VALORANT: Lotus တွင် ကစားရန် အကောင်းဆုံး Agents များ

0
88

Best VALORANT Agents to Play in Lotus

VALORANT မြေပုံအသစ် Lotus သည် အနည်းဆုံး သုံးပတ်ကြာ အွန်လိုင်းပေါ်တွင် ရှိနေခဲ့ပါတယ်။ ထိုကာလအတွင်း၊ ranks အားလုံးရှိ အသင်းအများအပြားသည် မြေပုံအသစ်အတွက် အကောင်းဆုံး picks များဖြစ်သည့် Agents များနှင့် စမ်းသပ်လျက်ရှိပါတယ်။ ranked နှင့် unranked ဂိမ်းနှစ်ခုစလုံးတွင် အလုပ်ဖြစ်လေ့ရှိသော Agents များနှင့် picks များကို ကျွန်ုပ်တွေ့မြင်ခဲ့ရသော်လည်း ဤမြေပုံတွင်တော့ ပို၍တိကျစွာနှင့် တန်ဖိုးရှိစွာဆော့ကစားနိုင်ဖို့လိုပါတယ်။ ဤဆောင်းပါးတွင်၊ Lotus တွင်ကစားရန်အကောင်းဆုံး Agents များကိုဖော်ပြပါမှာဖြစ်ပါတယ်။

Lotus တွင် အကောင်းဆုံး Controller Agent : Omen

Omen သည် သူ့ရဲ့ smoke covers များနှင့် သူ့ရဲ့ အလွန်အသုံးဝင်သော Paranoia (E) တို့ဖြင့် ဒီ map မှာ တကယ်အဖိုးတန်ပါတယ်။ သူသည် Lotus ရဲ့ လှည့်ပတ်နေတဲ့ တံခါးများတွင် Shrouded Step (C) ဖြင့် မတူညီသောအမြင့်များတွင် အသုံးချနိုင်ပါတယ်။  bomb sites သုံးခုရှိခြင်းကလည်း သူ့ရဲ့ From the Shadows (X) ကို ရှင်းလင်းနေတဲ့ site တွင် Spike ထောင်ရန်အသုံးပြုသည့်အခါ အလွန်ထိရောက်သော ability ဖြစ်စေပါတယ်။ ဤအရေးအသားအရ Lotus တွင် Omen ကို pick ခြင်းသည် Pearl တွင် Astra ကိုင်ခြင်းနှင့်ဆင်တူပါတယ်။ Lotus တွင် Omen ကိုဘယ်လိုကစားရမလဲ ကြည့်ရန်၊ ဤဆောင်းပါးတွင် သူ၏အကျိုးသက်ရောက်မှုကို အသေးစိတ်ဖော်ပြထားပါတယ်။ 

Viper တွင် သူမ၏ Toxic Screen (E) သည် ရန်သူ၏မြင်ကွင်းတစ်လျောက်ကို ပိတ်ဆို့ပြီး မြေပုံရဲ့ တစ်ပိုင်းကို ပိတ်ဆို့ထားနိုင်သောသောကြောင့် သူမကို ဂုဏ်ပြုဖော်ပြလိုပါတယ်။ သူမ၏ Viper’s Pit (X) သည် B သို့မဟုတ် C Sites ရဲ့ အပိုင်းအများစုကို သူမထိန်းထားဖို့ ဆုံးဖြတ်ထားပါက lock down ချထားနိုင်ပါတယ်။ ကျွန်ုပ်၏ Lotus ပွဲများတွင် Viper + Omen dual Controller ကို အသုံးများနေပါတယ်။

Lotus တွင် အကောင်းဆုံး Initiator Agent : Fade

Patch 6.0 မတိုင်မီ မကြာသေးမီကမှ Fade ကို nerf များစွာလုပ်ထားသော် လည်း၊ သူမ၏ utility သည် Lotus တွင် အလွန်အသုံးဝင်ပါသည်။ သူမ၏ Haunt (E) မှ ဤမြေပုံပေါ်မှာ ချနိုင်တဲ့ platforms များသည် မယုံနိုင်လောက်အောင်များပြား ပြီး ယခုအချိန်အထိဘယ်နေရာချနိုင်အလဲဆိုတာ ခန့်မှန်း၍မရနိုင်ပါဘူး။ သူမ၏ Prowler (C) သည် Skye ရဲ့ Trailblazer နှင့်တန်ဖိုးတူသလောက်ဖြစ်နေ သော်လည်း Omen ရဲ့ Paranoia နှင့်ဆင်တူတဲ့ effect ရှိပါတယ်။ B Site သို့မဟုတ် A Rope တွင် သူမ၏ Seize (Q) ကို အသုံးပြု၍ ရန်သူများကို Lock Down လုပ်နိုင်ခြင်းက ဤမြေပုံရှိ ဤ ability ကို သူမ၏ အထိရောက်ဆုံး အသုံးပြုနိုင်မှုဖြစ်ပါတယ်။ သူမ၏ Ultimate, Nightfall (X) သည် လိုအပ်ပါက လွယ်ကူစွာဖြင့် အချက်အလက်စုဆောင်းနိုင်ခြင်းနှင့် ပြန်လည်ရယူနိုင်ရန်အတွက် sites များကို လျင်မြန်စွာ စကင်န်ဖတ်နိုင်ပါတယ်။

Initiator Agents များဖြစ်သည့် SovaKAY/OSkye နှင့် Breach တို့ကို တော့ ဂုဏ်ယူစွာ ဖော်ပြလိုပါတယ်။ Lotus မှာ Sova ကိုတန်ဖိုးရှိစွာဆော့ကစားနိုင်တဲ့ ကစားသမားများကိုတွေ့ဖူးပါတယ်။ KAY/O သည် အချက်အလက်များကို တတ်နိုင်သမျှစုဆောင်းရန် စိတ်ကူးရှိပါက ဒုတိယ Initiator Agent ကောင်းတစ်ဦးနိုင်ပါတယ်။ Skye သည် Fade အတွက် သင့်လျော်သော အစားထိုးမှုတစ်ှုတစ်ခုမဟုတ် Fade နှင့်အတူ 2nd Initiator အဖြစ် အသုံးပြုနိုင်ပြီး သူမ၏ flahes သည် KAY/O FLASH/DRIVE (Q) နှင့် နှိုင်းယှဥ်နိုင်ပါတယ်။

Breach သည် စောစီးစွာ တိုက်ခိုက်ခြင်းကို ရပ်တန့်နိုင်ပြီး သူ့ရဲ့ Faultline (E) ကို အသုံးပြု၍ site ကို push နိုင်ပါတယ်။ Omen နှင့်တွဲထားသည့် Breach သည် Fade ကဲ့သို့အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ သို့သော်၊ သူသည် အခြားသော Initiators များရှိ recon abilities များ ချို့တဲ့နေပါတယ်။

Lotus တွင် အကောင်းဆုံး Duelist Agent : မည်သည့် Agent မဆို

VALORANT ရှိ Duelist Agent တစ်ယောက်စီမှာ Lotus တွင် သူတို့ရဲ့ သီးသန့် ထူးခြားချက်များရှိပါတယ်။ Yoru သည် အချက်အလက်စုဆောင်းပြီးနောက် ပုန်းအောင်းရန် သို့မဟုတ် ပြင်းထန်စွာတွန်းအားပေးရန်အတွက် ၎င်း၏ Gatecrash (E) ကို အသုံးပြုခြင်းဖြင့် တိုက်ခိုက်နည်းဗျူဟာများကို အတူတကွ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ Phoenix ကို B Site သို့မဟုတ် C Site ကဲ့သို့ အနီးကပ် နေရာများတွင် ကစားလေ့ရှိသည်ကို ကျွန်ုပ်တွေ့မြင်ရလေ့ရှိပါတယ်။ သူ၏ UltimateRun It Back (X) သည် ဤ sites များတွင် များစွာတန်ဖိုးရှိပါတယ်။ Jett သည် Reyna နှင့်အတူ ဤနေရာတွင် ကစားလေ့ရှိသည်ကို မြင်တွေ့ရပါတယ်။ Jett သည် သူမ၏ ပုံမှန် off-angles များကို ကစားနိုင်ပြီး Reyna သည် Phoenix ကဲ့သို့ ကစားနိုင်ပါတယ်။ Raze သည် ဤမြေပုံတွင် အဖိုးတန်သော်လည်း သူမ၏ အကန့်အသတ်ရှိသော Blast Pack (Q) ကြောင့် sites များမှမည်သို့လွတ်မြောက်ရန် သို့မဟုတ် ဘယ်လိုပြန်လည်ရယူရမည်ကို စဉ်းစားရန် အရေးကြီးပါတယ်။ နောက်ဆုံးအနေဖြင့်၊ Neon သည် ပုန်းအောင်းရန် သို့မဟုတ် သတင်းစုဆောင်းရန်အတွက် လျင်မြန်စွာလှည့်လည်ခြင်းဖြင့် တိုက်ခိုက်မှုများကို အတူတကွလုပ်ဆာင်နိုင်ပါတယ်။ သူမ၏ Fast Lane (C) သည် အထူးသဖြင့် B Site နှင့် C Site ကဲ့သို့ ကျဉ်းမြောင်းသော နေရာများတွင် ဝင်ရောက်ခြင်းနှင့် နေရာယူခြင်းအတွက် ရွေးချယ်စရာများကိုလည်း ပေးနိုင်ပါတယ်။ အကယ်၍ သင်သည် Duelist ကို အဓိကကစားနေပါက၊ ၎င်းတို့ထဲမှ တစ်ခုခုကို ဤမြေပုံပေါ်တွင် စမ်းသပ်ဆော့ကစားနိုင်ပါတယ်။

Lotus တွင် အကောင်းဆုံး Sentinel Agent : Killjoy

Killjoy သည် ဤမြေပုံပေါ်တွင် sites နှစ်ခုကို ထိန်းထားနိုင်ပါတယ်။ B Site မှ Killjoy သည် C Site တွင် ဂရုတစိုက်ချထားသော Turret (E) ကို ထိန်းချုပ်နိုင်ပါတယ်။ ၎င်းသည် သူမအား ဤမြေပုံတွင် သူမ၏ကိုယ်ပိုင်အဖွဲ့ တစ်ခုအဖြစ် သတ်မှတ်ပေးပါတယ်။ သူမ၏ UltimateLockdown (X) ဖြင့် ပြန်လည်ရယူခြင်းသည် ၎င်းကို ဗျူဟာမြောက်သောနေရာတွင် ထားရှိသည့်အခါ၊ ၎င်းသည် B နှင့် C Sites နှစ်ခုလုံးကို lockdown ချထားနိုင်သောကြောင့် တန်ဖိုးများစွာရှိပါတယ်။ သို့သော် လက်တွေ့ကျကျ၊ site တစ်ခုတည်းအတွက် သူမ၏ Ultimate ကိုအသုံးပြုခြင်းကတော့ တော်‌တော့် ကို အကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။ 

Killjoy anchor

Cypher ကိုတော့ ဂုဏ်ယူစွာဖော်ပြလိုပါတယ်။ သူ့ရဲ့အကွာအဝေးသည် Patch 5.10 တွင် 50% တိုးလာသောကြောင့် ၎င်း၏ Trap Wire (C) သည် ယခုအခါ နေရာအများအပြားကို လွှမ်းခြုံနိုင်မှာဖြစ်ပါတယ်။ သူ့တွင် A Stairs များအနီးရှိ A Site ၏ညာဘက်အခြမ်းတွင် ထားရှိထားသော သူ့ရဲ့ Cyber Cage (Q) နှင့်အတူ ပိုမိုအားကောင်းတဲ့ one-way “smoke” လည်း ရှိပါတယ်။ အချို့သောအဆင့်မြင့် setups  များတွင် Cipher ရဲ့တန်ဖိုးကိုပိုမိုတိုးစေပါတယ်။ သို့ရာတွင် ဤမြေပုံပေါ်တွင် Killjoy ကစားခြင်းကတော့ ပိုမိုလွယ်ကူသည်။ တစ်ခါကောင်း Cypher ကစားသမားသည် Killjoy ဖြင့် B နှင့် C Sites များကို ကာကွယ်နေစဉ်တွင် A Site ကို lock down ချနိုင်ရန်ရန် ဒုတိယ Sentinel ဖြစ်လာနိုင်ပါတယ်။

Sage သည် ဝင်ပေါက်များကို ပိတ်ဆို့ရန် သို့မဟုတ် အလွန်ပါးလွှာသော off-angle နေရာများကို ရရှိနိုင်ရန် သူမရဲ့ Barrier Orb (C) ကို အသုံးပြုနိုင်သည့် နေရာများစွာဖြင့် ဤနေရာတွင် ကောင်းမွန်သော Sentinel တစ်ဦးဖြစ်လာနိုင်ပါတယ်။ ဟုတ်ပါတယ်၊ သူမ၏ Resurrection (X) သည် ဂိမ်းတွင် အကောင်းဆုံး Ultimate abilities များထဲမှ တစ်ခုအဖြစ် ရှိနေဆဲဖြစ်ပြီး ဤမြေပုံမှာလည်း တန်ဖိုးအလွန်ရှိပါတယ်။

နိဂုံး

မကြာသေးမီက VALORANT မှာ Lotus ကိုကစားမယ့်ပုံသည် ဤ Agents များကြားမှာ လှည်ပတ်နေပါတယ်။ VALORANT Champions Tour ရာသီ နီးကပ်လာသည်နှင့်အမျှ၊ ဤစာရင်းတွင်မပါသော Agents များကို ကျွန်ုပ်တို့တွေ့နိုင်မှာဖြစ်ပါတယ်။ Lotus အတွက် အကောင်းဆုံး Agents တွေက ဘယ်သူတွေလို့ ထင်လဲ? ဤမြေပုံကို အမြင့်ဆုံး level မှာကစားနိုင်သည်ကို တွေ့မြင်ရသည့်အတွက်လည်း စိတ်လှုပ်ရှားနေပါသလား? သင်ဘယ်လိုထင်လဲ ကျွန်ုပ်ကိုပြောပြလိုက်ပါ။

Codashop တွင် သင့်ရဲ့ VALORANT Points များကို ဖြည့်သွင်းရန် မမေ့ပါနှင့်။ ကျွန်ုပ်တို့တွင် VALORANT Points ဝယ်ယူရန် မြန်ဆန်ပြီး အဆင်ပြေသောနည်းလမ်းရှိပါတယ်။ သင့်ရဲ့ Riot IDသင်ဝယ်ယူလိုသော VALORANT Points ပမာဏနှင့် သင်နှစ်သက်သော ငွေပေးချေမှုနည်းလမ်းကို ရွေးပါ။ ၎င်းသည် ရိုးရှင်းသည်၊ မြန်ဆန်သည်၊ အားစိုက်ထုတ်စရာသိပ်မလိုလှပါဘူး။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here