်သွယ်သွားမည်ဖြစ်သည်။
- ဆုလက်ဆောင်များကို ငွေသားဖြင့်လဲလှယ်ခြင်း၊ အခြားအမျိုးအစားဖြင့်လဲလှယ်ခြင်း၊ အခြားသူများထံသို့ တစ်ဆင့်ခံပေးပို့ခြင်းများကို လက်ခံမည် မဟုတ်ပါ။
- အချို့သော ကံစမ်းမဲပစ္စည်းများကို ပို့ဆောင်ရာတွင် ဆုံးရှုံးခြင်း (သို့) ပျက်စီးခြင်းများအတွက် Codashop မှ တာ၀န်ယူမည် မဟုတ်ပါ။
စည်းမျဥ်းစည်းကမ်းများ
- ပရိုမိုးရှင်းအစီအစဉ်တွင် နေထိုင်ရာနိုင်ငံသား မဟုတ်သူများ နှင့် နိုင်ငံသားခံယူထားရာ နိုင်ငံများမှ ဥပဒေအရတားမြစ်ထားသူများ ပါဝင်ခွင့်မရှိပါ။
- အထူးသတိပြုရမည့်အချက်မှာ Codashop Myanmar နှင့်တကွ ငွေပေးချေပေးမှု ဝန်ဆောင်မှုပေးသူများသည် အသုံးပြုသူများ၏ PIN (သို့မဟုတ်) OTP များကို မေးမြန်းခြင်းပြုလုပ်မည်မဟုတ်ပါ။ ထို့ကြောင့် တစ်စုံတစ်ဦးမှ မေးမြန်းလာပါက ဖြေကြားခြင်းမပြုလုပ်ပါနှင့်။
- ယခုအစီအစဥ်တွင် ပါဝင်ထားသောသူများမှ မျှဝေထားသော ရုပ်ပုံ၊ ဗီဒီယို၊ စာ နှင့် အခြားအကြောင်းအရာများကို Codashop Myanmar မှ ပြန်လည်တည်းဖြတ်ခြင်း၊ အပြောင်းအလဲများပြုလုပ်ခြင်း၊ စီးပွားရေးကြော်ငြာများ၊ အရောင်းမြှင့်တင်ရေးလုပ်ငန်းများတွင် အသုံးပြုခြင်း၊ တိုက်ရိုက်အရောင်းမြှင့်တင်ခြင်း၊ အီလက်ထရောနစ်မီဒီယာများမှတဆင့် အရောင်းမြှင့်တင်ခြင်းလုပ်ငန်းများတွင် အသုံးပြုခြင်းများအတွက်ပါ အခွင့်အရေးပေးထားပြီးဖြစ်ပါသည်။
- ဤအစီအစဥ်တွင် Codashop Myanmar နှင့် OPPO မှ ဝန်ထမ်းများပါဝင်ခွင့်မရှိပါ။
- အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက Codashop Myanmar မှ အဆုံးအဖြတ်သာလျှင် အတည်ဖြစ်ပါသည်။
- ယခု အစီအစဉ် နှင့်ပက်သက်သော စည်းမျဉ်းသတ်မှတ်ချက်များကို Codashop Myanmar မှ လိုအပ်သလို အချိန်မရွေး ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ရပ်ဆိုင်းခြင်းများပြုလုပ်ခွင့်ရှိပါသည်။
- ဝယ်ယူရာတွင် အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့ပါက (သို့) အသေးစိတ်အချက်အလက်ကို ဆက်သွယ်မေးမြန်းလိုပါက Codashop Myanmar Facebook Messenger မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။